fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

လိင်လမ်းရေယုံ အကြောင်းသိကောင်းစရာ

634
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/07/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A


လိင်လမ်း ရေယုံဆိုတာဘာလဲ?
-လိင်လမ်းရေယုံဆိုတာ လိင်မှတဆင့်ကူးစက်တတ်သောရောဂါဖြစ်ပါတယ်။ နာကျင်စေသော ရေယုံဖုလေးများ ပေါက်စေတတ်သော ရောဂါဖြစ်ပြီး WHO စစ်တမ်းများ အရ အသက် ၁၄ မှ ၄၉ နှစ်ရှိသော လူများ၏ ၁၆ ရာခိုင်နှုန်းမှာ လိင်လမ်းရေယုံဖြစ်ပွားနေကြောင်းတွေ့ရပါတယ်။

-လိင်လမ်းရေယုံ ဖြစ်စေသော ဗိုင်းရပ်စ် ၂ မျိုးရှိပါတယ်။ HSV-1 နှင့် HSV-2 တို့ဖြစ်ပါတယ်။ အဆိုပါဗိုင်းရပ်စ်များမှာ ခန္တာကိုယ်ရှိ အကျိအချွဲ အလွှာ (လိင်အင်္ဂါ၊ နှာခေါင်း နှင့် ပါးစပ်) မှတဆင့် ဝင်ရောက်နိုင်ပါတယ်။

-HSV-1 နှင့် HSV-2 ကို ရောဂါရှိသူ၏

  • တံတွေး
  • သုတ်ရည် နှင့်
  • မိန်းမကိုယ် အစရှိသော ခန္တာကိုယ်မှထွက်သော အရည်များတွင်တွေ့ရှိနိုင်ပါတယ်။

ဘယ်လိုကူးစက်တတ်လဲ?

-ရောဂါရှိသူ အသုံးပြုထားသော ပစ္စည်းအားကိုင်တွယ်ခြင်း၊ တပါတ်အတူသုံးခြင်း စသည့်နည်းများဖြင့်မကူးစက်နိုင်ပါ။ အဓိကအားဖြင့်အောက်ပါနည်းလမ်းများဖြင့်ကူးစက်နိုင်ပါတယ်။

  • အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း
  • ပါးစပ်ဖြင့်ဆက်ဆံပေးခြင်း
  • လိင်ဖျော်ဖြေရေးပစ္စည်းများအားအတူမျှသုံးခြင်း တို့ဖြင့်ကူးနိုင်သည့် အပြင် ရောဂါရှိသူ ကိုယ်ဝန်ဆောင်မိခင်မှာ မွေးဖွားစဉ် အနာပေါက်နေပါက ကလေးအားကူးစက်နိုင်ပါတယ်။

ဘယ်လိုရောဂါလက္ခဏာတွေပြတတ်လဲ?

ရောဂါလက္ခဏာပြရန် ၂ ရက်မှ လပိုင်း အထိကြာတတ်ပါတယ်။
-အမျိုးသားများတွင် လိင်အင်္ဂါ၊ ကပ္ပါယ်အိတ် နှင့် တင်ပါး တဝှိုက်တွင် အရည်ကြည်ဖုများပေါက်ခြင်း
-အမျိုးသမီးများတွင် မိန်းမကိုယ်၊ စအို နှင့် တင်ပါးတွင် အရည်ကြည်ဖု ပေါက်ခြင်းတို့ ဖြစ်တတ်ပါတယ်။
-အမျိုးသားရော အမျိုးသမီး များပါဖြစ်တတ်တဲ့ ရောဂါတွေကတော့

  • ပါးစပ်၊ နှုတ်ခမ်း၊ မျက်နှာ နှင့် အခြားသော နေရာများ (အထူးသဖြင့် ရောဂါနှင့် ထိတွေ့မိသောနေရာများ) တွင် အရည်ကြည်ဖုများပေါက်ခြင်း
  • တခါတရံ အရည်ကြည်ဖု မပေါက်ခင် အဆိုပါနေရာများ ဦးစွာ ယားယံတတ်ခြင်း
  • အရည်ကြည်ဖု များပေါက်ပြီး အနာဖြစ်ခြင်း
  • ပြန်ရည်ကျိတ်ကြီးခြင်း
  • ခေါင်းကိုက်ခြင်း၊ ဖျားခြင်း နှင့် ကိုယ်လက်များ နာကျင်ကိုက်ခဲ ခြင်းတို့ဖြစ်တတ်ပါတယ်။

ထို့အပြင် ရေယုံဖြင့် မွေးသောကလေးများ (ပုံမှန်မွေးရာတွင် အမေမှ ကူးစက်ခံရသော ကလေးငယ်များ) ၏ မျက်နှာ၊ ခန္တာကိုယ် နှင့် လိင်အင်္ဂါတို့တွင် အနာများ ပေါက်လာတတ်ပါတယ်။ လိင်လမ်းရေယုံဖြင့်မွေးဖွားလာသောကလေးများမှာ

  • မျက်စိကွယ်ခြင်း
  • ဦးနှောက်ပျက်စီးခြင်း
  • သေဆုံးခြင်း အစရှိသော ပြင်းထန်သည့်ဆိုးကျိုးများဖြစ်နိုင်သောကြောင့် ကိုယ်ဝန်ဆောင်အမေ များ အနေဖြင့် မိမိတွင် လိင်လမ်းရေယုံ ရှိကြောင်းဆရာဝန်အားကြိုတင်အသိပေးထားသင့်ပါတယ်။ ထိုမှသာ မွေးလာမည့် ကလေးအားရောဂါ မကူးစက်စေရန် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ဘယ်လိုကုသမလဲ?

-ရောဂါ သက်သာစေရန် ကုသ၍ရသော်လည်း အရှင်းပျောက်ရန် ကုသမှုမရှိပေ။
-ဗိုင်းရပ်စ်သက်ဆေးများသည် ရောဂါသက်သာစေမှုကိုမြန်ဆန်စေပါတယ်။ ရောဂါလက္ခဏာ ဦးစွာပြသချိန်တွင် စတင်သောက်သုံးသင့်ပါတယ်။
-နာကျင်မှု သက်သာရန် အတွက် အကိုက်အခဲပျောက်ဆေးသောက်သုံးနိုင်ပါတယ်။
-အနာအားရေချိုးစဉ် ပိုးသတ်ဆေးအပျော့စားနှင့်ဆေးသင့်ပါတယ်။
-ရေနွေးနှင့်ချိုးသင့်ပါတယ်။
-ထို့အပြင် အနာနေရာအား သန့်ရှင်းခြောက်သွေ့အောင်ထားသင့်ပါတယ်။
-အနာရှိသောနေရာတွင် အဝတ်အစား ကြပ်ကြပ် မဝတ်သင့်ပါ။ ပွပွချောင်ချောင်သာဝတ်ဆင်သင့်ပါတယ်။

လိင်လမ်းရေယုံရှိလျှင်ရေရှည်လုပ်ဆောင်ရမည့်အရာများ

-အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကိုရှောင်ကျဉ်သင့်ပါတယ်။ လိင်ဆင်ဆံတိုင်း ကွန်ဒုံးအသုံးပြုသင့်ပါတယ်။
-ရောဂါလက္ခဏာပြသစဉ်တွင် မည်သည့်လိင်ဆက်ဆံမှုမှမပြုသင့်ပါ။
-တစ်လင်တစ်မယား စနစ်ကျင့်သုံးသင့်ပါတယ်။(လိင်ဆက်ဆံဖော် အများအပြားမထားသင့်ပါ)
-လိင်လမ်းရေယုံသည်ပျောက်အောင်ကုသ၍ မရပေ။ ရောဂါသည် ငုပ်နေတတ်ပြီး ပင်ပန်းလျှင်၊ ဖျားလျှင် နှင့် ကိုယ်ခံအားနည်းလျှင်ပေါ်လာတတ်သောကြောင့် ကိုယ်ခံအားမကျ စေရန်သတိပြုရမည်ဖြစ်ပါတယ်။

Dr. Z

Previous Post

ကိုယ့်စိတ်ကိုယ် ဘယ်လိုကုမလဲ

Next Post

Osteoarthritis ရောဂါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.7k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
1k
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
877
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.4k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.5k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.5k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

Osteoarthritis ရောဂါ

ဆီးအိမ်ကင်ဆာ

ကလေးအဖျားကြီးရင်ဘာတွေလုပ်ရမလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.