(Zawgyi)
က်ေနာ္တို႔ရဲ႕ ကေလးေတြကို ကာကြယ္ေဆးထိုးၾကတဲ့အခါ အသက္ ၉ လ အ႐ြယ္မွာ ဝက္သက္၊ ဂ်ိဳက္သိုး ႏွစ္မ်ိဳးစပ္ ကာကြယ္ေဆး (Measles and Rubella vaccine, MR Vaccine) ထိုးေပးၾကရပါတယ္… အဲ့ဒီအထဲမွာပါတဲ့ ဂ်ိဳက္သိုးေရာဂါအေၾကာင္း ဗဟုသုတအေနနဲ႔ ေျပာျပေပးပါမယ္…
ဂ်ိဳက္သိုးေရာဂါကို ၁၇၄၀ ခုႏွစ္မွာ Friedrich Hoffmann ဆိုတဲ့ ဂ်ာမန္သမားေတာ္က စၿပီး ေဖာ္ျပခဲ့ၿပီး သမားေတာ္ de Bergen က ၁၇၅၂ ခုႏွစ္မွာတစ္ခါ၊ သမားေတာ္ Orlow တို႔က ၁၇၅၂ မွာတစ္ခါ အတည္ျပဳေပးခဲ့ပါတယ္… ၁၈၁၄ ခုႏွစ္မွာေတာ့ သမားေတာ္ George de Maton က ဒီဂ်ိဳက္သိုးေရာဂါဟာ ဝက္သက္ (Measles) နဲ႔ စကားလက္အဖ်ားေရာဂါ (Scarlet Fever) တို႔နဲ႔မတူဘဲ ကြဲျပားျခားနားတဲ့အေၾကာင္း ပထမဆုံး အႀကံျပဳခဲ့ပါတယ္။ ဒီသမားေတာ္ ေတြအားလုံးက ဂ်ာမန္လူမ်ိဳးေတြျဖစ္တာမို႔ ဂ်ာမန္ဝက္သက္ (German Measles ) လို႔လည္းေခၚၾကပါတယ္…
ဒီ ဂ်ိဳက္သိုးေရာဂါက ဂ်ိဳက္သိုးဗိုင္းရပ္စ္ေရာဂါပိုး (Rubella Virus) ေၾကာင့္ျဖစ္တာပါ… ဒီဗိုင္းရပ္စ္ဟာ အသက္ရွဴလမ္းေၾကာင္းကတဆင့္ကူးစက္ၿပီး အာေခါင္နဲ႔ ျပန္ရည္က်ိတ္ေတြထဲမွာ ပြားမ်ားရွင္သန္ၾကပါတယ္… ေရာဂါပိုးကူးစက္ခံရၿပီး ၅ ရက္ကေန ၇ ရက္အတြင္းမွာ တကိုယ္လုံးကိုျပန႔္ပြားသြားၿပီး ေသြးထဲမွာလည္း ေတြ႕ႏိုင္ပါတယ္… RNA ဗီဇရွိတဲ့ ဗိုင္းရပ္စ္ပိုးျဖစ္ၿပီး အခ်င္းကိုျဖတ္သန္းသြားႏိုင္တဲ့အျပင္ သေႏၶသားရဲ႕ ဖြံ႕ၿဖိဳးေနတဲ့ဆဲလ္ေတြကို ဆိုးဆိုး႐ြား႐ြားထိ ခိုက္ေစတဲ့ စြမ္းအားရွိပါတယ္…
ဒီေရာဂါက သိပ္မျပင္းထန္တာေၾကာင့္္ ေရာဂါျဖစ္ပြားတဲ့လူတစ္ဝက္ေလာက္က သူတို႔မွာ ဒီေရာဂါျဖစ္ေနေၾကာင္း မသိၾကပါဘူး… ေရာဂါပိုးဝင္ေရာက္ၿပီး ၁၄ ရက္ဝန္းက်င္မွာ အနီေရာင္ အင္ျပင္ေတြ စေပၚလာၿပီး သုံးရက္ေလာက္အၾကာမွာ ျပန္ေပ်ာက္ကြယ္သြားတာမို႔ သုံးရက္ဝက္သက္ (three day measles) လို႔လည္းေခၚပါတယ္… အနီေရာင္အင္ျပင္ဟာ မ်က္ႏွာမွာ စေပၚလာၿပီးေတာ့ တကိုယ္လုံးကို ပ်ံ႕သြားပါတယ္… ဒီအင္ျပင္ေတြဟာ သာမန္ဝက္သက္ေရာဂါမွာေပၚတဲ့ အင္ျပင္ေလာက္မနီရဲဘဲ တခါတရံ ယားယံတတ္ပါတယ္… ျပန္ရည္က်ိတ္ေတြလည္းေရာင္ေနတတ္ၿပီး ရက္သတၱပတ္အနည္းငယ္အထိ ၾကာႏိုင္ပါတယ္… ဖ်ားတာ၊ လည္ေခ်ာင္းနာတာ၊ ႏုန္းေခြတာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္… လူႀကီးေတြမွာေတာ့ အဆစ္နာတာေတြပါ အျဖစ္မ်ားပါတယ္…
ေနာက္ဆက္တြဲဆိုးက်ိဳးအေနနဲ႔ ေသြးယိုစီးမႈေတြ၊ ေဝွးေစ့ေရာင္တာေတြ၊ အာ႐ုံေၾကာေတြ ေရာင္ရမ္းတာမ်ိဳးေတြ ျဖစ္ႏိုင္ပါတယ္…
ကိုယ္ဝန္ေဆာင္ကာလအေစာပိုင္းမွာ ေရာဂါကူးစက္ခံရရင္ ေမြးလာတဲ့ကေလးမွာ ေမြးရာပါ ဂ်ိဳက္သိုးေရာဂါလကၡဏာစု (Congenital Rubella Syndrome, CRS) ျဖစ္ႏိုင္သလို ကေလးပ်က္က်တာမ်ိဳး၊ ကေလး အေသေလးေမြးတာမ်ိဳးလည္းျဖစ္ႏိုင္ပါတယ္… ေမြးရာပါ ဂ်ိဳက္သိုးေရာဂါလကၡဏာစုမွာ ေမြးရာပါ မ်က္စိတိမ္စြဲတာ၊မ်က္စိကန္းတာ၊ နားထိုင္းတာ၊ ႏွလုံးနဲ႔ ဦးေဏွာက္ပိုင္းဆိုင္ရာခ်ိဳ႕ယြင္းတာေတြျဖစ္ႏိုင္ပါတယ္… ကိုယ္ဝန္ ၅လ ေနာက္ပိုင္းမွာကူးစက္ခံရရင္ေတာ့ ဒီလိုမ်ိဳးျဖစ္တာ ရွားပါတယ္…
ဒီ ဂ်ိဳက္သိုးဗိုင္းရပ္စ္ပိုးက ဘယ္လိုကူးစက္သလဲဆိုရင္ ဂ်ိဳက္သိုးေရာဂါပိုးကူးစက္ခံေနရတဲ့ လူက ေခ်ာင္းဆိုးလိုက္တဲ့အခါမွာ ပိုးေတြက ေလနဲ႔အတူပါသြားၿပီး အဲ့ဒီေရာဂါပိုးပါတဲ့ေလကို ေနာက္တစ္ေယာက္က ရွဴသြင္းလိုက္မိတဲ့အခါမွာ အသက္ရွဴလမ္းေၾကာင္းကတဆင့္ ကူးစက္ပါတယ္… အင္ျပင္မထခင္မွာပဲျဖစ္ ျဖစ္၊ အင္ျပင္ထၿပီးတဲ့အခ်ိန္မွာပဲျဖစ္ျဖစ္ ကူးစက္ႏိုင္ပါတယ္… လူအခ်င္းခ်င္းသာ ကူးစက္ေစတတ္တာျဖစ္ပါတယ္… ျခင္၊ယင္ေတြကတဆင့္ မကူးစက္ပါဘူး… ေမြးရာပါဂ်ိဳက္သိုးလကၡဏာစု ျဖစ္ပြားေနတဲ့ကေလးေတြဆီကလည္း တစ္ႏွစ္ေက်ာ္ေလာက္အထိ ကူးစက္ပ်ံ႕ပြားေစႏိုင္ပါတယ္… ေရာဂါတစ္ခါျဖစ္ပြား ျပီးလို႔ ျပန္ေကာင္းတာနဲ႔ တစ္သက္တာပတ္လုံး ျပန္မျဖစ္ေတာ့ပါဘူး…
ေရာဂါျဖစ္ပြားမႈရွိမရွိကိုေတာ့ ေသြး၊ ဆီး စစ္ၿပီးသိႏိုင္ပါတယ္။ ေသြးထဲမွာ ဗိုင္းရပ္စ္ပိုးနဲ႔ အဲ့ဒီဗိုင္းရပ္စ္ကို ခုခံတဲ့ကိုယ္ခံအားရွိမရွိလည္း စစ္ေဆးႏိုင္ပါတယ္…
ဒီ ဂ်ိဳက္သိုးေရာဂါပိုးကို ကာကြယ္ေဆးထိုးၿပီး မျဖစ္ေအာင္ ႀကိဳတင္ကာကြယ္ႏိုင္ပါတယ္… ပထမဆုံးဂ်ိဳက္သိုးကာကြယ္ေဆးကို ၁၉၆၉ ခုႏွစ္မွာ မွတ္ပုံတင္ခဲ့ ၿပီး ၁၉၇၀ ခုႏွစ္အေစာပိုင္းမွာ ပါးက်ိတ္ေရာင္၊ ဝက္သက္၊ ဂ်ိဳက္သိုး သုံးမ်ိဳးစပ္ကာကြယ္ေဆး (MMR) ကို စတင္မိတ္ဆက္ခဲ့ပါတယ္… ဒီကာကြယ္ေဆးကို က်ေနာ္တို႔ ျမန္မာႏိုင္ငံမွာ အသက္ ၉ လ အ႐ြယ္မွာ အေရျပားေအာက္ကို ထိုးေပးပါတယ္…
ဒီေလာက္ဆိုရင္ ဂ်ိဳက္သိုးလို႔ေခၚတဲ့ ေရာဂါအေၾကာင္းကို နားလည္ေလာက္ပါၿပီ… ဒီလို အႏၲရာယ္မ်ားတဲ့ေရာဂါကို ကာကြယ္ႏိုင္ေအာင္ ျပည္သူ႔က်န္းမာေရးအဖြဲ႕ေတြက ကာကြယ္ေဆးေတြထိုးဖို႔ ေခၚတဲ့အခါ ေႏွာင့္ေႏွးမေနဘဲ ထိုးျဖစ္ေအာင္ ထိုးၾကပါလို႔တိုက္တြန္းရင္း က်ေနာ့္ရဲ႕ ဒီ ဂ်ိဳက္သိုး သို႔မဟုတ္ ဂ်ာမန္ ဝက္သက္ ဆိုတဲ့ ေဆာင္းပါးကို နိဂုံးခ်ဳပ္ခြင့္ျပဳပါဗ်ာ…
Author – ေဒါက္တာေနလင္းေအာင္ (ေပ်ာ္ဘြယ္)
(Unicode)
ကျနော်တို့ရဲ့ ကလေးတွေကို ကာကွယ်ဆေးထိုးကြတဲ့အခါ အသက် ၉ လ အရွယ်မှာ ဝက်သက်၊ ဂျိုက်သိုး နှစ်မျိုးစပ် ကာကွယ်ဆေး (Measles and Rubella vaccine, MR Vaccine) ထိုးပေးကြရပါတယ်… အဲ့ဒီအထဲမှာပါတဲ့ ဂျိုက်သိုးရောဂါအကြောင်း ဗဟုသုတအနေနဲ့ ပြောပြပေးပါမယ်…
ဂျိုက်သိုးရောဂါကို ၁၇၄၀ ခုနှစ်မှာ Friedrich Hoffmann ဆိုတဲ့ ဂျာမန်သမားတော်က စပြီး ဖော်ပြခဲ့ပြီး သမားတော် de Bergen က ၁၇၅၂ ခုနှစ်မှာတစ်ခါ၊ သမားတော် Orlow တို့က ၁၇၅၂ မှာတစ်ခါ အတည်ပြုပေးခဲ့ပါတယ်… ၁၈၁၄ ခုနှစ်မှာတော့ သမားတော် George de Maton က ဒီဂျိုက်သိုးရောဂါဟာ ဝက်သက် (Measles) နဲ့ စကားလက်အဖျားရောဂါ (Scarlet Fever) တို့နဲ့မတူဘဲ ကွဲပြားခြားနားတဲ့အကြောင်း ပထမဆုံး အကြံပြုခဲ့ပါတယ်။ ဒီသမားတော် တွေအားလုံးက ဂျာမန်လူမျိုးတွေဖြစ်တာမို့ ဂျာမန်ဝက်သက် (German Measles ) လို့လည်းခေါ်ကြပါတယ်…
ဒီ ဂျိုက်သိုးရောဂါက ဂျိုက်သိုးဗိုင်းရပ်စ်ရောဂါပိုး (Rubella Virus) ကြောင့်ဖြစ်တာပါ… ဒီဗိုင်းရပ်စ်ဟာ အသက်ရှူလမ်းကြောင်းကတဆင့်ကူးစက်ပြီး အာခေါင်နဲ့ ပြန်ရည်ကျိတ်တွေထဲမှာ ပွားများရှင်သန်ကြပါတယ်… ရောဂါပိုးကူးစက်ခံရပြီး ၅ ရက်ကနေ ၇ ရက်အတွင်းမှာ တကိုယ်လုံးကိုပြန့်ပွားသွားပြီး သွေးထဲမှာလည်း တွေ့နိုင်ပါတယ်… RNA ဗီဇရှိတဲ့ ဗိုင်းရပ်စ်ပိုးဖြစ်ပြီး အချင်းကိုဖြတ်သန်းသွားနိုင်တဲ့အပြင် သန္ဓေသားရဲ့ ဖွံ့ဖြိုးနေတဲ့ဆဲလ်တွေကို ဆိုးဆိုးရွားရွားထိ ခိုက်စေတဲ့ စွမ်းအားရှိပါတယ်…
ဒီရောဂါက သိပ်မပြင်းထန်တာကြောင့် ရောဂါဖြစ်ပွားတဲ့လူတစ်ဝက်လောက်က သူတို့မှာ ဒီရောဂါဖြစ်နေကြောင်း မသိကြပါဘူး… ရောဂါပိုးဝင်ရောက်ပြီး ၁၄ ရက်ဝန်းကျင်မှာ အနီရောင် အင်ပြင်တွေ စပေါ်လာပြီး သုံးရက်လောက်အကြာမှာ ပြန်ပျောက်ကွယ်သွားတာမို့ သုံးရက်ဝက်သက် (three day measles) လို့လည်းခေါ်ပါတယ်… အနီရောင်အင်ပြင်ဟာ မျက်နှာမှာ စပေါ်လာပြီးတော့ တကိုယ်လုံးကို ပျံ့သွားပါတယ်… ဒီအင်ပြင်တွေဟာ သာမန်ဝက်သက်ရောဂါမှာပေါ်တဲ့ အင်ပြင်လောက်မနီရဲဘဲ တခါတရံ ယားယံတတ်ပါတယ်… ပြန်ရည်ကျိတ်တွေလည်းရောင်နေတတ်ပြီး ရက်သတ္တပတ်အနည်းငယ်အထိ ကြာနိုင်ပါတယ်… ဖျားတာ၊ လည်ချောင်းနာတာ၊ နုန်းခွေတာမျိုးလည်း ဖြစ်နိုင်ပါတယ်… လူကြီးတွေမှာတော့ အဆစ်နာတာတွေပါ အဖြစ်များပါတယ်…
နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ သွေးယိုစီးမှုတွေ၊ ဝှေးစေ့ရောင်တာတွေ၊ အာရုံကြောတွေ ရောင်ရမ်းတာမျိုးတွေ ဖြစ်နိုင်ပါတယ်…
ကိုယ်ဝန်ဆောင်ကာလအစောပိုင်းမှာ ရောဂါကူးစက်ခံရရင် မွေးလာတဲ့ကလေးမှာ မွေးရာပါ ဂျိုက်သိုးရောဂါလက္ခဏာစု (Congenital Rubella Syndrome, CRS) ဖြစ်နိုင်သလို ကလေးပျက်ကျတာမျိုး၊ ကလေး အသေလေးမွေးတာမျိုးလည်းဖြစ်နိုင်ပါတယ်… မွေးရာပါ ဂျိုက်သိုးရောဂါလက္ခဏာစုမှာ မွေးရာပါ မျက်စိတိမ်စွဲတာ၊မျက်စိကန်းတာ၊ နားထိုင်းတာ၊ နှလုံးနဲ့ ဦးဏှောက်ပိုင်းဆိုင်ရာချို့ယွင်းတာတွေဖြစ်နိုင်ပါတယ်… ကိုယ်ဝန် ၅လ နောက်ပိုင်းမှာကူးစက်ခံရရင်တော့ ဒီလိုမျိုးဖြစ်တာ ရှားပါတယ်…
ဒီ ဂျိုက်သိုးဗိုင်းရပ်စ်ပိုးက ဘယ်လိုကူးစက်သလဲဆိုရင် ဂျိုက်သိုးရောဂါပိုးကူးစက်ခံနေရတဲ့ လူက ချောင်းဆိုးလိုက်တဲ့အခါမှာ ပိုးတွေက လေနဲ့အတူပါသွားပြီး အဲ့ဒီရောဂါပိုးပါတဲ့လေကို နောက်တစ်ယောက်က ရှူသွင်းလိုက်မိတဲ့အခါမှာ အသက်ရှူလမ်းကြောင်းကတဆင့် ကူးစက်ပါတယ်… အင်ပြင်မထခင်မှာပဲဖြစ် ဖြစ်၊ အင်ပြင်ထပြီးတဲ့အချိန်မှာပဲဖြစ်ဖြစ် ကူးစက်နိုင်ပါတယ်… လူအချင်းချင်းသာ ကူးစက်စေတတ်တာဖြစ်ပါတယ်… ခြင်၊ယင်တွေကတဆင့် မကူးစက်ပါဘူး… မွေးရာပါဂျိုက်သိုးလက္ခဏာစု ဖြစ်ပွားနေတဲ့ကလေးတွေဆီကလည်း တစ်နှစ်ကျော်လောက်အထိ ကူးစက်ပျံ့ပွားစေနိုင်ပါတယ်… ရောဂါတစ်ခါဖြစ်ပွား ပြီးလို့ ပြန်ကောင်းတာနဲ့ တစ်သက်တာပတ်လုံး ပြန်မဖြစ်တော့ပါဘူး…
ရောဂါဖြစ်ပွားမှုရှိမရှိကိုတော့ သွေး၊ ဆီး စစ်ပြီးသိနိုင်ပါတယ်။ သွေးထဲမှာ ဗိုင်းရပ်စ်ပိုးနဲ့ အဲ့ဒီဗိုင်းရပ်စ်ကို ခုခံတဲ့ကိုယ်ခံအားရှိမရှိလည်း စစ်ဆေးနိုင်ပါတယ်…
ဒီ ဂျိုက်သိုးရောဂါပိုးကို ကာကွယ်ဆေးထိုးပြီး မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ပါတယ်… ပထမဆုံးဂျိုက်သိုးကာကွယ်ဆေးကို ၁၉၆၉ ခုနှစ်မှာ မှတ်ပုံတင်ခဲ့ ပြီး ၁၉၇၀ ခုနှစ်အစောပိုင်းမှာ ပါးကျိတ်ရောင်၊ ဝက်သက်၊ ဂျိုက်သိုး သုံးမျိုးစပ်ကာကွယ်ဆေး (MMR) ကို စတင်မိတ်ဆက်ခဲ့ပါတယ်… ဒီကာကွယ်ဆေးကို ကျနော်တို့ မြန်မာနိုင်ငံမှာ အသက် ၉ လ အရွယ်မှာ အရေပြားအောက်ကို ထိုးပေးပါတယ်…
ဒီလောက်ဆိုရင် ဂျိုက်သိုးလို့ခေါ်တဲ့ ရောဂါအကြောင်းကို နားလည်လောက်ပါပြီ… ဒီလို အန္တရာယ်များတဲ့ရောဂါကို ကာကွယ်နိုင်အောင် ပြည်သူ့ကျန်းမာရေးအဖွဲ့တွေက ကာကွယ်ဆေးတွေထိုးဖို့ ခေါ်တဲ့အခါ နှောင့်နှေးမနေဘဲ ထိုးဖြစ်အောင် ထိုးကြပါလို့တိုက်တွန်းရင်း ကျနော့်ရဲ့ ဒီ ဂျိုက်သိုး သို့မဟုတ် ဂျာမန် ဝက်သက် ဆိုတဲ့ ဆောင်းပါးကို နိဂုံးချုပ်ခွင့်ပြုပါဗျာ…
Author – ဒေါက်တာနေလင်းအောင် (ပျော်ဘွယ်)