နှလုံးကြွက်သားများ ရုတ်တရက်ပျက်ယွင်းခြင်း Heart Attack သည်ပြင်းထန်စွာ ရင်ဘတ်နာကျင်မှု (အောင့်ခြင်း) ဝေဒနာမှ သေဆုံးသည်အထိ အန္တရာယ်ရှိသောရောဂါတစ်ခု ဖြစ်သည်။ နှလုံးကြွက်သား၏ပျက် ယွင်းမှုဧရိယာပမာဏအပေါ်မူတည်၍ အခြေအနေပြောင်းလဲနိုင်သည်။ ရောဂါ၏ လက္ခဏာများကိုကြိုတင်သတိ ပြုမိ၍ အချိန်မီဆေးရုံတက်ရောက် ကုသရန်အရေးကြီးသည်။
Heart Attack မဟုတ်ပါဘဲ နှလုံးကြောင့်နာကျင်မှုဝေဒနာဖြစ်နိုင်ပါသည်။ နှလုံးကြွက်သားများ ရုတ်တ ရက်ပျက်ယွင်းမှု Heart Attack တွင်နှလုံးနှင့် အဓိကသွေးကြောကြီးများ ပိတ်ဆို့မှု (ကျဉ်းသွားမှု)ကြောင့်ဖြစ် သည်။ သို့သော်အလွန်သေးငယ်သော သွေးကြောများ Small vessels (microvessels or Capalliary) ၌ပိတ် ဆို့မှုဖြစ်လျှင် နှလုံးကြောင့်နာကျင်မှုဖြစ်နိုင်ကြောင်း တွေ့ရသည်။
The University of North Carolina at Chapel Hill School of Medicine မှ Dr. Cam Patterson ကသွေးကြောငယ်များ ပိတ်ဆို့မှုကြောင့် နာကျင်ဝေဒနာခံစားရသော်လည်း အသက်အန္တရာယ်စိုးရိမ်ရခြင်းမရှိဟု ဆိုပါသည်။ အများအားဖြင့် ဆေးရုံတက်ရောက်ကုသရန် အဆင့်ထိမလိုအပ်ကြပေ။
သတိပြုရန် အချက်တစ်ချက်မှာ သွေးကြောငယ်များပိတ်ဆို့မှုမှ တစ်ဆင့်လည်းနှလုံးရောဂါဖြစ်နိုင်ခြင်း ပင်ဖြစ်သည်။
နှလုံးကျန်းမာရေးကောင်းမွန်စေလိုလျှင်
-ဆေးလိပ်လုံးဝမသောက်ကြရပါ။
-ကိုယ်လက်လှုပ်ရှားမှုရှိပါစေ။
-ကျန်းမာရေးနှင့်ညီညွှတ်အောင်စားသုံးပါ။ မှန်ကန်စွာစားသုံးပါ။
-စိတ်ဖိစီးမှုနည်းနိုင်သမျှနည်းပါစေ။
စိတ်ဖိစီးမှုသည် ခန္ဓာကိုယ်၌ အက်ဒီနယ်လင်ဟော်မုန်း Adrenalin ထွက်စေပြီး နှလုံးကြွက်သားများ ရုတ်တရက်ပျက်ယွင်းမှု Heart Attack ကိုဖြစ်စေနိုင်ပါသည်။ အစားအစာစားသုံးရာတွင် လုံလောက်မျှတသော အာဟာရရှိရန်လိုအပ်ပါသည်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုများသည်လည်း နှလုံးသွေးကြောဆိုင်ရာ ကျန်းမာ ရေးကိုမြှင့်တင်ပေးသည်။ စိတ်ချမ်းသာပျော်ရွှင်စွာနေထိုင်ပြီး အပြုသဘောမြင်ခြင်းသည် နှလုံးကြွက်သားရုတ် တရက်ပျက်ယွင်းမှု Heart Attack ကိုနည်းစေနိုင်ပါသည်။
Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)