ဝမ်းပျော့ပျော့လေး သွားချင်ရင်
လူတွေဟာ တစ်ခါတစ်လေမှာ ဝမ်းပျော့ဆေးကို သုံးဖို့လိုလာတတ်ကြပါတယ် သာမန်ဝမ်းချုပ်ရုံနဲ့တော့ ဝမ်းပျော့ဆေးကို အလွယ်မသုံးတတ်ကြပါဘူး နေထိုင်မှုပုံစံ စားသောက်မှုပုံစံပြင်ကြည့်တတ်ကြတယ် ဘယ်လိုပြင်ပြင် အဆင်မပြေဘူးဆိုရင်တော့ ဝမ်းပျော့ဆေးသုံးဖို့လိုအပ်တာလည်းဖြစ်နိုင်ပါတယ် ။
ဝမ်းချုပ်တတ်တဲ့သူတွေအပြင် တစ်ချို့ အသည်းရောဂါသမားတွေမှာ ဝမ်းချုပ်သည်ဖြစ်စေ မချုပ်သည်ဖြစ်စေ ဝမ်းပျော့ဆေးသောက်ပေးဖို့ လိုအပ်တတ်ပါတယ်။ ဝမ်းမချုပ်အောင်ကို ထားပေးရမှာ ဖြစ်တာကြောင့်ပါ။
ဒါ့အပြင် တစ်ချို့သော ရောဂါရှာဖွေမှုတွေ လုပ်ဖြစ်တော့မယ်ဆိုရင် ဝမ်းပျော့ဆေးတွေ ပေးလေ့ရှိကြပါတယ်။ ဥပမာ စအိုကနေ မှန်ပြောင်းကြည့်ဖို့လိုအပ်တဲ့အခါတွေမှာပါ တစ်ချို့သော ခွဲစိတ်မှုတွေမှာလည်း ဝမ်းရှင်းထားဖို့လိုတာကြောင့် ဝမ်းနုတ်ပေးရတာတွေ ရှိတတ်ပါတယ် ။
ဝမ်းပျော့ဆေးတွေအမျိုးမျိုးရှိပါတယ် သုံးဖို့လိုအပ်တဲ့နေရာအလိုက် အသုံးပြုတဲ့ ဆေးတွေ ကွာခြားပါတယ် ။
တစ်ချို့ကတော့ ဝမ်းပမာဏများအောင် ပေးကြတာပါ။ bulking agents လို့ ခေါ်ကြပါတယ်။ ပေါင်ဒါမှုန့်လိုမျိုး လာပါတယ် ရေနဲ့ ဖျော်သောက်ရတာမျိုးပါ ဝမ်းများများဖြစ်စေနိုင်ပါတယ်။ အူရဲ့လှုပ်ရှားမှုကို များစေပါတယ်။ ဒီနေ့သောက်ပေမယ့် တစ်ရက်နှစ်ရက်လောက်တော့စောင့်ရတာလည်းရှိတတ်ပါတယ်။ Methyl cellulose ကတော့ လူသိများပါတယ် ဒီဆေးတွေကိုတော့ အစာမြိုရခက်တဲ့သူတွေ အူလမ်းကြောင်းပိတ်နေတဲ့သူတွေ အူလှုပ်ရှားမှုနည်းတဲ့သူတွေမှာ မသုံးပါဘူး ။
နောက်တစ်မျိုးကတော့ stimulant laxatives လို့ခေါ်ပါတယ် အူလှုပ်ရှားမှုကိုမြန်စေပြီးဝမ်းမြန်မြန်သွားအောင်လုပ်ပေးတဲ့ဆေးတွေပါ ဒီဆေးတွေကိုလည်း အူလမ်းကြောင်းပိတ်နေတာမျိုး အူယောင်နေတာမျိုးဆို သုံးလို့မရပါဘူး biscodyl, senna စသဖြင့် လူသိများပါတယ် ဒီဆေးတွေကိုဟကြာရှည်သုံးစွဲလာရင်တော့ အူလှုပ်ရှားမှုတွေ နှေးလာတတ်ပါတယ် ။
နောက်ထပ်ဝမ်းပျော့ဆေးတစ်မျိုးကတော့ ဝမ်းသွားလွယ်အောင်လုပ်ပေးတာမျိုးပါ ဝမ်းသွားတဲ့ အခါ ဝမ်းမာတာမျိုးမဖြစ်အောင် ဝမ်းလွယ်လွယ်ကူကူသွားလို့ရအောင်လုပ်ပေးတဲ့အမျိုးအစားပါ Stool softeners လို့ ခေါ်ပါတယ် အဆီလိမ်းတဲ့သဘောလိုပဲ ဝမ်းသွားလို့စအိုမှာနာတာတွေစအိုကွဲတာတွေ ဝမ်းအရမ်းမာလို့ နာမှာကြောက်နေတာမျိုးတွေမှာ သုံးလို့ ရပါတယ် ။
နောက်ထပ်အမျိုးအစားကတော့ Osmotic laxatives လို့ခေါ်တဲ့ အမျိုးအစားပါ ဒီအမျိုးအစားကတော့ အမိုးနီးယား ပမာဏကိုလည်း လျှော့ချပေးပါတယ် ဒါကြောင့် အသည်းကနေ တစ်ဆင့်ဦးနှောက်ထိတဲ့ ရောဂါသည်မျိုးတွေမှာ သုံးလေ့ရှိပါတယ် ဒါပေမယ့် ဒီဆေးက ဗိုက်ပွစေတတ်ပါတယ် ဒီဆေးတွေကတော့ avolac, movical စသဖြင့် လူသိများတဲ့ ဆေးတွေပါ ။
လူသိများနေတဲ့ MOM (Milk of magnesium) ဆိုတာလည်း magnesium salts အမျိုးအစားပါ ဝမ်းပျော့ဆေးအနေနဲ့ရော အစာအိမ်ဆေးအနေနဲ့ရော သုံးကြပါတယ်။ laxative ဝမ်းပျော့ဆေးအုပ်စုထဲပါပါတယ် ဒီဆေးက ဝါးစားလို့ရပါတယ် ဆေးအာနိသင်ပြဖို့ကတော့ အနည်းဆုံး ၆နာရီကြာတတ်ပါတယ် ဒါကြောင့် ညဘက်ကို စားကြတာပါ အစာအိပ်ဆေးအနေနဲ့ ရင်ပြည့်ခြင်း အစာမကျေခြင်း ရင်ပူခြင်းတွေကိုလည်း သက်သာစေပါတယ် ဆေးစားတာများရင်တော့ နုန်းတယ်ညောင်းတယ် ရေငတ်တယ် ဆီးသွားများတယ် ခေါင်းမူးတယ် ရင်တုန်တတ်ပါတယ် ။
တစ်ချို့တွေ ခွဲစိတ်ဖို့ဖြစ်စေ မှန်ပြောင်းကြည့်ဖို့ဖြစ်စေ procedure တစ်ခုခုမလုပ်ခင်မှာ ဝမ်းချူတဲ့အခါ ဝမ်းချူဘောလုံးတွေ သုံးတတ်ကြတယ် ဒါပေမယ့် ဒီအမျိုးအစားလည်း ရေရှည်မသုံးသင့်ပါဘူး သုံးပါများတယ်ဆိုရင် ဝမ်းထွက်ကျနေတာမျိုးတွေဖြစ်တတ်ပါတယ် ။
ဒါကတော့ သုံးနေကြတဲ့ ဝမ်းပျော့ဆေးတွေအကြောင်းပါ ။
Dr. CST