fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ဆီးအိမ်ကင်ဆာ

290
VIEWS
Share on FacebookShare on TwitterShare on Linkedin
28/09/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ဆီးအိမ်ကင်ဆာ

ဆီးအိမ်မရှိရင် ဘယ်လို ဆီးပေါက်ရမလဲ ဟူသောမေးခွန်းကဆီးအိမ်ကင်ဆာဖြစ်သူတွေအတွက် အသိချင်ဆုံးမေးခွန်းပါ။အဆုတ်ကင်ဆာ။အူကင်ဆာ။အသည်းကင်ဆာတွေပဲဖြစ်လေ့ရှိနိုင်တယ်လို့ လွယ်လွယ်ထင်မှတ်ထားရာမှ ဆီးအိမ်ကင်ဆာလို့ဆိုလိုက်တာနဲ့အလန့်တကြားဖြစ်လေ့ရှိတတ်ပါတယ်။လူအများစုသည် ဆီးလမ်းကြောင်းတွင် ပြသနာတစုံတရာခံစားရပါက ကျောက်ကပ်ရောဂါများဖြစ်လေမလားဟု ထင်မှတ်တတ်ြက်ပါတယ်။ဆီးအိမ်ကင်ဆာလက္ခဏာတစ်ရပ်အနေဖြင့် နာကျင်မူမရှိဘဲ ဆီးထဲသွေးပါခြင်းနှင့် မကြာခဏနာကျင်စွာဆီးသွားခြင်းပင်ဖြစ်ပါတယ်။ကံကောင်းထောက်မစွာ ဆီးအိမ်ကင်ဆာသည်စောစီးစွာသိရှိကုသပါကပျောက်ကင်းနိုင်သောကင်ဆာဟုသတ်မှတ်နိုင်ပါတယ်။ခွဲစ်တ်ကုသခြင်း။ဆေးသွင်းခြင်ူနှင့်ဓာတ်ကင်ခြင်းစသည်နည်းများရှိပါတယ်။
ဆီးအိမ်ကင်ပြင်းထန်ပါက အရိုး။အဆုတ်နှင့်အသည်းတို့ထိပြန့်နှံ့နိုင်ပါတယ်။ဆီးအိမ်ကင်ဆာသည်ဖြစ်ပွားမူနူန်းတာနည်းသောကင်ဆာအမျိုးအစားတခုဖြစ်ပါတယ်။အသက်၄၀ကျော်အမျိုးသားများတွင် ဖြစ်ပွားမူများပါတယ်။ဆီးအိမ်ကင်ဆာဖြစ်ပွားရသောအကြောင်းရင်းများမှာ
– မျိုးရိုးဗီဇ
-နာတာရှည်ဆီးအိမ်ရောင်ရမ်းခြင်း
မကြာခဏ နာတာရှည်ဆီးအိမ်ပိုးဝင်ခြင်းသည်လည်းကင်ဆာဖြစ်နိုင်သောအကြောင်းရင်းတစ်ခုပင်ဖြစ်ပါတယ်။
-ဆေးလိပ်သောက်သုံးခြင်း
ရူသွင်းလိုက်သော ဆေးလိပ်ရဲ့ဆိုးကျိုးသည် ဆီးအိမ်နံရံထိခိုက်စေပြီး ကင်ဆာဖြစ်ရန်တွန်းအားပေးပါတယ်။
-ဓာတုဗေဒပစ္စည်းများဖြင့်အလုပ်လုပ်ရခြင်း
လူကိုအန္တရာယ်ဖြစ်စေသောဓာတုဗေဒပစ္စည်းများထိတွေ့ကိုင်တွယ်ခြင်းကိုရေရှည်ပြုလုပ်ပါက ကင်ဆာဖြစ်ရန်အခွင့်အလမ်းများပါတယ်။
-အချို့ဆေးဝါးများစသည်တို့ကြောင့်ဖြစ်နိုင်ပါတယ်။့
ပထမဦးဆုံးအနေဖြင့်ဆီးအိမ်ကင်ဆာရဲ့လက္ခဏာကတော့ဆီးထဲသွေးပါခြင်းကိုသတိထားမိခြင်းဖြစ်ပါတယ်။အရောင်သည်ပန်းရောင်ဖျော့ဖြစ်နိုင်သလို နီညိုလည်းဖြစ်နိုင်ပါတယ်။တခါတရံမိမိမျက်စိနဲ့မမြင်နိုင်ပဲ ဓာတ်ခွဲခန်းတွင်စစ်မှတွေ့နိုင်ပါတယ်။အခြားလက္ခဏာများမှာ ပုံမှန်ထက်ဆီးသွားခြင်း။ဆီးအရောင်ပြောင်းခြင်း။ဆီးပူခြင်း။ဆီးမထိန်းနိုင်ခြင်းနှင့်ဆီးသွားရန်ခက်ခဲခြင်းစသည်တို့ပင်ဖြစ်ပါတယ်။
ပိုမိုဆိုးရွားပါက ခါးနာခြင်း။ကိုယ်အလေးချိနိလျော့ကျခြငိး။ခြေထောက်ဖောခြင်း။အရိုးများကိုက်ခဲခြင်းနှင့်မောပန်းလွယ်ခြင်းသည်တို့ပင်ဖြစ်ပါတယ်။
ဆီးအိမ်ကင်ဆာဖြစ်နိုင်သလားဟူရျ်သတ်မှတ်ရန်
-ဆီးကို ကင်ဆာဆဲလ်ရှိမရှိစစ်ဆေးခြင်း။
-ဆီးပိုးမွေးခြင်းနှင် ကင်ဆာအမှတ်အသားများစစ်ဆေးခြင်း။
-ဆီးအိမ်အတွင်းမှန်ပြောင်းဖြင့်ရှာဖွေခြင်း
-ဆီအိမ်အတွင်းမှန်ပြောင်းကြည့်ရာမှအကျိတ်ရှိသော် ဖယ်ရှားကာ အသားစယူစစ်ဆေးခြင်း
-ဆိုးဆေးထိုးရျ်ဆီးလမ်းကြောင်းဓာတ်မှန်ရိုက်ခြင်း
-ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း
-သံလိုက်ဓာတ်မှန်ရိုက်ခြင်း
-အတ်ထရာဆောင်းရိုက်ခြင်း
-အရိုးစကန်ရိုက်ခြင်းစသည်တို့ဖြင့်ရှာဖွေသင့်ပါတယ်။
ဆီးအိမ်ကင်ဆာကုနည်းအနေဖြင့်ကင်ဆာအဆင့်အနေအထားနဲ့အသက်အရွယ်ပေါ်မူတည်ရျ်ကုသရပါတယ်။
ခွဲစိတ်ကုသခြင်း
-ဆီးလမ်းကြောင်းမှတဆင့် ဆီးအိမ်အကျိတ်ကိုဖယ်ရှားသောနည်းလမ်းဖြင့်ခွဲစိတ်ကုသခြင်း
-ဆီးအိမ်တဝက်ဖြတ်ကုသခြင်း
-ဆီးအိမ်တခုလုံးခွဲစိတ်ခြင်းစသည်တို့ဖြစ်ပါတယ်။
ဆီးအိမ်ကင်ဆာကိုစောစီးစွာသိရှိပါက
– ဆီးအိမ်အတွင်းသို့ ဆေးသွင်းကုသနည်း
-ကင်ဆာဆေးသွင်းကုသခြင်း
-ဓာတ်ကင်ခြင်းစသည့်နည်းလမ်းများဖြင့်ကုသနိုင်ပါတယ်။
ထို့ကြောင့် ဆီးအိမ်ကင်ဆာဖြစ်ပါက စောစီးစွာကုသမူခံယူပါက ပျောက်ကင်းနိုင်သောကင်ဆာအမျိုူးအစားပင်ဖြစ်ပါတယ်။

Previous Post

အစာအိမ်ရောင်တာလား အစာအိမ်ကင်ဆာလား ?

Next Post

အထိုင်အထခက်သတဲ့လား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
828
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
840
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အထိုင်အထခက်သတဲ့လား

ကိုယ်ဝန်ဆောင်မိခင်များတွင် အချိန်မတိုင်မှီ အချင်းကွာခြင်း

" နို့ချိုတိုက်ကျွေး မေ့ရင်သွေး ရောဂါမျိုးစုံ ကာကွယ်ပေး "

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.