fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

Myasthenia Gravis

197
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/08/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

Myasthenia Gravis

Myasthenia gravis ရောဂါက နာမည်ကို မြန်မာပြန်ဆိုထားတာမျိုးမရှိပါဘူး MG လို့ အတိုကောက်ခေါ်တတ်ကြပါတယ် MG ရောဂါက ရောဂါဆန်း အမျိုးအစားအုပ်စုထဲမှာ ပါပါတယ် ရောဂါဆန်းဆိုတဲ့အတိုင်းတော့ ဘာကြောင့်ဖြစ်ရတယ်ဘယ်လိုပျောက်အောင်ကုလို့ရလဲဆိုတာ မသိကြသေးပါဘူး
Myathenia ရောဂါက ဖြစ်ပြီဆိုရင် လူနာနဲ့ လူနာရှင်တွေ ဘေးလူတွေအတွက် အမြဲအမှတ်ရနေမယ့် ရောဂါအမျိုးအစားပါ ရောဂါ ဖြစ်တဲ့သူပတ်ဝန်းကျင်မှာတော့ ဒီရောဂါအကြောင်းကို သေချာသိနေတတ်ကြပါတယ် ရောဂါနဲ့ အလှမ်းဝေးတဲ့သူတွေကတော့ ကြားဖူးချင်မှ ကြားဖူးမှာပါ

Myasthenia gravis ရောဂါက autoimmune ရောဂါတွေထဲက တစ်ခုအပါအဝင်ပါ အာရုံကြောကနေ ကြွက်သားကိုသွားတဲ့ လမ်းကြောင်းအဆက်မှာ ကိုယ်ခန္ဓာထဲမှာရှိတဲ့ acetycholine receptor ကို တိုက်ခိုက်တဲ့ antibody ပေါ်နေတာကြောင့်ဖြစ်တာပါ ဘာကြောင့် antibody ပေါ်ရလဲဆိုတာ အကြောင်းမသိနိုင်ပါဘူး ဖြစ်ချင်တဲ့သူဖြစ်တာမျိုးပါအမျိုးသားရောအမျိုးသမီးရော MG ရောဂါဖြစ်နိုင်ပါတယ် အမျိုးသမီးတွေမှာတော့ အသက် ၃၀ ၃၅ ဝန်းကျင်တွေမှာစတွေ့ရတတ်ပြီး SLE, RA တို့လို တစ်ခြားသော Autoimmune ရောဂါတွေနဲ့ တွဲတာလည်း ရှိတတ်ပါတယ် အမျိုးသားတွေမှာတော့ အသက် ၅၀ကျော်မှာ စတွေ့ရတတ်ပါတယ် Myathenia ဖြစ်တဲ့လူနာတိုင်းကို Thymus လို့ခေါ်တဲ့ ရင်ဘတ်ထဲမှာရှိတဲ့အကျိတ်ကို စစ်ဆေးပေးဖို့လိုတတ်ပါတယ် အကျိတ်ကြီးတာတို့ ကင်ဆာတို့နဲ့ တွဲတတ်ပါတယ်

Myasthenia ရောဂါက ကြွက်သားတွေကိ အဓိက ထိခိုက်စေတဲ့ ရောဂါပါ ကြွက်သားအုပ်စုလိုက် ထိတတ်ပါတယ် ထိတဲ့နေရာမှာလည်း အစဉ်လိုက်အတိုင်းထိတာများပါတယ် မျက်လုံးဘေးကြွက်သားတွေ ပါးကြွက်သားတွေ မျက်နှာကြွက်သားတွေ လည်ပင်း ပခုံးနဲ့ တင်ပဆုံကြွက်သားတွေ ကိုယ်လုံးကြွက်သားတွေ စသဖြင့်ပါMG ရောဂါမှာ ကြွက်သားတွေထိတဲ့ ပုံစံက ညောင်းလာပြီး မတောင့်နိုင်ဘဲ ပျော့ကျလာတာမျိုးပါ တစ်နေကုန် မဖြစ်တတ်ပါဘူး ညနေစောင်းအချိန်တွေ ဒါမှမဟုတ် လှုပ်ရှားမှုများလိုက်ရင်ဖြစ်စေ ဖြစ်လာတတ်ပါတယ်

Myasthenia လူနာက စစချင်းမှာ အလိုလိုနေရင်း နုန်းနေတတ်တယ် ညောင်းနေတတ်တယ် အိပ်ငိုက်နေတတ်တယ် လက်တွေမြှောက်လို့မကောင်းဘူး ဘီးဖြီးတာ အဆင်မပြေဘူး ထိုင်ရာကထရတာအဆင်မပြေတာတွေဖြစ်လာတတ်တယ်မျက်ခွံလည်း တစ်ဖြည်းဖြည်း ကျလာတတ်တယ် မျက်လုံးအမြင်ကို တိုက်ရိုက်ထိတာမဟုတ်ပေမယ့် မျက်စိဘေးကြွက်သားတွေ ထိထားတာကြေင့် နှစ်ထပ်မြင်တာမျိုးတွေဖြစ်တတ်တယ် လူနာကိုအဝေးကြကြည့်လိုက်တာနဲ့ မဲ့ပြုံးပြုံးနေတယ် ထင်ရတတ်တယ် ပစ္စည်းသယ်ရတာတွေ အဆင်မပြေတာတွေဖြစ်လာတယ် ထိုင်ရာကထလို့အဆင်မပြေတာတွေ လမ်းလျှောက်လို့မကောင်းဘူးဖြစ်လာတတ်တယ်

အစာမြိုချခက်လာတယ် အစာနင်တာသီးတာတွေဖြစ်လာတတ်တယ် အသံလည်း တိုးဝင်သွားတတ်တယ် ပိုပိုဆိုးလာတာနဲ့အမျှ အသက်ရှူလမ်းကြောင်းကကြွက်သားတွေပါ ထိခိုက်လာတတ်တယ် အသက်ရှူရင်တရွှီရွှီမြည်လာနိုင်တယ် အသက်ရှူကျပ်လာတတ်တယ်ထူးခြားတာက Myasthenia ရောဂါက ထုံကျင်တာတွေ နာတာတွေ လုံးဝမခံစားရပါဘူး ကြွက်သားသီးသန့်ပဲထိတာပါMyasthenia က အစပိုင်းမှာတော့ ညနေစောင်းတွေ ကြွက်သားလှုပ်ရှားမှုများထားတာတွေမှာပိုဖြစ်ပေမယ့် နောက်ပိုင်းတွေမှာ ရောဂါလက္ခဏာတွေ တောက်လျှောက်ရှိနေတတ်ပါတယ်

Myathenia လူနာ တစ်ယောက် ထိုင်ရာက ထတော့မယ်ဆို ပုံမှန်လူတွေလို ချက်ချင်းထဖို့မလွယ်ပါဘူး ခြေကြွဖို့အားပြုဖို့သိပ်ခက်ပါတယ် လက်ကလည်း ကြွက်သားပျော့နေတော့လက်ထောက်မရနဲ့ မနည်းကုန်းရုန်းထရတာပါ ပြန်ထိုင်တဲ့အခါလည်း ခြေကိုဆန့်ပြီး ဖင်ထိုင်မယ့်နေရာကိုမှန်းပြီး အရှိန်နဲ့ ထိုင်ချကြရတာပါ ကြွက်သားကို တောင့်ပြီးလိုသလိုထိန်းချုပ်လို့ မရပါဘူးကိုယ်ဝန်ဆောင်မိတဲ့အခါ ရောဂါပိုးတစ်ခုခုဖြစ်တဲ့အခါ လှုပ်ရှားမှုတွေများတဲ့အခါ စိတ်ခံစားမှုတစ်ခုခုရှိတဲ့အခါ ရာသီဥတုအပြောင်းအလဲနဲ့ တစ်ချို့သောဆေးဝါးတွေက Myasthenia ရောဂါလက္ခဏာတွေကို ပိုဆိုးစေတတ်ပါတယ်

Myasthenia က ရောဂါလက္ခဏာအရ ဒီရောဂါလို့ ပြောလို့ရပေမယ့် antibody test တွေနဲ့ ပြန်ပြီးသေချာအောင်စစ်ကြပါတယ် အာရုံကြောကနေကြွက်သားဆီကိုသွားတဲ့ လ့ှုံဆော်မှုတွေကိုလည်းဘစစ်ဆေးလို့ရပါတယ် Myasthenia လို့ ရောဂါတပ်ထားရင်တော့ CT Scan ရိုက်ပြီး Thymic tumour တွေ ရှာကိုရှာထားရပါတယ်Myasthenia ရောဂါကပျောက်အောင်ကုလို့မရပေမယ့် ရောဂါလက္ခဏာတွေကို ကုပေးဖို့လိုပါတယ် မကုဘဲထားလိုက်ရင် လူနာအသက်အန္တရာယ်ထိခိုက်နိုင်ပါတယ် ရောဂါအတွက်ဆေးတွေအပြင် autoimmune ရောဂါတွေဖြစ်တာကြောင့် steroid ဆေးတွေနဲ့ တစ်ခြားသောဆေးပြင်းတွေလည်း ပါပါတယ် နောက်တစ်ခုကတော့ thymic tumour ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ ခွဲပြီးဖယ်ထုတ်လိုက်ခြင်းက Myasthenia ရောဂါလက္ခဏာတွေကို ထိန်းနိုင်စေရုံသာမကဘဲ ဆေးအပြင်းတွေလိုအပ်နေမှုကိုလည်း လျှော့ချပေးပါတယ်

Myasthenia တွေက အသက်ကြီးတဲ့အထိ ရောဂါလက္ခဏာတွေကို ထိန်းသွားလို့ရတာရှိသလို တစ်ချို့တွေမှာတော့ အသက်ရှူလမ်းကြောင်းကြွက်သားတွေ ပျော့လာတာကြောင့် အသက်အန္တရာယ်စိုရိမ်ရတာလည်း ရှိပါတယ် လိုအပ်ရင် အသက်ရှူစက်တပ်ရတာတွေ ဆေးတွေသွင်းပြီး အရေးပေါ်ကုရတာတွေလည်း ဖြစ်တတ်ပါတယ်Myasthenia Gravis

Myasthenia တွေက အသက်ကြီးတဲ့အထိ ရောဂါလက္ခဏာတွေကို ထိန်းသွားလို့ရတာရှိသလို တစ်ချို့တွေမှာတော့ အသက်ရှူလမ်းကြောင်းကြွက်သားတွေ ပျော့လာတာကြောင့် အသက်အန္တရာယ်စိုရိမ်ရတာလည်း ရှိပါတယ် လိုအပ်ရင် အသက်ရှူစက်တပ်ရတာတွေ ဆေးတွေသွင်းပြီး အရေးပေါ်ကုရတာတွေလည်း ဖြစ်တတ်ပါတယ်

Dr. CST

Previous Post

ကိုယ်ဝန်ဆောင်စဉ်လိင်ဆက်ဆံခြင်း

Next Post

မောင့်ပန်းမသေရဘူး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
865
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မောင့်ပန်းမသေရဘူး

G6PD Deficiency ရောဂါအကြောင်းသိကောင်းစရာ

ကလေးများနှင့် အာဟာရ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.