ခႏၶာကိုယ္ထဲက အက္စစ္ေတြ ပုံမွန္ထက္ မ်ားလာတဲ့အခါ
လူတစ္ေယာက္အတြက္ အာဟာရ ရွိၿပီး အင္အားျပည့္ဝေစဖို႔ဆိုရင္ အစာေတြကို ေခ်ဖ်က္ၿပီး စုတ္ယူဖို႔ လိုပါတယ္။ အစာေတြကို ေခ်ဖ်က္ဖို႔အတြက္ သြားေတြ တံေတြးေတြကေနစၿပီး ေခ်ဖ်က္လာတာ အစာအိမ္ အူသိမ္ထိပါပဲ။ အစာအိမ္ကလည္း အစာေခ်ဖ်က္ေပးတဲ့ အဓိက အဂၤါအစိတ္အပိုင္းအေနနဲ႔ လုပ္ေဆာင္ေပးပါတယ္။ စိတ္ႀကိဳက္စားထားတဲ့ အစာေတြဟာ သြားနဲ႔ ကိုက္ျဖတ္လိုက္႐ုံနဲ႔ လြယ္လြယ္ကူကူ ေခ်ဖ်က္လို႔ မရပါဘူး။ အဲဒီေတာ့ အစာအိမ္မွာ အစာေတြကို ေခ်ဖ်က္ေပးတဲ့ အက္စစ္ဆိုတာ ရွိလာရပါတယ္။ လူ႔ကိုယ္ခႏၶာဟာ အံ့မတန္မွ ထူးဆန္းလွပါတယ္။ ခႏၶာကိုယ္အတြင္းမွာ တိုက္စားေခ်ျဖတ္ႏိုင္တဲ့ အက္စစ္ေတြ ရွိေနသလို အဲဒီလို တိုက္စားေခ်ဖ်က္မႈဒဏ္ကို ခံႏိုင္ဖို႔လည္း အစာအိမ္ကို အလႊာတစ္ခုနဲ႔ ဖုံးအုပ္ထားပါေသးတယ္။ ပုံမွန္မွာ ပမာဏဟာ ညီၫြတ္မွ်တေနတဲ့အတြက္ ကိုယ္ခႏၶာထဲမွာ အက္စစ္ရွိေနတာ မသိသာလွပါဘူး။
ဒါေပမယ့္ အက္စစ္ဓာတ္ေတြကို ပိုထြက္ေစတာပဲျဖစ္ျဖစ္ အစာအိမ္ထဲက ခံႏိုင္စြမ္းေတြ က်ဆင္းလာတာပဲျဖစ္ျဖစ္ ျဖစ္လာတဲ့အခါမွာေတာ့ အစာအိမ္ေရာင္ရမ္းတာ၊ အစာအိမ္အခ်ဥ္ေပါက္တာ၊ ေလပြတာေတြ ျဖစ္လာပါေတာ့တယ္။ ဘယ္လိုအခ်က္ေတြက ဒီလို သဟဇာတျဖစ္မႈကို ပ်က္ျပားေစပါသလဲ။ အဓိက ကေတာ့ အပူအစပ္ေတြ အစားမ်ားတာ၊ အရက္ေသစာေတြ အေသာက္မ်ားတာ ၊ စိတ္ဖိစီးမႈမ်ားတာ၊ အကိုက္အခဲေပ်ာက္ေဆးေတြ ေသာက္တာ၊ အစာစားခ်ိန္မမွန္တာ၊ ေဆးလိပ္ေသာက္သုံးတာေတြ ေၾကာင့္ပါပဲ။ အက္စစ္ေတြ မ်ားလာတဲ့အတြက္ အခ်ဥ္ေတြေဖာက္ၿပီး ေလခ်ဥ္ေတြပိုတက္ လာတတ္ပါတယ္။ ၿပီးေတာ့ အက္စစ္ေတြက အစာအိမ္နံရံကို ေရာင္ရမ္းမႈေတြျဖစ္ေစတဲ့အတြက္ အစာအိမ္ေအာင့္ျခင္း ၊ ဗိုက္နာျခင္းေတြကို ျဖစ္ေစပါတယ္။ ဒါ့အျပင္ အက္စစ္ကပူျပင္းတဲ့အတြက္ ရင္ပူတာမ်ိဳး အစာမေၾကျဖစ္သလို ဗိုက္တင္းတင္းႀကီး ျဖစ္ေနတာမ်ိဳးေတြလည္း ျဖစ္ေစႏိုင္ပါတယ္။
ဒီလိုေတြ ခံစားေနရၿပီဆို Kremil S ပန္းေရာင္ကို သတိရလိုက္ပါ။ Kremil S ပန္းေရာင္မွာ အက္စစ္ေတြကို ဓာတ္ပ်ယ္ေပးေစႏိုင္တဲ့ Aluminium Hydroxide, Magnesium Hydroxide ေတြ ပါဝင္တဲ့အတြက္ အက္စစ္ေတြ မ်ားၿပီး ျဖစ္တဲ့ ေရာဂါေတြျဖစ္တဲ့ အစာအိမ္နာျခင္း၊ ေအာင့္ျခင္း၊ ရင္ပူျခင္းနဲ႔ အစာမေၾကျခင္းေတြကို သက္သာေစႏိုင္ပါတယ္။ ဒါ့အျပင္ အစာအိမ္ေရာင္တဲ့အခါမွာေသာ္လည္းေကာင္း ေလပြတဲ့အခါမွာေသာ္လည္းေကာင္း ျဖစ္တတ္တဲ့ ေလထျခင္း ေလထိုးျခင္းေတြကို သက္သာေစႏိုင္တဲ့ simethicone ဓာတ္လည္း ပါဝင္ပါတယ္။ Simethicone က အစာအိမ္ထဲမွာရွိေနတဲ့ ေလေတြကို တစ္စုတစ္ေဝးတည္းျဖစ္ေစတဲ့အတြက္ ေလေတြအမ်ားႀကီးေလွ်ာက္သြားၿပီး ဟိုထိုးဒီထိုးေလွ်ာက္ထိုးျဖစ္ေနတဲ့ ေလထိုးျခင္းေတြကို သက္သာေစပါတယ္။
ဒါဆို ပန္းေရာင္ Kremil S မွာ အစာအိမ္နာေတြအတြက္ေရာ အစာမေၾကတာအတြက္ေရာ ရင္ပူတာအတြက္ေရာ ေလထိုးေလေအာင့္တာအတြက္ပါ သက္သာေစတဲ့ေဆးေတြကို အခ်ိဳးက် ေပါင္းစပ္ထားတယ္လို႔ ေျပာလို႔ရပါတယ္။ ဗိုက္နာဗိုက္ေအာင့္တဲအခါမွာ ဝါးစားတာ ဒါမွမဟုတ္ အစာမစားခင္ ၁ နာရီအလိုမွာ ေသာက္တာျဖစ္ျဖစ္ ဆရာဝန္ၫႊန္ၾကားတဲ့အတိုင္း ေသာက္တာျဖစ္ျဖစ္ လုပ္လို႔ရပါတယ္။ အစာအိမ္နာေရာဂါနဲ႔ ပတ္သက္ၿပီး အရွင္းသက္သာ ေပ်ာက္ကင္းေစဖို႔ ေဆးခ်ည္းပဲ အားကိုးလို႔လည္း မရပါဘူး။ မိမိကိုယ္တိုင္ကလည္း အပူအစပ္ေတြ အရက္ေသစာေတြကို တတ္ႏိုင္သမွ် ေရွာင္ၾကဥ္ဖို႔ လိုပါတယ္။ စိတ္ဖိစီးမႈေတြကို တတ္ႏိုင္သေလာက္ ေလ်ာ့ခ်ေပးပါ။ ေဆးလိပ္မေသာက္ပါနဲ႔။ အစားကို အခ်ိန္မွန္ေလးစားေပးမယ္ဆို အစာအိမ္ေလးလည္းက်န္းမာၿပီး မိမိလည္း စိတ္ခ်မ္းသာရမွာ အမွန္ပင္ ျဖစ္ပါလိမ့္မယ္။
Author : Dr. ေမ
ခန္ဓာကိုယ်ထဲက အက်စစ်တွေ ပုံမှန်ထက် များလာတဲ့အခါ
လူတစ်ယောက်အတွက် အာဟာရ ရှိပြီး အင်အားပြည့်ဝစေဖို့ဆိုရင် အစာတွေကို ချေဖျက်ပြီး စုတ်ယူဖို့ လိုပါတယ်။ အစာတွေကို ချေဖျက်ဖို့အတွက် သွားတွေ တံတွေးတွေကနေစပြီး ချေဖျက်လာတာ အစာအိမ် အူသိမ်ထိပါပဲ။ အစာအိမ်ကလည်း အစာချေဖျက်ပေးတဲ့ အဓိက အင်္ဂါအစိတ်အပိုင်းအနေနဲ့ လုပ်ဆောင်ပေးပါတယ်။ စိတ်ကြိုက်စားထားတဲ့ အစာတွေဟာ သွားနဲ့ ကိုက်ဖြတ်လိုက်ရုံနဲ့ လွယ်လွယ်ကူကူ ချေဖျက်လို့ မရပါဘူး။ အဲဒီတော့ အစာအိမ်မှာ အစာတွေကို ချေဖျက်ပေးတဲ့ အက်စစ်ဆိုတာ ရှိလာရပါတယ်။ လူ့ကိုယ်ခန္ဓာဟာ အံ့မတန်မှ ထူးဆန်းလှပါတယ်။ ခန္ဓာကိုယ်အတွင်းမှာ တိုက်စားချေဖြတ်နိုင်တဲ့ အက်စစ်တွေ ရှိနေသလို အဲဒီလို တိုက်စားချေဖျက်မှုဒဏ်ကို ခံနိုင်ဖို့လည်း အစာအိမ်ကို အလွှာတစ်ခုနဲ့ ဖုံးအုပ်ထားပါသေးတယ်။ ပုံမှန်မှာ ပမာဏဟာ ညီညွတ်မျှတနေတဲ့အတွက် ကိုယ်ခန္ဓာထဲမှာ အက်စစ်ရှိနေတာ မသိသာလှပါဘူး။
ဒါပေမယ့် အက်စစ်ဓာတ်တွေကို ပိုထွက်စေတာပဲဖြစ်ဖြစ် အစာအိမ်ထဲက ခံနိုင်စွမ်းတွေ ကျဆင်းလာတာပဲဖြစ်ဖြစ် ဖြစ်လာတဲ့အခါမှာတော့ အစာအိမ်ရောင်ရမ်းတာ၊ အစာအိမ်အချဉ်ပေါက်တာ၊ လေပွတာတွေ ဖြစ်လာပါတော့တယ်။ ဘယ်လိုအချက်တွေက ဒီလို သဟဇာတဖြစ်မှုကို ပျက်ပြားစေပါသလဲ။ အဓိက ကတော့ အပူအစပ်တွေ အစားများတာ၊ အရက်သေစာတွေ အသောက်များတာ ၊ စိတ်ဖိစီးမှုများတာ၊ အကိုက်အခဲပျောက်ဆေးတွေ သောက်တာ၊ အစာစားချိန်မမှန်တာ၊ ဆေးလိပ်သောက်သုံးတာတွေ ကြောင့်ပါပဲ။ အက်စစ်တွေ များလာတဲ့အတွက် အချဉ်တွေဖောက်ပြီး လေချဉ်တွေပိုတက် လာတတ်ပါတယ်။ ပြီးတော့ အက်စစ်တွေက အစာအိမ်နံရံကို ရောင်ရမ်းမှုတွေဖြစ်စေတဲ့အတွက် အစာအိမ်အောင့်ခြင်း ၊ ဗိုက်နာခြင်းတွေကို ဖြစ်စေပါတယ်။ ဒါ့အပြင် အက်စစ်ကပူပြင်းတဲ့အတွက် ရင်ပူတာမျိုး အစာမကြေဖြစ်သလို ဗိုက်တင်းတင်းကြီး ဖြစ်နေတာမျိုးတွေလည်း ဖြစ်စေနိုင်ပါတယ်။
ဒီလိုတွေ ခံစားနေရပြီဆို Kremil S ပန်းရောင်ကို သတိရလိုက်ပါ။ Kremil S ပန်းရောင်မှာ အက်စစ်တွေကို ဓာတ်ပျယ်ပေးစေနိုင်တဲ့ Aluminium Hydroxide, Magnesium Hydroxide တွေ ပါဝင်တဲ့အတွက် အက်စစ်တွေ များပြီး ဖြစ်တဲ့ ရောဂါတွေဖြစ်တဲ့ အစာအိမ်နာခြင်း၊ အောင့်ခြင်း၊ ရင်ပူခြင်းနဲ့ အစာမကြေခြင်းတွေကို သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် အစာအိမ်ရောင်တဲ့အခါမှာသော်လည်းကောင်း လေပွတဲ့အခါမှာသော်လည်းကောင်း ဖြစ်တတ်တဲ့ လေထခြင်း လေထိုးခြင်းတွေကို သက်သာစေနိုင်တဲ့ simethicone ဓာတ်လည်း ပါဝင်ပါတယ်။ Simethicone က အစာအိမ်ထဲမှာရှိနေတဲ့ လေတွေကို တစ်စုတစ်ဝေးတည်းဖြစ်စေတဲ့အတွက် လေတွေအများကြီးလျှောက်သွားပြီး ဟိုထိုးဒီထိုးလျှောက်ထိုးဖြစ်နေတဲ့ လေထိုးခြင်းတွေကို သက်သာစေပါတယ်။
ဒါဆို ပန်းရောင် Kremil S မှာ အစာအိမ်နာတွေအတွက်ရော အစာမကြေတာအတွက်ရော ရင်ပူတာအတွက်ရော လေထိုးလေအောင့်တာအတွက်ပါ သက်သာစေတဲ့ဆေးတွေကို အချိုးကျ ပေါင်းစပ်ထားတယ်လို့ ပြောလို့ရပါတယ်။ ဗိုက်နာဗိုက်အောင့်တဲအခါမှာ ဝါးစားတာ ဒါမှမဟုတ် အစာမစားခင် ၁ နာရီအလိုမှာ သောက်တာဖြစ်ဖြစ် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက်တာဖြစ်ဖြစ် လုပ်လို့ရပါတယ်။ အစာအိမ်နာရောဂါနဲ့ ပတ်သက်ပြီး အရှင်းသက်သာ ပျောက်ကင်းစေဖို့ ဆေးချည်းပဲ အားကိုးလို့လည်း မရပါဘူး။ မိမိကိုယ်တိုင်ကလည်း အပူအစပ်တွေ အရက်သေစာတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ဖို့ လိုပါတယ်။ စိတ်ဖိစီးမှုတွေကို တတ်နိုင်သလောက် လျော့ချပေးပါ။ ဆေးလိပ်မသောက်ပါနဲ့။ အစားကို အချိန်မှန်လေးစားပေးမယ်ဆို အစာအိမ်လေးလည်းကျန်းမာပြီး မိမိလည်း စိတ်ချမ်းသာရမှာ အမှန်ပင် ဖြစ်ပါလိမ့်မယ်။
Author : Dr. မေ