ဆောင်းရာသီမှာ မဖျားအောင် ဘယ်လိုနေရမလဲ
ကိုယ်အပူချိန်တိုင်းကြည့်လိုက်လို့ ဘယ်လောက်ဆိုရင် ဖျားတယ်လို့ပြောရမလဲလို့မေးတတ်ကြပါတယ်။ ဒီရာသီက ဖျားသူများတဲ့ရာသီပါ။ ကိုယ်အပူချိန် ၉၈.၆ ဒီကရီဖာရင်ဟိုက်(၃၇ ဒီဂရီစင်တီဂရိတ်)ကျော်ရင် ဖျားနေသည်ဟုဆိုလိုပါတယ်။
(1)ဖျားခြင်း?
ဖျားခြင်းသည် ကိုယ်တွင်းခုခံမူသည်ဝင်ရောက်လာသောကူးစက်မူပိုးများကိုတိုက်ထုတ်သောကြောင့် ဖြစ်ပေါ်လာရသော အကျိုးဆက်တစ်ခုဖြစ်ပါတယ်။ အပူချိန် 100°F မကျော်လျှင် စိုးရိမ်စရာမရှိဘူးဟုအကြမ်းဖြင်းယူဆနိုင်သော်လည်း ၁၀၀အောက်အပူချိန်ကိုလည်း ဖြစ်ပွားသည့်အချိန်ကို မူတည်၍ ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ကိုယ်အပူချိန်မြင့်လာခြင်းသည် ဘက်တီရိယားစ်။ ဗိုင်းရပ်စ်များသည်အပူချိန်မြင့်လာလျှင်မနေနိူင်သောကြောင့် ကိုယ်တွင်းခုခံအားကတိုက်ထုတ်ပေးခြင်းဖြစ်ပါတယ်။
ဖျားခြင်းသည် အခြားသောချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ နှာစေးခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းစသောလက္ခဏာများနှင့်အတူ ဖြစ်လေ့ရှိပါတယ်။
အပူချိန် 104°F ကျော်လျှင် အရေးကြီးသဖြင့် အရေးပေါ်ချက်ချင်း ကုသမူခံယူသင့်ပါတယ်။ အချိန်မှီ လျော့ကျအောင်မပြုလုပ်ပါက သတိလစ်ခြင်း၊ တက်ခြင်းများဖြစ်နိုင်ချေရှိပါတယ်။ ဖျားခြင်းသည် ပိုးကူးစက်ခြင်းကြောင့်မဟုတ်ဘဲ ပြင်ပလှုံ့ဆော်မှုကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဥပမာ ရာသီဥတုပူခြင်း
(2)အကြောင်းရင်း?
ကိုယ်ပူခြင်းဖျားခြင်းဖြစ်ရသောအကြောင်းရင်းများမှာ ဘက်တီရီးယားပိုး၊ ဗိုင်းရပ်စ်ပိုး၊ မှိုပိုး၊ ဆေးဝါးနှင့် အခြားသောအဆိပ်အတောက်များကြောင့်ဖြစ်နိုင်ပါတယ်။ ဖျားခြင်းသည် ကူစက်တတ်သည်မဟုတ်ပါ။ ဖျားခြင်းဖြစ်စေသော ရောဂါပိုးကသာကူးစက်ခြင်းဖြစ်ပါတယ်။
(3)ရှာဖွေခြင်း
ကိုယ်အပူချိန်ကို သာမိုမီတာဖြင့်တိုင်းခြင်း၊ သွေးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်းနှင့် အတ်ထရာဆောင်းရိုက်ခြင်းစသည်တို့ကို ပြုလုပ်ခြင်းဖြင့်အကြောင်းရင်းရှာဖွေသင့်ပါတယ်။
(4)ကုသခြင်း
ကိုယ်ပူကျစေသောအိမ်တွင်းကုသနည်းများမှာ
– ရေပတ်တိုက်ပါ။ လူတကိုယ်လုံးအနှံ့ အပူချိန်သိသာစွာလျော့ကျလာသည်အထိ တိုက်ပါ။ ကလေးငယ်များတွင်အထူပြုလုပ်သင့်ပါတယ်။ ရေခဲရေနှင့်မစိမ်ပါနှင့်။ အရက်နှင့်လည်းမတိုက်ပါနှင့်။
– ဖျားလျှင်ရေဓာတ်နည်းနေသောကြောင့် ရေများများတိုက်ပါ။ အသီးဖျော်ရည်များများတိုက်ပါ။
– လေကောင်းလေသန့်ရအောင် ပန်ကာများဖွင့်ထားပါ။ ပြတင်းပေါက်များဖွင့်ထားပါ။
– ထူထပ်သောအနွေးထည်များမဝတ်ရပါ။
– အပူကြီးသောကလေးငယ်များကို စအိုထဲသို့ အပူကျဆေး ပါရာစီတမော့အတောင့် ထည့်ပါ။
– ပါရာစီတမော့၊ အိုင်ဗြူပရိုဖန်စသောဆေးဝါးများသောက်သုံးနိုင်ပါတယ်။
(5)အကျိုးဆက်
ကိုယ်ပူချိန်မြင့်မားခြင်း၊ အချိန်ကြာခြင်းစသည်ဖြစ်လာပါက လျင်မြန်စွာကုသမူမခံယူပါက
– တက်ခြင်း
– သတိလစ်ခြင်း
– ရေဓာတ်ခမ်းခြောက်ခြင်းစသည့်များဖြစ်ပေါ်ပါက အသက်အန္တရာယ်ဖြစ်သည်အထိထိခိုက်နိုင်ပါတယ်။
(6)ကာကွယ်ခြင်း
ဖျားနာမူကိုကြိုတင်ကာကွယ်နိုင်သောနည်းလမ်းများမှာ
– လက်ဆေးပါ။
– ဖျားနာနေသူနှင့် ထိတွေ့မူနည်းအောင်လုပ်ပါ။
– ကာကွယ်ဆေးထိုးပါ။
– ကိုယ်ခံအားကောင်းအောင်နေပါ။
– အာဟာရပြည့်စုံစွာစားပါ။
– ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။
Dr. ပြည့်ရှင်