fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

တစ်ဖြည်းဖြည်းပိန်လာခြင်း

3.4k
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/07/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

တစ္ျဖည္းျဖည္းပိန္လာျခင္း

အမ်ိုးသားေရာ အမ်ိုးသမီးေတြေရာ တစ္ခါတစ္ေလမွာ ဘယ္ေလာက္စားစားမဝဘူးလို့ေျပာတတ္ျကတယ္။ ဒီေနရာမွာ ေသခ်ာျပန္စဥ္းစားျကည့္ရင္ ဘယ္ေလာက္စားစားမဝဘူးဆိုတာထက္ တစ္ျဖည္းျဖည္းေရာပိန္လာတာလားဆိုတာပါ ထည့္စဥ္းစားရပါမယ္။

လူတစ္ေယာက္ အစားဘယ္ေလာက္စားစား ဝိတ္တက္မလာဘဲ ပိန္သြားတယ္ဆိုတာ အေျကာင္းအမ်ားျကီးရွိပါတယ္။ ပထမဆံုးအခ်က္က ဒီလူက အစားေတာ့ေကာင္းေကာင္းစားနိုင္ေသးတယ္။ စားခ်င္စိတ္ရွိေသးတယ္ဆိုကတည္းကေတာ့ ကင္ဆာေတြကို ထည့္မစဥ္းစားေတာ့ပါဘူး။ စားေနတဲ႔ အစားအေသာက္က အာဟာရျဖစ္ရဲ႔လားဆိုတာကို စဥ္းစားပါတယ္။ ကိုယ္ခႏၶာအတြက္ လိုအပ္တဲ႔ ကဆီဓာတ္ အသားဓာတ္ အဆီဓာတ္ စံုရဲ႔လား စဥ္းစားပါမယ္ အာဟာရမမ်ွတဘဲ အဆင္ေျပသလိုစားေနရင္ေတာ့ ဝိတ္တက္ခ်င္မွတက္ပါမယ္။

စားလိုက္တဲ႔ အစားကို အူလမ္းေျကာင္းကေရာ ေကာင္းေကာင္းစုပ္ရဲ႔လားဆိုတာ ေနာက္တစ္ခ်က္အေနနဲ႔စဥ္းစားပါတယ္။ အစားနည္းနည္းဝင္တာနဲ႔ ဗိုက္ထဲ ရစ္နာတတ္တဲ႔ ဝမ္းသြားတတ္တဲ႔ သူေတြ အူလမ္းေၾကာင္းမွာ ခြဲစိတ္မႈေတြ လုပ္ထားတဲ႔သူေတြ ဝမ္းသြားတဲ႔အခါ ျဖဴျဖဴေစးေစးေတြသြားျပီး ေရေလာင္းခ်လည္း သိပ္မက်တတ္တဲ႔သူေတြ သန္ေကာင္ေရာဂါရွိသူေတြမွာလည္း အစားဘယ္ေလာက္စားစား အာဟာရမျဖစ္တတ္ပါဘူး။ ေနာက္တစ္ခုကေတာ့ တစ္ခ်ို့ေသာ မိန္းကေလးေတြမွာ ျဖစ္တတ္ပါတယ္။ အစားလည္းစားခ်င္တယ္ ဝိတ္အရမ္းတက္မွာလည္း ေၾကာက္တဲ႔ လူမ်ိုးေတြပါ ေဆးပညာမွာေတာ့ Bullaemia nervosa လို့ေခၚပါတယ္။ အစားစားျပီးတာနဲ႔ လက္ထိုးအန္တတ္တာပါ လူနာကိုယ္တိုင္က လက္ထိုးအန္တတ္တယ္ဆိုတာကို ဝန္မခံတတ္ပါဘူး။ လက္ေတြမွာ လက္ထိုးအန္ထားတဲ႔အရာေတြေတြ႔မွသိနိုင္ပါတယ္။

တစ္ခ်ို့က်ေတာ့စားလည္းစားတယ္ ေလ့က်င့္ခန္းေတြ အျပင္းအထန္လည္းလုပ္တတ္တဲ႔သူေတြပါ ဒါမ်ိုးဆိုလည္း ဝလာမွာမဟုတ္ပါဘူး။ တစ္ခ်ို့က်ေတာ့ ရုပ္ပိုင္းဆိုင္ရာ စိတ္ပိုင္းဆိုင္ရာေတြ ပင္ပန္းတာ ဖိစီးတာမ်ိုးေတြပါ အစားကေတာ့စားျဖစ္တယ္ ေတြးစရာမ်ားေတာ့ အိပ္ေရးပ်က္လာတယ္။ မ်က္တြင္းေတြပါခ်ိုင့္လာတတ္တယ္။ ဒါမ်ိုးမဟုတ္ဘဲ တစ္ခ်ို့ေသာေရာဂါေတြမွာလည္း ဘယ္လာက္စားစား ကိုယ္အေလးခ်ိန္ တက္မလာတတ္တဲ႔ အျပင္ တစ္ခ်ို့ဆိုရွိေနရင္းထက္ ပိုျပီးပိန္သြားတတ္ပါတယ္။ ေရာဂါေၾကာင့္ျဖစ္တာမ်ိုးကေတာ့ ဒီတစ္ခုအျပင္ ေရာဂါရဲ႔ တစ္ျခားေသာလကၡဏာေတြလည္း ရွိေနတတ္ပါတယ္။ တစ္ခ်ို့ အစာအိမ္ေအာင့္တတ္တဲ႔သူေတြဆို စားျပီးပိုေအာင့္တတ္ၾကတာမ်ိုးဆို အျပည့္ျကီးမစားရဲေတာ့ဘဲ နည္းနည္းနဲ႔ ေပ်ာ့တာပဲ စားတတ္ျကတယ္။

တီဘီေရာဂါ ျဖစ္တဲ႔သူတစ္ခ်ို့မွာ အဆုတ္တီဘီမဟုတ္ဘဲ တစ္ျခားမွာတီဘီျဖစ္တတ္တာေတြဆို ဖ်ားျခင္းေခ်ာင္းဆိုးျခင္းအစားပ်က္ျခင္းေတြမျဖစ္ဘဲ ဝိတ္မတက္တာမ်ိုးေတြ ျဖစ္တတ္တယ္။ ဥပမာအားျဖင့္ အက်ိတ္တီဘီတို့ အူတီဘီတို့ပါ။ ေမြးရာပါနွလံုးေရာဂါရွိသူေတြ ေမြးရာပါအဆုတ္မေကာင္းတဲ႔သူေတြ အဆုတ္ပြတတ္တဲ႔သူေတြ ေသြးအားနည္းတတ္တဲ႔သူေတြမွာလည္း အစားစားေပမယ့္ ပိန္ေနတတ္ၾကပါတယ္။ သိုက္ရြက္ေဟာ္မုန္းမ်ားတဲ႔ ေရာဂါမွာလည္း ဘယ္ေလာက္စားစား ဝမလာတတ္ဘူး သိုက္ရြက္ေဟာ္မုန္းမ်ားတာဆိုရင္ ရင္ေတြတုန္တတ္တယ္။ ေခ်ြးေစးျပန္တတ္တယ္ စိတ္ျမန္တယ္ အပူမခံနိုင္တတ္ဘူး ဝမ္းလြယ္တယ္ အမ်ိုးသမီးေတြမွာရာသီေသြးလာတာနည္းတတ္တယ္။

Addison’s disease လို့ေခၚတဲ႔ ေဟာ္မုန္းနဲ႔ ဆိုင္တဲ႔ ေရာဂါတစ္မ်ိုးမွာလည္း ဘယ္ေလာက္စားစားမဝတတ္တာမ်ိုးျဖစ္နိုင္ပါတယ္။ ဒီေရာဂါရွိတဲ႔သူေတြက အေၾကာင္းမဲ႔ ဗိုက္ေအာင့္တတ္ၾကတယ္။ အထိုင္အထေတြမွာ အၿမဲ မူးေနတတ္တယ္။ ေသြးေပါင္က်တယ္ ေသြးစစ္ျကည့္မယ္ဆိုရင္ ဆိုဒီယမ္ေတြ နည္းေနတာ ျဖစ္တတ္ပါတယ္။ ဒီေရာဂါက မ်ားေသာအားျဖင့္ တစ္ျခားေသာ Autoimmune ေရာဂါေတြနဲ႔ တြဲျဖစ္တတ္ပါတယ္။
ဒါေၾကာင့္ ဘယ္ေလာက္စားစားမဝဘူးဆိုတဲ့ အေျခအေနမွာ ဘာေျကာင့္မ်ားျဖစ္နိုင္မလဲဆိုတာကို ျပန္စဥ္းစားပါ ေရာဂါနဲ႕ဆိုင္လာျပီဆိုရင္ေတာ့ သက္ဆိုင္ရာဆရာဝန္နဲ႔ ျပသတိုင္ပင္ဖို့လိုပါလိမ့္မယ္။

Dr. CST

(Unicode)

တစ်ဖြည်းဖြည်းပိန်လာခြင်း

အမျိုးသားရော အမျိုးသမီးတွေရော တစ်ခါတစ်လေမှာ ဘယ်လောက်စားစားမဝဘူးလို့ပြောတတ်ကြတယ်။ ဒီနေရာမှာ သေချာပြန်စဉ်းစားကြည့်ရင် ဘယ်လောက်စားစားမဝဘူးဆိုတာထက် တစ်ဖြည်းဖြည်းရောပိန်လာတာလားဆိုတာပါ ထည့်စဉ်းစားရပါမယ်။

လူတစ်ယောက် အစားဘယ်လောက်စားစား ဝိတ်တက်မလာဘဲ ပိန်သွားတယ်ဆိုတာ အကြောင်းအများကြီးရှိပါတယ်။ ပထမဆုံးအချက်က ဒီလူက အစားတော့ကောင်းကောင်းစားနိုင်သေးတယ်။ စားချင်စိတ်ရှိသေးတယ်ဆိုကတည်းကတော့ ကင်ဆာတွေကို ထည့်မစဉ်းစားတော့ပါဘူး။ စားနေတဲ့ အစားအသောက်က အာဟာရဖြစ်ရဲ့လားဆိုတာကို စဉ်းစားပါတယ်။ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ ကဆီဓာတ် အသားဓာတ် အဆီဓာတ် စုံရဲ့လား စဉ်းစားပါမယ် အာဟာရမမျှတဘဲ အဆင်ပြေသလိုစားနေရင်တော့ ဝိတ်တက်ချင်မှတက်ပါမယ်။

စားလိုက်တဲ့ အစားကို အူလမ်းကြောင်းကရော ကောင်းကောင်းစုပ်ရဲ့လားဆိုတာ နောက်တစ်ချက်အနေနဲ့စဉ်းစားပါတယ်။ အစားနည်းနည်းဝင်တာနဲ့ ဗိုက်ထဲ ရစ်နာတတ်တဲ့ ဝမ်းသွားတတ်တဲ့ သူတွေ အူလမ်းကြောင်းမှာ ခွဲစိတ်မှုတွေ လုပ်ထားတဲ့သူတွေ ဝမ်းသွားတဲ့အခါ ဖြူဖြူစေးစေးတွေသွားပြီး ရေလောင်းချလည်း သိပ်မကျတတ်တဲ့သူတွေ သန်ကောင်ရောဂါရှိသူတွေမှာလည်း အစားဘယ်လောက်စားစား အာဟာရမဖြစ်တတ်ပါဘူး။ နောက်တစ်ခုကတော့ တစ်ချို့သော မိန်းကလေးတွေမှာ ဖြစ်တတ်ပါတယ်။ အစားလည်းစားချင်တယ် ဝိတ်အရမ်းတက်မှာလည်း ကြောက်တဲ့ လူမျိုးတွေပါ ဆေးပညာမှာတော့ Bullaemia nervosa လို့ခေါ်ပါတယ်။ အစားစားပြီးတာနဲ့ လက်ထိုးအန်တတ်တာပါ လူနာကိုယ်တိုင်က လက်ထိုးအန်တတ်တယ်ဆိုတာကို ဝန်မခံတတ်ပါဘူး။ လက်တွေမှာ လက်ထိုးအန်ထားတဲ့အရာတွေတွေ့မှသိနိုင်ပါတယ်။

တစ်ချို့ကျတော့စားလည်းစားတယ် လေ့ကျင့်ခန်းတွေ အပြင်းအထန်လည်းလုပ်တတ်တဲ့သူတွေပါ ဒါမျိုးဆိုလည်း ဝလာမှာမဟုတ်ပါဘူး။ တစ်ချို့ကျတော့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတွေ ပင်ပန်းတာ ဖိစီးတာမျိုးတွေပါ အစားကတော့စားဖြစ်တယ် တွေးစရာများတော့ အိပ်ရေးပျက်လာတယ်။ မျက်တွင်းတွေပါချိုင့်လာတတ်တယ်။ ဒါမျိုးမဟုတ်ဘဲ တစ်ချို့သောရောဂါတွေမှာလည်း ဘယ်လာက်စားစား ကိုယ်အလေးချိန် တက်မလာတတ်တဲ့ အပြင် တစ်ချို့ဆိုရှိနေရင်းထက် ပိုပြီးပိန်သွားတတ်ပါတယ်။ ရောဂါကြောင့်ဖြစ်တာမျိုးကတော့ ဒီတစ်ခုအပြင် ရောဂါရဲ့ တစ်ခြားသောလက္ခဏာတွေလည်း ရှိနေတတ်ပါတယ်။ တစ်ချို့ အစာအိမ်အောင့်တတ်တဲ့သူတွေဆို စားပြီးပိုအောင့်တတ်ကြတာမျိုးဆို အပြည့်ကြီးမစားရဲတော့ဘဲ နည်းနည်းနဲ့ ပျော့တာပဲ စားတတ်ကြတယ်။

တီဘီရောဂါ ဖြစ်တဲ့သူတစ်ချို့မှာ အဆုတ်တီဘီမဟုတ်ဘဲ တစ်ခြားမှာတီဘီဖြစ်တတ်တာတွေဆို ဖျားခြင်းချောင်းဆိုးခြင်းအစားပျက်ခြင်းတွေမဖြစ်ဘဲ ဝိတ်မတက်တာမျိုးတွေ ဖြစ်တတ်တယ်။ ဥပမာအားဖြင့် အကျိတ်တီဘီတို့ အူတီဘီတို့ပါ။ မွေးရာပါနှလုံးရောဂါရှိသူတွေ မွေးရာပါအဆုတ်မကောင်းတဲ့သူတွေ အဆုတ်ပွတတ်တဲ့သူတွေ သွေးအားနည်းတတ်တဲ့သူတွေမှာလည်း အစားစားပေမယ့် ပိန်နေတတ်ကြပါတယ်။ သိုက်ရွက်ဟော်မုန်းများတဲ့ ရောဂါမှာလည်း ဘယ်လောက်စားစား ဝမလာတတ်ဘူး သိုက်ရွက်ဟော်မုန်းများတာဆိုရင် ရင်တွေတုန်တတ်တယ်။ ချွေးစေးပြန်တတ်တယ် စိတ်မြန်တယ် အပူမခံနိုင်တတ်ဘူး ဝမ်းလွယ်တယ် အမျိုးသမီးတွေမှာရာသီသွေးလာတာနည်းတတ်တယ်။

Addison’s disease လို့ခေါ်တဲ့ ဟော်မုန်းနဲ့ ဆိုင်တဲ့ ရောဂါတစ်မျိုးမှာလည်း ဘယ်လောက်စားစားမဝတတ်တာမျိုးဖြစ်နိုင်ပါတယ်။ ဒီရောဂါရှိတဲ့သူတွေက အကြောင်းမဲ့ ဗိုက်အောင့်တတ်ကြတယ်။ အထိုင်အထတွေမှာ အမြဲ မူးနေတတ်တယ်။ သွေးပေါင်ကျတယ် သွေးစစ်ကြည့်မယ်ဆိုရင် ဆိုဒီယမ်တွေ နည်းနေတာ ဖြစ်တတ်ပါတယ်။ ဒီရောဂါက များသောအားဖြင့် တစ်ခြားသော Autoimmune ရောဂါတွေနဲ့ တွဲဖြစ်တတ်ပါတယ်။
ဒါကြောင့် ဘယ်လောက်စားစားမဝဘူးဆိုတဲ့ အခြေအနေမှာ ဘာကြောင့်များဖြစ်နိုင်မလဲဆိုတာကို ပြန်စဉ်းစားပါ ရောဂါနဲ့ဆိုင်လာပြီဆိုရင်တော့ သက်ဆိုင်ရာဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့လိုပါလိမ့်မယ်။

Dr. CST

Previous Post

ရဲယိုသီးအကြောင်းသိကောင်းစရာ

Next Post

အဖြစ်များတဲ့ ရင်သားကင်ဆာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
849
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
844
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အဖြစ်များတဲ့ ရင်သားကင်ဆာ

မိုးရာသီနဲ့ဓါတ်လိုက်ခြင်းအန္တရာယ်

ကလေး ၆ လ မပြည့်ခင် ထမင်းစောစောကျွေးမိရင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.