fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

လုံးဝမပေါ့လျော့သင့်တဲ့ လေဖြတ်ခါနီးပြတတ်တဲ့ လက္ခဏာ(၆)ချက်

265
VIEWS
Share on FacebookShare on TwitterShare on Linkedin
26/07/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ရုတ်တရက်သေဆုံးခြင်းနဲ့ မသန်မစွမ်းဖြစ်ရခြင်းတွေမှာ လေဖြတ်ရောဂါဟာ အဓိက အကြောင်းရင်းအနေနဲ့ ပါဝင်ပါတယ်။ လေဖြတ်တာကို ဆေးပညာအရ Stroke လို့ခေါ်ပါတယ်။

လေဖြတ်ခြင်းမှာ အဓိကအားဖြင့်

၁။ ဦးနှောက်အတွင်း သွေးကြောပိတ်လို့ လေဖြတ်ခြင်း (ဦးနှောက်ထဲမှာရှိတဲ့ သွေးကြောငယ်လေးတွေကျဉ်းပြီးပိတ်တာကြောင့်၊ သို့မဟုတ် တခြားသွေးကြောကြီးတွေထဲက သွေးခဲက လာပိတ်တာကြောင့်ဖြစ်တဲ့လေဖြတ်ခြင်း) ဆိုတဲ့ Ischaemic stroke

၂။ ဦးနှောက်အတွင်းသွေးကြော ပေါက်လို့ လေဖြတ်ခြင်း (ဦးနှောက်အတွင်းသွေးကြောလေးများ သွေးပေါင်ချိန်တက်လို့ ပေါက်ထွက်တာကြောင့်ဖြစ်တဲ့ လေဖြတ်ခြင်း) ဆိုတဲ့ Hypertensive stroke ဆိုပြီး နှစ်မျိုးရှိပါတယ်။

ရုတ်တရက်လေဖြတ်ပြီးပြီးချင်း တစ်မိနစ်ကြာတိုင်းမှာ ဦးနှောက်အတွင်းရှိဆဲလ်ပေါင်း ၁ ဒဿမ ၉ သန်းဟာ သွေးကောင်းစွာမရတဲ့အတွက် ပျက်စီးရပါတယ်။ လေဖြတ်တဲ့အချိန်နဲ့ ဆေးကုသမှုရတဲ့အချိန် နှစ်ခုကြား အချိန်ကာလဟာကြာလေလေ ဦးနှောက်ထဲက ဆဲလ်တွေ ထိခိုက်ပျက်စီးနှုန်းများလေလေပါပဲ။ လေဖြတ်ဖြတ်ချင်း စောစီးစွာကုသမှုရခဲ့ပါက ဦးနှောက်ဆဲလ်ပျက်စီးမှု အရမ်းမများသေးတဲ့အတွက် လူနာဟာ အကောင်းပတိအတိုင်း ပြန်လည်ကောင်းမွန်ဖို့ အခွင့်အရေးပိုများပါတယ်။

လေဖြတ်မှု အချိန်ကြာမြင့်ရင် (ဆိုလိုတာက လေဖြတ်ဖြတ်ချင်း သင့်တော်တဲ့ ဆေးကုသမှုမရဘဲ ကြာနေရင်) ဦးနှောက်ဆဲလ်ပျက်စီးမှုများတဲ့အတွက် လူနာဟာ စကားပြောဖို့ ခက်ခဲတာ၊ မှတ်ဉာဏ်တွေဆုံးရှုံးတာနဲ့ ခြေလက်ပြန်လည်လှုပ်ရှားနိုင်ခြေနည်းသွားတာ တွေဖြစ်ဖို့ ပိုအခွင့်အရေးများပါတယ်။

ဒါကြောင့် လေဖြတ်ရောဂါ လက္ခဏာခံစားရရချင်းမှာ ဆေးခန်း ဆေးရုံပြပြီး စောစီးစွာကုသမှုခံယူဖို့က အလွန်အရေးကြီးပါတယ်။ ဒါပေမဲ့ လူအများဟာ လေဖြတ်ခါနီးပြလေ့ရှိတဲ့ ရောဂါလက္ခဏာတွေကို သတိမမှုဘဲ ဒါမှမဟုတ် သတိမူမိပေမဲ့ သာမန်ကာလျှံကာ သဘောထားကာ လျစ်လျူရှုမိတတ်ကြပါတယ်။ ဒီအတွက် ဒီတစ်ပတ်မှာ လူအများသတိထားလေ့မရှိတဲ့ လေဖြတ်ခါနီးရင် ပြတတ်တဲ့လက္ခဏာ (၆) ချက်ကိုရေးသားတင်ပြချင်ပါတယ်။

၁။ ခေါင်းတအားကိုက်ခြင်း

လူတိုင်းနီးပါး ခေါင်းကိုက်တတ်ပါတယ်။ ခေါင်းကိုက်ရခြင်း အကြောင်းတွေကလည်း အများကြီးပါ။ ဒါကြောင့် ခေါင်းကိုက်တာကို လူအများစုက သိပ်အလေးထားလေ့ မရှိတတ်ကြပါဘူး။ ဒါပေမဲ့ အခုတစ်ခါခေါင်းကိုက်တာက အရင်အခါတွေနဲ့ မတူအောင် ပြင်းပြင်းထန်ထန်ကိုက်တာ ဒါမှမဟုတ် အရင်က တစ်ခါမှခေါင်းကိုက်တာမဖြစ်ဘဲ ခုမှခေါင်းကိုက်တာ မျိုးဆိုရင်တော့ ဒါဟာလေဖြတ်ရောဂါ လက္ခဏာဖြစ်နိုင်ခြေ ရှိပါတယ်။ ကွဲကွဲပြားပြားကတော့ ဆရာဝန်တွေက စမ်းသပ်စစ်ဆေးကြည့်မှ သိမှာဖြစ်တဲ့အတွက် ပေါ့ပေါ့တန်တန်သဘောမထားဘဲ နီးစပ်ရာဆေးရုံ ဆေးခန်းပြသဖို့လိုပါတယ်။

၂။ အမြင်အာရုံက တစ်ခုကို နှစ်ရိပ်နှစ်ထပ်မြင်ရခြင်း

အရာဝတ္ထုတစ်ခုကို နှစ်ရိပ်နှစ်ထပ်မြင်ရခြင်း၊ အမြင်မှုန်ဝါးခြင်း၊ မျက်စိတစ်ဖက် ရုတ်တရက်မမြင်ရခြင်း စတာတွေဟာ လေဖြတ်ခြင်းရဲ့ ရောဂါလက္ခဏာတွေဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လူအများစုဟာ ဒီလိုနှစ်ရိပ်နှစ်ထပ်ဖြစ်တာ၊ အမြင်မှုန်ဝါးတာတွေဖြစ်ရခြင်းက ပင်ပန်းနွမ်းနယ်လို့ အသက်ကြီးလို့ ဖြစ်ရတာလို့ပဲ မှတ်ယူပြီး ပေါ့ပေါ့ဆဆနေတာများပါတယ်။

အရေးပေါ်ဆေးကုသမှုပညာရပ်အထူးကုဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာကာရိုလင်းကတော့ လူအများစုထင်သလို မြင်ကွင်းအာရုံ နှစ်ရိပ်နှစ်ထပ်မြင်ရခြင်း၊ အမြင်ဝါးခြင်းတွေဟာ အသက်ကြီးလို့ ပင်ပန်းနွမ်းနယ်လို့ မျက်စိအသုံးများလို့ဖြစ်တာ မဟုတ်နိုင်ဘဲ လေဖြတ်ခြင်းရဲ့ လက္ခဏာ ဖြစ်နိုင်ခြေပိုများကြောင်းပြောထားပါတယ်။

၃။ အိပ်ရာအထ လက်မောင်းနဲ့ ခြေထောက်များ ထုံကျင်နေခြင်း

တရေးအိပ်ပြီး နိုးလာတဲ့အခါ ခြေလက်တွေ ထုံကျင်တာမျိုးဖြစ်ရင် ငါအချိန်ကြာကြီး ဖိအိပ်မိလို့ဖြစ်တာပဲ ဆိုပြီး လူအများစုက အလွယ်တကူ ပေါ့ပေါ့လျော့လျော့ ယူဆတတ်ကြပါတယ်။ ဒါပေမဲ့ ဒီထုံကျင်နေတာဟာ ၁၅ မိနစ်ကနေ နာရီဝက်ကြာတဲ့အချိန်ထိ ပျောက်ကင်းသက်သာမှု မရှိရင်တော့ ဆေးခန်းပြသဖို့လိုပါတယ်။

ဘာလို့လဲဆိုတော့ ဒီလိုထုံတာကျင်တာ ဆက်ဖြစ်နေခြင်းဟာ သင့်ကျောရိုးမှ ဦးခေါင်းနောက်ပိုင်းသို့သွားတဲ့ သွေးကြောထဲမှာ အကြောင်းတစ်ခုခုကြောင့် သွေးစီးဆင်းမှု လျော့နည်းသွားခြင်းကြောင့် ဖြစ်နိုင်လို့ပါ။

၄။ စကားပြောရာမှာ ဗလုံးဗထွေးဖြစ်ခြင်း

လူတချို့က စကားပြောရာမှာ ဗလုံးဗထွေးဖြစ်လာရင် စိုးရိမ်ပြီး ဆေးခန်းပြတတ်ကြပေမဲ့ လူအများစုကတော့ ဒီလိုစကားပြောရာမှ ဗလုံးဗထွေးဖြစ်တာဟာ ပင်ပန်းလို့ ဒါမှမဟုတ် မိမိသောက်သုံးနေတဲ့တချို့သော ဆေးဝါးတွေရဲ့ (ဥပမာ တချို့ကိုက်ခဲနာကျင်မှု ပျောက်ဆေးများ) ဘေးထွက်ဆိုးကျိုးဖြစ်မယ်လို့ ယူဆပြီး ပေါ့ပေါ့ဆဆနေတတ်ကြပါတယ်။

စကားများ ဗလုံးဗထွေးဖြစ်တာဟာ လေဖြတ်နိုင်တဲ့အကြောင်းတခုဖြစ်ဖို့ ဖြစ်နိုင်ခြေပိုများတာကြောင့် ဆရာဝန်နဲ့ ပြသစစ်ဆေးပြီး ကုသမှုခံယူဖို့ လိုပါတယ်။ စကား ဗလုံးဗထွေးဖြစ်တာနဲ့ တွဲဖြစ်တတ်တာတွေကတော့ မျက်နှာတခြမ်းရွဲ့သွားတာ ဖြစ်ပါတယ်။

၅။ ခန္ဓာကိုယ် ဟန်ချက်မထိန်းနိုင်ဘဲ ဒယိမ်းဒယိုင်ဖြစ်ခြင်း

လူတချို့က အထူးသဖြင့် အရက်သောက်တဲ့သူတွေဆိုရင် ခန္ဓာကိုယ်ဟန်ချက်ပျက်ပြီး ဒယိမ်းဒယိုင်ဖြစ်တာဟာ သူတို့မနေ့ညတုန်းက အသောက်များသွားလို့ ဒီမနက်ဒီလိုဖြစ်တာလို့ ယူဆတတ်ကြပါတယ်။ တချို့ကျတော့လည်း အိပ်ရေးပျက်လို့ ပင်ပန်းလို့ အစားသောက်နည်းလို့ ချွေးထွက်လွန်လို့ ဖြစ်တယ်လို့ ယူဆတတ်ကြပါတယ်။

ဒယိမ်းဒယိုင်းဖြစ်ပြီး ဟန်ချက်ပျက်တာဟာ သင့်ရဲ့ ဦးနှောက်ဆီကို သွေးစီးဆင်းမှု လျော့နည်းသွားတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ရုတ်တရက် ဒီလိုမျိုးဖြစ်လာပြီဆိုပါက နီးစပ်ရာကိုအကူအညီတောင်းပြီး ဆေးခန်းပြဖို့လိုပါတယ်။

၆။ ဇဝေဇဝါဖြစ်ပြီး စိတ်ရှုပ်ထွေးကာ စိတ်ခံစားမှုများ မကြည်မလင်ဖြစ်လာခြင်း

ဒီခေတ်မှာ စားဝတ်နေရေးကျပ်တည်းလို့ ရုန်းကန်နေရပြီး စိတ်ရှုပ်ထွေးမှုတွေ မကြာခဏခံစားရတတ်ပြီး စိတ်မကြည်မလင်တွေ ဖြစ်တတ်ပါတယ်။ စိတ်ရှုပ်ထွေးတဲ့အခါမှာ အကြောင်းအရာတစ်ခုကို ပြန်မှတ်မိရန်၊ စကားတစ်လုံးပြောရန်အတွက် အချိန်ပေး စဉ်းစားရတဲ့အခါမျိုးတွေ လူတိုင်းမှာရှိနိုင်ပေမဲ့ အချိန်ကြာမြင့်စွာစဉ်းစားမရခြင်း၊ တစ်ခုခုကိုပြောရန် အချိန်အကြာကြီး အာရုံစိုက်စဉ်းစားပေမဲ့ ပေါ်မလာခြင်း၊ ပြောမရခြင်းတွေဖြစ်ခဲ့ရင်တော့ ဆေးခန်းပြပြီး စမ်းသပ်စစ်ဆေးမှုတွေလုပ်သင့်ပါတယ်လို့ အရေးပေါ်ဆေးပညာရပ် အထူးကုဆရာဝန်ဒေါက်တာကာရိုလင်းက အကြံပြုထားပါတယ်။

ရုတ်တရက် စိတ်ရှုပ်ထွေးကာ စိတ်ခံစားမှုတွေ မကြည်မလင်ဖြစ်ခြင်းဟာလည်း လေဖြတ်ခါနီးလက္ခဏာတခုအနေနဲ့ ဖြစ်နိုင်ခြေများတဲ့ လက္ခဏာမို့လို့ပါ။

Ref; Reader Digest May 2018

Dr. 528

Previous Post

လိင်တံထိပ်အရေပြားဆိုင်ရာပြဿနာများ  (သို့)   ရှေ့ တွန်းမရနောက်ဆွဲမရပြဿနာ

Next Post

ကူးစက်မြန်ပြင်းထန် ဦးနှောက်အမြှေးရောင်ရောဂါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
846
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
842
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကူးစက်မြန်ပြင်းထန် ဦးနှောက်အမြှေးရောင်ရောဂါ

ကာလသားရောဂါ ခေါ် Syphillis ( ဆစ်ဖလစ်ရောဂါ ) အကြောင်း သိကောင်းစရာ

ကလေးမွေးပြီးနောက် ကိုယ်ခန္ဓာပြန်လည်ထိန်းသိမ်းချင်သော မေမေများအတွက်လေ့ကျင့်ခန်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.