နေပူမိုးရွာ လည်ချောင်းနာ
နေပူမိုးရွာသူခိုးလာ လာတဲ့သူခိုးလှန်နဲ့ထိုး သူခိုးအီပေါက် တို့မကြောက် ခဲတံကြီးနဲ့ခေါက် ဒေါက်ဒေါက်လို့ ငယ်စဉ်ကလေးဘဝကရွတ်ဆိုခဲ့ကြပါတယ်။ အခုလို နေပူလိုက် မိုးရွာလိုက်ဖြစ်နေသော ရာသီဥတုတွင် ခံစားရသောဝေဒနာသည် လည်ချောင်းနာခြင်း ဖြစ်ပါတယ်။ အိပ်ရာထလိုက်သည်နှင့် အဆိုပါ လည်ချောင်းနာဝဒနာ စတင်ခံစားရသည်မှာ အခံရဆိုးလှပါတယ်။
လည်ချောင်းနာဝေဒနာအပြင် လည်ချောင်းေ ခြာက်ခြင်း၊ ယားခြင်း၊ နာခြင်းအပြင် အသံကွဲအက်ခြင်း စသည့်လက္ခဏာများခံစားရနိုင်ပါတယ်။ ဖြစ်ရသော အကြောင်းရင်းပေါ်မူတည်၍ ရောဂါအတိမ်အနက် ကွဲပြားခြားနားနိုင်ပါတယ်။
– အစာမျိုရန်ခက်ခဲခြင်း
– အသံဝင်ခြင်း
– လည်ပင်းအကျိတ်ထွက်ခြင်း
– ချောင်းဆိုးခြင်း
– အာသီးရောင်ခြင်း
– ကိုယ်လက်ကိုက်ခဲခြင်း
– ဖျားခြင်း
– ခေါင်းကိုက်ခြင်း
– နှာရည်ယိုခြင်း
– ဗိုက်နာခြင်းစသည့်လက္ခဏာများခံစားရနိုင်ပါတယ်။
လည်ချောင်းနာခြင်း ဖြစ်ရသောအဓိကအကြောင်းရင်းမှာ အအေးမိခြင်းကြောင့် ဖြစ်ပါတယ်။ ထို့ကြောင့်အခြားသော အအေးမိခြင်း ဝေဒနာများပါ ခံစားရနိုင်ပါတယ်။ အအေးမိခြင်းသည် တုတ်ကွေးထက် အန္တရာယ်နည်းပါတယ်။ တုတ်ကွေးသည်လည်ချောင်းနာခြင်းအပြင် အဆုတ်ထိပါ ရောဂါကျယ်ပြန့်နိုင်ပါတယ်။ အပြင်းအထန်ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းနှင့် ခေါင်းကိုက်ခဲခြင်းစသည့်တို့လည်း ဖြစ်လာနိုင်ပါတယ်။
အခြားကြောင်းရင်းများမှာ ——
– ပတ်ဝန်းကျင် ညစ်ညမ်းခြင်း
မိမိအနီးနားတွင် ဆေးလိပ်သောက်ခြင်း၊ ဓာတုဆေးဝါးအနံ့နံခြင်းတို့ကြောင့် လည်ချောင်းနာဖြစ်စေပြီး လေထဲရှိဆိုးရွားသောအနံ့ဆိုးများနှင့် ဖုန်များကြောင့် လည်ချောင်းနာစေနိုင်ပါတယ်။
– စကား အချိနိကြာစွာပြောဆိုခြင်း
အချိန်ကြာမြင့်စွာ စကားပြောဆိုခြင်းကြောင့် လည်ပင်းကြွက်သားများဒဏ်ဖြစ်ကာ လည်ချောင်းနာစေနိုင်ပါတယ်။
– ဓာတ်မတည့်မူဖြစ်ခြင်း
ဖုန်မူန့်၊ ပန်းဝတ်မူန်၊ အိမ်မွေးတိရစ္ဆာန် အကောင်မွှေးစသည်တို့ကို ရႈရိႈက်မိပါကလည်း လည်ချောင်းနာတတ်ပါတယ်။
– ဘက်တီရီယားပိုးStreptococci ကူးစက်မူ
အဆိုပါပိုးကူးစက်လျှင် လည်ချောင်းနာခြင်းအပြင် အာသီရောင်ခြင်းပါ ခံစားရနိုင်ပါတယ်။ သေချာပိုးသတ်ဆေးသောက်သုံးကုသသင့်ပါတယ်။
– အာသီးရောင်ခြင်း
အာသီးရောင်ပါက လည်ချောင်းနာခြင်းအပြင် အစာမျိုချရန်ပင်ခက်ခဲစေပါတယ်။
– တံထွေးမှတဆင့် ပိုးကူးခြင်း (Mononuleosis)
အဆိုပါပိုးသည် နမ်းရာမှ တံထွေးမှတဆင့် ကူးစက်တတ်ပါတယ်။ လည်ချောင်နာခြင်း၊ ဖျားခြင်း၊ ကိုက်ခဲခြင်း၊ လည်ပင်အကျိတ်ရောင်ခြင်းစသည့်တို့ ခံစားရနိုင်ပါတယ်။
လည်ချာင်းနာခြင်းသက်သာစေရန်
– အိပ်စက်အနားယူပါ။ အနားယူခြင်းသည် အသံအိုးကိုအနားရစေပါတယ်။
– လည်ချောင်းခြောက်သွေ့မူမရှိစေရန် ရေများများသောက်ခြင်း၊ ငုံဆေးငုံခြင်းများပြုလုပ်ပေးပါ။
– လေကောင်းလေသန့်ရရှိသော နေရာတွင်နေပါ။
– ဆားရေနွေးဖြင့် ပလုတ်ကျင်းပေးပါ။
– လည်ချောင်းနာသက်သာစေသေ ာအကိုက်အခဲပျောက်ဆေးများသောက်ပါ။
– အဖျားကြီးခြင်း၊ ချောင်းဆိုးသွေးပါခြင်း၊ အာသီးရောင်ခြင်း၊ လည်ပင်းအကျ်တ်ထွက်ခြင်း ခံစားရပါက သေချာနားလည်တတ်ကျွမ်းသော ဆရာဝန်နှင့် ပိုးသတ်ဆေး သေချာသောက်သုံး ကုသသင့်ပါတယ်။
လည်ချောင်းနာခြင်းကို ကာကွယ်ရန်
– ဆေးလိပ်သောက်ခြင်းကို ဖြတ်ပါ။
– မိမိအနီးအနား သောက်သုံးနေလျှင် ရှောင်ရှားပါ။
– အအေးမိနားစေခြင်းနှင့် တုတ်ကွေးကူးစက်မႈကို ကာကွယ်ရန်
– ဖျားနာသူများနှင့် ဝေးဝေးနေပါ။
– လက်ဆေးပါ။
– အစားအသောက်ခွက်များ သီးသန့်သုံးပါ။
– မသန့်ရှင်းသော လက်ဖြင့်မျက်လုံး၊ မျက်နှာမကိုင်ပါနဲ့။
– ကောင်းမွန်စွာ အနားယူပါ။
– အာဟာရပြည့်ဝသေ ာအစာစားပါ။
– အရည်များများ သောက်ပါ။
– လူနေထူထပ်သာ နေရာနှင့် ဖုန်ထူသောနေရာ သွားလျှင် နှာခေါင်းစည်း တပ်ပါ။
– အသက်ခြောက်လအထက် လူတိုင်း တုပ်ကွေးကာကွယ်ဆေးထိုးပါ။
Dr.ပြည့်ရှင်း