fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ဆံပင်ပါးခြင်းနှင့် ဆံပင်ကျွတ်ခြင်းပြဿနာ

422
VIEWS
Share on FacebookShare on TwitterShare on Linkedin
02/07/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ဆံပင္ပါးျခင္းႏွင့္ ဆံပင္ကြၽတ္ျခင္းျပႆနာ

ဆံပင္ပါးျခင္းႏွင့္ ဆံပင္ကၽြတ္ျခင္းျပႆနာသည္ အသက္အရြယ္၊ က်ား/မ မေရြး ျဖစ္ပြားႏိုင္ေသာ ျပႆနာတရပ္ျဖစ္ၿပီး အသက္အရြယ္ႀကီးရင့္သူမ်ားႏွင့္ အမ်ိဳးသမီးမ်ားတြင္ ပိုမို ခံစားရတတ္ေသာ က်န္းမာေရး ျပႆနာတရပ္ပင္ျဖစ္သည္။ အထူးသျဖင့္ အလွအပ ျမတ္ႏိုးေသာ အမ်ိဳးသမီးမ်ားတြင္ ျဖစ္ေပၚခံစားရပါကလည္း ဆံပင္ကၽြတ္ျခင္းျပႆနာႏွင့္အတူ စိတ္ဓာတ္က်ျခင္းႏွင့္ အားငယ္ျခင္းျပႆနာမ်ား ကိုုပါ တြဲ၍ ခံစားရႏိုင္သည့္ ျပႆနာတရပ္ျဖစ္သည္။

ဆံပင္ကၽြတ္ျခင္းတြင္ တျဖည္းျဖည္းျဖစ္တတ္ေသာ ဆံပင္ပါးလာျခင္း (ထိပ္ေျပာင္လာျခင္း၊ ဆံပင္က်ဲလာျခင္း) သာမက အခ်ိန္တိုအတြင္းျဖစ္ေသာ အကြက္လိုက္ ဆံပင္ကၽြတ္ျခင္းဟူ၍လည္း ျဖစ္ႏိုင္ကာ အခ်ိန္တိုအတြင္း ျဖစ္ေသာ ဆံပင္ကၽြတ္ျခင္းမ်ားေၾကာင့္ စိတ္ဓာတ္က်ျခင္းႏွင့္ အလွအပဆိုင္ရာ အလိုမက်ျခင္း ျပႆနာမ်ား ပိုမိုခံစားရႏိုင္သည္။

ဆံပင္ကၽြတ္ျခင္း ပံုစံအမ်ိဳးမ်ိဳး

အသက္အရြယ္ကိုလုိက္၍ ျဖစ္ပြားရေသာ အေၾကာင္းအရင္းမ်ား မတူႏိုင္သလို ဆံပင္ကၽြတ္သည့္ ပံုစံမ်ားလည္း ကြဲျပားႏိုင္သည္။ အေတြ႔မ်ားေသာ ပံုစံမ်ားမွာ

– ဆံပင္တျဖည္းျဖည္းပါးလာျခင္း(ထိပ္ေျပာင္လာျခင္း၊ နားထင္ေမႊးမ်ား ေျပာင္လာျခင္း)

– ဦးေခါင္းတြင္အကြက္လိုက္ေျပာင္ေနေအာင္ ဆံပင္ကၽြတ္ျခင္း

– ဦးေခါင္းအႏွ႔ံမွ ပံုမွန္ထက္ပို၍ ဆံပင္ကၽြတ္ျခင္း

– တကိုယ္လံုးမွ အေမႊးအမွ်င္မ်ား ကၽြတ္ျခင္း

– ဦးေခါင္းအႏံွ႔ အျဖဴကြက္မ်ားျဖစ္၍ ဆံပင္မ်ားကၽြတ္ျခင္း စသည္ျဖင့္ ပံုစံအမ်ိဳးမ်ိဳး ရွိသည္။

ဆံပင္ကၽြတ္ျခင္းကို ျဖစ္ေပၚေစေသာ အေၾကာင္းအရင္းမ်ား

ပံုမွန္အားျဖင့္ တေန႔တာတြင္ ဆံခ်ည္မွ်င္ ၅၀မွ ၁၀၀ ခန္႔အထိ ကၽြတ္ေနႏိုင္ကာ အသစ္ထြက္လာေသာ ဆံခ်ည္မွ်င္မ်ားေၾကာင့္ ဆံပင္ပါးျခင္းကို မခံစားရႏိုင္ေသာ္လည္း ဆံပင္အသစ္ ပံုမွန္ထြက္မလာျခင္းႏွင့္ ကၽြတ္ေသာ ဆံပင္အေရအတြက္မ်ားလာျခင္း တို႔ေၾကာင့္ ဆံပင္ကၽြတ္ျခင္းကို သတိထားမိ ႏိုင္သည္။ ဆံပင္ပါးလာျခင္းႏွင့္ ကၽြတ္ျခင္းကို ျဖစ္ေပၚေစေသာ အေၾကာင္းအရာမ်ား မ်ားစြာရွိေသာ္လည္း ေအာက္ပါ အေၾကာင္းအရာမ်ားေၾကာင့္ အမ်ားဆံုး ျဖစ္ပြားေစႏိုင္သည္။

(၁) မ်ိဳးရိုးလိုက္ျခင္း (ထိပ္ေျပာင္ျခင္း၊ ဆံပင္ပါးျခင္း)

(၂) ေဟာ္မုန္းမ်ားေျပာင္းလဲျခင္း (အမ်ိဳးသမီးမ်ားကိုဝန္ေဆာင္ခ်ိန္ႏွင့္ အပ်ိဳေဖာ္ဝင္စ)

(၃) ဆံပင္ကၽြတ္ျခင္းျဖစ္ႏိုင္သည့္က်န္းမာေရးျပႆနာမ်ား (အျပင္းဖ်ားျခင္း၊ သိုင္းရြိဳက္ေရာဂါမ်ားႏွင့္ အျခားေရာဂါမ်ား)

(၄) ေဆးဝါးမ်ားေၾကာင့္ျဖစ္ေသာ ဆံပင္ကၽြတ္ျခင္း (ေသြးက်ဲေဆး၊ ေသြးက်ေဆးႏွင့္ အခ်ိဳ႕ေဆးဝါးမ်ား)

(၅) အလွကုန္ပစၥည္းမ်ားႏွင့္ ဓာတ္မတည့္ျခင္း (ဆံပင္ဆိုးေဆး၊ ေခါင္းလိမ္းဆီ၊ ေခါင္းေလွ်ာ္ရည္)

(၆) အခ်ိဳ႕ေသာ ကာကြယ္ေဆးမ်ားေၾကာင့္ျဖစ္ေသာ ဆံပင္ကၽြတ္ျခင္း (အသည္းေရာင္ အသားဝါ “ဘီ”ကာကြယ္ေဆး)

(၇) ဆံပင္ေျဖာင့္ျခင္း၊ ဆံပင္ေကာက္ျခင္းစသည့္ အေျခအေနမ်ား

(၈) စိတ္ပိုင္းဆိုင္ရာျပႆနာမ်ား (စိတ္ဓာတ္က်ျခင္း၊ စိတ္ဖိစီးမႈမ်ားျခင္း)

(၉) ကင္ဆာေဆးသြင္းျခင္းေၾကာင့္ ဆံပင္ကၽြတ္ျခင္းႏွင့္

(၁၀) ကိုယ္ခံအားစနစ္ကေမာက္ကမ ျဖစ္ျခင္းေၾကာင့္ျဖစ္ေသာ ရုတ္တရက္ ဆံပင္ကၽြတ္ျခင္းတို႔ကို အမ်ားဆံုး ေတြ႔ရေလ့ရွိသည္။

ဆံပင္ကၽြတ္ျခင္းႏွင့္ ဆံပင္ပါးျခင္းတို႔အတြက္

ဆံပင္ကၽြတ္ျခင္းႏွင့္ ဆံပင္ပါးျခင္းတို႔အတြက္ ေဆးဝါးမ်ားအသံုးျပဳျခင္းထက္ သင့္ေတာ္ေသာ အစားအေသာက္ အေနအထိုင္ ဂရုစိုက္ျခင္းကို ပိုမိုဂရုျပဳ လုပ္ေဆာင္ သင့္သည္။

သင့္ေတာ္ေသာ အစားအေသာက္မ်ား

  (၁) အစိမ္းရင့္ေရာင္ရွိေသာ အသီးအႏွံမ်ားစားျခင္း

– ဘရိုကိုလီ၊ ကဇြန္းရြက္၊ ဆလတ္ရြက္

  (၂) ဓာတ္တိုးဆန္႔က်င္ပစၥည္းႂကြယ္ဝေသာအစားအေသာက္မ်ားစားျခင္း

– ၾကက္သြန္ျဖဴ၊ အနက္ေရာင္ေခ်ာကလက္၊ ဘယ္ရီသီးမ်ား

  (၃) က်န္းမာေရးအတြက္သင့္ေတာ္ေသာ အဆီမ်ားစားျခင္း

– ငါးႀကီးဆီ၊ အုန္းဆီ၊ သန္လြင္ဆီ စသည့္အဆီမ်ား

  (၄) အခ်ဥ္ေဖာက္ထားေသာ အစားအေသာက္မ်ားစားျခင္း

– ကင္ခ်ီ၊ ဒိန္ခ်ဥ္ႏွင့္ ဆားရည္စိမ္ထားေသာ အသီးမ်ား

  (၅) ကယ္ရိုတင္းပါေသာ အသီးအႏွံမ်ားစားျခင္း

– မုန္လာဥနီ၊ ကဇြန္းဥ၊ ကိုက္လန္

  (၆) အနီေရာင္ရွိေသာ အသားမ်ားစားျခင္း

– အမဲသား၊ ဆိတ္သား၊ ဝက္သား စသည္တို႔ကို စားသံုးေပးျခင္း

သင့္ေတာ္ေသာ ေနထိုင္မႈပံုစံ

  (၇) သန္႔ရွင္းေသာေရကို အသံုးျပဳျခင္း

– ေသာက္ေရကိုသာမက ခ်ိဳးေရ၊ ေခါင္းေလွ်ာ္ရည္အတြက္လည္း သန္႔ရွင္းေသာေရကိုသာ အသံုးျပဳသင့္သည္

  (၈) ေန႔ခင္းပိုင္းမ်ားတြင္ ေနေရာင္ရေသာ ေနရာတြင္ေနထိုင္ျခင္း

– ဗိုက္တာမင္ (D) ရေစႏိုင္ၿပီး ဆံပင္အတြက္သာမက အျခားေသာ ေရာဂါမ်ား ကိုပါ ကာကြယ္ေစႏိုင္သည္

  (၉) ေခါင္းကို အမ်ားဆံုး တပတ္လွ်င္ အမ်ားဆံုးႏွစ္ႀကိမ္ခန္႔သာ ေလွ်ာ္ေပးျခင္း

– ေခါင္းေလွ်ာ္ျခင္းျဖင့္ ဆံပင္အတြက္လိုအပ္ေသာ သဘာဝအဆီမ်ား ေလ်ာ့နည္း သြားႏိုင္သည့္အတြက္ မၾကာခဏေခါင္းေလွ်ာ္ျခင္းႏွင့္ ဓာတုေဗဒ ေခါင္းေလွ်ာ္ရည္မ်ား အသံုးျပဳျခင္းကို ေရွာင္က်ဥ္သင့္သည္

(၁၀) ဆံပင္အတြက္အသံုးျပဳေသာ အလွကုန္မ်ားတြင္ သဘာဝပစၥည္းမ်ားကိုသာ အသံုးျပဳေပးျခင္း

ဓာတုပစၥည္းအလွကုန္မ်ား အသံုးျပဳျခင္းေၾကာင့္ ခဏတာ အဆင္ေျပေစ ႏိုင္ေသာ္လည္း ေနာက္ဆက္တြဲဆံပင္က်ဲျခင္း၊ ဆံပင္ကၽြတ္ျခင္းကို ျဖစ္ေပၚခံစား ရေစရံုသာမက ဓာတ္မတည့္ျခင္းႏွင့္ အျခားေသာ အေရျပားျပႆနာမ်ားကိုပါ ျဖစ္ေပၚ ခံစားရေစႏိုင္သျဖင့္ သဘာဝအတိုင္း ျပဳလုပ္ထားေသာ  အလွကုန္ ပစၥည္းမ်ားကိုသာ အသံုးျပဳသင့္သည္။

ဆံပင္ကၽြတ္ျခင္းသည္ ကုသမႈခံယူသင့္ေသာ လကၡဏာျဖစ္သည္။

အသက္အရြယ္ေၾကာင့္ျဖစ္ေသာ ဆံပင္ကၽြတ္ျခင္းမ်ားမွလြဲ၍ အျခားေသာ ဆံပင္ကၽြတ္ျခင္းမ်ားအေနႏွင့္ အခ်ိန္တန္လွ်င္ သူ႔အလိုလို ဆံပင္မ်ား ျပန္ေပါက္လာ ႏိုင္သည္။ ဆံပင္ကၽြတ္ျခင္းသည္ ေရာဂါတမ်ိဳးဆိုျခင္းထက္ ေရာဂါတခု၏ လကၡဏာ တရပ္ျဖစ္ေနႏိုင္သျဖင့္ ဆရာဝန္ႏွင့္ တိုင္ပင္ျပသကာ ကုသမႈခံယူျခင္းကိုသာ အထူး ဂရုျပဳလုပ္ေဆာင္သင့္သည္။ ဆံပင္ကၽြတ္ျခင္းမ်ားတြင္ ျဖစ္ပြားရေသာ အေၾကာင္းရင္းကို လုိက္၍ လိုအပ္ေသာ ကုသမႈခံယူမွသာ ဆံပင္ကၽြတ္ျခင္းျပႆနာ သက္သာမည္ ျဖစ္သျဖင့္ နီးစပ္ရာ ဆရာဝန္(သို႔) အေရျပား ဆရာဝန္ႏွင့္ အျမန္ဆံုး ျပသၿပီး လိုအပ္ေသာ ကုသမႈခံယူသင့္သည္။

ဆံပင္ကၽြတ္ျခင္းအတြက္ အသံုးျပဳႏိုင္ေသာ ေဆးဝါးမ်ားကို (ေသာက္ေဆး၊ လိမ္းေဆးမ်ား) ေစ်းကြက္အတြင္း အလြယ္တကူ ဝယ္ယူအသံုးျပဳႏိုင္ေသာ္လည္း ေနာက္ဆက္တြဲျပႆနာမ်ား မ်ားစြာ ျဖစ္ပြားႏိုင္သည့္အတြက္ ဆံပင္ေပါက္/ ဆံပင္သန္ေစေသာ ေဆးဝါးမ်ားကို မိမိ သေဘာျဖင္မိမိ ဝယ္ယူအသံုးျပဳျခင္းမ်ိဳး ေရွာင္က်ဥ္သင့္ၿပီး မည္သည့္ေဆးဝါးမဆို အသံုးမျပဳမီ နားလည္ တတ္ကၽြမ္းေသာ ဆရာဝန္ႏွင့္ ဦးစြာ တုိင္ပင္ရန္လိုသည္။

အရြယ္မတိုင္မီ ဆံပင္ကၽြတ္ျခင္း၊ ဆံပင္ပါးျခင္းျပႆနာ ကင္းေဝးၾကပါေစ။

(Unicode)

ဆံပင်ပါးခြင်းနှင့် ဆံပင်ကျွတ်ခြင်းပြဿနာ

ဆံပင်ပါးခြင်းနှင့် ဆံပင်ကျွတ်ခြင်းပြဿနာသည် အသက်အရွယ်၊ ကျား/မ မရွေး ဖြစ်ပွားနိုင်သော ပြဿနာတရပ်ဖြစ်ပြီး အသက်အရွယ်ကြီးရင့်သူများနှင့် အမျိုးသမီးများတွင် ပိုမို ခံစားရတတ်သော ကျန်းမာရေး ပြဿနာတရပ်ပင်ဖြစ်သည်။ အထူးသဖြင့် အလှအပ မြတ်နိုးသော အမျိုးသမီးများတွင် ဖြစ်ပေါ်ခံစားရပါကလည်း ဆံပင်ကျွတ်ခြင်းပြဿနာနှင့်အတူ စိတ်ဓာတ်ကျခြင်းနှင့် အားငယ်ခြင်းပြဿနာများ ကိုပါ တွဲ၍ ခံစားရနိုင်သည့် ပြဿနာတရပ်ဖြစ်သည်။

ဆံပင်ကျွတ်ခြင်းတွင် တဖြည်းဖြည်းဖြစ်တတ်သော ဆံပင်ပါးလာခြင်း (ထိပ်ပြောင်လာခြင်း၊ ဆံပင်ကျဲလာခြင်း) သာမက အချိန်တိုအတွင်းဖြစ်သော အကွက်လိုက် ဆံပင်ကျွတ်ခြင်းဟူ၍လည်း ဖြစ်နိုင်ကာ အချိန်တိုအတွင်း ဖြစ်သော ဆံပင်ကျွတ်ခြင်းများကြောင့် စိတ်ဓာတ်ကျခြင်းနှင့် အလှအပဆိုင်ရာ အလိုမကျခြင်း ပြဿနာများ ပိုမိုခံစားရနိုင်သည်။

ဆံပင်ကျွတ်ခြင်း ပုံစံအမျိုးမျိုး
အသက်အရွယ်ကိုလိုက်၍ ဖြစ်ပွားရသော အကြောင်းအရင်းများ မတူနိုင်သလို ဆံပင်ကျွတ်သည့် ပုံစံများလည်း ကွဲပြားနိုင်သည်။ အတွေ့များသော ပုံစံများမှာ

– ဆံပင်တဖြည်းဖြည်းပါးလာခြင်း(ထိပ်ပြောင်လာခြင်း၊ နားထင်မွှေးများ ပြောင်လာခြင်း)

– ဦးခေါင်းတွင်အကွက်လိုက်ပြောင်နေအောင် ဆံပင်ကျွတ်ခြင်း

– ဦးခေါင်းအနှံ့မှ ပုံမှန်ထက်ပို၍ ဆံပင်ကျွတ်ခြင်း

– တကိုယ်လုံးမှ အမွှေးအမျှင်များ ကျွတ်ခြင်း

– ဦးခေါင်းအနံှ့ အဖြူကွက်များဖြစ်၍ ဆံပင်များကျွတ်ခြင်း စသည်ဖြင့် ပုံစံအမျိုးမျိုး ရှိသည်။

ဆံပင်ကျွတ်ခြင်းကို ဖြစ်ပေါ်စေသော အကြောင်းအရင်းများ
ပုံမှန်အားဖြင့် တနေ့တာတွင် ဆံချည်မျှင် ၅၀မှ ၁၀၀ ခန့်အထိ ကျွတ်နေနိုင်ကာ အသစ်ထွက်လာသော ဆံချည်မျှင်များကြောင့် ဆံပင်ပါးခြင်းကို မခံစားရနိုင်သော်လည်း ဆံပင်အသစ် ပုံမှန်ထွက်မလာခြင်းနှင့် ကျွတ်သော ဆံပင်အရေအတွက်များလာခြင်း တို့ကြောင့် ဆံပင်ကျွတ်ခြင်းကို သတိထားမိ နိုင်သည်။ ဆံပင်ပါးလာခြင်းနှင့် ကျွတ်ခြင်းကို ဖြစ်ပေါ်စေသော အကြောင်းအရာများ များစွာရှိသော်လည်း အောက်ပါ အကြောင်းအရာများကြောင့် အများဆုံး ဖြစ်ပွားစေနိုင်သည်။

(၁) မျိုးရိုးလိုက်ခြင်း (ထိပ်ပြောင်ခြင်း၊ ဆံပင်ပါးခြင်း)

(၂) ဟော်မုန်းများပြောင်းလဲခြင်း (အမျိုးသမီးများကိုဝန်ဆောင်ချိန်နှင့် အပျိုဖော်ဝင်စ)

(၃) ဆံပင်ကျွတ်ခြင်းဖြစ်နိုင်သည့်ကျန်းမာရေးပြဿနာများ (အပြင်းဖျားခြင်း၊ သိုင်းရွိုက်ရောဂါများနှင့် အခြားရောဂါများ)

(၄) ဆေးဝါးများကြောင့်ဖြစ်သော ဆံပင်ကျွတ်ခြင်း (သွေးကျဲဆေး၊ သွေးကျဆေးနှင့် အချို့ဆေးဝါးများ)

(၅) အလှကုန်ပစ္စည်းများနှင့် ဓာတ်မတည့်ခြင်း (ဆံပင်ဆိုးဆေး၊ ခေါင်းလိမ်းဆီ၊ ခေါင်းလျှော်ရည်)

(၆) အချို့သော ကာကွယ်ဆေးများကြောင့်ဖြစ်သော ဆံပင်ကျွတ်ခြင်း (အသည်းရောင် အသားဝါ “ဘီ”ကာကွယ်ဆေး)

(၇) ဆံပင်ဖြောင့်ခြင်း၊ ဆံပင်ကောက်ခြင်းစသည့် အခြေအနေများ

(၈) စိတ်ပိုင်းဆိုင်ရာပြဿနာများ (စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးမှုများခြင်း)

(၉) ကင်ဆာဆေးသွင်းခြင်းကြောင့် ဆံပင်ကျွတ်ခြင်းနှင့်

(၁၀) ကိုယ်ခံအားစနစ်ကမောက်ကမ ဖြစ်ခြင်းကြောင့်ဖြစ်သော ရုတ်တရက် ဆံပင်ကျွတ်ခြင်းတို့ကို အများဆုံး တွေ့ရလေ့ရှိသည်။

ဆံပင်ကျွတ်ခြင်းနှင့် ဆံပင်ပါးခြင်းတို့အတွက်
ဆံပင်ကျွတ်ခြင်းနှင့် ဆံပင်ပါးခြင်းတို့အတွက် ဆေးဝါးများအသုံးပြုခြင်းထက် သင့်တော်သော အစားအသောက် အနေအထိုင် ဂရုစိုက်ခြင်းကို ပိုမိုဂရုပြု လုပ်ဆောင် သင့်သည်။

သင့်တော်သော အစားအသောက်များ
(၁) အစိမ်းရင့်ရောင်ရှိသော အသီးအနှံများစားခြင်း
– ဘရိုကိုလီ၊ ကဇွန်းရွက်၊ ဆလတ်ရွက်

(၂) ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝသောအစားအသောက်များစားခြင်း
– ကြက်သွန်ဖြူ၊ အနက်ရောင်ချောကလက်၊ ဘယ်ရီသီးများ

(၃) ကျန်းမာရေးအတွက်သင့်တော်သော အဆီများစားခြင်း
– ငါးကြီးဆီ၊ အုန်းဆီ၊ သန်လွင်ဆီ စသည့်အဆီများ

(၄) အချဉ်ဖောက်ထားသော အစားအသောက်များစားခြင်း
– ကင်ချီ၊ ဒိန်ချဉ်နှင့် ဆားရည်စိမ်ထားသော အသီးများ

(၅) ကယ်ရိုတင်းပါသော အသီးအနှံများစားခြင်း
– မုန်လာဥနီ၊ ကဇွန်းဥ၊ ကိုက်လန်

(၆) အနီရောင်ရှိသော အသားများစားခြင်း
– အမဲသား၊ ဆိတ်သား၊ ဝက်သား စသည်တို့ကို စားသုံးပေးခြင်း

သင့်တော်သော နေထိုင်မှုပုံစံ
(၇) သန့်ရှင်းသောရေကို အသုံးပြုခြင်း
– သောက်ရေကိုသာမက ချိုးရေ၊ ခေါင်းလျှော်ရည်အတွက်လည်း သန့်ရှင်းသောရေကိုသာ အသုံးပြုသင့်သည်

(၈) နေ့ခင်းပိုင်းများတွင် နေရောင်ရသော နေရာတွင်နေထိုင်ခြင်း
– ဗိုက်တာမင် (D) ရစေနိုင်ပြီး ဆံပင်အတွက်သာမက အခြားသော ရောဂါများ ကိုပါ ကာကွယ်စေနိုင်သည်

(၉) ခေါင်းကို အများဆုံး တပတ်လျှင် အများဆုံးနှစ်ကြိမ်ခန့်သာ လျှော်ပေးခြင်း
– ခေါင်းလျှော်ခြင်းဖြင့် ဆံပင်အတွက်လိုအပ်သော သဘာဝအဆီများ လျော့နည်း သွားနိုင်သည့်အတွက် မကြာခဏခေါင်းလျှော်ခြင်းနှင့် ဓာတုဗေဒ ခေါင်းလျှော်ရည်များ အသုံးပြုခြင်းကို ရှောင်ကျဉ်သင့်သည်

(၁၀) ဆံပင်အတွက်အသုံးပြုသော အလှကုန်များတွင် သဘာဝပစ္စည်းများကိုသာ အသုံးပြုပေးခြင်း

ဓာတုပစ္စည်းအလှကုန်များ အသုံးပြုခြင်းကြောင့် ခဏတာ အဆင်ပြေစေ နိုင်သော်လည်း နောက်ဆက်တွဲဆံပင်ကျဲခြင်း၊ ဆံပင်ကျွတ်ခြင်းကို ဖြစ်ပေါ်ခံစား ရစေရုံသာမက ဓာတ်မတည့်ခြင်းနှင့် အခြားသော အရေပြားပြဿနာများကိုပါ ဖြစ်ပေါ် ခံစားရစေနိုင်သဖြင့် သဘာဝအတိုင်း ပြုလုပ်ထားသော  အလှကုန် ပစ္စည်းများကိုသာ အသုံးပြုသင့်သည်။

ဆံပင်ကျွတ်ခြင်းသည် ကုသမှုခံယူသင့်သော လက္ခဏာဖြစ်သည်။
အသက်အရွယ်ကြောင့်ဖြစ်သော ဆံပင်ကျွတ်ခြင်းများမှလွဲ၍ အခြားသော ဆံပင်ကျွတ်ခြင်းများအနေနှင့် အချိန်တန်လျှင် သူ့အလိုလို ဆံပင်များ ပြန်ပေါက်လာ နိုင်သည်။ ဆံပင်ကျွတ်ခြင်းသည် ရောဂါတမျိုးဆိုခြင်းထက် ရောဂါတခု၏ လက္ခဏာ တရပ်ဖြစ်နေနိုင်သဖြင့် ဆရာဝန်နှင့် တိုင်ပင်ပြသကာ ကုသမှုခံယူခြင်းကိုသာ အထူး ဂရုပြုလုပ်ဆောင်သင့်သည်။ ဆံပင်ကျွတ်ခြင်းများတွင် ဖြစ်ပွားရသော အကြောင်းရင်းကို လိုက်၍ လိုအပ်သော ကုသမှုခံယူမှသာ ဆံပင်ကျွတ်ခြင်းပြဿနာ သက်သာမည် ဖြစ်သဖြင့် နီးစပ်ရာ ဆရာဝန်(သို့) အရေပြား ဆရာဝန်နှင့် အမြန်ဆုံး ပြသပြီး လိုအပ်သော ကုသမှုခံယူသင့်သည်။

ဆံပင်ကျွတ်ခြင်းအတွက် အသုံးပြုနိုင်သော ဆေးဝါးများကို (သောက်ဆေး၊ လိမ်းဆေးများ) ဈေးကွက်အတွင်း အလွယ်တကူ ဝယ်ယူအသုံးပြုနိုင်သော်လည်း နောက်ဆက်တွဲပြဿနာများ များစွာ ဖြစ်ပွားနိုင်သည့်အတွက် ဆံပင်ပေါက်/ ဆံပင်သန်စေသော ဆေးဝါးများကို မိမိ သဘောဖြင်မိမိ ဝယ်ယူအသုံးပြုခြင်းမျိုး ရှောင်ကျဉ်သင့်ပြီး မည်သည့်ဆေးဝါးမဆို အသုံးမပြုမီ နားလည် တတ်ကျွမ်းသော ဆရာဝန်နှင့် ဦးစွာ တိုင်ပင်ရန်လိုသည်။

အရွယ်မတိုင်မီ ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးခြင်းပြဿနာ ကင်းဝေးကြပါစေ။

Previous Post

မီးဖွားပြီး ဝိတ်ပြန်ချကြမယ်

Next Post

ရာသီပန်းရဲ့ဒုက္ခ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
849
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
844
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရာသီပန်းရဲ့ဒုက္ခ

အမာရွတ်

ရဲယိုသီးအကြောင်းသိကောင်းစရာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.