မျက်စိစွန်ခြင်း (အတွင်းစွန်)ဆိုသည်မှာ မျက်ခွံအတွင်းရှိ အဆီဂလင်း
များ (မီဘိုမီးယမ်းဂလင်းများ)တွင် ပြဿနာဖြစ်သောကြောင့်ဖြစ်တတ်သည်။ ထိုအခါ
အဆီဂလင်းရဲ့ အရည်လမ်းကြောင်းပိတ်ကာ ရောင်ရမ်းပြီး မျက်ခွံအတွင်းဝယ် အဖု
အကြိတ်သဖွယ် ဖြစ်လာပေသည်။တစ်ခါတစ်ရံ ရောဂါပိုးဝင်တတ်သောကြောင့် ဖြစ်
တတ်သည်။
ဘယ်သူတွေမှာ ပိုဖြစ်လဲဆိုရင်ဖြင့် အရင်မျက်စိ အတွင်းစွန် ဝေဒနာ
ခံစားရဖူးက ၊မသန့်ရှင်းသောလက်ဖြင့် မကြာခဏ မျက်စိကို ကိုင်တွယ် ပွတ်သပ်
တတ်သူ ၊မသန့်ရှင်းသောပစ္စည်းများဖြင့် မျက်စိတစ်ဝိုက် ခြယ်သခြင်း ၊မသန့်သော
မျက်ကပ်မှန် တပ်ခြင်း နှင့် မျက်ကပ်မှန်ကို သေချာ သန့်ရှင်းစွာ မထိန်းသိမ်းဘဲ
အသုံးပြုသူများတွင် အဖြစ်များပါသည်။
ဘယ်လို ရောဂါလက္ခဏာ ပြမလဲဆိုရင်ဖြင့်
- မျက်ခွံ တွင် အဖုအကြိတ်ပေါ်တတ်
- ရောဂါပိုးကြောင့် ဖြစ်သော အတွင်းစွန်တွင် မျက်ခွံရောင်ရမ်းကာ နာကျင်တတ်
- မျက်စိက အလင်းရောင်ဒဏ် မခံနိုင်
- မျက်ရည်ပူကျတတ်
- မျက်ခွံကြီးလေးလေးကြီး သဖွယ် ခံစားရတတ်
မျက်စိ အပြင်စွန်ခြင်းသည် အများအားဖြင့် တစ်လအတွင်း သူ့ဘာသာ
သူ ပြန်ပျောက်သွားတတ်သည်။ အဖုအကြိတ်သည် အပေါ်မျက်ခွံ အလယ်တည့်
တည့်တွင်ဖြစ်က မျက်တောင်ခတ်သည့်အခါနှင့် အိပ်သည့်အခါများတွင် မျက်ကြည်
ကို ဖိမိတတ်သဖြင့် မျက်ကြည်မျက်နှာပြင် မညီမညာဖြစ်ကာ အက်စတီမက်တဇင်
(Astimagtism)ဟု ခေါ်သည့် မျက်စိမှုန်ခြင်းကို ဖြစ်စေနိုင်သည်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြမလဲဆိုရင်ဖြင့်
- တစ်ပတ်အတွင်း မသက်သာက ၊ပိုဆိုးလာက
- မျက်ခွံ ၊မျက်လုံးပတ်လည် အရေပြားပေါ်တွင် အနာဖု ပြည်ဖုများထွက်လာက
- မကြာခဏ မျက်စိစွန်က
- မကြာခဏ မျက်စိရောင်ရမ်းနာဖြစ်တတ်က
- မျက်စိမှုန်လာ ၊ကြည့်မကောင်းက
တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ပြသသင့်တယ်။ဆရာဝန်ကမျက်စဉ်းဆေး ၊အကိုက်အခဲပျောက်ဆေးများပေးပါလိမ့်မယ်။လိုအပ်ရင် ပိုးသတ်ဆေးအစက်ချဆေး ၊သောက်ဆေးတိုက်ပါလိမ့်မယ် ။တစ်လနှင့် မပျောက်က အလုံးအကြိတ်ကို ခွဲထုတ်
ဖို့ လိုပါလိမ့်မယ်။
မိမိဘာသာ ဘာလုပ်ထားသင့်သလဲ ဆိုရင်ဖြင့်
- မျက်လုံး မပွတ်ရ။
- မျက်ကပ်မှန် မတပ်ရ ။
- မျက်စိနဲ့ ပတ်သက်ပြီး သုံးတတ်သော မိတ်ကပ်၊အလှပြင်ပစ္စည်းများ မလူးရ ၊
မလိမ်းရ။ - သန့်စင်သော ရေနွေးဖတ်ကပ်ပေးပါ။
- တစ်ကိုယ်ရေသန့်ရှင်းရေး ၊အထူးသဖြင့် လက်ကို သန့်ရှင်းစွာထားပါ။
ဘယ်လိုကာကွယ်မလဲ ဆိုရင်ဖြင့်
- လက်ကို ပုံမှန် သန့်ရှင်းစင်ကြယ်စွာဆေးပါ။
- မလိုအပ်ဘဲ မျက်စိကို မပွတ်ပါနဲ့။
- မျက်နှာသုတ်ပုဝါ ၊သဘက် သီးသန့်ထားပါ ။မျှမသုံးပါနဲ့။
- မျက်စိသုံး အလှပြင်ပစ္စည်းဟောင်းများ၊သက်တမ်းကုန်ပစ္စည်းများ မသုံးပါနဲ့။
- အလှပြင်ပစ္စည်းများကို မျှမသုံးပါနဲ့။
- ညအိပ်ရာဝင်ခါနီး မိမိ တစ်နေ့တာ လိမ်းထားသော မိတ်ကပ်မျာကို စင်ကြယ်စွာ
ဆေးကြောသန့်စင်ပါ ။ - မျက်ကပ်မှန်ကို သန့်ရှင်းသောဆေးရည်တွင် စိမ်ပြီးသေချာ သိမ်းဆည်းပါ။
- မျက်ကပ်မှန်ကို သန့်ရှင်းစင်ကြယ်စွာ စနစ်တကျ ထည့်ပါ။
Author – ခေတ်သစ်ဇီဝက