fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အသည်းရောင် အသားဝါ ဘီ နှင့် အီး

119
VIEWS
Share on FacebookShare on TwitterShare on Linkedin
01/09/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

အသည်းရောင် အသားဝါ ဘီ နှင့် အီး

အသည်းရောင်အသားဝါ ရောဂါပိုးများအနက် (ဘီ) ပိုးကြောင့် ဖြစ်ပွားသည့် ရောဂါတစ်မျိုးဖြစ်ပြီး ရုတ်တရက် အသည်းရောင် ရောဂါနှင့် နာတာရှည် အသည်းရောဂါ ဖြစ်စေနိုင်သည့် အသက်အန္တရာယ်ရှိစေနိုင်သော ရောဂါတစ်မျိုးဖြစ်သည်။ ထို့ပြင် အသည်းရောင်အသားဝါရောဂါ (ဘီ) သည် ကျန်းမာရေးစောင့်ရှောက်ပေးနေသော ကျန်းမာရေးဝန်ထမ်းများအတွက် အရေးကြီးသော အသက်အန္တရာယ်ရှိသည့် လုပ်ငန်းခွင် ရောဂါတစ်မျိုးလည်း ဖြစ်ပါသည်။ လက်ရှိတွင် စိတ်ချရပြီး အရည်အသွေးကောင်းမွန်သော ကာကွယ်ဆေးများဖြင့် ရောဂါအား (၉၅%) ကာကွယ်နိုင်ပါသည်။ နာတာရှည်အသည်းရောဂါ ခံစားနေရသော လူနာများသည် အသည်းကင်ဆာရောဂါအဆင့်သို့ လျင်မြန်စွာ ရောက်ရှိတတ်ပြီး လအနည်းငယ်အတွင်း အသက်သေဆုံးနိုင်ပါသည်။ ရောဂါလက္ခဏာများတွေကတော့ ၊ဖျားခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ အသားဝါခြင်း၊ မျက်လုံးဝါခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အစားအသောက်ပျောက်ခြင်း၊ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်းတို့ဖြစ်ပါတယ် ။

ကူးစက်နိုင်သည့် နည်းလမ်းများ မှာ မိခင်မှ ကလေးသို့ ကလေးမွေးများချိန်တွင် ကူးစက်နိုင်ခြေအများဆုံးဖြစ်သည်။ ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံခြင်း၊ရောဂါပိုးပါသော သွေး၊ ခန္ဓာကိုယ်မှ အရည်များ၊ တံထွေးများ၊ ရာသီသွေးများနှင့် ထိတွေ့ကိုင်တွယ်မှုရှိခြင်းရောဂါပိုးပါဝင်သော သွေးသွင်းမိခြင်းရောဂါပိုးပါဝင်သော ကိုယ်ခန္ဓာအစိတ်အပိုင်းများ အစားထိုးကုသခြင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ရောဂါရှိသူလူနာများအား ကုသမှု ပေးနေစဉ် မတော်တဆ အပ်စူးမိခြင်း (သို့) အကြောတွင်းသို့ မူးယစ်ဆေးထိုးသွင်းလေ့ရှိသူများတွင် အပ်နှင့် ဆေးထိုးပြွန်များအား တစ်ဦးနှင့် တစ်ဦး ဝေမျှအသုံးပြုခြင်း၊ တစ်ခါသုံး ဆေးထိုးပြွန်အား အသုံးမပြုခြင်း၊ အကျဉ်းကျနေသူများ၊ မူးယစ်ဆေးဝါးအသုံးပြုလေ့ရှိသူများ၊ လုပ်ငန်းခွင်တွင် သွေး (သို့) သွေးနှင့်ဆက်စပ် ပစ္စည်းများနှင့် ထိတွေ့မှုများ ရှိသော ကျန်းမာရေးဝန်ထမ်းများ၊ အသည်းရောင် အသားဝါရောဂါ (ဘီ) အဖြစ်များသော နိုင်ငံများသို့ ခရီးသွားလေ့ရှိသူများတွင် ပိုမိုဖြစ်ပွားနိုင်ပါသည်။

အသည်းရောင် အသားဝါရောဂါ (ဘီ) ပိုး ကူးစက်ခြင်း မခံရအောင် ကြိုတင်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။?ကလေးမွေးဖွားပြီး (၂၄) နာရီအတွင်း မွေးကင်းစကလေးအား အသည်းရောင် အသားဝါရောဂါ (ဘီ) ကာကွယ်ဆေး ထိုးနှံသင့်ပါသည်။လူတိုင်း အသည်းရောင်အသားဝါ ကာကွယ်ဆေး (၃)ကြိမ် ထိုးနှံခြင်းဖြင့် ရောဂါပိုးကူးစက်ခံရမှုမှ ကာကွယ်နိုင်ပါသည်။သွေးမလှူမီ သွေးလှူရှင်အား HIV၊ Syphilis၊ အသည်းရောင် အသား ဝါ ဘီ နှင့် စီ ရှိ/မရှိ စစ်ဆေးခြင်းများ ပြုလုပ်သင့် ပါကြောင်း ။ အသည်းရောင် အသားဝါရောဂါ (အီး) ပိုးကြောင့် ဖြစ်ပွားသော ရောဂါဖြစ်ပါသည်။ ရောဂါပိုးဝင်ရောက်ပြီး (၂)ပတ်အကြာမှ (၆)ပတ်အတွင်း များသောအားဖြင့် အလိုအလျောက် သက်သာသွားလေ့ရှိသော်လည်း အချို့တွင် ရုတ်တရက်အသည်းပျက်စီးပြီး သေဆုံးနိုင်သည်အထိ ဖြစ်ပွားနိုင်ပါသည်။

ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ အသားဝါခြင်း ၊ မျက်လုံးဝါခြင်း ၊ ဆီးအရောင်ရင့်ခြင်း၊ဗိုက်အောင့်ခြင်း ၊ ယားခြင်း ၊ အနီစက်များထွက်ခြင်း၊ အသည်းကြီး၍ ဝမ်းဗိုက် နာကျင်ခြင်း ၊ အစားအသောက်ပျက်ခြင်း၊ ပျို့အန်ခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်းတို့ ဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် အသည်းရောင်အသားဝါရောဂါ (အီး) သည် ပြင်းထန်စွာခံစားရတက်ပြီး ရုတ်တရက် အသည်းပျက်စီးခြင်း အခြေအနေအထိ ရောက်ရှိကာ အသက်ဆုံးရှုံးနိုင်ပါသည်။ ကိုယ်ဝန်ဆောင်မိခင်များတွင် ကိုယ်ဝန်ဒုတိယနှင့် တတိယ (၃) လပတ်များ၌ ရောဂါပိုးကူးစပ်ခံရပါက အသည်းပျက်စီးခြင်း ပိုမိုဖြစ်ပွားနိုင်ပြီး ကိုယ်ဝန်ဆောင်မိခင်နှင့် သန္ဓေသား သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။ ကူးစက်နိုင်သည့်နည်းလမ်းများမှာ အသည်းရောင်အသားဝါရောဂါ (အီး) ပိုးသည် အများအားဖြင့် မသန့်ရှင်းသော ရေ ၊ အညစ်အကြေး ၊ မစင် စသည်တို့မှတဆင့် အစာအိမ်နှင့် အူလမ်းကြောင်းအတွင်းသို့ ရောက်ရှိကူးစပ်ခြင်း၊ သေချာစွာကျက်အောင် ချက်ပြုတ်မထားသော အသား ၊ အသားစိမ်း (သို့မဟုတ်) ရောဂါကူးစပ်ခံထားရသော တိရိစ္ဆာန်တို့၏ အသားများအား စားသုံးမိခြင်း၊ ရောဂါပိုး ပါဝင်နေသော သွေး (သို့) သွေးနှင့် ဆက်စပ်ပစ္စည်းများ သွင်းမိခြင်း၊ ရောဂါရှိသော ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသားသို့ ကူးစပ်ခြင်း၊ ကယ်ဆယ်ရေးစခန်းများ ၊ သန့်ရှင်းသော သောက်သုံးရေ မရရှိသော ဒေသများတွင် ကပ်ရောဂါအသွင် (သို့မဟုတ်) အစုလိုက်အပြုံလိုက် ဖြစ်ပွားတက်သည်။

ကာကွယ်နိုင်မည့် နည်းလမ်းများမှာ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ။ အစားအစာ မကိုင်တွယ်မီ ၊ မချက်ပြုတ်မီ ၊ အစာမစားမီနှင့် အိမ်သာအသုံးပြုပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောပါ။ အစားအစာများအား သေချာစွာ ကျက်အောင်ချက်ပြုတ်၍ ပူပူနွေးနွေး စားသုံးပါ။ အသား ၊ ငါးနှင့် ပင်လယ်စာများအား မချက်ပြုတ်ဘဲ အစိမ်းစားသုံးခြင်းမှ ရှောင်ကြည်ပါ။ လက်သုပ်စာများ ၊ ယင်နားစာများ စားသုံးခြင်းမှ ရှောင်ကြဉ်ပါ။ အစားအစာများအား ယင်မနားအောင် ဖုံးအုပ်ထားပါ။ အသီးအရွက်နှင့် အသားငါးများအား သန့်ရှင်းသောရေဖြင့် စင်ကြယ်စွာဆေးကြောပြီးမှ ချက်ပြုတ်စားသုံးပါ။ သစ်သီးဝလံများအား အခွံနွှာပြီးမှ စားသုံးပါ။ ရေကို ကျိုချက်သောက်သုံးပါ။ ယင်လုံအိမ်သာ ဆောက်လုပ်သုံးစွဲပါ။ ရောဂါဖြစ်ပွားသူလူနာများအနေဖြင့် အရေပြားနှင့် မျက်သားဝါပြီးနောက် (၁၀) ရက်ကြာသည်အထိ မိမိနေအိမ်တွင်သာ နေထိုင်ပါ။အစားအသောက်ရောင်းချသူများတွင် ရောဂါဖြစ်ပွားပါက အရေပြားနှင့် မျက်သားဝါပြီးနောက် (၁၀) ရက်ကြာသည်အထိ အစားအသောက်ကိုင်တွယ် ရောင်းချခြင်းအား ရပ်နားထားပါ။ အကိုက်အခဲများ မလိုအပ်ဘဲ သောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ။ ဖျားခြင်း ၊ အန်ခြင်း ၊ ဗိုက်အောင့်ခြင်း ၊ အစားအသောက်ပျက်ခြင်း ၊ ကိုယ်မအီမသာဖြစ်ခြင်း ၊ အရေပြားနှင့် မျက်သားဝါခြင်း စည့် ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်ပြသပါ။ အဆိုပါရောဂါလက္ခဏာဖြစ်ပွားသူ သံသယလူနာများအား တွေ့ရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပို့ပါ။ ️အသည်းရောင်အသားဝါရောဂါ (အီး) အတွက် ကာကွယ်ဆေးမရှိသေးပါ။

Dr.Lynn

 

Previous Post

သဘာဝ က ပေးတဲ့ဆေးတစ်ခွက် (သို့မဟုတ်) ကိုယ်လက်လှုပ်ရှားအားကစား

Next Post

ရွှေပန်းထိပ်အရေပြားဖြတ်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
863
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရွှေပန်းထိပ်အရေပြားဖြတ်ခြင်း

သနပ်ခါး : မြန်မာတို့ရဲ့ အလှ

အရေပြားဖြတ်ခြင်းနဲ့ကျန်းမာရေးအကြောင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.