fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

သွေးချင်းချင်းနီသော ဘဝများ

139
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/06/2018
in အထွေထွေရောဂါများအကြောင်း
4 min read
A A


” သားရေ…. အဖေ့နားနေနော်… မင်းအမေက လိုက်လာမှာ မဟုတ်ဘူးကွ… ဒီမိန်းမ သိပ်မိုက်ရိုင်းတာ…တောက်!!”

 drip ချိတ်ပေးထားသောလူနာထံ မှ တောက်ခေါက်သံ ပြင်းပြင်းရယ်ကြောင့် ဒေါက်တာနှင်းလှည့်ကြည့်မိသည်။

အမယ်… ဘသားချော က အသံထွက်လာပြီကိုး…. ဘေးမှာက ၁၀ နှစ်အရွယ် သားလူမမယ်လေး… ကြွတ်ကြွတ်အိတ်ကိုင်ကာ ဖအေ အန်မှာကို စိုးရိမ်တကြီးစောင့်နေရှာသည်။ ခုံပေးတာလည်း မထိုင်… မုန့်ကျွေးတာလည်း မစား … မျက်ရည် အဝိုင်းသားနှင့်။

ဒီလူနာကို ဒေါက်တာနှင်းသိခဲ့တာ ကြာပေါ့…. ခုလို ဖြစ်တာ တစ်ခါ မကတော့ဘူး။ခါတိုင်းကတော့ အရက်နာကျရင် အကြောဆေးသွင်းပေးဦးဆရာမ ဟု ပြုံးပြုံးကြီးဝင်လာတတ်သူ… “ဦးဝင်းနိုင် ..သောက်တာလည်းသောက်တာပေါ့…ဘာမှမစားဘဲသောက်ရင် အစာအိမ်ထိလိမ့်မယ်…ဆေးခန်းတောင်မလာနိုင်ဖြစ်သွားမယ်” လို့ကိုယ်ကဆူရင် ကျွန်တော် က အရက်ကို ဒုံးဖြတ်တော့မှာ ဟု ပြန်ပြောတတ်သူ။ ” အာ… ဒုံးဖြတ်လို့ ဘယ်ရမတုန်း… အရက်ဖြတ်ချင် ရင် စနစ်တကျဖြတ်ရတယ်..ဆေးဝါးအကူအညီလည်းယူရတယ်… ဦးဝင်းနိုင်ပြောသလောက်လွယ်ရင် ဆေးရုံတက် အရက်ဖြတ်စရာ ဘယ်လိုမှာလဲ… အကုန် အရက်ပြတ်ကုန်မှာပေါ့… ဖြတ်ချင်ပြီသေချာရင် ကျွန်မကိုပြော… ” ဆိုတော့ ” ဟုတ်ဆရာမ… လာခဲ့မယ် ” ဆိုပြီး အမြဲ ပုံပြောပြီးပျောက်သွားတတ်သူ။  ပထမဆုံး တစ်ခေါက် အကြီးအကျယ် ဖြစ်ပြီး လာတုန်းက သူ့ အမျိုးသမီးပါသည်… သွေးတွေ အန်တာ တစ်ဆေးခန်းလုံးလည်းပွလို့။ စိုးရိမ်တကြီးဆေးရုံလွှဲတော့ ကိုယ့်ရှေ့တွင် “ဟုတ်ကဲ့”ဆိုသွားပြီး လွှဲစာလေး ယူကာ ပြန်သွားသည်… ပြီးတော့ သွေးတိတ်ဆေး ဝယ်သောက်သတဲ့…ကောင်းပါလေရော။

အရက်သမား သစ္စာဆိုတာ ဒါမျိုးလို့ ပြောရလောက်အောင် တစ်ခုခု ဖြစ်ပြီ… အရက်နာကျပြီဆိုရင် ဘယ်မှ မသွား …ဒေါက်တာနှင်း ထံသာရောက်အောင်လာသည်။ ဆေးရုံတော့ မလွှတ်နှင့်…သေတာတောင်မသွား။ ကိုယ်က မရှိ ရှိတဲ့ ဆေးတွေနဲ့ အသက်ဆက်ပေးလိုက်လို့ ပြန်ကောင်းသွားရင် ပြန်သောက်သည်… သောက်သမှ အရင် နေမကောင်းတုန်းက နားထားရတာကို ပါ အတိုးချ သောက်ပါသည် အရပ်ကတို့…! ဒုတိယ တစ်ခေါက်လာတော့ လူက ဖြူဖပ်ဖြူရော် ခွေယိုင်ပြီး ကြွက်သားတွေက ဘတ်လဘိုင်လိုက်နေပြီ … သွေးပေါင်ချိန် ၁၀၀/၆၀ နှင့် သွေးခုန်နှုန်းက ပါးလှပ်လှပ်ရယ်…. ရှိတဲ့ ပုလင်းတစ်လုံး မြန်မြန်ချိတ် ..glucose ( သကြားဓာတ်အားဆေး) ၂တောင့်နှင့် B1 ( thiamine ) ၂ပုလင်းရောပြီး မြန်မြန် အကြောထဲသွင်းတော့မှ ဆရာသမားက သတိပြန်လည်လာသည်။ အိမ်မှာ အန်သေးလား ဆိုတာ ၄ ခါ အန်တာမှ သွေးမည်းမည်းဖတ်တွေပါသည်တဲ့… ထုံးစံ အတိုင်း အသည်းအားဆေး နဲ့ သွေးတိတ်ဆေး အရင်ထိုး အအန်ပျောက်ဆေး နောက်က လိုက်။ ဆေးရုံမသွားလို့ မရဘူးဆိုတော့ သေရင်လည်းအေးတာပဲ ဟု သူ့ အမျိုးသမီးက ထပြောပါလေရော။

သူ့ခင်မျာမှာလည်း ဖြစ်တိုင်းအသည်းအသန် …ပြီး ပြန်သောက် နေသော လင်တော်မောင်ကို ကြည်ပုံမရတော့။ အေး…ဟုတ်ပြီ…. ဆရာမ ဆေးရုံလွှတ်တယ်နော်…အဒေါ်တို့မသွားတာနော်…ကဲ ဒီမှာလာ လက်မှတ်ထိုးဆိုပြီး မိမိသဘောဖြင့်ဆေးရုံသွားရန်ငြင်းဆိုကြောင်းလေး လက်မှတ်ထိုးခိုင်းပြီး ဆေးခန်း မပိတ်မချင်း ဒီလူနာ ဒီမှာပဲထားဖို့ စီစဉ်ရသည်။ .သွေးဖောက်ပြီး လာယူနေကြ ၂ လမ်းကျော်က lab ကို ဖုန်းဆက်ပြီး အားချင်း လာယူခိုင်း… အဖြေရရချင်းကြည့်တော့ ပုံမှန် ၁၂-၁၄ ခန့်ရှိရမည့်သွေးနီဥ ရာနှုန်းက အခု ၁၀ သာသာ…. ပိုတက်ဆီယမ် ဓာတ်က ၂ ကျော်ကျော်။ ဒေါက်တာနှင်း ခေါင်းဆင်နှင်းချေပြီတကား။ လောလောဆယ် ringer နှင့် potassium အရင် ဖြည့်… ပြီးတော့ သွေးသွင်းပေးဖို့ လုပ်ရတော့မည်။ ဒါ GP ရိုးရိုးဆေးခန်းတစ်ခု အနေနှင့် ဘယ်လိုမှ အဆင်မပြေသည့် ရောဂါ အဆင့်မှန်း ဒေါက်တာနှင်း သိသည်ပေါ့…။ ဒါပေမဲ့ ဒီလိုမလုပ်ဘဲ ပစ်ထားလည်း သေသွားမှာနှင့်အတူတူ နိုင်သလောက်ရုန်းကြည့်ချင်သေးတာ။

” အဒေါ် … ဦးဝင်းနိုင်က ဘာသွေးအမျိုးအစားတုန်း??”

“မှတ်ပုံတင်လုပ်တုန်းကတော့ B လို့ပြောတာပါ့ ဆရာမလေး”

သွေးသွင်းနေတုန်း တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မတုန်းတွေးမိပေမဲ့… ဒီ risk ကို ယူဖို့ဆုံးဖြတ်ပြီး သူ့အမျိုးသမီးကိုရှင်းပြရသည်။

” အဒေါ်… သွေးသွင်းနေတုန်း ဓာတ်မတည့်တာမျိုးဖြစ်တတ်တယ်…တအားပြင်းထန်ရင်သေတတ်တယ်… ဒါပေမဲ့ သွေးမသွင်းရင်လည်း အဆင်မပြေဘူး…အဒေါ် ဘယ်လိုလုပ်ချင်တုန်း?”

“အို … ဆရာမလေးနှယ်… ဒီကြီးမိုက်ကြီးက ဘယ်လိုလုပ်လုပ်သေမှာပဲ… ကျုပ်ကတော့ ကုရင်းသေရင်ဖြေသာတာပေါ့… ငါမကုပေးလိုက်ရလေချင်းဆိုပြီး နောင်တမရတော့ဘူး။ ဆေးရုံမပို့နိုင်ပေမဲ့ ဒါ ကျုပ် အတတ်နိုင်ဆုံး…” .. အမျိုးသမီးကား ငိုလေပြီ။

” ဒါဆို ဒီမှာ သွေးလှူရှင် အဖွဲ့ဖုန်းနံပါတ်တွေ … အဒေါ့် အမျိုးသားက သွေးသွင်းရမယ်… ဒီနေ့တစ်လုံး …လိုအပ်ရင် ..မနက်ဖြန်တစ်လုံး … အဲဒါ အခုဆက်..ဒီဆေးခန်းလိပ်စာပြောပြီး လာပေးနိုင်မလားမေး”

တော်သေးလို့ အလှူရှင်ရသည်။ စောစော က ဓာတ်ခွဲခန်းကို ဖုန်းဆက်…blood grouping and matching လုပ်ပြီးသွေးသွင်းဖို့ပြင်ရသည်။ တော်သေးတာ သွေး အလှူရှင်က အမြဲလှူနေကြလူမို့ infection screening လုပ်ပြီးသားဖြစ်နေလို့။သွေးတစ်လုံးဝင်ပြီး ဦးဝင်းနိုင် နည်းနည်း ပြန် လန်းလာသည်။ သည်တော့မှ ဆေးစာအုပ်မှာ အကြောင်းစုံရေးရင်း အးအေးဆေးဆေး ရောဂါရာဇဝင်ပြန်မေးရသည်..!

ဦးဝင်းနိုင် ကား နှစ်ချို့ အရက်သမား… အခု သွေးအန်နေပြီ။ အရက်သမား သွေးအန်တာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်သည်။ တိုတိုပြောရရင် အဓိက က အသည်းကြောင့်လား ..အစာအိမ်ကြောင့်လားပေါ့။ အခုကြည့်ရတာ အန်ထားသည့်သွေးက သွေးစိမ်းရှင်ရှင်မဟုတ် … ခပ်မည်းမည်းတွေ အဖတ်လိုက် အစာဟောင်းတွေ အစာခြေရည်တွေနှင့်ရောလျက်ပါလာတာ။ ဆိုတော့ အစာမစားဘဲ အရက်ချည်းနင်းသောက် …အစာအိမ်အနာဖြစ်..သွေးကြောပေါက်..သွေးအန်.. သည်လိုဖြစ်ဖို့များသည်။ သည်တော့ အနာရှိနေလျှင်သွေးကထွက်နေဦးမည်သာ။ အခု သွေးတိတ်ဆေးပေးထား၍ အနာဝက သွေး ခဏ ခဲပြီးဆို့သွား၍ သွေးရပ်သလိုဖြစ်သွားပေသိ သည် အနာကို ကောင်းကောင်းမကုလျှင် နောက်ပိုဆိုးမည်… နောက်ဆိုတာ က ဝေးပါသေးသည်…နေ့ချင်းညချင်းပိုဆိုးလာမှာ။ ရောဂါ အကြောင်းမေးလို့မှ မပြီးသေး . Vital sign ( အခြေအနေ) လေး ငြိမ်လာလို့ . ကိုယ်က နောက်လူနာကြည့်တုန်းရှိသေး…ပြန်သွားပြီတဲ့။ ကိုယ်က သည်လူနာကို Nothing by mouth ခေါ် ရေရောအစာပါဖြတ်သည့်နည်းနှင့် ရသလောက်ကုချင်သေးတာ…. ပြန်သွားပြီဆိုတော့ … လိုမည့် သောက်ဆေးတွေတွေ ရေးထားသည့် စာရွက်ကို နောက်က အတင်းလိုက်ပေးခိုင်းရင်း… အစာအိမ်အနာက အကြီးကြီး မဟုတ်ပါစေနှင့် ဆုတောင်းကြမ်းရသည်။ ပိုက်ဆံ ကတော့ ထည့်ကိုမစဉ်းစားနှင့်… သူပါသလောက်ပေးသွားလိမ့်မည်…ဒါပဲ။

ဟော… သူပြန်လာပါပြီ,…။ ၄လ အကြာမှာ သူပြန်လာပါပြီ… ဒီတစ်ခါသူလာတော့ အမျိုးသမီးမပါ။ တွဲလာသောသားလေးကား ဒေါက်တာနှင်းကို စာရွက်ခေါက်လေးနှင့်အတူ ၁၀၀၀ တန် ၆ ရွက်ထိုးပေးသည်။ ဒါသူပါသမျှ အကုန်ဆိုသည့်သဘော။ ကလေးကားဘယ်လောက်မောလာသည်မသိ… စကားမပြောနိုင်။ စာရွက်နဲ့ ပိုက်ဆံကို ဘေးချ ပြီး ထုံးစံ အတိုင်း ကြည့်ရသည်။ vital sign တွေက ထုံးစံအတိုင်းမကောင်း… သည်တစ်ခါ ထူးခြားတာ မျက်စိတွေဝါလို့။

သွေးအန်သေးလားမေးတော့ ခေါင်းခါပြရင်း ကို ကိုယ့်ရှေ့မှာထိုးအန်သည်။ သွေးတွေမှ ချင်းချင်းနီ။ ဘာလို့လိမ်သလဲ ဦးဝင်းနိုင် ဆိုတော့ …ဆရာမကိုအားနာလို့တဲ့… ပြီးတော့ ဆေးရုံလွှတ်မှာစိုးလို့တဲ့။ အရက်သမား အသည်းထိသွားရင် အသည်းခြောက်တာအပြင် အစာရေမြိုမှာ သွေးကြောထုံးတွေဖြစ်ပြီး ပေါက်ထွက်တတ်သည်လေ… ခုကြည့်ရတာ ဖြစ်ပြီထင်ပါတယ်၊

” ဦးဝင်းနိုင် … မလိမ်နဲ့… ဝမ်းသွားရင်ရော သွေးပါလား” ဆိုတော့ ခေါင်းတွင်တွင် ငြိမ့်ပြသည်။

“ကတ္တရာစေးလို မည်းမည်းတွေလား ” မေးတော့

” ရဲရဲတွေ ဆရာမ… ရေနဲ့ထိရင် သွေးရောင်ပဲ” ဟု သားလေးကဖြေသည်။ ကြည့်ရတာအကုန်ထိနေပါပြီ။

လောလောဆယ် အအန်ပျောက်ဆေး၊ အစာအိမ်ဆေးနဲ့ သွေးတိတ်ဆေးတွေ ဇယ်ဆက်သလိုထိုး ..DS တစ်လုံးချိတ်ပေးထားရင်း ဆေးရုံတင်ရန် ပြင်ဆင်ရသည်။။ သူ့မိန်းမပါမလာတာ အဲ့တစ်ခုတော့ အကောင်းသား.. ပါလာရင် ဆေးရုံ မသွားဘူးဆိုပြီး အိမ် အတင်းပြန်ခေါ်သွားရင် ကိုယ်က ဘာမှ လုပ်မရ။ အနီးဆုံး အင်းစိန်ဆေးရုံပို့ဖို့ကားငှားရင်း… စာရွက်ခေါက်လေးဆီ မျက်စိရောက်သွားပြီးဖွင့်ကြည့်တော့ သေစာရှင်စာမျှတတ်ပြီး အိမ်ထောင်ရဲ့ ဒုက္ခကို ခါးစီးခံထားရသူ အမျိုးသမီး ၏ ရင်ဖွင့်မှုကို ကြေကွဲစရာတွေ့ရသည်။ စာလုံးပေါင်းသတ်ပုံတောင်တစ်လုံးမြောက်တစ်လုံးပေမယ့်… စိတ်ပျက်အားလျော့မှုကို အထင်းသားတွေ့ရသည့်စာ။

” ဆရမ.. ကျမ ဝင်နိုင် ဂို သေလူ မတ်လိုက်ပီ။ ပက်ဆံ ရှာရ.. သူ့စရိက်ထောင်းတာနဲ့ကုန်ပီ။ လက်ထဲရှိတာ အကုန်ထဲ့ပေးလိုက်ပီ။ သေလဲ ဆရာမ အပစ်မဟုတ်ဘာ။ ဆရာမ ဂိုလဲ ကျမ အားနာတယ်။ သေပစေ ဆရာမ။ ကျမတော မကုဒေါ့ဘူး။” ကဲ ပြတ်ကရော!

စာဖတ်နေတုန်း… ဒင်းက တောက်ထခေါက်ခြင်းဖြစ်သည်။ ဦးဝင်းနိုင် တွင်ကောင်းသည့် အကျင့်တစ်ခု ကား ဖြစ်ဖြစ်ချင်းဆေးခန်းလာရမှန်းသိသည်။ အခုလည်း သူ အန်လို့ သွေးပါသည်နှင့်ရောက်ချလာချင်းဖြစ်သည်။ တစ်ခုတော့ရှိသည် …သွေးဝမ်းသွားတာတော့ ဘယ်လောက်ကြာနေပြီမှန်းသူမသိ… တစ်နေ့က လို့ပြောပေမဲ့ သည့်ထက်လည်းစောနေနိုင်သည်။ ဆိုတော့… ကလေးကို စည်းရုံးရသည်။

“သား … ဖေဖေကြီးကို နေပြန်ကောင်းစေချင်လား” ဆိုတော့ ခေါင်းကို ငြိမ့်သည့်မှ ၄/၅ ခါ… ။

” ဟုတ်ပြီ… အန်တီ ဆရာမ စာရေးပေးလိုက်မယ်! ရော့ ဒီ ပိုက်ဆံ ပြန်ယူထား… ကားလည်း ငှားပေးလိုက်မယ်။ ဆေးခန်းက အကိုကြီး တစ်ယောက်ထည့်ပေးလိုက်မယ်။ ဖေကြီးက ဆေးရုံသွားမှ ဖြစ်မှာ..နော်သား…သားက သတ္တိရှိပါတယ်” ဆိုတော့ ကြိုးစားပမ်းစား အံကြိတ်ကာ ” အင်း” ဟုဖြေသည်။

အသိကားသမားရောက်လာတော့ ဆေးခန်းက အကူကောင်လေး လက်ထဲ ဆေးမှတ်တမ်းနှင့် ပိုက်ဆံ ၂၀၀၀၀ ထည့် ..ကားခကြိုရှင်းပြီး ဆေးရုံလွှတ်ရသည်။

နားထဲတွင်တော့ “ဖေဖေ အရက် ဖြတ်မလား… မီးငယ် အဆင့်တစ် ရအောင်လုပ်ပေးမယ်လေ” ဆိုတဲ့ ငယ်ဘဝရဲ့ အပေးအယူစကားသံလေးပြန်ကြားမိသည်။ အဲဒီတုန်းက ဖေဖေ ပြုံးလိုကိလေသလား မမှတ်မိတော့… ဆုံးပါးသွားခဲ့တာ ဒေါက်တာနှင်း ဆရာဝန် မဖြစ်ခင် ရှေ့ ၁၀ စုနှစ်ကြာရော့မယ်။

သွေးတွေ ချင်းချင်းနီနေခဲ့တာသာ မှတ်ဉာဏ်ထဲ စွဲစွဲထင်ထင်…

   နှင်းနုအေး

Previous Post

ဗီတာမင် D အကြောင်းသိကောင်းစရာ

Next Post

အစာအိမ်ထဲက အက်စစ်ရည်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
853
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
845
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အစာအိမ်ထဲက အက်စစ်ရည်

ကလေးငယ်နှင့်အပေါင်းအဖော်များ

နို့တိုက်မေမေများတွင် ကြုံတွေ့နိုင်သော သားမြတ်(နို့သီးခေါင်း) ဆိုင်ရာပြသာနာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.