ကူးစက္ျမန္ျပင္းထန္ ဦးေနွာက္အေျမွးေရာင္ေရာဂါ
ကူးစက္ျမန္ျပင္းထန္ ဦးေႏွာက္အေျမွးေရာင္ေရာဂါ ကို ေဆးပညာအရ Meningococcal Meningitis လို႔ေခၚပါတယ္။ဒီကူးစက္ျမန္ျပင္းထန္ဦးေနွာက္အေျမွးေရာင္ေရာဂါဟာ ကြ်န္ေတာ္တို႔ျမန္မာနိုင္ငံအပါအ၀င္ ကမာၻတ၀ွမ္းရွိနိုင္ငံေပါင္း၂၆နိုင္ငံမွာ အမ်ားဆံုးျဖစ္ပြားလ်က္ရွိပါတယ္။ေျခာက္ေသြ႔ပူျပင္းေသာ ရာသီေတြမွာ ေရာဂါျဖစ္ပြားနႈန္းပိုမ်ားေလ႔ရွိျပီး မိုးဦးက် ေလထုစိုထိုင္းမႈမ်ားေသာ အခ်ိန္အခါတြင္ ေရာဂါျဖစ္ပြားနႈန္းေလ်ာ႔နည္းတတ္ပါတယ္။ေလထုစိုထိုင္းမႈနည္းျပီး ေျခာက္ေသြ႔ျခင္း၊ဖုန္ထူျခင္း၊သဲမုန္တိုင္းမ်ားတိုက္ျခင္းစတဲ႔အခ်က္မ်ားဟာ ေရာဂါျဖစ္ပြားေစနိုင္သည္႔ သဘာ၀အေျခအေနမ်ားျဖစ္ပါတယ္။
Neisseria Meningitidis လို႔ေခၚေသာ ဘက္တီးရီးယားပိုး၀င္ေရာက္ကူးစက္ျခင္းေၾကာင္႔ျဖစ္ျပီး အဓိကအေနနဲ႔ အသက္ရႈလမ္းေၾကာင္းကတဆင္႔ (ေရာဂါပိုးရွိသူ နွာေခ်၊ေခ်ာင္းဆိုးရာမွထြက္လာေသာအမႈန္အမႊားမ်ားကိုရႈမိရာမွတဆင္႔)လူတဦးကေန တဦးကူးစက္ပ်ံ႕နွံ႔ပါတယ္။Neisseria Meningitidis ဘက္တီးရီးယားမ်ိဳးကြဲအုပ္စု ၁၂ စု ရွိျပီး A,B, C,W,X နွင္႔ Y တို႔ဟာ ကူးစက္ျမန္ဦးေနွာက္အေျမွးေရာင္ေရာဂါကိုျဖစ္ေစေသာ အုပ္စုမ်ားျဖစ္ပါတယ္။အသက္၁၀နွစ္ေအာက္ ကေလးေတြကေတာ႔ ေရာဂါျဖစ္ပြားနိုင္ေျခအမ်ားဆံုးျဖစ္ေပမယ္႔အသက္အရြယ္မေရြး က်ားမ မေရြး ေရာဂါျဖစ္ပြားနိုင္ပါတယ္။
ေရာဂါနာမည္အတိုင္းပဲ ေရာဂါကူးစက္နႈန္းကျမန္ဆန္ျပီးေရာဂါလကၡဏာေတြက ျပင္းထန္ပါတယ္။ေရာဂါပိုး၀င္ေရာက္ကူးစက္ခံရျပီး အၾကမ္းအားျဖင္႔ ၂ရက္ကေန ၁၀ရက္အတြင္းမွာ ေရာဂါလကၡဏာေတြစျပေလ႔ရွိပါတယ္။ျပသနိုင္တဲ႔ ေရာဂါလကၡဏာေတြကေတာ႔ ရုတ္တရက္ျပင္းထန္စြာဖ်ားတာ၊ေခါင္းတအားကိုက္တာ၊အန္တာ၊ဇက္ေတာင္႔တာ၊ၾကြက္သားေတြနာက်င္တာ၊အေရျပားေပၚမွာ ေသြးေျခဥ၊အညိဳအမည္းအကြက္ေတြထြက္တာ၊တအားမွိန္းေနတာ၊တက္တာ၊သတိလစ္တာ ေတြကေန ေနာက္ဆံုး ေသြးအန္တာ၊နွာေခါင္း၊နားတို႔ကေန ေသြးယိုစီးတာေတြထိျဖစ္နိုင္ပါတယ္။အထက္ပါ ေရာဂါလကၡဏာေတြျဖစ္ပြားပါက ၂နာရီကေန ၄၈နာရီအတြင္းေလာက္မွာကို အသက္ေသဆံုးသည္အထိျဖစ္တာမ်ားတဲ႔အတြက္ ေစာစီးစြာေဆးကုသမႈခံယူဖို႔လိုပါတယ္။
ေရာဂါလကၡဏာျပျပျခင္း အခ်ိန္မီထိေရာက္ေသာ ေဆးကုသမႈခံယူသည္႔တိုင္ေအာင္ ေသဆံုးနႈန္းဟာ ၅ ရာခိုင္နႈန္းမွ ၁၀ ရာခိုင္နႈန္းအထိ ရွိပါတယ္။ အဲ႔ေလာက္ကို ေရာဂါက ျပင္းထန္ပါတယ္။ေရာဂါကေနအသက္ရွင္က်န္ခဲ႔သူမ်ားမွာလည္း ေနာက္ဆက္တြဲအေနနဲ႔ ဦးေနွာက္ထိခိုက္ျပီး အၾကားအာရံုဆံုးရံႈးတာ၊ပညာသင္ၾကားဖို႔အခက္အခဲရွိတာေတြျဖစ္နိုင္ပါတယ္။ဒါေၾကာင္႔ အထက္ေဖာ္ျပပါလကၡဏာေတြခံစားရျပီဆိုပါက ခ်က္ခ်င္းေဆးရံုသြားကာ ဆရာ၀န္နဲ႔ျပသျပီး ေသြးစစ္တာ၊ပိုးေမြးတာစတဲ႔ စမ္းသပ္စစ္ေဆးမႈေတြလုပ္ၾကည္႔ဖုိ႔လိုပါတယ္။
အဆံုးသတ္အေနနဲ႔ေျပာရရင္ ဒီကူးစက္ျမန္ျပင္းထန္ဦးေနွာက္အေျမွးေရာင္ေရာဂါက ျဖစ္ျပီဆိုရင္ ေဆးကုသမႈခံယူသည္႔တိုင္ အသက္ေသဆံုးနိုင္ေျခမ်ားတဲ႔အတြက္ မျဖစ္ခင္ကတည္းက ၾကိဳတင္ကာကြယ္ထားသင္႔ပါတယ္။ဘယ္လိုၾကိဳတင္ကာကြယ္ရမလဲဆိုတာကေတာ႔ ကာကြယ္ေဆးထိုးထားတာေတာ႔အေကာင္းဆံုးပါ။Meningococcal Vaccine (ကူးစက္ျမန္ျပင္းထန္းဦးေနွာက္အေျမွးေရာင္ကာကြယ္ေဆး)ထိုးထားသင္႔ပါတယ္။
ကာကြယ္ေဆးထိုးတာအျပင္ တျခားလုပ္ရမယ္႔အခ်က္ေတြကေတာ႔
တကိုယ္ရည္သန္႔ရွင္းေရးကို ဂရုျပဳေဆာင္ရြက္ပါ။နွာေခ်၊ေခ်ာင္းဆိုးလွ်င္ လက္ကိုင္ပု၀ါျဖင္႔ဖံုးအုပ္ပါ။တံေတြး၊သလိပ္မ်ားကို စည္းကမ္းမဲ႔ေထြးျခင္းမွေရွာင္ပါ။ပြဲလမ္းသဘင္၊လူစည္ကားေသာေနရာနွင္႔ ဖုန္ထူထပ္ေသာေနရာမ်ားကို တတ္နိုင္သမွ်ေရွာင္ပါ။ေရာဂါျဖစ္ပြားသူမ်ားနဲ႔ေတြ႔ဆံုထိေတြ႔ရန္မျဖစ္မေနလိုအပ္လာပါက ေရာဂါမကူးစက္ေစရန္ နွာေခါင္းနဲ႔ပါးစပ္ဖံုးအုပ္ထားေသာ နွာေခါင္းစည္းမ်ားနွင္႔ အျခားအကာကြယ္ပစၥည္းမ်ားကိုအသံုးျပဳပါ။
Dr 528
(Unicode)
ကူးစက်မြန်ပြင်းထန် ဦးနှောက်အမြှေးရောင်ရောဂါ
ကူးစက်မြန်ပြင်းထန် ဦးနှောက်အမြှေးရောင်ရောဂါ ကို ဆေးပညာအရ Meningococcal Meningitis လို့ခေါ်ပါတယ်။ဒီကူးစက်မြန်ပြင်းထန်ဦးနှောက်အမြှေးရောင်ရောဂါဟာ ကျွန်တော်တို့မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းရှိနိုင်ငံပေါင်း၂၆နိုင်ငံမှာ အများဆုံးဖြစ်ပွားလျက်ရှိပါတယ်။ခြောက်သွေ့ပူပြင်းသော ရာသီတွေမှာ ရောဂါဖြစ်ပွားနှုန်းပိုများလေ့ရှိပြီး မိုးဦးကျ လေထုစိုထိုင်းမှုများသော အချိန်အခါတွင် ရောဂါဖြစ်ပွားနှုန်းလျော့နည်းတတ်ပါတယ်။လေထုစိုထိုင်းမှုနည်းပြီး ခြောက်သွေ့ခြင်း၊ဖုန်ထူခြင်း၊သဲမုန်တိုင်းများတိုက်ခြင်းစတဲ့အချက်များဟာ ရောဂါဖြစ်ပွားစေနိုင်သည့် သဘာဝအခြေအနေများဖြစ်ပါတယ်။
Neisseria Meningitidis လို့ခေါ်သော ဘက်တီးရီးယားပိုးဝင်ရောက်ကူးစက်ခြင်းကြောင့်ဖြစ်ပြီး အဓိကအနေနဲ့ အသက်ရှုလမ်းကြောင်းကတဆင့် (ရောဂါပိုးရှိသူ နှာချေ၊ချောင်းဆိုးရာမှထွက်လာသောအမှုန်အမွှားများကိုရှုမိရာမှတဆင့်)လူတဦးကနေ တဦးကူးစက်ပျံ့နှံ့ပါတယ်။Neisseria Meningitidis ဘက်တီးရီးယားမျိုးကွဲအုပ်စု ၁၂ စု ရှိပြီး A,B, C,W,X နှင့် Y တို့ဟာ ကူးစက်မြန်ဦးနှောက်အမြှေးရောင်ရောဂါကိုဖြစ်စေသော အုပ်စုများဖြစ်ပါတယ်။အသက်၁၀နှစ်အောက် ကလေးတွေကတော့ ရောဂါဖြစ်ပွားနိုင်ခြေအများဆုံးဖြစ်ပေမယ့်အသက်အရွယ်မရွေး ကျားမ မရွေး ရောဂါဖြစ်ပွားနိုင်ပါတယ်။
ရောဂါနာမည်အတိုင်းပဲ ရောဂါကူးစက်နှုန်းကမြန်ဆန်ပြီးရောဂါလက္ခဏာတွေက ပြင်းထန်ပါတယ်။ရောဂါပိုးဝင်ရောက်ကူးစက်ခံရပြီး အကြမ်းအားဖြင့် ၂ရက်ကနေ ၁၀ရက်အတွင်းမှာ ရောဂါလက္ခဏာတွေစပြလေ့ရှိပါတယ်။ပြသနိုင်တဲ့ ရောဂါလက္ခဏာတွေကတော့ ရုတ်တရက်ပြင်းထန်စွာဖျားတာ၊ခေါင်းတအားကိုက်တာ၊အန်တာ၊ဇက်တောင့်တာ၊ကြွက်သားတွေနာကျင်တာ၊အရေပြားပေါ်မှာ သွေးခြေဥ၊အညိုအမည်းအကွက်တွေထွက်တာ၊တအားမှိန်းနေတာ၊တက်တာ၊သတိလစ်တာ တွေကနေ နောက်ဆုံး သွေးအန်တာ၊နှာခေါင်း၊နားတို့ကနေ သွေးယိုစီးတာတွေထိဖြစ်နိုင်ပါတယ်။အထက်ပါ ရောဂါလက္ခဏာတွေဖြစ်ပွားပါက ၂နာရီကနေ ၄၈နာရီအတွင်းလောက်မှာကို အသက်သေဆုံးသည်အထိဖြစ်တာများတဲ့အတွက် စောစီးစွာဆေးကုသမှုခံယူဖို့လိုပါတယ်။
ရောဂါလက္ခဏာပြပြခြင်း အချိန်မီထိရောက်သော ဆေးကုသမှုခံယူသည့်တိုင်အောင် သေဆုံးနှုန်းဟာ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ရှိပါတယ်။ အဲ့လောက်ကို ရောဂါက ပြင်းထန်ပါတယ်။ရောဂါကနေအသက်ရှင်ကျန်ခဲ့သူများမှာလည်း နောက်ဆက်တွဲအနေနဲ့ ဦးနှောက်ထိခိုက်ပြီး အကြားအာရုံဆုံးရှုံးတာ၊ပညာသင်ကြားဖို့အခက်အခဲရှိတာတွေဖြစ်နိုင်ပါတယ်။ဒါကြောင့် အထက်ဖော်ပြပါလက္ခဏာတွေခံစားရပြီဆိုပါက ချက်ချင်းဆေးရုံသွားကာ ဆရာဝန်နဲ့ပြသပြီး သွေးစစ်တာ၊ပိုးမွေးတာစတဲ့ စမ်းသပ်စစ်ဆေးမှုတွေလုပ်ကြည့်ဖို့လိုပါတယ်။
အဆုံးသတ်အနေနဲ့ပြောရရင် ဒီကူးစက်မြန်ပြင်းထန်ဦးနှောက်အမြှေးရောင်ရောဂါက ဖြစ်ပြီဆိုရင် ဆေးကုသမှုခံယူသည့်တိုင် အသက်သေဆုံးနိုင်ခြေများတဲ့အတွက် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ထားသင့်ပါတယ်။ဘယ်လိုကြိုတင်ကာကွယ်ရမလဲဆိုတာကတော့ ကာကွယ်ဆေးထိုးထားတာတော့အကောင်းဆုံးပါ။Meningococcal Vaccine (ကူးစက်မြန်ပြင်းထန်းဦးနှောက်အမြှေးရောင်ကာကွယ်ဆေး)ထိုးထားသင့်ပါတယ်။
ကာကွယ်ဆေးထိုးတာအပြင် တခြားလုပ်ရမယ့်အချက်တွေကတော့
တကိုယ်ရည်သန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ပါ။နှာချေ၊ချောင်းဆိုးလျှင် လက်ကိုင်ပုဝါဖြင့်ဖုံးအုပ်ပါ။တံတွေး၊သလိပ်များကို စည်းကမ်းမဲ့ထွေးခြင်းမှရှောင်ပါ။ပွဲလမ်းသဘင်၊လူစည်ကားသောနေရာနှင့် ဖုန်ထူထပ်သောနေရာများကို တတ်နိုင်သမျှရှောင်ပါ။ရောဂါဖြစ်ပွားသူများနဲ့တွေ့ဆုံထိတွေ့ရန်မဖြစ်မနေလိုအပ်လာပါက ရောဂါမကူးစက်စေရန် နှာခေါင်းနဲ့ပါးစပ်ဖုံးအုပ်ထားသော နှာခေါင်းစည်းများနှင့် အခြားအကာကွယ်ပစ္စည်းများကိုအသုံးပြုပါ။
Dr 528
(Unicode)