fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

လူကြားထဲ တဂေ့ဂေ့နဲ့ ကြို့ထိုးတာ ရှက်စရာကြီး

112
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/02/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

တစ္ညေနခင္းတြင္ ဇီဝက ေဆးခန္းသို႔ အလြန္တရာ အေမးအျမန္း ထူလွေသာ ဝတ္ဆန္ဆိုသည့္ ကေလးမ ေပါက္ခ်လာျပန္ေခ်သည္ ။
ဇီဝက ။ ။ ကဲ ၊ဆိုစမ္းပါဦး ။မိဝတ္ဆန္ ။ ဒီတစ္ေခါက္ ဘာျဖစ္ျပန္သတုန္း ။

ဝတ္ဆန္။ ။ ဒီလို ဆရာေရ ။ညီမ ခုတေလာ တေဂ့ေဂ့နဲ႔ ႀကိဳ႕ထိုးေနတာ ။ အစားအေသာက္လည္း မမွားဘဲ ခုရက္ပိုင္း ႀကိဳ႕ထိုးတာ စိပ္ေနလို႔ ။ လူၾကားထဲလည္း ႀကိဳ႕ကထိုးေတာ့ သူမ်ားေတြကို အားနာလွပါရဲ႕ ။
ဇီဝက ။ ။ ျဖစ္ေနတာ ဘယ္ေလာက္ၾကာၿပီလဲ ၊ဝတ္ဆန္ ။ စျဖစ္စနဲ႔ တူူတူပဲလား ။
ဝတ္ဆန္။ ။ ၂ရက္ ၊၃ရက္ေလာက္ပဲ ရွိေသးတာပါ ၊ဆရာ ။ ပိုေတာ့ မဆိုးလာပါဘူး ၊ဆရာ ။အရင္ကနဲ႔ စရင္ အႀကိမ္ေရ နည္းနည္းစိပ္လာ႐ုံပါ ။

ဇီဝက ။ ။ ဘာလုပ္ရင္ ပိုဆိုးလဲ ဟ ။ ဥပမာ-အပူအစပ္စားရင္ ၊အခ်ိဳရည္ဘူးေတြ ေသာက္ရင္ ပိုျဖစ္လား ။
ဝတ္ဆန္။ ။ ညီမက နဂိုထဲက အပူအစပ္ႀကိဳက္တတ္တာပါ ဆရာ ။ ဟုတ္တယ္ ၊အခ်ိဳရည္ဘူးေတြကေတာ့ ခုရက္ပိုင္း ေသာက္ျဖစ္တယ္ ။ ရာသီဥတုက ပူတာနဲ႔ေလ အေအးေတြ ေသာက္ျဖစ္တယ္ ။ဆရာေျပာမွ သတိထားမိတယ္ ။

ဇီဝက ။ ။ ဘယ္လိုလုပ္ရင္ သက္သာလဲ ။
ဝတ္ဆန္။ ။ အိမ္က တိုက္တဲ့ ဗမာေဆး ေတြေသာက္ၾကည့္တယ္ ဆရာ ။ အရမ္းလည္း မထူးပါဘူး ။ဒါနဲ႔ မျဖစ္ေခ်ဘူး ဆိုၿပီး ဆရာ့ဆီ လာတာ ။
ဇီဝက။ ။ ခုတေလာ စိတ္ပင္ပန္းစရာ ၊စိတ္ညစ္စရာေတြရွိလား ။
ဝတ္ဆန္။ ။ နည္းနည္းပါးပါးေတာ့ ရွိတာေပ့ါ ဆရာရယ္ ။
ဇီဝက ။ ။ တျခားဘာျဖစ္ေသးလဲ ။
ဝတ္ဆန္ ။ ။ ဘာမွေတာ့ မျဖစ္ပါဘူး ၊ဆရာ ။
ဇီဝက ။ ။ မွန္းစမ္း ၊ၾကည့္ရေအာင္ ။

စမ္းသပ္ၿပီးေနာက္
ဝတ္ဆန္။ ။ ဘာျဖစ္တာလဲ ၊ဆရာ ။
ဇီဝက ။ ။ ေရာဂါႀကီးႀကီးမားမားေတာ့ မရွိပါဘူး ။ျဖစ္႐ိုးျဖစ္စဥ္ပါပဲ ။
ဝတ္ဆန္ ။ ။ ဟုတ္ ၊ေတာ္ေသးတာေပါ့ ။တစ္ခုခု ျဖစ္မွာ စိုးရိမ္ေနတာ ။ ဆရာ အခ်ိန္ရရင္ ၊ႀကိဳ႕က ဘာလို႔ထိုးတတ္တာလဲ ဆိုတာ ေျပာျပေပးပါလား ။

ဇီဝက ။ ။ ေအးပါ ၊ညည္းသိခ်င္သပါ့ဆိုလည္း ေျပာျပရတာေပါ့ ။ ႀကိဳ႕က ဘာလို႔ထိုးသလဲ ဆိုရင္ ငါတို႔ ရင္ေခါင္းပိုင္းနဲ႔ ဝမ္းဗိုက္ပိုင္း တို႔ကို ပိုင္းျခားထားေပးတဲ့ ဒိုင္ယာဖရမ္ Diaphragm ဆိုတဲ့ ဝမ္းေခါင္းႂကြက္သား က်ဳံ႔ညႇစ္လို႔ ျဖစ္တာေပါ့။ အခံရလည္း ခက္သဟ ။ႀကိဳ႕ဆက္တိုက္ထိုးရင္ အသက္ရွဴေတာင္
မလြယ္ဘူး။

ဝတ္ဆန္။ ။ ဟုတ္တယ္ ဆရာ ။ဝတ္ဆန္လည္း အေနရခက္တယ္။ ဒါဆို ဘာအေၾကာင္းေတြေၾကာင့္ ႀကိဳ႕က ထိုးရတာလဲ ၊ဆရာ။
ဇီဝက ။  ။ ေသခ်ာ တိက်ေျပာပါ့ေလာက္တဲ့ အေၾကာင္း မယ္မယ္ရရေတာ့ မရွိဘူးဟ။ အျဖစ္မ်ားတာကေတာ့ အစားစားရင္ျမန္တာ ၊အပူအစပ္ အစားမ်ား
တာ ၊ကာဗြန္ပါတဲ့ အေအးဘူးေတြ ေသာက္တာ ၊အရက္ေသာက္တာ စတာေတြေၾကာင့္ေပါ့ဟာ ။ တခ်ိဳ႕က်ေတာ့ ေဆးလိပ္ အရွဴမ်ားျခင္း ၊စိတ္ပိုင္းဆိုင္ရာ အေျပာင္းအလဲေတြေၾကာင့္ ျဖစ္တတ္ျပန္ေရာ ။ဥပမာ-စိတ္လႈပ္ရွားတာ ၊လန႔္တဲ့ အခါေတြေပါ့ဟာ ။

ဝတ္ဆန္။ ။ ဒါဆို ဘယ္အခ်ိန္မွာ သတိထားရမလဲ ၊ဆရာ ။
ဇီဝက ။ ။ အမ်ားအားျဖင့္ သူ႔ဘာသူ ျပန္ေပ်ာက္သြားတာခ်ည္းပါပဲ ။ ေအး ၊ဒါေပမယ့္ မၾကာခဏႀကိဳ႕ထိုးရင္တို႔ ၊၂၄နာရီ ဆက္ ႀကိဳ႕ဆက္တိုက္ ထိုးရင္တို႔ဆိုရင္ ေဆး႐ုံေဆးခန္း ျပသင့္တယ္ ။
ဝတ္ဆန္။ ။ ဆရာဝန္ မျပခင္ေရာ ကိုယ့္ဘာသာ သက္သာေအာင္ ဘယ္လို လုပ္ထားလို႔ ရလဲ ဆရာ ။

ဇီဝက ။ ။ ၁) အသက္ရွဴ ေအာင့္ႏိုင္သမွ် ေအာင့္ပါ ။ ဒါမွ မဟုတ္ရင္
၂) စကၠဴအိတ္ တစ္အိတ္ကို ႏွာေခါင္း နဲ႔ပါးစပ္ လုံေအာင္ပိတ္ၿပီး
အသက္ ရွဴသြင္း ရွဴထုတ္ လုပ္ပါ ။
၃) ေရခဲေရကို ၁၀-၁၅ မိနစ္ၾကာ တျဖည္းျဖည္းခ်င္း ေသာက္ပါ ။ ဒါမွ မဟုတ္ရင္
၄) ေရခဲတုံး ေသးေသးေလးေတြကို မ်ိဳခ်ပါ ။
၅) ဒူးနဲ႔ ရင္ဘတ္ထိတဲ့ အထိ ဒူးတုတ္ထိုင္ကာ ကိုယ္ကို ေရွ႕ကို ကိုင္းထားပါ ။

ဝတ္ဆန္။ ။ ဘယ္လိုကုသရမလဲ ၊ဆရာ ။
ဇီဝက ။ ။ အဓိက က အထက္ပါအတိုင္း အရင္လုပ္ ။ ႀကိဳ႕ထိုးေစတဲ့ အေၾကာင္းေတြကို ရွာကုရမွာေပါ့ ။ပိုဆိုးေစတဲ့ အစားအေသာက္ ၊အေနအထိုင္ေတြ ေရွာင္ေပါ့ကြာ ။ ေနာက္ၿပီးသက္သာေအာင္ ထိုးေဆး ၊ေသာက္ေဆးေတြ လိုတာေပါ့ ။ ညည္းလည္း ခုနေျပာသလိုေတြ လုပ္ ။ ေလာေလာဆယ္ ဆရာ ေသာက္ေဆးေတြ ေပးလိုက္မယ္ ။ ေနာက္ ၃ရက္ ၾကာရင္ ျပန္လာျပ ၊ဟုတ္ၿပီလား ။
ဝတ္ဆန္ ။ ။ ေက်းဇူးတင္ပါတယ္ ၊ဆရာ ။

ခုလို ညီမ သိလိုသမွ် စိတ္ရွည္ရွည္နဲ႔ ေျပာျပေပးလို႔ အရမ္းေက်းဇူးတင္ပါတယ္ေနာ္ ။ ဒါဆိုရင္ ေဆးယူၿပီး ျပန္ေတာ့မယ္ေနာ္ ၊ဆရာ ။
ဇီဝက ။ ။ ေအး ေအး ။

Author – ေခတ္သစ္ဇီဝက

(Unicode)

တစ်ညနေခင်းတွင် ဇီဝက ဆေးခန်းသို့ အလွန်တရာ အမေးအမြန်း ထူလှသော ဝတ်ဆန်ဆိုသည့် ကလေးမ ပေါက်ချလာပြန်ချေသည် ။
ဇီဝက ။ ။ ကဲ ၊ဆိုစမ်းပါဦး ။မိဝတ်ဆန် ။ ဒီတစ်ခေါက် ဘာဖြစ်ပြန်သတုန်း ။

ဝတ်ဆန်။ ။ ဒီလို ဆရာရေ ။ညီမ ခုတလော တဂေ့ဂေ့နဲ့ ကြို့ထိုးနေတာ ။ အစားအသောက်လည်း မမှားဘဲ ခုရက်ပိုင်း ကြို့ထိုးတာ စိပ်နေလို့ ။ လူကြားထဲလည်း ကြို့ကထိုးတော့ သူများတွေကို အားနာလှပါရဲ့ ။
ဇီဝက ။ ။ ဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ ၊ဝတ်ဆန် ။ စဖြစ်စနဲ့ တူူတူပဲလား ။
ဝတ်ဆန်။ ။ ၂ရက် ၊၃ရက်လောက်ပဲ ရှိသေးတာပါ ၊ဆရာ ။ ပိုတော့ မဆိုးလာပါဘူး ၊ဆရာ ။အရင်ကနဲ့ စရင် အကြိမ်ရေ နည်းနည်းစိပ်လာရုံပါ ။

ဇီဝက ။ ။ ဘာလုပ်ရင် ပိုဆိုးလဲ ဟ ။ ဥပမာ-အပူအစပ်စားရင် ၊အချိုရည်ဘူးတွေ သောက်ရင် ပိုဖြစ်လား ။
ဝတ်ဆန်။ ။ ညီမက နဂိုထဲက အပူအစပ်ကြိုက်တတ်တာပါ ဆရာ ။ ဟုတ်တယ် ၊အချိုရည်ဘူးတွေကတော့ ခုရက်ပိုင်း သောက်ဖြစ်တယ် ။ ရာသီဥတုက ပူတာနဲ့လေ အအေးတွေ သောက်ဖြစ်တယ် ။ဆရာပြောမှ သတိထားမိတယ် ။

ဇီဝက ။ ။ ဘယ်လိုလုပ်ရင် သက်သာလဲ ။
ဝတ်ဆန်။ ။ အိမ်က တိုက်တဲ့ ဗမာဆေး တွေသောက်ကြည့်တယ် ဆရာ ။ အရမ်းလည်း မထူးပါဘူး ။ဒါနဲ့ မဖြစ်ချေဘူး ဆိုပြီး ဆရာ့ဆီ လာတာ ။
ဇီဝက။ ။ ခုတလော စိတ်ပင်ပန်းစရာ ၊စိတ်ညစ်စရာတွေရှိလား ။
ဝတ်ဆန်။ ။ နည်းနည်းပါးပါးတော့ ရှိတာပေ့ါ ဆရာရယ် ။
ဇီဝက ။ ။ တခြားဘာဖြစ်သေးလဲ ။
ဝတ်ဆန် ။ ။ ဘာမှတော့ မဖြစ်ပါဘူး ၊ဆရာ ။
ဇီဝက ။ ။ မှန်းစမ်း ၊ကြည့်ရအောင် ။

စမ်းသပ်ပြီးနောက်

ဝတ်ဆန်။ ။ ဘာဖြစ်တာလဲ ၊ဆရာ ။
ဇီဝက ။ ။ ရောဂါကြီးကြီးမားမားတော့ မရှိပါဘူး ။ဖြစ်ရိုးဖြစ်စဉ်ပါပဲ ။
ဝတ်ဆန် ။ ။ ဟုတ် ၊တော်သေးတာပေါ့ ။တစ်ခုခု ဖြစ်မှာ စိုးရိမ်နေတာ ။ ဆရာ အချိန်ရရင် ၊ကြို့က ဘာလို့ထိုးတတ်တာလဲ ဆိုတာ ပြောပြပေးပါလား ။

ဇီဝက ။ ။ အေးပါ ၊ညည်းသိချင်သပါ့ဆိုလည်း ပြောပြရတာပေါ့ ။ ကြို့က ဘာလို့ထိုးသလဲ ဆိုရင် ငါတို့ ရင်ခေါင်းပိုင်းနဲ့ ဝမ်းဗိုက်ပိုင်း တို့ကို ပိုင်းခြားထားပေးတဲ့ ဒိုင်ယာဖရမ် Diaphragm ဆိုတဲ ဝမ်းခေါင်းကြွက်သား ကျုံ့ညှစ်လို့ ဖြစ်တာပေါ့။ အခံရလည်း ခက်သဟ ။ကြို့ဆက်တိုက်ထိုးရင် အသက်ရှူတောင် မလွယ်ဘူး။

ဝတ်ဆန်။ ။ ဟုတ်တယ် ဆရာ ။ဝတ်ဆန်လည်း အနေရခက်တယ်။ ဒါဆို ဘာအကြောင်းတွေကြောင့် ကြို့က ထိုးရတာလဲ ၊ဆရာ။
ဇီဝက ။  ။ သေချာ တိကျပြောပါ့လောက်တဲ့ အကြောင်း မယ်မယ်ရရတော့ မရှိဘူးဟ။ အဖြစ်များတာကတော့ အစားစားရင်မြန်တာ ၊အပူအစပ် အစားများ
တာ ၊ကာဗွန်ပါတဲ့ အအေးဘူးတွေ သောက်တာ ၊အရက်သောက်တာ စတာတွေကြောင့်ပေါ့ဟာ ။ တချို့ကျတော့ ဆေးလိပ် အရှူများခြင်း ၊စိတ်ပိုင်းဆိုင်ရာ အပြောင်း အလဲတွေကြောင့် ဖြစ်တတ်ပြန်ရော ။ဥပမာ-စိတ်လှုပ်ရှားတာ ၊လန့်တဲ့ အခါတွေပေါ့ဟာ ။

ဝတ်ဆန်။ ။ ဒါဆို ဘယ်အချိန်မှာ သတိထားရမလဲ ၊ဆရာ ။
ဇီဝက ။ ။ အများအားဖြင့် သူ့ဘာသူ ပြန်ပျောက်သွားတာချည်းပါပဲ ။ အေး ၊ဒါပေမယ့် မကြာခဏကြို့ထိုးရင်တို့ ၊၂၄နာရီ ဆက် ကြို့ဆက် တိုက် ထိုးရင်တို့ဆိုရင် ဆေးရုံဆေးခန်း ပြသင့်တယ် ။ ဝတ်ဆန်။ ။ ဆရာဝန် မပြခင်ရော ကိုယ့်ဘာသာ သက်သာအောင် ဘယ်လို လုပ်ထားလို့ ရလဲ ဆရာ ။

ဇီဝက ။ ။ ၁) အသက်ရှူ အောင့်နိုင်သမျှ အောင့်ပါ ။ ဒါမှ မဟုတ်ရင်
၂) စက္ကူအိတ် တစ်အိတ်ကို နှာခေါင်း နဲ့ပါးစပ် လုံအောင်ပိတ်ပြီး
အသက် ရှူသွင်း ရှူထုတ် လုပ်ပါ ။
၃) ရေခဲရေကို ၁၀-၁၅ မိနစ်ကြာ တဖြည်းဖြည်းချင်း သောက်ပါ ။ ဒါမှ မဟုတ်ရင်

၄) ရေခဲတုံး သေးသေးလေးတွေကို မျိုချပါ ။
၅) ဒူးနဲ့ ရင်ဘတ်ထိတဲ့ အထိ ဒူးတုတ်ထိုင်ကာ ကိုယ်ကို ရှေ့ကို ကိုင်းထားပါ ။
ဝတ်ဆန်။ ။ ဘယ်လိုကုသရမလဲ ၊ဆရာ ။
ဇီဝက ။ ။ အဓိက က အထက်ပါအတိုင်း အရင်လုပ် ။ ကြို့ထိုးစေတဲ့ အကြောင်းတွေကို ရှာကုရမှာပေါ့ ။ပိုဆိုးစေတဲ့ အစားအသောက် ၊အနေအထိုင်တွေ ရှောင်ပေါ့ကွာ ။ နောက်ပြီးသက်သာအောင် ထိုးဆေး ၊သောက်ဆေးတွေ လိုတာပေါ့ ။ ညည်းလည်း ခုနပြောသလိုတွေ လုပ် ။ လောလောဆယ် ဆရာ သောက်ဆေးတွေ ပေးလိုက်မယ် ။ နောက် ၃ရက် ကြာရင် ပြန်လာပြ ၊ဟုတ်ပြီလား ။
ဝတ်ဆန် ။ ။ ကျေးဇူးတင်ပါတယ် ၊ဆရာ ။

ခုလို ညီမ သိလိုသမျှ စိတ်ရှည်ရှည်နဲ့ ပြောပြပေးလို့ အရမ်းကျေးဇူးတင်ပါတယ်နော် ။ ဒါဆိုရင် ဆေးယူပြီး ပြန်တော့မယ်နော် ၊ဆရာ ။
ဇီဝက ။ ။ အေး အေး ။

Author – ခေတ်သစ်ဇီဝက

Previous Post

ဖြတ်မလားအရေပြား

Next Post

ကြွက်နို့နှင့်အစားအစာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
863
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကြွက်နို့နှင့်အစားအစာ

အၿငိမ္မေနတဲ့ေျခေထာက္

ချွေးတွေက ရွှဲရွှဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.