ေျခေတြလက္ေတြ မသယ္ခ်င္ေအာင္ျဖစ္ေနတာ ဘာေၾကာင့္လဲ
လူနာေတာ္ေတာ္မ်ားမ်ား ေျပာၾကပါတယ္ ဒီစကားကို ။ ႏံႈးတယ္ ေျခေတြ လက္ေတြ မသယ္ခ်င္ဘူး။ ဘာေၾကာင့္လဲ ဆိုေတာ့ ျဖစ္ႏိုင္တာေတြက အမ်ားႀကီးပါ။ ေသြးအားနည္းတာျဖစ္ႏိုင္ပါတယ္ ကိုယ့္မွာ ေသြးထြက္ေနတာ ဘယ႐ွိလဲ ခနၶာကိုယ္ကေန၊ မ႐ွိဘူးဆိုရင္ ေက်ာက္ကပ္မေကာင္းလို႔မ်ားလား ေသြးတိုး ဆီးခ်ိဳ ႐ွိေနလား မဟုတ္ဘူး အသက္ကငယ္ငယ္ေလး႐ွိေသးတာ။
ဒါေပမယ့္ အထင္မေသးနဲ႔ အခုေခတ္က ငယ္ငယ္ေလးေတြလည္း ေသြးတိုးေတြ ဆီးခ်ိဳေတြနဲ႔ ေနာက္ၿပီး ဘာေဆးေတြေသာက္ေနရလဲ ?အေရးႀကီးတယ္ ေဆးေတြေၾကာင့္ လိုင္စင္ မ႐ွိပဲ ထုတ္ထားတဲ့ ေစ်းကြက္ထဲေရာက္ေနတဲ့ ေဆးေတြမွာ ဘာေတြပါမွန္း မသိႏိုင္ဘူး ဗမာ တ႐ုတ္ ေဆးေပါင္းစံု က steroid ေတြ အကိုက္အခဲေပ်ာက္ေဆးေတြ ပမာဏ မ်ားမ်ား ပါေနတတ္တယ္ ။
ဒါေတြက မေကာင္းဘူး ေက်ာက္ကပ္ပ်က္စီးတတ္တယ္ ၊ ဆီးခ်ိဳတက္ေစတယ္၊ အ႐ုိုးထိခိုက္တတ္တယ္ ၊ မေသာက္ရရင္ ႏႈံးၿပီးက်န္ခဲ့တယ္၊ အဲဒါေတြက ခဏတာ ယာယီေတာ့ သိပ္ေကာင္းတာ အကုန္ေပ်ာက္တယ္ေလ ေဝဒနာ ကိုက္ခဲတာ ကိုယ္ပူတာေတြ အစားလည္းစား ဝလာတယ္ ။ ၾကာလာရင္ မေကာင္းတာေတြ စုလာေရာ၊ ေရာဂါေတြ အမ်ားႀကီး လိုက္လာေရာ ။
ေနာက္ၿပီး အေရးႀကီးတာက ဆီးေဆး ေတြေသာက္ေနရလား? ဝမ္းေလ်ွာဝမ္းပ်က္ျဖစ္ထားလား? ေသြးထဲမွာ ပိုတက္စီယမ္ ဓာတ္အားနည္းတက္ပါတယ္ အရက္ေသာက္တဲ့ သူေတြမွာလည္း ေတြ႔ရမ်ားတယ္၊ ေျခေထာက္ေတြ မသယ္ခ်င္ မမခ်င္ လမ္းမေလ်ွာက္ခ်င္ျဖစ္တတ္ပါတယ္။ အရမ္းဆိုးလာရင္ လက္ေတြပါ မလႈပ္ႏိုင္ ျဖစ္လာၿပီး ေနာက္ဆံုးမွာ အသက္႐ႈရပ္တာေတြ အထိျဖစ္ႏိုင္ပါတယ္။
အစားအေသာက္ထဲ မွာ ပံုမွန္စားရင္ ပါေပမယ့္ အစားေကာင္းေကာင္း မဝင္တဲ့သူေတြ အူက အစာစုပ္ယူမႈမေကာင္းတဲ့ အေျခေနေတြမွာ ပိုတက္ဆီယမ္ ဓာတ္က အားနည္း တတ္ပါတယ္။ ေသခ်ာေတာ့ စမ္းသပ္ရပါတယ္၊ မသယ္ခ်င္တာလား လံုးဝကီု မလႈပ္ခ်င္တာလား ဆိုတာကို ၊ ေရာဂါေရာ ကုသမႈပါ လံုးဝ မတူလို႔ပါ။
Dr. Lynn
(Unicode)
ခြေတွေလက်တွေ မသယ်ချင်အောင်ဖြစ်နေတာ ဘာကြောင့်လဲ
လူနာတော်တော်များများ ပြောကြပါတယ် ဒီစကားကို နှုံးတယ် ခြေတွေ လက်တွေ မသယ်ချင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ ဖြစ်နိုင်တာတွေက အများကြီးပါ။ သွေးအားနည်းတာဖြစ်နိုင်ပါတယ် ကိုယ့်မှာ သွေးထွက်နေတာ ဘယရှိလဲ ခန္ဓာကိုယ်ကနေ၊ မရှိဘူးဆိုရင် ကျောက်ကပ်မကောင်းလို့များလား သွေးတိုး ဆီးချို ရှိနေလား မဟုတ်ဘူး အသက်ကငယ်ငယ်လေးရှိသေးတာ။
ဒါပေမယ့် အထင်မသေးနဲ့ အခုခေတ်က ငယ်ငယ်လေးတွေလည်း သွေးတိုးတွေ ဆီးချိုတွေနဲ့ နောက်ပြီး ဘာဆေးတွေသောက်နေရလဲ ?အရေးကြီးတယ် ဆေးတွေကြောင့် လိုင်စင် မရှိပဲ ထုတ်ထားတဲ့ ဈေးကွက်ထဲရောက်နေတဲ့ ဆေးတွေမှာ ဘာတွေပါမှန်း မသိနိုင်ဘူး ဗမာ တရုတ် ဆေးပေါင်းစုံ က steroid တွေ အကိုက်အခဲပျောက်ဆေးတွေ ပမာဏ များများ ပါနေတတ်တယ် ။
ဒါတွေက မကောင်းဘူး ကျောက်ကပ်ပျက်စီးတတ်တယ် ၊ ဆီးချိုတက်စေတယ်၊ အရိုးထိခိုက်တတ်တယ် ၊ မသောက်ရရင် နှုံးပြီးကျန်ခဲ့တယ်၊ အဲဒါတွေက ခဏတာ ယာယီတော့ သိပ်ကောင်းတာ အကုန်ပျောက်တယ်လေ ဝေဒနာ ကိုက်ခဲတာ ကိုယ်ပူတာတွေ အစားလည်းစား ဝလာတယ် ။ ကြာလာရင် မကောင်းတာတွေ စုလာရော၊ ရောဂါတွေ အများကြီး လိုက်လာရော ။
နောက်ပြီး အရေးကြီးတာက ဆီးဆေး တွေသောက်နေရလား? ဝမ်းလျှောဝမ်းပျက်ဖြစ်ထားလား? သွေးထဲမှာ ပိုတက်စီယမ် ဓာတ်အားနည်းတက်ပါတယ် အရက်သောက်တဲ့ သူတွေမှာလည်း တွေ့ရများတယ်၊ ခြေထောက်တွေ မသယ်ချင် မမချင် လမ်းမလျှောက်ချင်ဖြစ်တတ်ပါတယ်။ အရမ်းဆိုးလာရင် လက်တွေပါ မလှုပ်နိုင် ဖြစ်လာပြီး နောက်ဆုံးမှာ အသက်ရှုရပ်တာတွေ အထိဖြစ်နိုင်ပါတယ်။
အစားအသောက်ထဲ မှာ ပုံမှန်စားရင် ပါပေမယ့် အစားကောင်းကောင်း မဝင်တဲ့သူတွေ အူက အစာစုပ်ယူမှုမကောင်းတဲ့ အခြေနေတွေမှာ ပိုတက်ဆီယမ် ဓာတ်က အားနည်း တတ်ပါတယ်။ သေချာတော့ စမ်းသပ်ရပါတယ်၊ မသယ်ချင်တာလား လုံးဝကီု မလှုပ်ချင်တာလား ဆိုတာကို ၊ ရောဂါရော ကုသမှုပါ လုံးဝ မတူလို့ပါ။
Dr. Lynn