fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

သိုက်ရွက်ဟော်မုန်းနည်းခြင်း

318
VIEWS
Share on FacebookShare on TwitterShare on Linkedin
10/07/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

သိုက္႐ြက္ေဟာ္မုန္းနည္းျခင္း

လူ႔ခႏၶာကိုယ္မွာ အသက္ရွင္ေနထိုင္ႏိုင္ဖို႔အတြက္ လိုအပ္တဲ့ ေဟာ္မုန္းေတြကို ထုတ္ေပးတဲ့ အက်ိတ္ေပါင္းေျမာက္မ်ားစြာရွိပါတယ္။ ဒီေဟာ္မုန္းထုတ္တဲ့ အက်ိတ္တိုင္းကို ဦးေႏွာက္ကေနၿပီး ထိန္းခ်ဳပ္ထားပါတယ္။ ဒီအထဲမွာ သိုက္႐ြက္လည္း ပါပါတယ္။ သိုက္႐ြက္ဆိုတာ လည္ပင္းထဲမွာ ရွိပါတယ္။ သိုက္႐ြက္က သူ႔အေပၚမွာ ရွိတဲ့ ဦးေႏွာက္ကေန ထုတ္ေပးလိုက္တဲ့ TRH နဲ႔ TSH လို႔ေခၚတဲ့ လႈံ႕ေဆာ္မႈေဟာ္မုန္း ရလိုက္တာနဲ႔ သိုက္႐ြက္ေဟာ္မုန္းေတြျဖစ္တဲ့ T3 နဲ႔ T4 ေတြ ထြက္လာပါတယ္။ T3 နဲ႔ T4 ေတြက ပုံမွန္ပမာဏမွာ ရွိတယ္ဆိုရင္ ခႏၶာကိုယ္ကလည္း သမမွ်တပါတယ္။ T3 T4 မ်ားတာျဖစ္ျဖစ္ နည္းတာျဖစ္ျဖစ္ ျဖစ္လာၿပီဆိုရင္ေတာ့ ဒီေဟာ္မုန္းေတြကေန မလိုလားတဲ့ ျပႆနာေတြ ျဖစ္လာေစတတ္ပါတယ္။ အထူးသျဖင့္ေတာ့ T4 ပါ။

သိုက္႐ြက္ေဟာ္မုန္းနည္းတာနဲ႔ ပက္သက္ၿပီး ေျပာျပခ်င္ပါတယ္။ သိုက္႐ြက္ေဟာ္မုန္းနည္းတာကို ေဆးပညာမွာေတာ့ hypothyroid လို႔ေခၚပါတယ္။ ဘာေၾကာင့္ျဖစ္ရတ္ဆိုတာကေတာ့ အေၾကာင္းအမ်ားႀကီးပါ အဓိကအားျဖင့္ သိုက္႐ြက္အက်ိတ္ကိုယ္တိုင္ကျဖစ္တာလား တစ္ဆင့္ခံအေၾကာင္းေတြေၾကာင့္ျဖစ္တာလားဆိုၿပီး ႏွစ္မ်ိဳးခြဲျခားထားပါတယ္။ သိုက္႐ြက္အက်ိတ္ေၾကာင့္ျဖစ္တာေတြမွာ သိုက္႐ြက္ကိုယ္တိုင္က အလိုလိုက်ဳံ႔ၿပီးေဟာ္မုန္းမထုတ္ႏိုင္တာလည္းျဖစ္ႏိုင္တယ္ တစ္ခ်ိဳ႕ေတြမွာက်ေတာ့ ကိုယ္ခံအားစနစ္ေၾကာင့္ သိုက္႐ြက္ကို တိုက္တဲ့ autoantibody ေတြေပၚလာတာေၾကာင့္သိုက္႐ြက္က အလုပ္ေကာင္းေကာင္းမလုပ္ႏိုင္တာေၾကာင့္လည္းျဖစ္ႏိုင္တယ္။

အိုင္အိုဒင္းဓာတ္နည္းလို႔ေဟာ္မုန္းမထုတ္ႏိုင္တာလည္းျဖစ္ႏိုင္တယ္။ တစ္ခ်ိဳ႕ေသာေဆးေတြ ေသာက္ေနရတာမွာ ေဘးထြက္ဆိုးက်ိဳးအေနနဲ႔ သိုက္႐ြက္ေဟာ္မုန္းနည္းလာတာလည္းျဖစ္ႏိုင္တယ္။ ဥပမာအားျဖင့္ စိတ္ပိုင္းဆိုင္ရာေဆးတစ္မ်ိဳးျဖစ္တဲ့ lithium တို႔လိုမ်ိဳးပါ တစ္ခ်ိဳ႕ေဆးဝါးေတြက်ေတာ့ သိုက္႐ြက္ေဟာ္မုန္းနည္းတာေရာမ်ားတာေရာျဖစ္ေစႏိုင္တယ္။ ဥပမာအားျဖင့္ amirodarone လို႔ေခၚတဲ့ ႏွလုံးေဆးေတြပါ ေနာက္တစ္ခုကေတာ့ သိုက္႐ြက္ေဟာ္မုန္းမ်ားလို႔ ခြဲစိတ္ကုထားတဲ့သူေတြ ေရဒီယိုသတၱိႂကြေဆးေတြနဲ႔ ကုသထားတဲ့သူေတြမွာ သိုက္႐ြက္ေဟာ္မုန္း နည္းသြားေစတတ္ပါတယ္။

သိုက္႐ြက္ေဟာ္မုန္းနည္းေစတဲ့ တစ္ဆင့္ခံအေၾကာင္းကေတာ့ ဦးေႏွာက္ကတစ္ဆင့္ ထိန္းခ်ဳပ္ေပးေနတဲ့ ေနရာေတြမွာ ျပႆနာျဖစ္ၿပီး လႈံ႕ေဆာ္မႈေတြျဖစ္တဲ့ TRH ေတြ TSH ေတြ နည္းတာေတြေၾကာင့္ပါ ဒီလိုအေျခအေနေတြမွာဆိုရင္ေတာ့ သိုက္႐ြက္ေဟာ္မုန္းတစ္မ်ိဳးပဲ နည္းတာမဟုတ္ဘဲ တစ္ျခားေသာေဟာ္မုန္းေတြလည္း လိုက္နည္းတတ္ပါတယ္။ သိုက္႐ြက္ေဟာ္မုန္းနည္းတဲ့ အခါ တစ္ကိုယ္လုံးႏုန္းၿပီး အၿမဲ အိပ္ခ်င္ေနတတ္တယ္ သန္းေနတတ္တယ္။ လႈပ္ရွားခ်င္စိတ္ နည္းတတ္ပါတယ္။ လႈပ္ရွားရတာ ေႏွးေကြးလာတယ္ လမ္းေလွ်ာက္တာမွာ ကိုယ္ေနဟန္ထားသိပ္မထိန္းႏိုင္တတ္ဘူး ဆံပင္ေတြၾကမ္းတယ္ေျခာက္တယ္ ကြၽတ္လြယ္လာတယ္။ အသားအရည္ၾကမ္းတမ္းလာတယ္။ ေအးစက္စက္ႀကီး ျဖစ္လာတတ္တယ္။ အေအးဒဏ္ကို မခံႏိုင္ေတာ့ဘူး ဝမ္းခ်ဳပ္လာတတ္တယ္ အမ်ိဳးသမီးေတြမွာဆို ရာသီလာတာေတြ မ်ားလာတတ္ပါတယ္။

သိုက္႐ြက္ေဟာ္မုန္းနည္းလာတဲ့အခါ အစားကပုံမွန္စားေနေပမယ့္ အေလးခ်ိန္တက္လာတတ္တယ္။ မ်က္ႏွာမွာ ျပည့္လိုလိုေဖာသလိုလိုျဖစ္တတ္တယ္။ ဗိုက္ေတြတင္းလာတတ္တယ္။ ေျခေတြျပည့္လာတတ္ပါတယ္ ဝိတ္မ်ားလာတာေရာ ေဟာ္မုန္းနည္းတာေတြေၾကာင့္ေရာ အထိုင္အထိေတြ လက္ေျမႇာက္လုပ္ရတဲ့ အလုပ္ေတြမွာ ခက္ခဲလာတတ္တယ္။ သိုက္႐ြက္ေဟာ္မုန္းနည္းတိုင္းလည္ပင္းမႀကီးပါဘူး လည္ပင္းႀကီးတိုင္းလည္း သိုက္႐ြက္ေဟာ္မုန္းမ်ားတယ္နည္းတယ္ မဟုတ္ပါဘူး ဒါေၾကာင့္ လည္ပင္းကိုပဲၾကည့္ၿပီး ဆုံးျဖတ္လို႔ မရပါဘူး။ သိုက္႐ြက္ေဟာ္မုန္းနည္းတဲ့အခါ မကုသဘဲထားရင္ ေနာက္ဆက္တြဲေတြအေနနဲ႔ ေသြးအားနည္းတာေတြျဖစ္ႏိုင္တယ္ အာ႐ုံေၾကာပိုင္းေတြထိလာမယ္ ႏွလုံးလည္းထိလာႏိုင္ပါတယ္။

ေနာက္တစ္ခုကေတာ့ ကိုယ္ခံအားစနစ္ေၾကာင့္ Autoantibody ေတြေပၚၿပီး ျဖစ္တတ္တဲ့ သိုက္႐ြက္ေဟာ္မုန္းနည္းတဲ့ေရာဂါဆိုရင္ တစ္ျခားေသာအလားတူေရာဂါေတြနဲ႔ ပါ တြဲျဖစ္တတ္တာကို သတိထားရပါမယ္။ ခုလိုမ်ိဳးလကၡဏာေတြ ခံစားလာရတဲ့အခါ သိုက္႐ြက္ေဟာ္မုန္းနည္းေနတာလားကိုစစ္ေဆးဖို႔လိုမွာပါ သိုက္႐ြက္ေဟာ္မုန္းနည္းတာေၾကာင့္ဆိုရင္ေတာ့ လိုအပ္တဲ့ေဆးကုသမႈေတြကို သက္ဆိုင္ရာ ဆရာဝန္ေတြျပၿပီး ကုသရမွာပါ သိုက္႐ြက္ေဟာ္မုန္းကိုျပန္ျဖည့္ေပးရမွာပါ ျဖည့္ေပး႐ုံနဲ႔လည္းမၿပီးပါဘူး လိုအပ္သလိုလည္း ရက္ခ်ိန္းျပန္ျပရင္းေသြးစစ္ရင္းေသခ်ာကုသဖို႔လိုပါတယ္၊

Dr. CST

(Unicode)

သိုက်ရွက်ဟော်မုန်းနည်းခြင်း

လူ့ခန္ဓာကိုယ်မှာ အသက်ရှင်နေထိုင်နိုင်ဖို့အတွက် လိုအပ်တဲ့ ဟော်မုန်းတွေကို ထုတ်ပေးတဲ့ အကျိတ်ပေါင်းမြောက်များစွာရှိပါတယ်။ ဒီဟော်မုန်းထုတ်တဲ့ အကျိတ်တိုင်းကို ဦးနှောက်ကနေပြီး ထိန်းချုပ်ထားပါတယ်။ ဒီအထဲမှာ သိုက်ရွက်လည်း ပါပါတယ်။ သိုက်ရွက်ဆိုတာ လည်ပင်းထဲမှာ ရှိပါတယ်။ သိုက်ရွက်က သူ့အပေါ်မှာ ရှိတဲ့ ဦးနှောက်ကနေ ထုတ်ပေးလိုက်တဲ့ TRH နဲ့ TSH လို့ခေါ်တဲ့ လှုံ့ဆော်မှုဟော်မုန်း ရလိုက်တာနဲ့ သိုက်ရွက်ဟော်မုန်းတွေဖြစ်တဲ့ T3 နဲ့ T4 တွေ ထွက်လာပါတယ်။ T3 နဲ့ T4 တွေက ပုံမှန်ပမာဏမှာ ရှိတယ်ဆိုရင် ခန္ဓာကိုယ်ကလည်း သမမျှတပါတယ်။ T3 T4 များတာဖြစ်ဖြစ် နည်းတာဖြစ်ဖြစ် ဖြစ်လာပြီဆိုရင်တော့ ဒီဟော်မုန်းတွေကနေ မလိုလားတဲ့ ပြဿနာတွေ ဖြစ်လာစေတတ်ပါတယ်။ အထူးသဖြင့်တော့ T4 ပါ။

သိုက်ရွက်ဟော်မုန်းနည်းတာနဲ့ ပက်သက်ပြီး ပြောပြချင်ပါတယ်။ သိုက်ရွက်ဟော်မုန်းနည်းတာကို ဆေးပညာမှာတော့ hypothyroid လို့ခေါ်ပါတယ်။ ဘာကြောင့်ဖြစ်ရတ်ဆိုတာကတော့ အကြောင်းအများကြီးပါ အဓိကအားဖြင့် သိုက်ရွက်အကျိတ်ကိုယ်တိုင်ကဖြစ်တာလား တစ်ဆင့်ခံအကြောင်းတွေကြောင့်ဖြစ်တာလားဆိုပြီး နှစ်မျိုးခွဲခြားထားပါတယ်။ သိုက်ရွက်အကျိတ်ကြောင့်ဖြစ်တာတွေမှာ သိုက်ရွက်ကိုယ်တိုင်က အလိုလိုကျုံ့ပြီးဟော်မုန်းမထုတ်နိုင်တာလည်းဖြစ်နိုင်တယ် တစ်ချို့တွေမှာကျတော့ ကိုယ်ခံအားစနစ်ကြောင့် သိုက်ရွက်ကို တိုက်တဲ့ autoantibody တွေပေါ်လာတာကြောင့်သိုက်ရွက်က အလုပ်ကောင်းကောင်းမလုပ်နိုင်တာကြောင့်လည်းဖြစ်နိုင်တယ်။

အိုင်အိုဒင်းဓာတ်နည်းလို့ဟော်မုန်းမထုတ်နိုင်တာလည်းဖြစ်နိုင်တယ်။ တစ်ချို့သောဆေးတွေ သောက်နေရတာမှာ ဘေးထွက်ဆိုးကျိုးအနေနဲ့ သိုက်ရွက်ဟော်မုန်းနည်းလာတာလည်းဖြစ်နိုင်တယ်။ ဥပမာအားဖြင့် စိတ်ပိုင်းဆိုင်ရာဆေးတစ်မျိုးဖြစ်တဲ့ lithium တို့လိုမျိုးပါ တစ်ချို့ဆေးဝါးတွေကျတော့ သိုက်ရွက်ဟော်မုန်းနည်းတာရောများတာရောဖြစ်စေနိုင်တယ်။ ဥပမာအားဖြင့် amirodarone လို့ခေါ်တဲ့ နှလုံးဆေးတွေပါ နောက်တစ်ခုကတော့ သိုက်ရွက်ဟော်မုန်းများလို့ ခွဲစိတ်ကုထားတဲ့သူတွေ ရေဒီယိုသတ္တိကြွဆေးတွေနဲ့ ကုသထားတဲ့သူတွေမှာ သိုက်ရွက်ဟော်မုန်း နည်းသွားစေတတ်ပါတယ်။

သိုက်ရွက်ဟော်မုန်းနည်းစေတဲ့ တစ်ဆင့်ခံအကြောင်းကတော့ ဦးနှောက်ကတစ်ဆင့် ထိန်းချုပ်ပေးနေတဲ့ နေရာတွေမှာ ပြဿနာဖြစ်ပြီး လှုံ့ဆော်မှုတွေဖြစ်တဲ့ TRH တွေ TSH တွေ နည်းတာတွေကြောင့်ပါ ဒီလိုအခြေအနေတွေမှာဆိုရင်တော့ သိုက်ရွက်ဟော်မုန်းတစ်မျိုးပဲ နည်းတာမဟုတ်ဘဲ တစ်ခြားသောဟော်မုန်းတွေလည်း လိုက်နည်းတတ်ပါတယ်။ သိုက်ရွက်ဟော်မုန်းနည်းတဲ့ အခါ တစ်ကိုယ်လုံးနုန်းပြီး အမြဲ အိပ်ချင်နေတတ်တယ် သန်းနေတတ်တယ်။ လှုပ်ရှားချင်စိတ် နည်းတတ်ပါတယ်။ လှုပ်ရှားရတာ နှေးကွေးလာတယ် လမ်းလျှောက်တာမှာ ကိုယ်နေဟန်ထားသိပ်မထိန်းနိုင်တတ်ဘူး ဆံပင်တွေကြမ်းတယ်ခြောက်တယ် ကျွတ်လွယ်လာတယ်။ အသားအရည်ကြမ်းတမ်းလာတယ်။ အေးစက်စက်ကြီး ဖြစ်လာတတ်တယ်။ အအေးဒဏ်ကို မခံနိုင်တော့ဘူး ဝမ်းချုပ်လာတတ်တယ် အမျိုးသမီးတွေမှာဆို ရာသီလာတာတွေ များလာတတ်ပါတယ်။

သိုက်ရွက်ဟော်မုန်းနည်းလာတဲ့အခါ အစားကပုံမှန်စားနေပေမယ့် အလေးချိန်တက်လာတတ်တယ်။ မျက်နှာမှာ ပြည့်လိုလိုဖောသလိုလိုဖြစ်တတ်တယ်။ ဗိုက်တွေတင်းလာတတ်တယ်။ ခြေတွေပြည့်လာတတ်ပါတယ် ဝိတ်များလာတာရော ဟော်မုန်းနည်းတာတွေကြောင့်ရော အထိုင်အထိတွေ လက်မြှောက်လုပ်ရတဲ့ အလုပ်တွေမှာ ခက်ခဲလာတတ်တယ်။ သိုက်ရွက်ဟော်မုန်းနည်းတိုင်းလည်ပင်းမကြီးပါဘူး လည်ပင်းကြီးတိုင်းလည်း သိုက်ရွက်ဟော်မုန်းများတယ်နည်းတယ် မဟုတ်ပါဘူး ဒါကြောင့် လည်ပင်းကိုပဲကြည့်ပြီး ဆုံးဖြတ်လို့ မရပါဘူး။ သိုက်ရွက်ဟော်မုန်းနည်းတဲ့အခါ မကုသဘဲထားရင် နောက်ဆက်တွဲတွေအနေနဲ့ သွေးအားနည်းတာတွေဖြစ်နိုင်တယ် အာရုံကြောပိုင်းတွေထိလာမယ် နှလုံးလည်းထိလာနိုင်ပါတယ်။

နောက်တစ်ခုကတော့ ကိုယ်ခံအားစနစ်ကြောင့် Autoantibody တွေပေါ်ပြီး ဖြစ်တတ်တဲ့ သိုက်ရွက်ဟော်မုန်းနည်းတဲ့ရောဂါဆိုရင် တစ်ခြားသောအလားတူရောဂါတွေနဲ့ ပါ တွဲဖြစ်တတ်တာကို သတိထားရပါမယ်။ ခုလိုမျိုးလက္ခဏာတွေ ခံစားလာရတဲ့အခါ သိုက်ရွက်ဟော်မုန်းနည်းနေတာလားကိုစစ်ဆေးဖို့လိုမှာပါ သိုက်ရွက်ဟော်မုန်းနည်းတာကြောင့်ဆိုရင်တော့ လိုအပ်တဲ့ဆေးကုသမှုတွေကို သက်ဆိုင်ရာ ဆရာဝန်တွေပြပြီး ကုသရမှာပါ သိုက်ရွက်ဟော်မုန်းကိုပြန်ဖြည့်ပေးရမှာပါ ဖြည့်ပေးရုံနဲ့လည်းမပြီးပါဘူး လိုအပ်သလိုလည်း ရက်ချိန်းပြန်ပြရင်းသွေးစစ်ရင်းသေချာကုသဖို့လိုပါတယ်၊

Dr. CST

Previous Post

လက်မောင်းအတွင်းထည့်မြှပ်ရသော သန္ဓေတားပစ္စည်းအကြောင်း

Next Post

ရုတ်တရက်သေဆုံးခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
853
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
845
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရုတ်တရက်သေဆုံးခြင်း

ရင်သားအကျိတ် စိုးထိတ်ဖွယ်ရာ

ကော်ဖီသောက်ခြင်း နဲ့ ကျန်းမာရေး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.