နှာရည်ယိုတာက နေ့စဉ်လူပ်ရှားမူတိုင်းအတွက် စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ တရွှဲရွှဲထွက်နေသောနှာရည်ကို တချိန်လုံးညှစ်ရသောကြောင့် နှာခေါင်းတစ်ခုလုံးနာ။ ခေါင်းတခုလုံးအုံနဲ့ လူလည်ဖျားချင်ချင်ဖြစ်လာပါတယ်။ နှာပိတ်နေလျှင် နှာရည်မထွက်ဘဲ နှာရည်ကပ်နေတတ်ပါတယ်။ နှာစေးသက်သာအောင် သက်သာစေဆေးတွေကလည်း အိပ်ချင်စိတ်ဖြစ်စေတာကြောင့် သောက်ရသိပ်အဆင်မပြေပါဘူး။ ဒါကြောင့် ယခုလို ဆောင်းရာသီမှာ နှာတရွှဲရွှဲ ဒါမှမဟုတ် နှာစေးနှာပိတ်ခြင်းကို အလွယ်တကူသက်သာစေသောနည်းလမ်းတွေကို ဝေမျှပေးလိုက်ပါတယ်
နှာရည်ယို နှာစေးခြင်းဖြစ်စေနိုင်သောအကြောင်းရင်းများ
-တုပ်ကွေးမိခြင်း
-ဓာတ်မတည့်ခြင်း
-ရာသီဥတုပြောင်းလဲခြင်းစသောအခြေအနေများဖြစ်ပါတယ်။ အချိန်မီမကုသပါက ချောင်းဆိုးခြင်း၊ နားကိုက်ခြင်း၊ ခေါင်းကိုက်ခြင်းစတဲ့ တခြားလက္ခဏာများဖြစ်လာနိုင်ပါတယ်။ အလွယ်တကူသက်သာစေတဲ့ဆေးဝါးတွေရှိပေမဲ့လည်း ဆိုးကျိုးအနေနဲ့ မူးဝေခြင်းကိုမခံစားနိုင်လျှင် အောက်ပါအိမ်တွင်းနည်းလမ်းတွေကိုအသုံးပြုပါ။
အိမ်တွင်းနည်းလမ်းများ
-ဆားရေနွေး
ဆားရေနွေးဟာ နှာရည်ယို နှာပိတ်ခြင်းအတွက်သက်သာစေတဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ ဆားရေနွေးဟာ နှာခေါင်းချွဲကပ်နေခြင်းကို ပျော်စေကာ အလွယ်ထွက်စေနိုင်ပါတယ်။ ဆားလက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ ရေနွေး၂ခွက်ထဲထည့်ဖျော်ကာ ဆားရေနွေးတစ်၂ စက်ကို နှာခေါင်းထဲအစက်ချပါ။ ဆားရေနွေးကို နှာခေါင်းထဲသို့ရူသွင်းပေးပါ။ နေ့စဉ်မကြာခဏလုပ်ပေးပါက အထူးသက်သာစေနိုင်ပါတယ်။
-ရေနွေးငွေ့ရူခြင်း
ရေနွေးငွေ့ရူုခြင်းသည် နှာပိတ်ခြင်း နှာချေခြင်းကို သက်သာစေပါတယ်။ အချွဲကပ်ခြင်းကို သက်သာစေပါတယ်။
ရေနွေးပူထဲကို ပရုပ်အနည်းငယ်ထွက်လာလျှင် အငွေ့ရူသွင်းပေးပါ။ နေ့စဉ်ပြုလုပ်ပေးပါက နှာပိတ်ခြင်းသက်သာစေပါတယ်။
-မုန့်ညင်းဆီ
မုန့်ညင်းဆီက ပိုးသေစေနိုင်တဲ့၊ ဓာတ်မတည့်မှုသက်သာစေနိုင်တဲ့အစွမ်းရှိပါတယ်။ ရေနွေးထဲကို မုန်ညင်းဆီထည့်ကာ နှာခေါင်းထဲသို့ ရေနွေးတစ်စက်နှစ်စက်ထည့်ပေးပါ။ နှာခေါင်းအတွင်းအချွဲပျော်ရျ် သက်သာစေပါတယ်။အဆိုပါမုန်ညင်းဆီရေနွေးငွေ့ကိုရှုပေးပါက အသက်ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာများသက်သာစေပါတယ်။
-နနွင်း
နနွင်းက ကျန်းမာရေးအတွက်သင့်တော်သတဲ့ဆေးဝါးတစ်လက်ပါ။ နနွင်းဟာ ဓာတ်တိုးဆန့်ကျင်နိုင်စွမ်း။ ပိုးသတ်ဆေးနိုင်တဲ့အစွမ်းနဲ့အရောင်ကျစေတဲ့အစွမ်းရှိပါတယ်။ နနွင်းမှုန့်ကို နှမ်းကြတ်ဆီနဲ့ရောပြီး အငွေ့ထွက်တဲ့ထိ အပူပေးပါ။ အဆိုပါအငွေ့ကို အထဲရောက်တဲ့အထိ ရှူက်ရှိုက်ပေးပါ။ အအေးမိနှာစေးခြင်းအတွက်အထူးသက်သာစေပါတယ်။ နနွင်းမှုန့်ကိုနွားနို့ပူပူနဲ့ ညအိပ်ခါနီးတိုင်းသောက်ပေးပါက အအေးမိ ချောင်းဆိုးနှာစေးခြင်းကို ကာကွယ်ပေးပါတယ်။
-ချင်း (ဂျင်း)
ချင်းမှာ ဓာတ်တိုးဆန့်ကျင်နိုင်စွမ်း၊ ပိုးသတ်ဆေးနိုင်တဲ့အစွမ်းနဲ့ အရောင်ကျစေတဲ့အစွမ်း၊ မှိုပိုးသေစေနိုင်တဲ့အစွမ်းရှိပါတယ်။ ချင်းကိုဆားနဲ့တို့ပြီး အနည်းငယ်စားပေးပါ။ ရေနွေးပူထဲသိုချင်းထည့်သောက်ပါ။ ချင်းပြုတ်ရည်အငွေ့ရှုပါ။ နှာရည်ယို နှာပိတ်ခြင်းအထူးသက်သာစေပါတယ်။
-ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာ ဓာတ်တိုးဆန့်ကျင်နိုင်စွမ်း၊ ပိုးသတ်ဆေးနိုင်တဲ့အစွမ်းနဲ့ အရောင်ကျစေတဲ့အစွမ်းရှိပါတယ်။ ကြက်သွန်ဖြူကိုရေနွေးပူပူထဲကိုပါးပါးလှီးကာစိမ်သောက်ပါ။ ကြက်သွန်ဖြူကို နေ့စဉ်စားပေးပါ။ တခြားသောကြက်သွန်ဖြူနဲ့ ပြုလုပ်ထားတဲ့ အစာအစားအစာတွေ စားပေးပါ။ ကြက်သွန်ဖြူဟာ နာရည်ယိုနှာပိတ်ခြင်းအတွက် အထူးသင့်လျော်ပါတယ်။
-ပျားရည်
ပျားရည်ဟာ ပိုးသေစေနိုင်တဲ့ အစွမ်းရှိပါတယ်။ ပျားရည်၂ ဇွန်း။ လိမ္မော်ရည်၂ဇွန်း နေ့စဉ်၂ကြိမ်သောက်ပါ။ ကိုယ်ခံအားကောင်းစေပြီး နှာစေးနှာပိတ်ခြင်းကင်းစင်ပါတယ်။
-ငရုတ်သီးမှုန့်
ငရုတ်သီးမူန့်ဟာ ဓာတ်မတည့်ခြင်းဖြစ်မှုကိုဆန့်ကျင်ကာ နှာခေါင်းပိတ်ခြင်းကို သက်သာစေပါတယ်။အစားအသောက်ထဲမှာ အနည်းငယ်စားပေးပါက နှာပိတ်ခြင်းသက်သာစေနိုင်ပါတယ်။
အထက်ပါနည်းလမ်းတွေ အသုံးပြုမယ်ဆိုလျှင် နှာရည်ယိုနှာပိတ်ခြင်းရက်အနည်းငယ်အတွင်းသက်သာစေနိုင်ပါတယ်။ နှာရည်ယို နှာပိတ်ခြင်းအပြင် ဖျားနာ၊ ချောင်းဆိုး၊ ကိုယ်လက်ကိုက်ခဲပါက နီးစပ်ရာဆရာဝန်နဲ့ ပြပါ။
Author: Dr. ပြည့်ရှင်း