fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ဆောင်းရာသီမှာစိန်ခေါ်နေတဲ့ရောဂါများ

165
VIEWS
Share on FacebookShare on TwitterShare on Linkedin
10/02/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ဆောင်းရာသီမှာ နိုဝင်ဘာလမှဖေဖော်ဝါရီလအထိဖြစ်ပြီး၊ ဟိမဝန္တာမှဆောင်းခိုငှက်များကြောင့် ကြက်ငှက်တုပ် ကွေးရောဂါအန္တရာယ်စိုးရိမ်စရာဖြစ်တယ်။ ယခင် (H5N1) ကြက်ငှက်တုပ်ကွေးဖြစ်ခဲ့ရာ (၂၀၀၆) ခုနှစ်ကျိုင်းတုံ ဘက်မှ မိန်းကလေးတစ်ဦးကူးစက်ခံရကာ ကုသဖူးခဲ့တယ်။ ကြက်ကောင်ရေသောင်းနဲ့ချီပြီး ဖျက်စီးမြေမြှုပ်ပစ်ခဲ့ ရတယ်။ နှစ်စဉ်ဆောင်းရာသီရောက်တိုင်း ကြက်ငှက်တုပ်ကွေးရောဂါ ပြန်ရောက်လာလို့ မွေးမြူရေးလုပ်ကိုင်သူ များ၊ တိမွေးကုဆရာဝန်များ၊ ကူးစက်ရောဂါစောင့်ကြည့်ဆရာဝန်များ အလုပ်များကြတဲ့ရာသီပဲဖြစ်တယ်။ ယခု နှစ် (၂၀၁၆)ခုနှစ်မှာ ဂျာမနီမှာကြက်ငှက်တုပ်ကွေးစတင်ခဲ့လို့ ကြက်ငှက်ကောင်ရေသောင်းနှင့်ချီဖျက်စီးခဲ့ရ တယ်ဆိုတယ်။ ကြက်ငှက်တုပ်ကွေးကုသဆေး တော်မီဖလူး (Turmi Flu) ဟာထိရောက်မှုရှိပြီး တစ်ရက်မနက်၊ ည (၁)လုံး (၂)ကြိမ်နဲ့ (၁၀) ရက်မှ (၁၄) ရက်အထိထပ်ဆင့်မြှင့်သုံးရင် စိတ်ချရတဲ့ကုသဆေးဖြစ်တယ်။

ကူးစက်မြန်ပြင်းထန်အဆုတ်ရောင်ရောဂါ (SARS- Severe acute respiratory syndrome) ဟာ “ကြောင်က တိုးကောင်” မှတစ်ဆင့်ကူးစက်ခဲ့ရာမှာ အရှေ့အာရှ၊ တရုတ်၊ ကိုရီးယား၊ ဟောင်ကောင်၊ ဂျပန်နဲ့ ဗီယက်နမ်နိုင်ငံ တို့မှာဖြစ်ပွားသေဆုံးခဲ့ဖူးတယ်။ (၂၀၁၅) ခုနှစ်ဆောင်းဦးမှာ အရှေ့အလယ်ပိုင်းအဆုတ်ရောင် ကူးစက်ရောဂါ မားစ် (MERS- Middle East Respiratory Syndrome) ဟာလင်းနို့ငှက်များမှာ ကုလားအုတ်မှတစ်ဆင့်လူကို ကူးစက်ခံရပြီး၊ ဆော်ဒီအာရေဗျ၊ ကူဝိတ်၊ ကာတာ၊ အိုမန်မှတစ်ဆင့် အရှေ့အာရှ၊ တောင်ကိုရီးယား၊ တရုတ်၊ ဟောင်ကောင်အထိကူးစက်ပျံ့နှံ့ခဲ့ပြီး၊ ဥရောပနဲ့အမေရိကန်ပြည်ထောင်စုအထိ ရောက်ရှိခဲ့ပါတယ်။ လူသေဆုံး မှုလည်းရှိခဲ့ပြီး ယနေ့တိုင်အရိပ်မည်းကြီးက ခြောက်လှန့်နေဆဲဖြစ်ပါတယ်။ ကုသဆေး တော်မီဖလူ (Turmi Flu) ကိုကုသဆေးအပြင် ကာကွယ်ဆေးအဖြစ် (၂)လုံး (၁)ကြိမ်သောက်လာကြတယ်။

ဝက်တုပ်ကွေး (Swan Flu) ဟာသည်ဆောင်းကာလမှာပဲ ဖြစ်တတ်ပြီး၊ အရှေ့အာရှနဲ့အမေရိကားဒေသတွေမှ လူကိုကူးစက်သေဆုံးစေနိုင်ပြီး မြန်မာနိုင်ငံမှာလူကိုကူးစက်ခြင်းမရှိခဲ့ဘဲ “ဝက်နားရွက်ပြာ” ရောဂါအနေနဲ့ဝက် ကောင်ရေများစွာသေဆုံးခဲ့ရဖူးတယ်။ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာနဲ့ချီပြီး ခရီးသွားဧည့်သည်များ၊ စီးပွားရေးသမား များ၊ ရွေ့ပြောင်းလုပ်သားများ ဝင်ထွက်သွားလာမှုများ ရှိနေရာဂရုစိုက်ရမယ့် ကူးစက်ရောဂါအမျိုးအစားတွေပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဦးဆုံးဇီကာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ကိုယ်ဝန်ဆောင် နိုင်ငံခြားသူတစ်ဦး အောက်တိုဘာ (၂၇) ရက်နေ့မှာ တွေ့ရှိခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီးရှိ ကိုယ်ဝန်ယူဖို့ပြင်ဆင်ထားတဲ့ အမျိုးသမီးတွေ ခြောက်လအတွင်း ကိုယ်ဝန်မဆောင်ဖို့ အစီအစဉ်လုပ်ထားသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနတာဝန်ရှိသူက သတိပေးခဲ့တယ်။ ဇီကာကူးစက်ခံရသူ အသက် (၃၂)နှစ်အရွယ် ကိုယ်ဝန်ဆောင်နိုင်ငံခြားသူ လတ်တလော သွားရောက်လည်ပတ်ခဲ့တယ်ဆိုတဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ငွေဆောင်ကမ်းခြေရှိလူနေရပ်ကွက်နဲ့ လမ်းသွယ်တို့မှာ ဇီကာရောဂါဖြစ်ပွားစေတဲ့ ခြင်နှိမ်နှင်းရေးအတွက် ခြင်ဆေးဖြန်းခြင်း၊ ခြင်ဆေးမှုတ်ခြင်းနဲ့ ကျန်း မာရေးလှုံ့ဆော်မှုတွေပြုလုပ်လျှက်ရှိကာ နေပြည်တော်မှတိုက်ရိုက်ညွှန်ကြားကိုင်တွယ် နေတယ်လို့ဆိုတယ်။

အရိုးအဆစ်ရောင်ဂေါက်ရောဂါဟာ ယူရစ်အက်ဆစ်မြင့်လို့ ဖြစ်ရတယ်။ ဆောင်းရာသီမှာပိုဖြစ်ပွားရတဲ့အ ကြောင်းရင်းက မြေပေါ်၊ မြေအောက် (၆)လက်မပေါက်ရောက်တဲ့ မြေပဲ၊ ဖရုံသီး၊ ဖရဲသီး၊ ဂျူးမြစ်၊ စိမ်းစားဥစတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများပေါများစွာထွက်ရှိပြီး မဆင်မခြင်စားခြင်း၊ တိရိစ္ဆာန်ဝမ်းတွင်းသား အူ၊ အ သည်း၊ ကလီစာစားခြင်းက ဂေါက်ရောဂါကိုပိုဆိုးစေကြောင်း သိရတယ်။ ကိုချီဆင်း (Colchicine) နဲ့ အလိုဖြူရီ နော (Allopurinol) တစ်နေ့တစ်တွဲ နှစ်ကြိမ်မနက်၊ ညသောက်ပေးရင် သက်သာပျောက်ကင်းပါတယ်။ အရက်၊ ဘီယာနဲ့ အားပြည့်အချိုရည်တွေ ရှောင်ရမယ်။ ရေများများတစ်နေ့ နှစ်လီတာခွဲသောက်ပေးရမယ်။

ဆောင်းကာလမှာ လေးဖက်နာ၊ အဆစ်အမြစ်ရောင်ရောဂါ ပိုဖြစ်စေတယ်။ ပွဲလမ်းသဘင်များသွားရောက်လည် ပတ်ရာမှ ဖုန်မှုန့်ကတစ်ဆင့် စထရပ်တိုတော့ဆိုင်း ဗက်တီးရီးယားများ (Streptococcus) သွေးထဲရောက်ရှိပြီး၊ အာသီးရောင်၊ လည်ချောင်းနာရောဂါမှသည် ကုသမှုအားနည်းချက်ကြောင့် သွေးထဲအဆစ်ထဲ (Toxin) ပို့ချလို့ လေးဖက်နာ၊ အဆစ်မြစ်ရောင်ရောဂါ ဖြစ်ရတယ်။ ပိုးလေးဖက်နာလို့လူသိများပြီး ပင်နယ်ဆလင်ဗွီ (Penicillin V) တစ်နေ့ (၂)လုံး (၂)ကြိမ် တစ်နှစ်ပြည့်အောင်သောက်ပြီး သွေးပြန်စစ်ကြည့်ရမယ်။ ဆေးသောက်ရအဆင်မ ပြေသူတွေအတွက် ပင်နဆင်အဆီ (Benzathine Pen) တစ်လ (၁)ကြိမ် တစ်နှစ်မှသုံးနှစ်အထိ ထိုးပေးသင့် တယ်။ မိမိဘာသာဆေးရပ်ခြင်းမလုပ်ဘဲ မိသားစုဆရာဝန်နဲ့တိုင်ပင်ရမယ်။

ခေါင်းကိုက်ခေါင်းမူးတာဟာ နေပူထဲအဆောင်းအကာမပါဘဲ သွားရောက်လုပ်ကိုင်လို့ဖြစ်ရတယ်။ အချို့ခေါင်း တစ်ခြမ်းကိုက်ဝေဒနာဆိုးလာတယ်။ ပုံမှန်ရေချိုးရင် ခေါင်းလောင်းချိုးတဲ့အကျင့်က ဦးရေပြားအမြဲစွတ်စိုနေပြီး အမြဲတမ်းအအေးမိသလိုဖြစ်ကာ နာတာရှည်ထိပ်ကပ်နာ၊ နှာစေး၊ မျက်ရည်၊ နှပ်ရည်ကျခြင်း၊ ခေါင်းတစ်ခြမ်း ကိုက်ခြင်းတို့မပျောက်ဘဲ ဖြစ်နေတယ်။ ဒါကြောင့်ဆောင်းတွင်းကာလမှာ ခေါင်းကိုတစ်ပတ် (၁)ကြိမ်သာလျှော် သင့်ပြီး အပူငွေ့ပေး (Hair Dryer) နဲ့ခြောက်စေသင့်တယ်။ နေ့စဉ်ခေါင်းမလျှော်ရပါ။

ဆောင်းတွင်းကာလမှာ အစာကြေခဲသလို အလှူအတန်းပေါလို့ မင်္ဂလာဆောင်တွေပေါလို့ ဒံပေါက်၊ ကြက်ဆီထ မင်း၊ ရေခဲမုန့်၊ ကိတ်မုန့်စတာတွေဟာ သန့်ရှင်းမှုနည်းလို့ လူအများစားသောက်ရာမှာ အစာအဆိပ်သင့်မှု၊ ဝမ်း လျောမှု၊ အထက်လှန်အောက်လျောဖြစ်မှုတွေ အဖြစ်များတယ်။ ဈေးကဝယ်လာတဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီး ဝလံတွေကို မစားခင် (၁၅)မိနစ်ခန့် ဆားရည်မှာစိမ်ပြီး ရေစင်စင်ဆေးပြီးမှစားရင် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး အဆိပ်တို့မှ ကင်းစင်မယ်။ အသားကိုလည်း မပုပ်သိုးအောင် ရေခဲသေတ္တာထဲထည့်သိမ်းရမယ်။ ချက်ပြီးအစား အစာနဲ့၊ မချက်ပြုတ်မစီမံရသေးတဲ့ အသား၊ အသီးအနှံတို့ကိုခွဲခြားထားရမယ်။ ရေခဲသေတ္တာနှစ်လုံးထားရမယ်။

အစာအိမ်ပိုး (H-Pylori) ကြောင့်အစာအိမ်နာကလည်း ဆောင်းရာသီမှာပိုဆိုးတတ်တယ်။ အစားအအိပ်အနေ မှန်ဖို့ အစာကြေခဲတဲ့ ဒံပေါက်၊ ထောပတ်ထမင်းတို့ မစားဖို့ ငရုတ်သီးစပ်စပ် အမာစာများမစားဖို့ လိုတယ်။ ငရုတ် သီးအရောင်တင်မှို (Aflatoxin) ကြောင့်အသည်းကင်ဆာ၊ အစာအိမ်လမ်းကြောင်းကင်ဆာများ ဖြစ်နိုင်လို့ “မှို”မ ပါတဲ့ (FDA) ခွင့်ပြုလက်မှတ်ပါတဲ့ ငြုပ်သီးမှုန့်များသာစားသင့်တယ်။ ဆေးလိပ်၊ အရက်ဖြတ်ပါ။

ဆောင်းရာသီမှာဗိုက်အောင့်ရောဂါနဲ့ ဆင်တူတဲ့တိုက်ဖွိုက်ရောဂါဖြစ်တတ်တယ်။ ဖျားတာအချိန်ကြာရင် အစာ ပျော့ပျော့ (သို့) အရည်သာသောက်သင့်တယ်။ အချို့တိုက်ဖွိုက်မှာ အစားမဆင်ခြင်လို့အူမကြီးပေါက်ပြီး သွေး ယိုစိမ့်မှုရှိကာ ခွဲစိပ်ဖြတ်တောက်ရတာတွေ့ရတယ်။ ပထမမှာဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းလျောအော့အန်ခြင်း၊ ဒုတိယအပတ်မှာတော့ ခန္ဓာကိုယ်မှာအနီစက်ပေါ်ခြင်း၊ ဘေလုံးကြီးခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းလျောခြင်း၊ တတိယအပတ်မှာ ဖျားခြင်း၊ သတိကောင်းကောင်းမရခြင်း၊ ကယောင်ချောက် ချားဖြစ်ကာသေဆုံးရတတ်သည်။

ဆောင်းရာသီမှာညတာပိုရှည်တာနဲ့အမျှ လူတွေအိပ်ကောင်းပြီး ထုံထိုင်းကြတယ်။ ဒါကြောင့် ဒီဇင်ဘာလူထု လမ်းလျှောက်ပွဲလို အားကစားပွဲများကျင်းပတယ်။ လွတ်လပ်ရေးနေ့နဲ့ဆက်ပြီး အားကစားလသတ်မှတ်ကာပြေး ခုန်ပစ်၊ ဘောလုံးပွဲ၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားကစားပွဲ၊ ပျောက်ပွဲရွင်ပွဲများကျင်းပကြတယ်။ ကိုယ်ကာ ယကြံ့ခိုင်ပြီး စာတော်တဲ့ကျောင်းသားတွေဖြစ်စေချင်ပါတယ်။ “ကျန်းမာရေးအသိ”ရှိရင်ဖြင့်စိန်ခေါ်နေတဲ့ ရောဂါ များကိုကျော်လွှားနိုင်ပါတယ်။

Author – ဒေါက်တာလွင်သန့်

Previous Post

မွေးနေ့ သောကြာ ၊တနလာၤ ကေသာဆံဖြတ်ပြုအပ်သလားခေါင်းလျှော်သင့်သလား

Next Post

ရေမြွှာရေ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
863
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရေမြွှာရေ

တီဘီရောဂါ၊ ဆေးယဉ်ပါးတီဘီရောဂါ

အဝလွန်သူများ ဆီးချိုဝေဒနာရှင်များအတွက် အစာအာဟာရ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.