fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အစာအိမ်ထဲက အက်စစ်ရည်

715
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/06/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

အစာအိမ်ထဲက အက်စစ်ရည်







  • ပျို့မယ်
  • အန်မယ်
  • ရင်ပူတတ်တယ်





Author : Dr. မေ

အစာအိမ်ထဲက အက်စစ်ရည်
အစာအိမ်ဆိုတာ ကိုယ်စားသမျှ အစားအစာတွေကို အဓိက ချေဖျက်ပေးနေတဲ့ အင်္ဂါအစိတ်အပိုင်း တစ်ခုဆိုလည်း မမှားပါဘူး။ ဒီလိုအစာအိမ်ထဲမှာ အစာတွေကို ချေဖျက်ပေးဖို့ အက်စစ်ရည်တွေ ရှိပါတယ်။
အက်စစ်ဟာ ပုံမှန်သဘာဝအရ ချဉ်တဲ့အရသာ ရှိပါတယ်။ တိုက်စားချေဖျက်တတ်တဲ့ သဘောသဘာဝလည်း ရှိပါတယ်။ ဒါဆို အက်စစ်က အစာအိမ်ထဲမှာ ဘယ်လိုနေတာလဲ ဒုက္ခမပေးဘူးလားဆိုတာ တွေးစရာ ဖြစ်လာပါတယ်။ အစာအိမ်ရဲ့ နံရံမှာ အက်စစ်ဒဏ်ကို ခံနိုင်ရည်ရှိတဲ့ အလွှာနဲ့ ဖုံးအုပ်ထားပါတယ်။ အကြောင်းတစ်ခုခုကြောင့် အက်စစ်ရည်တွေ များလာတာပဲဖြစ်ဖြစ် အစာအိမ်နံရံရဲ့ ခံနိုင်စွမ်း ကျဆင်းရင်ပဲဖြစ်ဖြစ် အစာအိမ်ရောင်ရမ်းတာ၊ အစာအိမ်အချဉ်ပေါက်တာ ဖြစ်လာတော့တာပါပဲ။
ဒါဆို အစာအိမ်အချဉ်ပေါက်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာတွေက ဘာတွေလဲ
• အရက် အလွန်အကျွံ သောက်သုံးခြင်း
• အဆီအစိမ့်များ စားသုံးခြင်း
• အစားကို အချိန်မှန် မစားခြင်း
• အပူအစပ်များ စားသုံးခြင်း
• ဆေးလိပ်သောက်သုံးခြင်း
• ကော်ဖီ၊ လက်ဖက်ရည် အစရှိသော ကဖင်းဓာတ်ပါသော အစားအစာများကို များစွာ စားသုံးခြင်း
• အကိုက်အခဲပျောက်ဆေးများ၊ စပ်ဆေးများ သောက်သုံးခြင်း
• မသန့်ရှင်းသော အစားအစာများ စားသုံးခြင်းတွေနဲ့
• စိတ်ဖိစီးမှုတွေကြောင့် ဖြစ်တတ်ပါတယ်။
ဒီလို အချက်တွေက အက်စစ်ထွက်တာ ပိုများစေတာ ၊ အက်စစ်ရဲ့ အချဉ်ဓာတ်ပါဝင်မှုကို ပိုများစေတာ၊ အက်စစ်နဲ့ အစာအိမ်နံရံကို အချိန်ကြာမြင့်စွာ ထိတွေ့စေတာ၊ အစာအိမ်ရဲ့ ခံနိုင်စွမ်းကို ကျဆင်းစေတာ ၊ အစာအိမ်ဝမှာ ရှိတဲ့ ကြွက်သားရဲ့ ညှစ်နိုင်စွမ်းကို လျော့ကျစေတဲ့အတွက် အက်စစ်တွေ အပေါ်ကို ပြန်ကန်ထွက်ပြီး ရင်ပူစေတာတွေ ဖြစ်စေနိုင်ပါတယ်။ ရလာဒ်အနေနဲ့ကတော့ အစာအိမ်ရောင်ရမ်းခြင်း ၊ အစာအိမ်အချဉ်ပေါက်ခြင်းတွေ ဖြစ်လာတော့တာပါပဲ။
အစာအိမ်အချဉ်ပေါက်ပြီဆို ဘာတွေ ခံစားရနိုင်လဲ?
 ဝမ်းဗိုက်အတွင်းမှာ နေလို့ မကောင်းဘူး။ တင်းတင်းကြီး ဖြစ်နေမယ်။
 ဗိုက်နာ ဗိုက်အောင့်မယ်
 ပျို့မယ်
 လေချဉ်တွေ တဂေ့ဂေ့နဲ့ တက်နေမယ်
 အန်မယ်
 ပါးစပ်ထဲမှာ ချဉ်ချဉ်ကြီး ဖြစ်နေတတ်တယ်
 အစာမကြေသလို ပြည့်အင့်အင့်ကြီး ခံစားရတတ်တယ်
 ဗိုက်ထဲမှာ တစ်နေရာက ထိုးထိုးပြီး အောင့်သလိုမျိုး ဖြစ်တတ်တယ်
 ရင်ပူတတ်တယ်
 အစာ စားချင်စိတ် မရှိဘူး
 တချို့ဆို ညဘက် ၂ နာရီ ၃ နာရီလောက်ဆို ဗိုက်နာပြီး လန့်နိုးလာတာမျိုးတွေ ဖြစ်တယ်
 ရင်ဘတ်အောင့်တာမျိုးတွေထိ ဖြစ်နိုင်တယ်
ဒါဆို အစာအိမ် အချဉ်ပေါက်ခြင်း မဖြစ်အောင် ဘယ်လိုတွေ ကာကွယ်ကြမလဲ။ အဓိက ကတော့ ဖြစ်စေတဲ့ အရာတွေကို ရှောင်ရမှာပါ။ အရက် ဖြတ်တာ ၊ ဆေးလိပ်ဖြတ်တာ၊ ကော်ဖီ လက်ဖက်ရည်တွေကို လျော့သောက်တာတွေ လုပ်သင့်ပါတယ်။ အစားကို အချိန်မှန်မှန်နဲ့ နည်းနည်းနဲ့ မကြာခဏ စားမယ်။ အဆီအစိမ့်တွေ လျော့စားမယ်။ စိတ်ဖိစီး မခံဘူးဆိုရင် အစာအိမ် အချဉ်ပေါက်တာကို ကာကွယ်နိုင်ပါတယ်။
ဒါပေမယ့် ကြက်ကြော် ၊ ပီဇာ ၊ မာလာရှမ်းကော အစပ် level ဘယ်လောက် ၊ ရှုးရှုးရှဲရှဲတွေ အရမ်းခေတ်စားနေတဲ့ ဒီလိုအချိန်မှာ အစားအသောက်ကို ရှောင်ဖို့ဆိုတာ လွယ်မရောင်နဲ့ခက် ၊ တိမ်မရောင်နဲ့ နက်လှပါတယ်။ အလုပ်တာဝန်တွေ များလွန်းလှသူတွေအတွက်လည်း စိတ်ဖိစီးမှု ကင်းဝေးဖို့၊ အစားကို အချိန်မှန်စားဖို့ဆိုတာတွေကလည်း မလွယ်လှပါဘူး။ ဒါတွေကြောင့် အစာအိမ်အချဉ်ပေါက် ရောဂါ ဖြစ်လာခဲ့ပြီဆိုရင်လည်း အရမ်းစိတ်မပူပါနဲ့။ လေထိုးလေပွတာတွေအတွက်ပါမက အစာအိမ်အချဉ်ပေါက်တာ အတွက်ပါကောင်းတဲ့ Kremil S ကို သောက်လို့ ရပါတယ်။
Kremil S မှာ လေထိုးလေပွတာတွေကို သက်သာစေတဲ့ Simethicone ပါတဲ့အပြင် အက်စစ်ဓာတ်တွေကို ဓာတ်ပျယ်ပေးနိုင်တဲ့ Aluminum Hydroxide နဲ့ Magnesium Hydroxide တွေပါဝင်တဲ့အတွက် အစာအိမ်အချဉ်ပေါက်ခြင်း အတွက်လည်း ကောင်းမွန်ပါတယ်။ ဝါးစားလို့ရတဲ့အတွက် ဆေးသောက်ကြောက်တဲ့သူတွေ အနေနဲ့လည်း အဆင်ပြေပါတယ်။ ဒါပေမယ့် ဆေးသောက်နေရက်နဲ့ မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ကောင်းမွန်ပါတယ်။ အစာအိမ်အချဉ်ပေါက်ခြင်းကို မဖြစ်အောင် ရှောင်ရမယ့် အရာတွေကို သေချာလေး ရှောင်ကြပါလို့ ၊ တကယ်လို့ မရှောင်နိုင်ဘူးဆိုရင်လည်း မိမိအိတ်ထဲမှာ Kremil S ဆေးကဒ်လေး ဆောင်ထားကြပါလို့ တိုက်တွန်းရင်း…….
Author : Dr. မေ

Previous Post

သွေးချင်းချင်းနီသော ဘဝများ

Next Post

ကလေးငယ်နှင့်အပေါင်းအဖော်များ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
853
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
845
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးငယ်နှင့်အပေါင်းအဖော်များ

နို့တိုက်မေမေများတွင် ကြုံတွေ့နိုင်သော သားမြတ်(နို့သီးခေါင်း) ဆိုင်ရာပြသာနာများ

ခန္ဓာကိုယ်ထဲက အက်စစ်တွေ ပုံမှန်ထက် များလာတဲ့အခါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.