fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ပိုးလေးဖက်နာလက္ခဏာက ဘာတွေလဲ၊ ခန္ဓာကိုယ်ဘယ်အစိတ်အပိုင်းတွေကို တိုက်ခိုက်တာလဲ

2.4k
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/09/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

အဆစ်အမြစ်တွေနာလို့ လေးဖက်နာရောဂါများရှိသလားလို့ လာမေးတဲ့လူနာတွေကို ဆေးခန်းကို ခဏခဏ ရောက်လာတတ်ပါတယ်။ ဒါကြောင့် ဒီနေ့တော့ ဒီ ပိုးလေးဖက်နာအကြောင်းကို နည်းနည်းရှင်းပြပေးချင်ပါတယ်။

ပိုးလေးဖက်နာ ဘယ်က စဖြစ်သလဲ

ပိုးလေးဖက်နာလို့ဆိုတဲ့အတိုင်း ရောဂါဖြစ်ရခြင်းဟာ Group A Steptococcal ဗက်တီးရီးယားတွေ ကူးစက်ခံရတာက စတင်ပါတယ်။ ဒီရောဂါပိုးဟာ တိုးတက်နေပြီဖြစ်တဲ့ ဥရောပတိုင်းပြည်တွေ နဲ့ USA လို မြောက်အမေရိကတိုင်းပြည်တွေမှာ ကူးစက်ခံရတာဟာ မရှိသလောက် နည်းနေပြီဖြစ်ပြီး အာရှ၊ အာဖရိက နဲ့ တောင်အမေရိကတိုက်နိုင်ငံတချို့မှာတော့ ဒီရောဂါဖြစ်ပွားမှုဟာ ရှိနေဆဲပဲ ဖြစ်ပါတယ်။ အသက် ၅နှစ် ၁၀နှစ် အရွယ် ကလေးတွေနဲ့ အပျို လူပျိုပေါက်ဝင်ခါစ အရွယ်တွေမှာ ဒီဗက်တီးရီးယားပိုး စဝင်တတ်ပါတယ်။ ဒီလိုဝင်တဲ့အချိန်မှာ လည်ချောင်းနာတတ်ပါတယ်။ ကိုယ်တွင်းကို ဗက်တီးရီးယားပိုးဝင်ရောက်လာတာဖြစ်တဲ့အတွက် ကိုယ်တွင်းက ခုခံအားစနစ်ဟာ ဗက်တီးရီးယားကို ပြန်လည် တိုက်ထုတ်ဖို့ အတွက် Antibody တွေ ထုတ်ပါတယ်။ ဒီထွက်လာတဲ့ Antibody တွေဟာ ဗက်တီးရီးယားကိုသာမကဘဲ လူ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ နှလုံး၊ အဆစ် နဲ့ အရေပြားတွေကိုပါ တိုက်ခိုက်မိတဲ့အခါမှာ ထိတဲ့အင်္ဂါပေါ်လိုက်ပြီး ပိုးလေးဖက်နာ အစရှိတဲ့ ရောဂါလက္ခဏာမျိုးတွေ ပေါ်လာတာပဲ ဖြစ်ပါတယ်။

ASO ဆိုတာဘာလဲ

ပိုးလေးဖက်နာရှိတယ်လို့ထင်ကြတဲ့အခါမှာ ဆရာဝန် ညွှန်ကြားလို့ပဲဖြစ်ဖြစ် ကိုယ့်သဘောနဲ့ကိုယ်ပဲဖြစ်ဖြစ် Antistreptolysin O (ASO) တွေကို ဖောက်လာကြပါတယ်။ ဒါကြောင့် ASO ဆိုတာဟာ ဘာလဲဆိုတာကို သိချင်ကြမှာဖြစ်သလို သိလည်းသိသင့်တယ်လို့ ထင်ပါတယ်။ ASO စစ်တယ်ဆိုတာဟာ ကိုယ်တွင်းကို ဗက်တီးရီးယားဝင်သွားတယ်ဆိုတာ ဟုတ်မဟုတ်သိချင်တဲ့အတွက်ကြောင့် စစ်တာဖြစ်ပါတယ်။ ASO တွေများနေတယ် ဆိုတာဟာ ဒီဗက်တီးရီးယားပိုး ကိုယ်တွင်းကို ဝင်သွားတယ်လို့ပဲ ယေဘုယျ ကောက်ချက်ဆွဲလို့ ရပါတယ်။ ဒါပေမဲ့ စောစောက ပြောခဲ့တဲ့အတိုင်း ပိုးလေးဖက်နာဟာ ပိုးကြောင့် တိုက်ရိုက်မဟုတ်ဘဲ Antibody တွေကြောင့် ဖြစ်တာဖြစ်တဲ့အတွက် ASO တစ်မျိုးတည်းတက်ပြီး ကျန်တဲ့လက္ခဏာတွေ မရှိဘူးဆိုရင်တော့ အဆစ်အမြစ်နာတာဟာ ပိုးလေးဖက်နာကြောင့်ဖြစ်တယ် ဟုတ်မဟုတ်ဆိုတာကို အတိအကျပြောနိုင်ဖို့ ခက်ပါလိမ့်မယ်။ ဒါကြောင့် ASO တစ်မျိုးတည်းတက်ပြီး ပိုးလေးဖက်နာမှာ တွေ့တတ်တဲ့ ကျန်တဲ့ လက္ခဏာတွေမရှိဘူးဆိုရင် အဆစ်ကိုက်ခဲတာဟာ တခြားရောဂါတွေကြောင့်လည်း ဖြစ်နိုင်သေးတဲ့အတွက် တခြားရောဂါတွေကိုပါ လိုက်ရှာရလေ့ရှိပါတယ်။

ပိုးလေးဖက်နာလို့ ဘယ်အခါမှာ သတ်မှတ်သလဲ

ပိုးလေးဖက်နာကို ဖြစ်စေတဲ့ Antibody ဟာ အဆစ်တွေကိုသာမက နှလုံးနဲ့ အရေပြားတွေကိုပါ တိုက်ခိုက်ပါတယ်။ ဒါကြောင့် ASO တက်တာအပြင် တခြားလက္ခဏာတွေဖြစ်တဲ့ နှလုံးရောင်လို့ ရင်ဘတ်အောင့်တာ၊ အရေပြားမှာ အကွက်ဖြစ်တာ အစရှိတာတွေပါ ရှိတယ်ဆိုရင် ပိုးလေးဖက်နာဖြစ်ဖို့ ပိုသေချာလာပါတယ်။ ဖျားတာဟာလည်း ကိုယ်တွင်းမှာ ရောင်ရမ်းမှုတွေ လက်ရှိဖြစ်နေတာကို ပြသနိုင်တဲ့အတွက် ဖျားနေတယ်ဆိုရင် ပိုးလေးဖက်နာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ECG ဆွဲကြည့်တဲ့ အခါ နှလုံးခုန်မမှန်တာတွေ တွေ့ရတာ၊ သွေးစစ်ကြည့်တဲ့အခါ သွေးဖြူဥတွေများနေတာ ESR, CRP တွေများနေတာဟာ ပိုးလေးဖက်နာ ပိုဖြစ်နိုင်တယ်ဆိုတာကို ပြပေးပါတယ်။

သေချာပြီဆိုရင် ဘယ်လိုကုသမလဲ

Penicillin သောက်ဆေး သို့ ထိုးဆေးပေးတတ်ပါတယ်။ ဒီနေရာမှာလည်း Antibody ကြောင့် ဖြစ်တာကို ဘာကြောင့် ပိုးသတ်ဆေး ပေးတာလဲလို့ မေးစရာရှိနိုင်ပါတယ်။ ကိုယ်တွင်းမှာ ပိုးတွေရှိနေသေးတဲ့အခါမှာ ဒီ ဗက်တီးရီးယားတွေကို တိုက်ထုတ်ဖို့အတွက် Antibody ဆက်များနေပါလိမ့်မယ်။ ဒါကြောင့် Antibody တွေကို လျှော့ချပေးဖို့အတွက် ကိုယ်တွင်းမှာ ရှိနေတဲ့ ဗက်တီးရီးယားပိုးကိုရှင်းရပါမယ်။ ပိုးသတ်ဆေးကို ဒီရည်ရွယ်ချက်နဲ့ ပေးပါတယ်။

Author: Dr. မွှေး

Previous Post

ဝါတွင်းကာလ သတ်သတ်လွတ်စားသူများအတွက် သတင်းကောင်း

Next Post

စပျစ်သီးသန္ဓေအကြောင်းသိကောင်းစရာ အပိုင်း(၂)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
830
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
841
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

စပျစ်သီးသန္ဓေအကြောင်းသိကောင်းစရာ အပိုင်း(၂)

ရေကူးခြင်းက သင့်ရဲ့ ကိုယ်ခန္ဓာအပေါ် ဘယ်လို အထောက်အကူ ပြုသလဲ။

အရက်နာကျတဲ့အခါ အရက်ထပ်သောက်ပြီး ပြန်ဖြေလို့ ရသလား။

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.