ပျို့အန်ချင်စိတ်
ပျို့ချင် အန်ချင်စိတ်သည် လူတိုင်းနီးပါးခံစားရဖူးပါတယ်။ အစားစားပြီးသော်လည်းကောင်း မစားခင်သော်လည်းကောင်း အဆိုပါ ပျို့အန်ချင်စိတ်ပေါ်လာပါက စိတ်ညစ်ပြီး နေထိုင်ရခက်ပါတယ်။ ပျို့အန်ချင်စိတ်တခုတည်းဖြစ်နေပါကလည်း ဆေးခန်းပြရန်ဝန်လေးတတ်သောကြောင့် ondr မှာ ပျောက်ကင်းစေမည့်နည်းလမ်းလေးတွေမေးတတ်ကြပါတယ်။ဆက်တိုက်ပျို့အန်လာခဲ့လျှင်လည်း ရောဂါအကြောင်းရင်းကို စိုးရိမ်ကြီးစွာမေးတတ်ကြပြန်ပါတယ်။
ပျို့အန်တတ်တိုင်းလည်း ရောဂါရှိသည်ဟု မဆိုနိုင်ပါ။ သို့သော် အဆိုပါပျို့အန်ခြင်းသည်
– မနက်ပိုင်းမအီမသာဖြစ်ခြင်း
– ကိုယ်ဝန်ရှိစဖြစ်ခြင်း
– ဆေးဝါးသောက်သုံးပြီးနောက်
– စိတ်လူပ်ရှားကြောက်ရွံ့ခြင်း
– သည်းခြေအိတိရောဂါများ
– အစာအဆိပ်သင့်ခြင်း
– အစာအိမ်ရောဂါများ
– အစာများခြင်း
– အနံ့။အရသာမကောင်းခြင်း
– နှလုံးရုတ်တရက်ဖောက်ခြင်း
– ဦးနှောက်ထိခိုက်ခြင်း
– ကင်ဆာဝေဒနာခံစားနေရခြင်း
– အရက်သေစာသောက်သုံးခြင်း စသည့်တို့ရဲ့ လက္ခဏာလည်းဖြစ်နိုင်ပါတယ်။
ပျို့အန်ခြင်းသည် အသက်အရွယ်ပေါ်မူတည်၍လည်းအကြောင်းရင်းကွဲပြားနိုင်ပါတယ်။ ကလေးငယ်များတွင်ဖြစ်ပါက ဗိုင်းရပ်စ်ပိုးကူးစက်ခြင်း။ အစာမှားခြင်း။ နို့မတည့်ခြင်း။ ကားမူးခြင်း။ အစာများခြင်း။ ချောင်းဆိုးခြင်း။ အူပိတ်ခြင်းစသည်တို့ကြောင့်ဖြစ်နိုင်ပါတယ်။ ပျို့အန်ခြင်းကို ခံစားရသောအချိန်ပေါ်လည်း အကြောင်းရင်းကွဲပြားပါတယ်။ အစာစားပြီးနောက်ချက်ချင်းပျို့အန်ပါက အစာမှားခြင်း။ အစာအိမ်ရောင်ရမ်းခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ အစာမှားရျ်ပျို့အန်ခြင်းသည် အချိန်အနည်းငယ်ကြာမှလည်းဖြစ်နိုင်ပါတယ်။
ပျို့အန်တိုင်း အန္တရာယ်များသည်ဟု မဆိုနိုင်ပါ။ သို့သော်အချို့သောရောဂါများအတွက် အရေးကြီးသောလက္ခဏာတစ်ရပ်ဖြစ်သည်ဟုဆိုနိုင်ပါတယ်။ ဥပမာ ဦးနှောက်အမြှေးရောင်ရောဂါ။ အူပိတ်ခြင်း။ အူအတက်ရောင်ခြင်းနှင့် ဦးနှောက်အကျိတ်ရောဂါများတွင်မူ ပျို့အန်ခြင်းသည်အရေးကြီးပါတယ်။ ပျို့အန်ခြင်းနှင့်အတူ ရေဓာတ်ခမ်းခြောက်မူသည်လည်း သတိထားဖွယ်ဆက်စပ်နေပါတယ်။ လူကြီးများအတွက်အလွယ်တကူ ရေဓာတ်ခမ်းခြောက်မူကိုသတိထားနိုင်သော်လည်း ကလေးများအတွက် အထူးအရေးကြီးပါတယ်။
ပျို့အန်ခြင်းဝေဒနာအပြင် သွေးပါခြင်း (ကော်ဖီရောင်အန်ခြင်း)။ ခေါင်းထိုးကိုက်ခြင်း။ လည်ပင်းတောင့်ခြင်း။ မှတ်ဉာဏ်ဝေဝါခြင်း။ ပြင်းထန်စွာဗိုက်နာခြင်း။ ဝမ်းလျောခြင်းနှင့် အသက်ရူမြန်ခြင်းစသည့် လက္ခဏာအချို့ပါ ပူးတွဲခံစားရပါက အမြန်ဆုံးတေးဝါးကုသမူခံယူသင့်ပါတယ်။
ပျို့အန်ခြင်းကိုသက်သာစေရန်ကုသနည်းများမှာ
– ရေများများ ဖြေးဖြေးချင်းသောက်ပါ။
– အန်ပြီးနောက်အစာမာမာမစားပါနဲ့
– ဆက်တိုက်ပျို့အန်ပါက ရေဓာတ်ခမ်းခြောက်မူသက်သာစေရနိဓာတ်ဆားရေသောက်ပါ
– မိမိသောက်ရဆေးအချို့ကိုပြန်စစ်ဆေးပါ စသည်တို့ကိုပြုလုပ်ပါ။ထပ်မံပျို့အန်မူမဖြစ်စေရန်
– အစာမကြေသောအစာများစားခြင်းရှောင်ပါ
– နည်းနည်းချင်းစီခွဲစားပါ
– အစာစားပြီး လှဲအိပ်ခြင်း။ထိုင်ခြင်းမပြုလုပ်ပါနဲ့။
– အနားယူပါ
– အိပ်ရေးဝဝအိပ်ပါ။
ပျို့အန်ခြင်းစတင်ခံစားရပါက အသီးဖျော်ရည်နှင့် ဆိုဒါပါသောအရည်သောက်ပေးပါ။
ပျို့အန်အူသက်သာစေသောအိမ်တွင်းဆေးနည်းလေးများကတော့
(1) ဂျင်း
ဂျင်းကို ဟင်းချက်ရာတွင်ထည့်ခြင်း။ ဖျော်ရည်ထည့်သောက်ခြင်းနှင့် အစိမ်းစားခြင်းဖြင့် ပျို့အန်မူဝေဒနာကို သက်သာစေသောအစားအစာတစ်ခုဖြစ်ပါတယ်။ ပျို့အန်ပါက ဂျင်းအနည်းငယ်စားပေးပါ။ အလျင်အမြန်သက်သာစေပါတယ်။
(2) ပက်ပါမင့်အဆီ
ပက်ပါမင့်အဆီသည်ပျို့အန်ခြင်းကို အလျင်အမြန်သက်သာစေသောအဆီဖြစ်ပါတယ်။ အဆ်ုပါအဆီကိုလက်ဘက်ရည်အထုပ်ငယ်ထဲတွင် ထည့်သွင်းပြုလပ်ထားပါတယ်။ ကြက်ဆူဆီ။ ဟင်းသီးဟင်းရွက်ဆီများနှင့်လည်း ရောသုံးနိုင်ပါတယ်။
(3) ရှူဆေးရှူခြင်း
ဂျင်း။ ငရုတ်ကောင်း။ အဆီများရောကြိတ်ကာ အဆီပြုလုပ်ရျ် ရူရိူက်ပေးပါက ပျို့အန်ခြင်းသက်သာစေနိုင်ပါတယ်။ အဆိုပါအဆီဖြင့် ခေါင်းကြောလည်ပင် နှိပ်နယ်ပေးပါကလဲ သက်သာစေနိုင်ပါတယ်။
Dr.ပြည့်ရှင်း