(Zawgyi)
အခုတစ္ေလာစုစုတို႔ရက္ကြက္ထဲတြင္ ရွိေနေသာကေလးမ်ားလိုလိုဝက္သက္ေရာဂါျဖစ္ေနၾက၏။ဟိုအိမ္တစ္ေယာက္ ဒီအိမ္တစ္ေယာက္ႏွင့္ ၾကားေနရသည္။ စုစုတစ္ေယာက္ အိမ္မွာရွိေနေသာကေလးႏွစ္ေယာက္အတြက္ စိုးရိမ္ေနရသည္။ သမီးႀကီးကမူႀကိဳတက္ေနသူ။ သားကအခုမွ အခါလည္ပဲရွိေသးသည္။ တစ္ခ်ိဳ႕ကေလးမ်ားေဆး႐ုံတက္စရာမလိုေပမဲ့ ကေလးတစ္ေယာက္ ေဆး႐ုံတက္ရသည္ဟုလည္းသတင္းေတြၾကားေနရသည္။ သမီးႀကီးကိုစိတ္ပူသည္။
ေက်ာင္းကေန ဝက္သက္ေရာဂါကူးလာမည္ကိုလည္း စိုးရိမ္သည္။ သားငယ္ကေတာ့ အိမ္မွာေနသည့္ကေလးျဖစ္သည့္ အတြက္ သားငယ္အတြက္ သိပ္မစိုးရိမ္။ စုစုစိုးရိမ္ေနသည္မ်ား က ျဖစ္လာေပသည္။ သားငယ္ေလးအျပင္းဖ်ားသည္။ ႐ိုး႐ိုးဖ်ားသည္ဟုပဲထင္သည္။ ေနာက္မွ အနီကြက္ေတြ ထြက္လာၿပီး ဝက္သက္မွန္း စုစုတစ္ေယာက္သိေတာ့သည္။ သမီးႀကီးကိုကူးမည္ေၾကာက္ေနရသည္။ ကေလးငယ္နားမကပ္ခိုင္းထား။ ကံေကာင္းခ်င္ေတာသမီးႀကီးက ဝက္သက္ေရာဂၚမျဖစ္။ သားငယ္ကိုသာခ်ီ၍ ရပ္ကြက္ေဆးခန္းသို႔ေျပးရသည္။
ဆရာဝန္မွ ကေလးအား ၾကည့္ၿပီး “ကေလးအသက္ ဘယ္ေလာက္လဲ”လို႔ေမးသည္။
“တစ္ႏွစ္ပါ ဆရာ”စုစုတစ္ေယာက္ ျပန္ေျဖလိုက္သည္။
“ကေလးကိုးလတုန္းက ဝက္သက္ေရာဂါကာကြယ္ေဆး မထိုးထားဖူးလား”
“မထိုးျဖစ္ဖူးလို႔ထင္တာပဲဆရာ”ေၾကာက္ေၾကာက္ႏွင့္ပဲစုစုတစ္ေယာက္ အမွန္အတိုင္းဖြင့္ေျပာလိုက္သည္။ ကေလးကိုကာကြယ္ေဆးေတြ မထိုးခဲ့မိေပ။ လင္မယားႏွစ္ေယာက္ မိသားစု စားဝတ္ေနေရးအတြက္ ႐ုံးကန္ေနရသည့္အတြက္ သားငယ္ေလးကိုကာကြယ္ေဆးမ်ားမွန္မွန္မထိုးျဖစ္ခဲ့။
“ဘာလို႔မထိုးတာလဲ” ဆရာဝန္မွ ဂ႐ုဏာေဒါေသာႏွင့္ ထပ္ေမးသည္။
“ကြၽန္မတို႔ က နယ္ကေနတက္လာတာပါဆရာ။ ရန္ကုန္ၿမိဳ႕မွာေနစရာရဖို႔ေတာင္ ခက္ခဲပါတယ္။ လင္မယားႏွစ္ေယာက္လုံးကေလးေတြ ထိန္းေနရင္းနဲ႔ အလုပ္လုပ္ေနရတာပါ။ ကေလးေတြကိုကာကြယ္ေဆးသြားတိုက္ဖို႔လည္းေမ့ေနတတ္တယ္။ အိမ္ေတြကလည္းခဏခဏေျပာင္းေနရေတာ့ မထိုးျဖစ္လိုက္တာပါ။”
စုစုေသေသခ်ာခ်ာရွင္းျပလိုက္သည္။ ဆရာဝန္ေလးက သေဘာေကာင္းပုံရသည္။ သက္ျပင္တစ္ခ်က္လိုက္သည္။
“ရက္ကြက္ထဲမွာ ဝက္သက္ေရာဂါကာကြယ္ေဆးေတြ လာထိုးရင္ေရာသြားမထိုးဖူးလား”ေနာက္ တစ္ေခါက္ ထပ္ေမးသည္။
“ၾကားေတာ့ ၾကားပါတယ္ ဆရာရယ္ အိမ္မွာလည္းမအားတာနဲ႔ သြားမထိုးျဖစ္ဖူး။ ”ဒီတစ္ခါ ဆရာဝန္ေလး ေတာ္ေတာ္ စိတ္ပ်က္သြားပုံရသည္။
“ကေလးႏွစ္ေယာက္ စလုံးကာကြယ္ေဆးေတြ မထိုးရေသးဖူးေပါ့ ဟုတ္လား”
“အႀကီးမေလးကေတာ့ နယ္မွာေနတုန္းကထိုးခဲ့ပါတယ္။ အငယ္ေလးကသာရန္ကုန္မွာေမြးၿပီးမထိုးဖူးတာပါ”သမီးႀကီးကကံေကာင္းသည္ဟုေျပာရမည္။ နယ္မွတုန္းကမိဘမ်ားလည္းရွိသျဖင့္ သမီးႀကီးကို ဂ႐ုစိုက္မည့္သူမ်ားမ်ားျပားသည္။ ကာကြယ္ေဆးေတြ အားလုံးကိုလည္းထိုးခဲ့သည္။ သားငယ္ေလးသာရန္ကုန္ၿမိဳ႕ႀကီးမွာေမြးဖြားခဲ့ၿပီးဘာကာကြယ္ေဆးမွ မထိုးေပးခဲ့ရေပ။
“ၿမိဳ႕နယ္ေတြမွာရွိတဲ့ ေဒသံသရဆိုတဲ့ေနရာေတြမွာကာကြယ္ေဆးေတြအလကားထိုးေပးေနတယ္။ သြားထိုးလိုက္ပါ။ ကာကြယ္ေဆးေတြ မထိုးထားတဲ့ကေလးကေရာဂါျဖစ္ပြားရင္ ျပင္းျပင္းထန္ထန္ ျဖစ္ပြားတတ္တယ္။ အခု ျဖစ္ေနတဲ့ ဝက္သက္ေရာဂါကိုပဲ ၾကည့္ပါ။ အခန႔္မသင့္ရင္ အသက္ေသဆုံးႏိုင္တယ္။ ကေလးငယ္ေတြမွာအျဖစ္မ်ားတယ္။ ဒါေၾကာင့္လည္းႏိုင္ငံေတာ္ အစိုးရကကာကြယ္ေဆးေတြကိုခဏခဏထိုးေပးေနတာပါ။ ထိုးေပးတဲ့အခ်ိန္မွာမိဘေတြကမပ်က္မကြက္ သြားထိုးေပးဖို႔လည္း လိုပါတယ္။
” ဆရာဝန္ေလးမွ စုစုအားစိတ္ရွည္ရွည္ႏွင့္ ရွင္းျပေပးေနသည္။ စုစုတစ္ေယာက္ သားငယ္ေလးအေပၚ မိဘတို႔ ဝတၱရားပ်က္ကြက္ေနသည္ကိုလည္း းစိတ္မေကာင္းျဖစ္မိသည္။ သားေလးေနျပန္ေကာင္းလာလွ်င္သားငယ္ေလးကိုေခၚ၍ ၿမိဳ႕နယ္ က်န္းမာေရးဌာနကိုသြား၍ သားငယ္ေလးကိုလိုအပ္ေသာကာကြယ္ေဆးမ်ားထိုးေပးရမည္။ ဘာကာကြယ္ေဆးေတြထိုးသင့္သည္ကိုလည္း ဆရာဝန္ႏွင့္ တိုင္ပင္ရမည္။ သမီးကေတာ့ ေခၚသြားစရာမလိုဟု ဆရာဝန္မွ မွာၾကားလိုက္သည္။ သားေနေကာင္းလာလွ်င္ေတာ့ သားကိုေခၚ၍ လိုအပ္ေသာကာကြယ္ေဆးမ်ားသြားထိုးမည္ဟုဆုံးျဖတ္လိုက္သည္။ အခုေတာ့ သားေလး ျမန္ျမန္ေနေကာင္းပါေစ။
Author – ေဒါက္တာေအးခ်မ္းမိုး
(Unicode)
အခုတစ်လောစုစုတို့ရက်ကွက်ထဲတွင် ရှိနေသောကလေးများလိုလိုဝက်သက်ရောဂါဖြစ်နေကြ၏။ဟိုအိမ်တစ်ယောက် ဒီအိမ်တစ်ယောက်နှင့် ကြားနေရသည်။ စုစုတစ်ယောက် အိမ်မှာရှိနေသောကလေးနှစ်ယောက်အတွက် စိုးရိမ်နေရသည်။ သမီးကြီးကမူကြိုတက်နေသူ။ သားကအခုမှ အခါလည်ပဲရှိသေးသည်။ တစ်ချို့ကလေးများဆေးရုံတက်စရာမလိုပေမဲ့ ကလေးတစ်ယောက် ဆေးရုံတက်ရသည်ဟုလည်းသတင်းတွေကြားနေရသည်။ သမီးကြီးကိုစိတ်ပူသည်။
ကျောင်းကနေ ဝက်သက်ရောဂါကူးလာမည်ကိုလည်း စိုးရိမ်သည်။ သားငယ်ကတော့ အိမ်မှာနေသည့်ကလေးဖြစ်သည့် အတွက် သားငယ်အတွက် သိပ်မစိုးရိမ်။ စုစုစိုးရိမ်နေသည်များ က ဖြစ်လာပေသည်။ သားငယ်လေးအပြင်းဖျားသည်။ ရိုးရိုးဖျားသည်ဟုပဲထင်သည်။ နောက်မှ အနီကွက်တွေ ထွက်လာပြီး ဝက်သက်မှန်း စုစုတစ်ယောက်သိတော့သည်။ သမီးကြီးကိုကူးမည်ကြောက်နေရသည်။ ကလေးငယ်နားမကပ်ခိုင်းထား။ ကံကောင်းချင်တောသမီးကြီးက ဝက်သက်ရောဂါ်မဖြစ်။ သားငယ်ကိုသာချီ၍ ရပ်ကွက်ဆေးခန်းသို့ပြေးရသည်။
ဆရာဝန်မှ ကလေးအား ကြည့်ပြီး “ကလေးအသက် ဘယ်လောက်လဲ”လို့မေးသည်။
“တစ်နှစ်ပါ ဆရာ”စုစုတစ်ယောက် ပြန်ဖြေလိုက်သည်။
“ကလေးကိုးလတုန်းက ဝက်သက်ရောဂါကာကွယ်ဆေး မထိုးထားဖူးလား”
“မထိုးဖြစ်ဖူးလို့ထင်တာပဲဆရာ”ကြောက်ကြောက်နှင့်ပဲစုစုတစ်ယောက် အမှန်အတိုင်းဖွင့်ပြောလိုက်သည်။ ကလေးကိုကာကွယ်ဆေးတွေ မထိုးခဲ့မိပေ။ လင်မယားနှစ်ယောက် မိသားစု စားဝတ်နေရေးအတွက် ရုံးကန်နေရသည့်အတွက် သားငယ်လေးကိုကာကွယ်ဆေးများမှန်မှန်မထိုးဖြစ်ခဲ့။
“ဘာလို့မထိုးတာလဲ” ဆရာဝန်မှ ဂရုဏာဒေါသောနှင့် ထပ်မေးသည်။
“ကျွန်မတို့ က နယ်ကနေတက်လာတာပါဆရာ။ ရန်ကုန်မြို့မှာနေစရာရဖို့တောင် ခက်ခဲပါတယ်။ လင်မယားနှစ်ယောက်လုံးကလေးတွေ ထိန်းနေရင်းနဲ့ အလုပ်လုပ်နေရတာပါ။ ကလေးတွေကိုကာကွယ်ဆေးသွားတိုက်ဖို့လည်းမေ့နေတတ်တယ်။ အိမ်တွေကလည်းခဏခဏပြောင်းနေရတော့ မထိုးဖြစ်လိုက်တာပါ။”
စုစုသေသေချာချာရှင်းပြလိုက်သည်။ ဆရာဝန်လေးက သဘောကောင်းပုံရသည်။ သက်ပြင်တစ်ချက်လိုက်သည်။
“ရက်ကွက်ထဲမှာ ဝက်သက်ရောဂါကာကွယ်ဆေးတွေ လာထိုးရင်ရောသွားမထိုးဖူးလား”နောက် တစ်ခေါက် ထပ်မေးသည်။
“ကြားတော့ ကြားပါတယ် ဆရာရယ် အိမ်မှာလည်းမအားတာနဲ့ သွားမထိုးဖြစ်ဖူး။ ”ဒီတစ်ခါ ဆရာဝန်လေး တော်တော် စိတ်ပျက်သွားပုံရသည်။
“ကလေးနှစ်ယောက် စလုံးကာကွယ်ဆေးတွေ မထိုးရသေးဖူးပေါ့ ဟုတ်လား”
“အကြီးမလေးကတော့ နယ်မှာနေတုန်းကထိုးခဲ့ပါတယ်။ အငယ်လေးကသာရန်ကုန်မှာမွေးပြီးမထိုးဖူးတာပါ”သမီးကြီးကကံကောင်းသည်ဟုပြောရမည်။ နယ်မှတုန်းကမိဘများလည်းရှိသဖြင့် သမီးကြီးကို ဂရုစိုက်မည့်သူများများပြားသည်။ ကာကွယ်ဆေးတွေ အားလုံးကိုလည်းထိုးခဲ့သည်။ သားငယ်လေးသာရန်ကုန်မြို့ကြီးမှာမွေးဖွားခဲ့ပြီးဘာကာကွယ်ဆေးမှ မထိုးပေးခဲ့ရပေ။
“မြို့နယ်တွေမှာရှိတဲ့ ဒေသံသရဆိုတဲ့နေရာတွေမှာကာကွယ်ဆေးတွေအလကားထိုးပေးနေတယ်။ သွားထိုးလိုက်ပါ။ ကာကွယ်ဆေးတွေ မထိုးထားတဲ့ကလေးကရောဂါဖြစ်ပွားရင် ပြင်းပြင်းထန်ထန် ဖြစ်ပွားတတ်တယ်။ အခု ဖြစ်နေတဲ့ ဝက်သက်ရောဂါကိုပဲ ကြည့်ပါ။ အခန့်မသင့်ရင် အသက်သေဆုံးနိုင်တယ်။ ကလေးငယ်တွေမှာအဖြစ်များတယ်။ ဒါကြောင့်လည်းနိုင်ငံတော် အစိုးရကကာကွယ်ဆေးတွေကိုခဏခဏထိုးပေးနေတာပါ။ ထိုးပေးတဲ့အချိန်မှာမိဘတွေကမပျက်မကွက် သွားထိုးပေးဖို့လည်း လိုပါတယ်။
” ဆရာဝန်လေးမှ စုစုအားစိတ်ရှည်ရှည်နှင့် ရှင်းပြပေးနေသည်။ စုစုတစ်ယောက် သားငယ်လေးအပေါ် မိဘတို့ ဝတ္တရားပျက်ကွက်နေသည်ကိုလည်း းစိတ်မကောင်းဖြစ်မိသည်။ သားလေးနေပြန်ကောင်းလာလျှင်သားငယ်လေးကိုခေါ်၍ မြို့နယ် ကျန်းမာရေးဌာနကိုသွား၍ သားငယ်လေးကိုလိုအပ်သောကာကွယ်ဆေးများထိုးပေးရမည်။ ဘာကာကွယ်ဆေးတွေထိုးသင့်သည်ကိုလည်း ဆရာဝန်နှင့် တိုင်ပင်ရမည်။ သမီးကတော့ ခေါ်သွားစရာမလိုဟု ဆရာဝန်မှ မှာကြားလိုက်သည်။ သားနေကောင်းလာလျှင်တော့ သားကိုခေါ်၍ လိုအပ်သောကာကွယ်ဆေးများသွားထိုးမည်ဟုဆုံးဖြတ်လိုက်သည်။ အခုတော့ သားလေး မြန်မြန်နေကောင်းပါစေ။
Author – ဒေါက်တာအေးချမ်းမိုး