fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အာခြောက်ခြင်းအကြောင်း သိကောင်းစရာ

1.9k
VIEWS
Share on FacebookShare on TwitterShare on Linkedin
07/07/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

အာေျခာက္ျခင္းအေၾကာင္း သိေကာင္းစရာ

ကြၽႏု္ပ္တို႔ဆရာဝန္မ်ားထံသို႔ လူနာအမ်ားစုမ်ား ေဆးခန္းလာျပေသာအခါ အာေျခာက္ျခင္း၊ ပါးစပ္ေျခာက္ျခင္းစသည့္ ေရာဂါလကၡဏာမ်ားကို ေတြ႕ရေလ့ရိွပါတယ္။ ဒါေၾကာင့္ အာေျခာက္ျခင္းျဖစ္ရသည့္အေၾကာင္းရင္းမ်ားနဲ႔ ေဆာင္ရန္ေရွာင္ရန္ေလးေတြကို ေျပာျပေပးလိုပါတယ္။ အာေျခာက္ျခင္းျဖစ္ရျခင္းမွာ ကြၽႏု္ပ္တို႔ ပါးစပ္ထဲရိွ တံေတြးဂလင္း(salivary gland)မွ ပါးစပ္ႏွင့္ အာေခါင္စိုစြတ္ေစသည္အထိ လံုေလာက္ေသာ တံေတြးပမာဏကို မထုတ္ႏိုင္ျခင္းေၾကာင့္ျဖစ္ပါတယ္။ ထို႔အျပင္ တစ္ခ်ဳိ႕ေသာ ေဆးဝါးမ်ားေသာက္သံုးေနျခင္း၊ ကင္ဆာေဆးမ်ားေသာက္ေနျခင္းႏွင့္ တံေတြးဂလင္းမ်ားကို တိုက္႐ိုက္ထိခိုက္ေစေသာေရာဂါမ်ားရိွေနျခင္းေၾကာင့္လည္း ျဖစ္ႏိုင္ပါေသးတယ္။

ကြၽႏု္ပ္တို႔ ပါးစပ္ထဲရိွ တံေတြး(သြားရည္)သည္ ဘက္တီးရီးယားပိုးမ်ားမွထုတ္သည့္ အက္ဆစ္မ်ားျဖင့္ သြားမ်ားကိုပ်က္စီးေစသည့္အႏၲရာယ္မွ ကာကြယ္ေပးႏိုင္ပါတယ္။ ထိုမွ်သာမက အစားအစာမ်ား၏ အရသာကို ေကာင္းမြန္စြာသိရိွေစျခင္း၊ အစာစားရာတြင္ လြယ္ကူစြာ ဝါးႏိုင္ေစရန္ႏွင့္ အစာမ်ားကို ၿမိဳခ်ႏို္င္ေစရန္ကူညီေပးပါေသးတယ္။ တံေတြးထဲမွထြက္လာေသာ အင္ဇိုင္း(enzymes)မ်ားကလည္း အစာေခ်လြယ္ကူေစရန္ ကူညီေပးႏိုင္ပါတယ္။

ဒါ့ေၾကာင့္မို႔ ပါးစပ္ထဲတြင္ တံေတြးနည္း၍ အာေျခာက္ျခင္းျဖစ္ေပၚလွ်င္ စိတ္အေႏွာင့္အယွက္ျဖစ္ျခင္း၊ မအီမသာျဖစ္ျခင္းတို႔မွစ၍ သင့္ရဲ႕က်န္းမာေရးႏွင့္ သြားႏွင့္ခံတြင္းက်န္းမာေရးကို ထိခိုက္ေစပါတယ္။ အစားအေသာက္ပ်က္လာၿပီး အစားအစာမ်ားကို အရသာခံႏိုင္စြမ္းလည္း ေလ်ာ့နည္းလာႏိုင္ပါတယ္။
သင္၏ပါးစပ္ထဲတြင္ တံေတြးနည္းလာျခင္း(သို႔)အာေျခာက္ျခင္းေၾကာင့္ ျဖစ္လာႏိုင္ေသာ ေရာဂါလကၡဏာမ်ားကိုလည္း သိထားသင့္ပါတယ္။ ၎တို႔မွာ-
– ပါးစပ္ထဲတြင္ ေစးကပ္ကပ္ျဖစ္ေနျခင္း၊
– တံေတြးမ်ား ထူပ်စ္ပ်စ္ျဖစ္ေနျခင္း၊
– ပါးစပ္ခါးျခင္း၊
– အစာဝါးျခင္း၊ အစာျမဳိခ်ျခင္း၊ စကားေျပာဆိုျခင္းတို႔တြင္ အခက္အခဲျဖစ္ေနျခင္း၊
– လည္ေခ်ာင္းနာျခင္း၊ အသံကြဲအက္ျခင္း၊
– လွ်ာေျခာက္၍ကြဲျခင္း၊
– အစားအစာကို အရသာခံႏိုင္စြမ္း ေလ်ာ့နည္းလာျခင္းႏွင့္
– လူႀကီးမ်ားတြင္ သြားတုစြပ္ရာ၌ အခက္အခဲျဖစ္ေနျခင္း စသည့္လကၡဏာမ်ား ျဖစ္ေပၚတတ္ပါတယ္။

ဒါ့အျပင္ အာေျခာက္ျခင္းေၾကာင့္ မိန္းကေလးမ်ား ႏႈတ္ခမ္းနီးဆိုးရာတြင္ သြားမွာလည္း ႏႈတ္ခမ္းနီေလးေတြကပ္ေနတတ္ပါတယ္။ ဒါကေတာ့ မိန္းကေလးမ်ား သိထားသင့္တဲ့အေရးႀကီးတဲ့ အခ်က္ပါေနာ္။

ဒီလို အာေျခာက္ျခင္းကို ျဖစ္ေစတတ္တဲ့ အေၾကာင္းအရာေလးေတြကိုလည္း ေျပာျပေပးလိုပါတယ္။

– ေဆးဝါးမ်ား
တစ္ခ်ဳိ႕ေသာ ေဆးေတာ္ေတာ္မ်ားမ်ားသည္ အာေျခာက္ျခင္းကိုျဖစ္ေစပါတယ္။ အထူးသျဖင့္ ေသြးတိုးေရာဂါတြင္သံုးေသာေဆးမ်ား၊ တစ္ခ်ဳိ႕ေသာ အကိုက္အခဲေပ်ာက္ေဆးမ်ား၊ တစ္ခ်ဳိ႕ေသာ ေခ်ာင္းဆိုးႏွာေစးေပ်ာက္ေဆးမ်ား၊ စိတ္က်ေရာဂါတြင္သံုးေသာေဆးမ်ား အစရိွသည့္ေဆးဝါးမ်ားေသာက္သံုးျခင္းေၾကာင့္လည္း အာေျခာက္ျခင္းကိုျဖစ္ေစႏိုင္ပါတယ္။ ထို႔ေၾကာင့္ ေဆးဝါးမ်ားမေသာက္သံုးမီ ဆရာဝန္မ်ားႏွင့္ ေသခ်ာတိုင္ပင္ေဆြးေႏြးဖို႔လိုအပ္ပါတယ္။

– ေနာက္တစ္ခ်က္အေနနဲ႔ အသက္အရြယ္ႀကီးလာတာနဲ႔အမွ် အာေျခာက္ျခင္းမွာလည္း မၾကာခဏျဖစ္ေပၚတတ္ပါတယ္။ လူႀကီးမ်ားတြင္ ေရာဂါတစ္မ်ဳိးမ်ဳိးေၾကာင့္ ေဆးဝါးမ်ား ေသာက္သံုးေနရျခင္းအျပင္ နာတာရွည္ေရာဂါေဝဒနာေၾကာင့္ေသာ္လည္းေကာင္း၊ အာဟာရမျပည့္ဝေသာေၾကာင့္လည္းေကာင္း အာေျခာက္ျခင္းမွာ မၾကာခဏဆိုသလိုျဖစ္ေပၚႏိုင္ပါတယ္။

– ကင္ဆာေဆးဝါးမ်ား
ကင္ဆာေရာဂါခံစားေနရသူမ်ားမွာလည္း အာေျခာက္ျခင္းျဖစ္ႏိုင္ပါတယ္။ ကင္ဆာေဆးမ်ားသြင္းေနရျခင္း၊ ကင္ဆာေဆးဝါးမ်ားေသာက္သံုးေနရျခင္းတို႔ေၾကာင့္ တံေတြးပမာဏကိုေလ်ာ့နည္းေစပါတယ္။ ဒါဟာ ခဏမွ်သာျဖစ္ပါတယ္။ ေဆးကုသမႈခံယူၿပီးသည့္ေနာက္ပိုင္းတြင္ ပံုမွန္အေနအထားသို႔ ျပန္လည္ေရာက္ရိွႏိုင္ပါတယ္။ ဓာတ္ေရာင္ျခည္ကုထံုးျဖင့္ ဦးေခါင္းႏွင့္ လည္ပင္းေနရာတို႔ကို ကုသျခင္းေၾကာင့္ တံေတြးဂလင္းမ်ား ပ်က္စီးေစႏိုင္ၿပီး တံေတြးထုတ္လုပ္မႈပမာဏကိုလည္း ေလ်ာ့နည္းေစႏိုင္ပါတယ္။ ဒီလိုျဖစ္ရျခင္းမွာ ခဏတာမွ်ျဖစ္ႏိုင္ေသာ္လည္း တစ္သက္လံုးျဖစ္သြားတဲ့အထိလည္း ဆိုးရြားႏိုင္ပါတယ္။ ဓာတ္ေရာင္ျခည္ျဖင့္ကုသရေသာ ကာလႏွင့္ ဓာတ္ေရာင္ျခည္သင့္သည့္ေနရာအေနအထားတို႔ေပၚတြင္ သက္ဆိုင္ပါတယ္။

– တစ္ခ်ဳိ႕ေသာေရာဂါမ်ားျဖစ္သည့္ ဆီးခ်ဳိေသြးခ်ဳိေရာဂါ၊ ေလျဖတ္ျခင္းႏွင့္ တျခားဦးေႏွာက္ႏွင့္ အာ႐ံုေၾကာဆိုင္ရာေရာဂါမ်ား၊ ခုခံအားက်ဆင္းမႈကူးစက္ေရာဂါ စသည့္ေရာဂါေဝဒနာမ်ား ခံစားေနရသူမ်ားတြင္လည္း အာေျခာက္ျခင္းျဖစ္ေပၚႏိုင္ပါေသးတယ္။

– ေရာဂါမ်ားအျပင္ ေဆးလိပ္ေသာက္ျခင္း၊ အရက္ေသာက္ျခင္းႏွင့္ မူးယစ္ေဆးဝါးသံုးစြဲျခင္းတို႔သည္လည္း အာေျခာက္ျခင္းကို ျဖစ္ေပၚေစႏိုင္ေသာ အေၾကာင္းအရာမ်ားျဖစ္ပါတယ္။

အာေျခာက္ျခင္းေၾကာင့္ ျဖစ္ေပၚႏိုင္ေသာ ေေနာက္ဆက္တြဲဆိုးက်ဳိးမ်ားမွာ-
– သြားႏွင့္ခံတြင္း ပ်က္စီးေစျခင္း
– ပါးစပ္တြင္ အနာမ်ားေပါက္ျခင္း၊ မက္ခ႐ုေပါက္ျခင္း
– လည္ေခ်ာင္းနာျခင္း၊ အသံကြဲျခင္းႏွင့္ ပါးေစာင္ကြဲျခင္း၊ လွ်ာကြဲျခင္း
– အစာဝါးျခင္းႏွင့္ အစာၿမိဳခ်ရာတြင္ ျပႆနာရိွေနျခင္းေၾကာင့္ အစာမစားႏိုင္ေတာ့ဘဲ အာဟာရခ်ဳိ႕တဲ့လာျခင္း စသည့္ဆိုးက်ဳိးမ်ား ခံစားရေစပါတယ္။

ထိုသို႔ အာေျခာက္ျခင္းေဝဒနာမခံစားရေလေအာင္ ေဆာင္ရန္၊ ေရွာင္ရန္နည္းလမ္းမ်ားကိုလည္း မမွတ္သားေစခ်င္ပါတယ္။

– အာေျခာက္ျခင္းျဖစ္ေပၚေစႏိုင္ေသာေဆးမ်ားကိုေရွာင္ပါ။ ဆရာဝန္ၫႊန္ၾကားခ်က္ျဖင့္သာ ေဆးဝါးမ်ားကို ေသာက္သံုးသင့္ပါတယ္။
– ပါးစပ္ေဆးရည္မ်ားကို သံုး၍ ပလုတ္က်င္းေပးပါ။ sodium fluoride, glycerin စသည္တို႔ပါေသာ ပါးစပ္ေဆးရည္မ်ားကို ေရြးခ်ယ္ အသံုးျပဳပါ။
– fluorideပါေသာ သြားတိုက္ေဆးကို ေရြးခ်ယ္၍ တစ္ေန႔၂ႀကိမ္ သြားတိုက္ေပးပါ။
– ေရမ်ားမ်ားေသာက္ပါ။ သၾကားမပါေသာ အခ်ဳိရည္မ်ားကို ေသာက္သံုးႏိုင္ပါတယ္။ ေရမ်ားမ်ားေသာက္ျခင္းျဖင့္ အစာမ်ားကို လြယ္လြယ္ကူကူဝါးႏိုင္သည့္အျပင္ လြယ္ကူစြာ ၿမိဳခ်ႏိုင္ပါတယ္။
– သၾကားမပါေသာ ပီေက၊ သၾကားလံုးစသည္တို႔ကို စားသံုးႏိုင္ပါတယ္။ ခံတြင္းသန္႔ရွင္းေရးကို အေထာက္အကူျပဳပါတယ္။
– ႏႈတ္ခမ္းအက္ကြဲျခင္းမျဖစ္ရေလေအာင္ အဆီပါေသာ ႏႈတ္ခမ္းနီကို ဆိုးေပးႏိုင္ပါတယ္။
– အရက္၊ ေဆးလိပ္၊ ကြမ္းယာႏွင့္ ကဖိ္န္းဓာတ္ပါေသာ ေကာ္ဖီႏွင့္အခ်ဳိရည္မ်ားကို ေသာက္သံုးျခင္းမွ ေရွာင္ၾကဥ္ပါ။
– ႏွာေစး၊ ေခ်ာင္းဆိုးေပ်ာက္ေဆးမ်ားကို မိမိဘာသာဝယ္၍ ေသာက္သံုးျခင္းမွ ေရွာင္ၾကဥ္ပါ။
က်န္းမာေပ်ာ္ရႊင္၍ လွပေသာ သြားေလးမ်ား ပိုင္ဆိုင္ၾကပါေစ။

Dr.သီတာလိႈင္(ေဆး-၂)

(Unicode)

အာခြောက်ခြင်းအကြောင်း သိကောင်းစရာ

ကျွနု်ပ်တို့ဆရာဝန်များထံသို့ လူနာအများစုများ ဆေးခန်းလာပြသောအခါ အာခြောက်ခြင်း၊ ပါးစပ်ခြောက်ခြင်းစသည့် ရောဂါလက္ခဏာများကို တွေ့ရလေ့ရှိပါတယ်။ ဒါကြောင့် အာခြောက်ခြင်းဖြစ်ရသည့်အကြောင်းရင်းများနဲ့ ဆောင်ရန်ရှောင်ရန်လေးတွေကို ပြောပြပေးလိုပါတယ်။ အာခြောက်ခြင်းဖြစ်ရခြင်းမှာ ကျွနု်ပ်တို့ ပါးစပ်ထဲရှိ တံတွေးဂလင်း(salivary gland)မှ ပါးစပ်နှင့် အာခေါင်စိုစွတ်စေသည်အထိ လုံလောက်သော တံတွေးပမာဏကို မထုတ်နိုင်ခြင်းကြောင့်ဖြစ်ပါတယ်။ ထို့အပြင် တစ်ချို့သော ဆေးဝါးများသောက်သုံးနေခြင်း၊ ကင်ဆာဆေးများသောက်နေခြင်းနှင့် တံတွေးဂလင်းများကို တိုက်ရိုက်ထိခိုက်စေသောရောဂါများရှိနေခြင်းကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။

ကျွနု်ပ်တို့ ပါးစပ်ထဲရှိ တံတွေး(သွားရည်)သည် ဘက်တီးရီးယားပိုးများမှထုတ်သည့် အက်ဆစ်များဖြင့် သွားများကိုပျက်စီးစေသည့်အန္တရာယ်မှ ကာကွယ်ပေးနိုင်ပါတယ်။ ထိုမျှသာမက အစားအစာများ၏ အရသာကို ကောင်းမွန်စွာသိရှိစေခြင်း၊ အစာစားရာတွင် လွယ်ကူစွာ ဝါးနိုင်စေရန်နှင့် အစာများကို မြိုချနိုင်စေရန်ကူညီပေးပါသေးတယ်။ တံတွေးထဲမှထွက်လာသော အင်ဇိုင်း(enzymes)များကလည်း အစာချေလွယ်ကူစေရန် ကူညီပေးနိုင်ပါတယ်။

ဒါ့ကြောင့်မို့ ပါးစပ်ထဲတွင် တံတွေးနည်း၍ အာခြောက်ခြင်းဖြစ်ပေါ်လျှင် စိတ်အနှောင့်အယှက်ဖြစ်ခြင်း၊ မအီမသာဖြစ်ခြင်းတို့မှစ၍ သင့်ရဲ့ကျန်းမာရေးနှင့် သွားနှင့်ခံတွင်းကျန်းမာရေးကို ထိခိုက်စေပါတယ်။ အစားအသောက်ပျက်လာပြီး အစားအစာများကို အရသာခံနိုင်စွမ်းလည်း လျော့နည်းလာနိုင်ပါတယ်။
သင်၏ပါးစပ်ထဲတွင် တံတွေးနည်းလာခြင်း(သို့)အာခြောက်ခြင်းကြောင့် ဖြစ်လာနိုင်သော ရောဂါလက္ခဏာများကိုလည်း သိထားသင့်ပါတယ်။ ၎င်းတို့မှာ-
– ပါးစပ်ထဲတွင် စေးကပ်ကပ်ဖြစ်နေခြင်း၊
– တံတွေးများ ထူပျစ်ပျစ်ဖြစ်နေခြင်း၊
– ပါးစပ်ခါးခြင်း၊
– အစာဝါးခြင်း၊ အစာမြိုချခြင်း၊ စကားပြောဆိုခြင်းတို့တွင် အခက်အခဲဖြစ်နေခြင်း၊
– လည်ချောင်းနာခြင်း၊ အသံကွဲအက်ခြင်း၊
– လျှာခြောက်၍ကွဲခြင်း၊
– အစားအစာကို အရသာခံနိုင်စွမ်း လျော့နည်းလာခြင်းနှင့်
– လူကြီးများတွင် သွားတုစွပ်ရာ၌ အခက်အခဲဖြစ်နေခြင်း စသည့်လက္ခဏာများ ဖြစ်ပေါ်တတ်ပါတယ်။

ဒါ့အပြင် အာခြောက်ခြင်းကြောင့် မိန်းကလေးများ နှုတ်ခမ်းနီးဆိုးရာတွင် သွားမှာလည်း နှုတ်ခမ်းနီလေးတွေကပ်နေတတ်ပါတယ်။ ဒါကတော့ မိန်းကလေးများ သိထားသင့်တဲ့အရေးကြီးတဲ့ အချက်ပါနော်။

ဒီလို အာခြောက်ခြင်းကို ဖြစ်စေတတ်တဲ့ အကြောင်းအရာလေးတွေကိုလည်း ပြောပြပေးလိုပါတယ်။

– ဆေးဝါးများ
တစ်ချို့သော ဆေးတော်တော်များများသည် အာခြောက်ခြင်းကိုဖြစ်စေပါတယ်။ အထူးသဖြင့် သွေးတိုးရောဂါတွင်သုံးသောဆေးများ၊ တစ်ချို့သော အကိုက်အခဲပျောက်ဆေးများ၊ တစ်ချို့သော ချောင်းဆိုးနှာစေးပျောက်ဆေးများ၊ စိတ်ကျရောဂါတွင်သုံးသောဆေးများ အစရှိသည့်ဆေးဝါးများသောက်သုံးခြင်းကြောင့်လည်း အာခြောက်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ ထို့ကြောင့် ဆေးဝါးများမသောက်သုံးမီ ဆရာဝန်များနှင့် သေချာတိုင်ပင်ဆွေးနွေးဖို့လိုအပ်ပါတယ်။

– နောက်တစ်ချက်အနေနဲ့ အသက်အရွယ်ကြီးလာတာနဲ့အမျှ အာခြောက်ခြင်းမှာလည်း မကြာခဏဖြစ်ပေါ်တတ်ပါတယ်။ လူကြီးများတွင် ရောဂါတစ်မျိုးမျိုးကြောင့် ဆေးဝါးများ သောက်သုံးနေရခြင်းအပြင် နာတာရှည်ရောဂါဝေဒနာကြောင့်သော်လည်းကောင်း၊ အာဟာရမပြည့်ဝသောကြောင့်လည်းကောင်း အာခြောက်ခြင်းမှာ မကြာခဏဆိုသလိုဖြစ်ပေါ်နိုင်ပါတယ်။

– ကင်ဆာဆေးဝါးများ
ကင်ဆာရောဂါခံစားနေရသူများမှာလည်း အာခြောက်ခြင်းဖြစ်နိုင်ပါတယ်။ ကင်ဆာဆေးများသွင်းနေရခြင်း၊ ကင်ဆာဆေးဝါးများသောက်သုံးနေရခြင်းတို့ကြောင့် တံတွေးပမာဏကိုလျော့နည်းစေပါတယ်။ ဒါဟာ ခဏမျှသာဖြစ်ပါတယ်။ ဆေးကုသမှုခံယူပြီးသည့်နောက်ပိုင်းတွင် ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိနိုင်ပါတယ်။ ဓာတ်ရောင်ခြည်ကုထုံးဖြင့် ဦးခေါင်းနှင့် လည်ပင်းနေရာတို့ကို ကုသခြင်းကြောင့် တံတွေးဂလင်းများ ပျက်စီးစေနိုင်ပြီး တံတွေးထုတ်လုပ်မှုပမာဏကိုလည်း လျော့နည်းစေနိုင်ပါတယ်။ ဒီလိုဖြစ်ရခြင်းမှာ ခဏတာမျှဖြစ်နိုင်သော်လည်း တစ်သက်လုံးဖြစ်သွားတဲ့အထိလည်း ဆိုးရွားနိုင်ပါတယ်။ ဓာတ်ရောင်ခြည်ဖြင့်ကုသရသော ကာလနှင့် ဓာတ်ရောင်ခြည်သင့်သည့်နေရာအနေအထားတို့ပေါ်တွင် သက်ဆိုင်ပါတယ်။

– တစ်ချို့သောရောဂါများဖြစ်သည့် ဆီးချိုသွေးချိုရောဂါ၊ လေဖြတ်ခြင်းနှင့် တခြားဦးနှောက်နှင့် အာရုံကြောဆိုင်ရာရောဂါများ၊ ခုခံအားကျဆင်းမှုကူးစက်ရောဂါ စသည့်ရောဂါဝေဒနာများ ခံစားနေရသူများတွင်လည်း အာခြောက်ခြင်းဖြစ်ပေါ်နိုင်ပါသေးတယ်။

– ရောဂါများအပြင် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းတို့သည်လည်း အာခြောက်ခြင်းကို ဖြစ်ပေါ်စေနိုင်သော အကြောင်းအရာများဖြစ်ပါတယ်။

အာခြောက်ခြင်းကြောင့် ဖြစ်ပေါ်နိုင်သော ေနောက်ဆက်တွဲဆိုးကျိုးများမှာ-
– သွားနှင့်ခံတွင်း ပျက်စီးစေခြင်း
– ပါးစပ်တွင် အနာများပေါက်ခြင်း၊ မက်ခရုပေါက်ခြင်း
– လည်ချောင်းနာခြင်း၊ အသံကွဲခြင်းနှင့် ပါးစောင်ကွဲခြင်း၊ လျှာကွဲခြင်း
– အစာဝါးခြင်းနှင့် အစာမြိုချရာတွင် ပြဿနာရှိနေခြင်းကြောင့် အစာမစားနိုင်တော့ဘဲ အာဟာရချို့တဲ့လာခြင်း စသည့်ဆိုးကျိုးများ ခံစားရစေပါတယ်။

ထိုသို့ အာခြောက်ခြင်းဝေဒနာမခံစားရလေအောင် ဆောင်ရန်၊ ရှောင်ရန်နည်းလမ်းများကိုလည်း မမှတ်သားစေချင်ပါတယ်။

– အာခြောက်ခြင်းဖြစ်ပေါ်စေနိုင်သောဆေးများကိုရှောင်ပါ။ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ ဆေးဝါးများကို သောက်သုံးသင့်ပါတယ်။
– ပါးစပ်ဆေးရည်များကို သုံး၍ ပလုတ်ကျင်းပေးပါ။ sodium fluoride, glycerin စသည်တို့ပါသော ပါးစပ်ဆေးရည်များကို ရွေးချယ် အသုံးပြုပါ။
– fluorideပါသော သွားတိုက်ဆေးကို ရွေးချယ်၍ တစ်နေ့၂ကြိမ် သွားတိုက်ပေးပါ။
– ရေများများသောက်ပါ။ သကြားမပါသော အချိုရည်များကို သောက်သုံးနိုင်ပါတယ်။ ရေများများသောက်ခြင်းဖြင့် အစာများကို လွယ်လွယ်ကူကူဝါးနိုင်သည့်အပြင် လွယ်ကူစွာ မြိုချနိုင်ပါတယ်။
– သကြားမပါသော ပီကေ၊ သကြားလုံးစသည်တို့ကို စားသုံးနိုင်ပါတယ်။ ခံတွင်းသန့်ရှင်းရေးကို အထောက်အကူပြုပါတယ်။
– နှုတ်ခမ်းအက်ကွဲခြင်းမဖြစ်ရလေအောင် အဆီပါသော နှုတ်ခမ်းနီကို ဆိုးပေးနိုင်ပါတယ်။
– အရက်၊ ဆေးလိပ်၊ ကွမ်းယာနှင့် ကဖိန်းဓာတ်ပါသော ကော်ဖီနှင့်အချိုရည်များကို သောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ။
– နှာစေး၊ ချောင်းဆိုးပျောက်ဆေးများကို မိမိဘာသာဝယ်၍ သောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ။
ကျန်းမာပျော်ရွှင်၍ လှပသော သွားလေးများ ပိုင်ဆိုင်ကြပါစေ။

Dr.သီတာလှိုင်(ဆေး-၂)

Previous Post

ရာသီပျောက်သွားခြင်း ပြဿနာ

Next Post

ဒေါင်းရောဂါအကြောင်းအပိုင်း၁ Down Syndrome ဆိုတာဘာလဲ နဲ့ သူရဲ့လက္ခဏာများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
852
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
844
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဒေါင်းရောဂါအကြောင်းအပိုင်း၁ Down Syndrome ဆိုတာဘာလဲ နဲ့ သူရဲ့လက္ခဏာများ

ငယ္ငယ္ေလးနဲ႔ ေသြးတိုးခဲ့ရင္

ပေါင်ချိန်တက်စေသော မနက်ခင်းအပြုအမူ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.