(Zawgyi)
လူမွာ ေက်ာက္ကပ္ (၂) လုံးရွိတယ္။ ခႏၶာကိုယ္မွ အညစ္အေၾကး၊ အဆိပ္အေတာက္ (ဆီလီယမ္မ်ား) စြန႔္ထုတ္ဖို႔ လိုအပ္ပါတယ္။ ေက်ာက္ကပ္(၁)လုံးကိုထုတ္လိုက္ေပမယ့္ က်န္ (၁) လုံးေကာင္းမြန္ရင္ ဆီဆိပ္မ်ားျပားလာျခင္း မရွိပါ။ ဆီဆိပ္ေတြ ပုံမွန္အတိုင္းရွိႏိုင္တယ္။ ေသြးထဲမွာ ဆီးဆိပ္မ်ားလာျခင္းဟာ အလုပ္လုပ္ႏိုင္တဲ့ ေက်ာက္ကပ္ပမာဏ (၃၀% ေအာက္နည္းတယ္လို႔ ခန႔္မွန္းႏိုင္တယ္။ ဆီးဆိပ္ေတြရွိသင့္သည္ထက္ (၃) (၄) ဆအမ်ားႀကီးရွိရင္ အလုပ္လုပ္ႏိုင္တဲ့ ေက်ာက္ကပ္ပမာဏ (၁၀%) ေအာက္လို႔ ခန႔္မွန္းႏိုင္တယ္။
ဆီးဆိပ္မ်ား ဘယ္လိုဖယ္ရွားမလဲ (၁)ဝမ္းဗိုက္အတြင္း ပိုက္ငယ္တစ္ခုနဲ႔ ထုံးေဆးေပးတပ္ဆင္ေဆးေၾကာျခင္း (၂) ေက်ာက္ကပ္တု ေသြးသန႔္စင္စက္နဲ႔ ဖယ္ရွားကုသျခင္း (၃) ေက်ာက္ကပ္အစားထိုး ကုသျခင္းတို႔ျဖစ္တယ္။
ေရရွည္ေက်ာက္ကပ္အလုပ္မလုပ္သူမ်ား “ယင္းလူနာေတြဟာ ဆီးဆိပ္မ်ား တျဖည္းျဖည္း မ်ားလာၿပီး ခႏၶာကိုယ္ အစိတ္အပိုင္းေတြကိုတျဖည္းျဖည္းခ်င္း ပ်က္စီးယိုယြင္းလာၿပီးေနာက္အတန္ၾကာမွ အသက္ေသဆုံးေစတယ္။
လူဟာ မစားခ်င္ မေသာက္ခ်င္ျဖစ္လာျခင္း ကိုယ္လက္မအီမသာျဖစ္ျခင္း ေမာပန္းလာၿပီး ေန႔အခါ အငိုက္လြန္လာျခင္း မွိန္းျခင္း ကိုယ္လက္ယားယံျခင္း စတဲ့ ခံစားရရင္ ခႏၶာကိုယ္မွာ ဆီးဆိပ္ပမာဏ ရွိသင့္တာထက္ (၄) ဆ (၅) ဆပိုၿပီး စုပုံလာရင္ေသြးသန႔္စင္ေပးသင့္တယ္။
အခ်ိဳ႕လူနာဟာ ေက်ာက္ကပ္ကို ေဘးျဖစ္ေစတဲ့ ေဆးဝါး၊ အစားအစာ၊ အျခားေရာဂါ တစ္စုံတစ္ရာ ဥပမာ ဝမ္းေလွ်ာျခင္း၊ ေသြးေပါင္က်ျခင္း၊ ေသြးေပါင္တက္လြန္းျခင္းေတြေၾကာင့္ နာတာရွည္ျဖစ္ကာ ေက်ာက္ကပ္အားနည္းရာမွ ႐ုတ္တရက္ လ်င္လ်င္ျမန္ျမန္ ေက်ာက္ကပ္အားနည္းသြားၿပီး၊ ဆီးဆိပ္ေတြလ်င္လ်င္ျမန္ျမန္ တက္လာတယ္။ ယင္းအေျခအေနရွိတဲ့ လူနာေတြ ေက်ာက္ကပ္ေဆးလိုက္ရင္ နဂိုတျဖည္းျဖည္း အားနည္းေနတဲ့ အေျခအေန ျပန္ေရာက္ရွိၿပီး ဆီးဆိပ္ေတြျပန္ေလ်ာ့နည္းတာ အခ်ိန္အတိုင္းအတာ တစ္ခုထိ ျပန္လည္ေကာင္းမြန္လာတယ္။
ဆီးဆိပ္ေတြမ်ားလြန္းၿပီး အသက္အႏၲရာယ္ေပးႏိုင္တဲ့ အေျခအေနမ်ိဳးမွာ အရဲစြန႔္ေနျခင္းထက္ ပိုမိုစိတ္ခ်ေစဖို႔ ဆီးဆိပ္ဖယ္ရွား သန႔္စင္ျခင္းကို ေဆာင္႐ြက္သင့္တယ္။ အတိုင္းအတာတစ္ခုထိ ေက်ာက္ကပ္ျပန္ေကာင္းလာရင္ ဆက္လက္မေဆးဘဲ ရပ္ထားႏိုင္တဲ့လူနာမ်ိဳးရွိပါတယ္။
နာတာရွည္ ေက်ာက္ကပ္အလုပ္မလုပ္တဲ့ လူနာအမ်ားစုက ေရရွည္ဆီးဆိပ္ဖယ္ရွားကုသေပးဖို႔ လိုပါတယ္။ ေနာင္က်န္းမာလာရင္ ေက်ာက္ကပ္အစားထိုး ကုသမႈ ျပဳလုပ္ႏိုင္တယ္။ေသြးသန႔္စင္ျခင္းမျပဳဘဲ အရဲစြန႔္ေစာင့္ၾကည့္ရင္ လူနာေက်ာက္ကပ္က သဘာဝအေလ်ာက္ အတိုင္းတာတစ္ခုထိ ျပန္လည္ေကာင္းမြန္လာၿပီး လူနာကံမေကာင္းရင္ အျပင္နံ႔ဆိုး႐ြားတယ္မထင္ရေပမယ့္ အဆိပ္ေတာက္ အညစ္အေၾကးေတြေၾကာင့္ နာရီးပိုင္း ရက္ပိုင္းအတြင္း အသက္ဆုံးရႈံးျခင္းမ်ိဳး ျဖစ္ႏိုင္ပါတယ္။
ေခတၱစဥ္းစားခ်ိန္အတြင္း လူနာသက္သာျခင္း၊ ႐ုတ္တရက္ေသဆုံးျခင္း ျဖစ္ေလ့ရွိတဲ့ အျဖစ္အပ်က္ေတြပဲ ျဖစ္ပါတယ္။
အခ်ိဳ႕လူနာေတြက အသက္အႏၲရာယ္ေပးတဲ့ အေနအထား ေရာက္မလာေသးေပမယ့္ဆီးဆိပ္ေတြေၾကာင့္ ဦးေႏွာက္၊ ႏွလုံး၊ ေသြး၊အစားလမ္းေၾကာင္း၊ အ႐ိုးစတဲ့ ခႏၶာကိုယ္အစိတ္အပိုင္းေတြ တျဖည္း ျဖည္းခ်င္း ပ်က္စီးလာရာ လုံးဝဆီးမသြားတဲ့ အေျခအေန ေရာက္မွ သန႔္စင္ေပးျခင္းက လူနာကို ျပန္ၿပီး ေကာင္းမြန္ဖို႔ စြမ္းေဆာင္ႏိုင္မွာ မဟုတ္ပါဘူး။
ဘယ္ေလာက္ၾကာၾကာ ေက်ာက္ကပ္ေဆးရမလဲ။ ေက်ာက္ကပ္အလုပ္မလုပ္တဲ့ လူနာေတြ ေက်ာက္ကပ္ျပန္ေကာင္းတဲ့အထိ သန႔္စင္ေဆးေၾကာ ကုသျခင္းျပဳရပါမယ္။ နာတာရွည္ ေက်ာက္ကပ္အလုပ္မလုပ္တဲ့ လူနာေတြ ေရရွည္သန႔္စင္ကုသျခင္း ျပဳလုပ္ရပါမယ္။
ဘယ္ႏွႀကိမ္ေဆးမလဲ။ ။ အေကာင္းဆုံးစံခ်ိန္မီ သန႔္စင္ကုသရင္ တစ္ပတ္(၃) ႀကိမ္ သန႔္စင္ေပးရပါမယ္။ (၃) ႀကိမ္မလုပ္ႏိုင္ရင္ တစ္ပတ္ (၂) ႀကိမ္ အနည္းဆုံးေဆာင္႐ြက္သင့္ပါတယ္။ ဆီးဆိပ္တက္ ျပီး လူနာေမ့ေမ်ာသြားတယ္။
ကုန္က်စရိတ္။ ။ ေက်ာက္ကပ္ေဆးတဲ့ စက္ကတန္ဖိုးႀကီးမားလို႔ တစ္ႀကိမ္ေဆးရင္ က်ပ္ေလးေသာင္းက်တယ္။ ယင္းစရိတ္က ပစၥည္းကိရိယာအတြက္ အဓိက ကုန္က်ျခင္းျဖစ္တယ္။ အျခားတိုင္းျပည္ ေတြမွာ ယင္းပစၥည္းမ်ိဳး အသုံးျပဳေဆးေၾကာရင္ က်ပ္တစ္သိန္းေက်ာ္ ကုန္က်ပါတယ္။ ပစၥည္းေတြကို ႏိုင္ငံျခားမွ ဝယ္ယူရလို႔ ပစၥည္းစရိတ္ကုန္က်စရိတ္ ပိုမ်ားေပမယ့္ ဆရာဝန္၊ ဆရာမ၊ ကြၽမ္းက်င္ဝန္ထမ္းအတြက္ ကုန္က်စရိတ္ႏႈန္းထား သက္သာလို႔ တစ္ႀကိမ္ေဆးရင္ က်ပ္ေလးေသာင္း ကုန္က်တာဘဲျဖစ္တယ္။ေက်ာက္ကပ္ေဆးၿပီး ျပန္ေကာင္းလာမွာလား။ ။ ေက်ာက္ကပ္အလုပ္မလုပ္တဲ့ ေရာဂါ (Auitc Renal Failum) အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ယာယီရပ္ဆိုင္းသြားျခင္းျဖစ္လို႔ မၾကာခင္ ျပန္လည္ေကာင္းမြန္လာတတ္တယ္။ တစ္ခါတစ္ရံ ဆီးဆိပ္ေတြ လ်င္လ်င္ျမန္ျမန္ စုပုံမ်ားျပားလာၿပီး အခ်ိန္မီ ဆီးဆိပ္မဖယ္ရင္ အသက္ဆုံးႏိုင္တယ္။
ေရရွည္ေက်ာက္ကပ္ အလုပ္မလုပ္တဲ့လူနာ (Chroric Renal Failure) ကဆီးဆိပ္အညစ္အေၾကးေတြ တျဖည္းျဖည္းမ်ားလာၿပီး ဦးေႏွာက္၊ႏွလုံး၊ ေသြး၊အစာလမ္းေၾကာင္း၊ အ႐ိုးစတဲ့ ခႏၶာကိုယ္ အစိတ္အပိုင္း တျဖည္းျဖည္း ယိုယြင္းပ်က္စီးလာၿပီး အသက္ဆုံးရႈံးႏိုင္တယ္။ တစ္ခါတစ္ရံ လူနာအေျခအေန ျပန္လည္တိုးတက္ ေကာင္းမြန္လာၿပီး တျဖည္းျဖည္း ျပန္လည္ယိုယြင္း ပ်က္စီးလာတယ္။
ေက်ာက္ကပ္ျပန္လည္ ေကာင္းမြန္လာေအာင္ ကုသလို႔ရႏိုင္သလား။ ေက်ာက္ကပ္တျဖည္းျဖည္း ပ်က္စီးမႈဟာ ေနာက္ဆုံးအဆင့္ ေရာက္ေနၿပီျဖစ္ရင္ ျပန္လည္ေကာင္းဖို႔ မလုပ္ႏိုင္ေတာ့ဘူး။ ေက်ာက္ကပ္စတင္ ထိခိုက္တဲ့ အေနအထားမွာ ထိေရာက္တဲ့ ကုသမႈရယူႏိုင္ရင္၊ အခ်ိဳ႕လူနာေတြ ျပန္ေကာင္းႏိုင္ပါတယ္။ ျပန္မေကာင္းလာတဲ့တိုင္ ထိေရာက္တဲ့ ေဆးဝါးကုသမႈနဲ႔ ပ်က္စီးႏႈန္းေႏွးေကြးတဲ့ အတိုင္းအတာတစ္ခုထိ လုပ္ႏိုင္တယ္။ ဆီးခ်ိဳ၊ ေသြးတိုး၊ ေဖာေရာင္ျခင္း၊ ေမာပန္းျခင္း၊ ဆီးသြားရင္ လိုတာထက္ အျမႇဳပ္ထြက္ျခင္း ဆီးစစ္ၾကည့္ရင္ ဆီးထဲအသားဓာတ္ နဲပါးျခင္း၊ ေက်ာက္ကပ္အလုပ္လုပ္တဲ့ ပမာဏကို သာမန္ေသြးစစ္ျခင္းမ်ိဳး မဟုတ္ပဲ ပိုမိုတိက်တဲ့ နည္းနဲ႔ တိုင္းတာျခင္းစတာေတြက ေက်ာက္ကပ္စတင္ပ်က္စီးျခင္းကို ေစာေစာစီးစီးသိရွိၿပီး၊ ထိေရာက္တဲ့ ေဆးကုသမႈေပးရမယ္။ ေဆးကုသမႈ မလုပ္ပဲထားရင္ ဆီးဆိပ္မ်ားၿပီး အသက္အႏၲရာယ္ မ်ားတယ္။ ဆီးဆိပ္သန႔္စင္ေပးတဲ့ အႏၲရာယ္ နည္းပါးပါတယ္။
ေက်ာက္ကပ္ေဆးၿပီးေနာက္ သိပ္ေကာင္းမလာတာမ်ိဳးရွိတယ္။ ေကာင္းတယ္၊ မေကာင္းဘူး ရလဒ္က လူနာရဲ႕ က်န္းမာေရးေပၚမွာ တည္မွီပါတယ္။ ေက်ာက္ကပ္ (၂) လုံးစလုံး ထုတ္ပစ္ထားလည္း အခ်ိန္မွီ လုံလုံေလာက္ေလာက္ ဆီးဆိပ္သန႔္စင္ေပးရင္ (၁၅)ႏွစ္ အႏွစ္(၂၀) ေနထိုင္သူေတြ ႏိုင္ငံျခားမွာ ရွိပါတယ္။
ေက်ာက္ကပ္ေဆးရင္ ေကာင္းမယ္လို႔ အႀကံေပးတဲ့အခါ လူနာက သိပ္မဆိုးေသးလို႔၊ အရာရာငဲ့ၿပီးမေဆးပဲ တင္းခံေနတယ္။ ခႏၶာကိုယ္အစိတ္အပိုင္းေတြ ထိခိုက္ပ်က္စီးၿပီး ေသမေလာက္ျဖစ္ေတ့ာမွ ေရာက္လာရင္ပ်က္စီးၿပီးတဲ့ ကိုယ္ခႏၶာကိုယ္ အစိတ္အပိုင္းေတြ ျပန္မေကာင္းႏိုင္လို႔ ေက်ာက္ကပ္ေဆးေပမယ့္ ျပန္မေကာင္းေတာ့ဘူး။ ေနာက္ၿပီး (၁) ပတ္ (၃) ႀကိမ္ထက္ ပိုေဆးရင္ပိုေကာင္းတယ္ ေျပာေနတဲ့အခ်ိန္မွာ (၁)ပတ္ကို(၂) ႀကိမ္ေခြၽတာၿပီး ေဆးေနလို႔ သည့္ထက္ပိုနည္းၿပီး ေဆးခ်င္လာတာေၾကာင့္ ေကာင္းသင့္သေလာက္ မေကာင္းဘူး။ ေက်ာက္ကပ္ကု ေသြးသန႔္စစ္စစ္နဲ႔အခ်ိန္မီ သင့္ ေတာ္တဲ့ အခ်ိန္ကုသမႈ ခံယူရင္း လူနာလို႔မထင္ရပဲ သာမန္လူတစ္ေယာက္ လူေကာင္းျဖစ္လာႏိုင္ပါတယ္။
အႀကံျပဳျခင္း။ ။ ေက်ာက္ကပ္ေဆးရမယ့္ လူနာမိသားစုက မေဆးခင္ လုပ္ႏိုင္၏ မလုပ္ႏိုင္၏ ေသေသခ်ာခ်ာ စဥ္းစားေပးလိုတယ္။ မႏိုင္တဲ့ဝန္ကို အတင္းထမ္းတာမ်ိဳး အိမ္၊ၿခံ၊ေျမ စီးပြားပ်က္ရတဲ့ အထိမလုပ္သင့္ဘူး။
လုပ္မယ္ဆိုရင္ ခႏၶာကိုယ္အစိတ္အပိုင္းေတြ ျပင္မရေအာင္ မပ်က္စီးမီ ေကာင္းေနစဥ္ ႀကိဳတင္လုပ္ေပးသင့္ပါတယ္။ ေစာေစာလုပ္သင့္တဲ့ လူနာ လက္ဦးမႈရယူၿပီး ေက်ာက္ကပ္ျပန္ေကာင္းလာႏိုင္တယ္။
-စံခ်ိန္မီေအာင္ လုပ္သင့္ပါတယ္။ အေျခအေနအရပ္ရပ္ေၾကာင့္ အခ်ိန္မီနဲ႔ စံခ်ိန္မီ မလုပ္ႏိုင္တာကို ကုသေပးေနတဲ့ ဆရာဝန္၊ ဆရာ၊ ဆရာမမ်ား ဂ႐ုဏာထားနားလည္ေပးရမလို၊ လူနာရွင္ေတြကလည္း အမွန္ျဖစ္စဥ္ကို နားလည္လက္ခံေပးရမွာျဖစ္တယ္။
ေက်ာက္ကပ္ေဆးတာက လူနာအသက္ရွင္ေအာင္ ေက်ာက္ကပ္လုပ္ငန္းျပန္ေကာင္းမြန္လာေအာင္ ႀကိဳးစားလုပ္ကိုင္တဲ့ နည္းလမ္းေတြပဲျဖစ္တယ္။ ခႏၶာကိုယ္က ဆီးဆိပ္ေတြမ်ားလြန္းရင္ သတိေမ့ၿပီး ေသဆုံးသြားႏိုင္တယ္။ (၁) ဝမ္းဗိုက္တြင္ ပိုက္ငယ္တစ္ခုနဲ႔ ထုံေဆးေပးတပ္ဆင္ေဆးေၾကာျခင္း (၂) ေက်ာက္ကပ္ကု ေသြးသန႔္စင္စက္နဲ႔ဖယ္ရွားသန႔္စင္ကုသျခင္း(၃) ေက်ာက္ကပ္အစားထိုးကုသျခင္း တို႔လိုအပ္ပါတယ္။ ေက်ာက္ကပ္လဲလွယ္ျခင္းကို ျမန္မာႏိုင္ငံမွာ လုပ္ႏိုင္ေပမယ့္ မတြင္က်ယ္ေသးပါဘူး။
Author – ေဒါက္တာလြင္သန႔္
(Unicode)
လူမှာ ကျောက်ကပ် (၂) လုံးရှိတယ်။ ခန္ဓာကိုယ်မှ အညစ်အကြေး၊ အဆိပ်အတောက် (ဆီလီယမ်များ) စွန့်ထုတ်ဖို့ လိုအပ်ပါတယ်။ ကျောက်ကပ်(၁)လုံးကိုထုတ်လိုက်ပေမယ့် ကျန် (၁) လုံးကောင်းမွန်ရင် ဆီဆိပ်များပြားလာခြင်း မရှိပါ။ ဆီဆိပ်တွေ ပုံမှန်အတိုင်းရှိနိုင်တယ်။ သွေးထဲမှာ ဆီးဆိပ်များလာခြင်းဟာ အလုပ်လုပ်နိုင်တဲ့ ကျောက်ကပ်ပမာဏ (၃၀% အောက်နည်းတယ်လို့ ခန့်မှန်းနိုင်တယ်။ ဆီးဆိပ်တွေရှိသင့်သည်ထက် (၃) (၄) ဆအများကြီးရှိရင် အလုပ်လုပ်နိုင်တဲ့ ကျောက်ကပ်ပမာဏ (၁၀%) အောက်လို့ ခန့်မှန်းနိုင်တယ်။
ဆီးဆိပ်များ ဘယ်လိုဖယ်ရှားမလဲ (၁)ဝမ်းဗိုက်အတွင်း ပိုက်ငယ်တစ်ခုနဲ့ ထုံးဆေးပေးတပ်ဆင်ဆေးကြောခြင်း (၂) ကျောက်ကပ်တု သွေးသန့်စင်စက်နဲ့ ဖယ်ရှားကုသခြင်း (၃) ကျောက်ကပ်အစားထိုး ကုသခြင်းတို့ဖြစ်တယ်။
ရေရှည်ကျောက်ကပ်အလုပ်မလုပ်သူများ “ယင်းလူနာတွေဟာ ဆီးဆိပ်များ တဖြည်းဖြည်း များလာပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေကိုတဖြည်းဖြည်းချင်း ပျက်စီးယိုယွင်းလာပြီးနောက်အတန်ကြာမှ အသက်သေဆုံးစေတယ်။
လူဟာ မစားချင် မသောက်ချင်ဖြစ်လာခြင်း ကိုယ်လက်မအီမသာဖြစ်ခြင်း မောပန်းလာပြီး နေ့အခါ အငိုက်လွန်လာခြင်း မှိန်းခြင်း ကိုယ်လက်ယားယံခြင်း စတဲ့ ခံစားရရင် ခန္ဓာကိုယ်မှာ ဆီးဆိပ်ပမာဏ ရှိသင့်တာထက် (၄) ဆ (၅) ဆပိုပြီး စုပုံလာရင်သွေးသန့်စင်ပေးသင့်တယ်။
အချို့လူနာဟာ ကျောက်ကပ်ကို ဘေးဖြစ်စေတဲ့ ဆေးဝါး၊ အစားအစာ၊ အခြားရောဂါ တစ်စုံတစ်ရာ ဥပမာ ဝမ်းလျှောခြင်း၊ သွေးပေါင်ကျခြင်း၊ သွေးပေါင်တက်လွန်းခြင်းတွေကြောင့် နာတာရှည်ဖြစ်ကာ ကျောက်ကပ်အားနည်းရာမှ ရုတ်တရက် လျင်လျင်မြန်မြန် ကျောက်ကပ်အားနည်းသွားပြီး၊ ဆီးဆိပ်တွေလျင်လျင်မြန်မြန် တက်လာတယ်။ ယင်းအခြေအနေရှိတဲ့ လူနာတွေ ကျောက်ကပ်ဆေးလိုက်ရင် နဂိုတဖြည်းဖြည်း အားနည်းနေတဲ့ အခြေအနေ ပြန်ရောက်ရှိပြီး ဆီးဆိပ်တွေပြန်လျော့နည်းတာ အချိန်အတိုင်းအတာ တစ်ခုထိ ပြန်လည်ကောင်းမွန်လာတယ်။
ဆီးဆိပ်တွေများလွန်းပြီး အသက်အန္တရာယ်ပေးနိုင်တဲ့ အခြေအနေမျိုးမှာ အရဲစွန့်နေခြင်းထက် ပိုမိုစိတ်ချစေဖို့ ဆီးဆိပ်ဖယ်ရှား သန့်စင်ခြင်းကို ဆောင်ရွက်သင့်တယ်။ အတိုင်းအတာတစ်ခုထိ ကျောက်ကပ်ပြန်ကောင်းလာရင် ဆက်လက်မဆေးဘဲ ရပ်ထားနိုင်တဲ့လူနာမျိုးရှိပါတယ်။
နာတာရှည် ကျောက်ကပ်အလုပ်မလုပ်တဲ့ လူနာအများစုက ရေရှည်ဆီးဆိပ်ဖယ်ရှားကုသပေးဖို့ လိုပါတယ်။ နောင်ကျန်းမာလာရင် ကျောက်ကပ်အစားထိုး ကုသမှု ပြုလုပ်နိုင်တယ်။သွေးသန့်စင်ခြင်းမပြုဘဲ အရဲစွန့်စောင့်ကြည့်ရင် လူနာကျောက်ကပ်က သဘာဝအလျောက် အတိုင်းတာတစ်ခုထိ ပြန်လည်ကောင်းမွန်လာပြီး လူနာကံမကောင်းရင် အပြင်နံ့ဆိုးရွားတယ်မထင်ရပေမယ့် အဆိပ်တောက် အညစ်အကြေးတွေကြောင့် နာရီးပိုင်း ရက်ပိုင်းအတွင်း အသက်ဆုံးရှုံးခြင်းမျိုး ဖြစ်နိုင်ပါတယ်။
ခေတ္တစဉ်းစားချိန်အတွင်း လူနာသက်သာခြင်း၊ ရုတ်တရက်သေဆုံးခြင်း ဖြစ်လေ့ရှိတဲ့ အဖြစ်အပျက်တွေပဲ ဖြစ်ပါတယ်။
အချို့လူနာတွေက အသက်အန္တရာယ်ပေးတဲ့ အနေအထား ရောက်မလာသေးပေမယ့်ဆီးဆိပ်တွေကြောင့် ဦးနှောက်၊ နှလုံး၊ သွေး၊အစားလမ်းကြောင်း၊ အရိုးစတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ တဖြည်း ဖြည်းချင်း ပျက်စီးလာရာ လုံးဝဆီးမသွားတဲ့ အခြေအနေ ရောက်မှ သန့်စင်ပေးခြင်းက လူနာကို ပြန်ပြီး ကောင်းမွန်ဖို့ စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။
ဘယ်လောက်ကြာကြာ ကျောက်ကပ်ဆေးရမလဲ။ ကျောက်ကပ်အလုပ်မလုပ်တဲ့ လူနာတွေ ကျောက်ကပ်ပြန်ကောင်းတဲ့အထိ သန့်စင်ဆေးကြော ကုသခြင်းပြုရပါမယ်။ နာတာရှည် ကျောက်ကပ်အလုပ်မလုပ်တဲ့ လူနာတွေ ရေရှည်သန့်စင်ကုသခြင်း ပြုလုပ်ရပါမယ်။
ဘယ်နှကြိမ်ဆေးမလဲ။ ။ အကောင်းဆုံးစံချိန်မီ သန့်စင်ကုသရင် တစ်ပတ်(၃) ကြိမ် သန့်စင်ပေးရပါမယ်။ (၃) ကြိမ်မလုပ်နိုင်ရင် တစ်ပတ် (၂) ကြိမ် အနည်းဆုံးဆောင်ရွက်သင့်ပါတယ်။ ဆီးဆိပ်တက် ပြီး လူနာမေ့မျောသွားတယ်။
ကုန်ကျစရိတ်။ ။ ကျောက်ကပ်ဆေးတဲ့ စက်ကတန်ဖိုးကြီးမားလို့ တစ်ကြိမ်ဆေးရင် ကျပ်လေးသောင်းကျတယ်။ ယင်းစရိတ်က ပစ္စည်းကိရိယာအတွက် အဓိက ကုန်ကျခြင်းဖြစ်တယ်။ အခြားတိုင်းပြည် တွေမှာ ယင်းပစ္စည်းမျိုး အသုံးပြုဆေးကြောရင် ကျပ်တစ်သိန်းကျော် ကုန်ကျပါတယ်။ ပစ္စည်းတွေကို နိုင်ငံခြားမှ ဝယ်ယူရလို့ ပစ္စည်းစရိတ်ကုန်ကျစရိတ် ပိုများပေမယ့် ဆရာဝန်၊ ဆရာမ၊ ကျွမ်းကျင်ဝန်ထမ်းအတွက် ကုန်ကျစရိတ်နှုန်းထား သက်သာလို့ တစ်ကြိမ်ဆေးရင် ကျပ်လေးသောင်း ကုန်ကျတာဘဲဖြစ်တယ်။ကျောက်ကပ်ဆေးပြီး ပြန်ကောင်းလာမှာလား။ ။ ကျောက်ကပ်အလုပ်မလုပ်တဲ့ ရောဂါ (Auitc Renal Failum) အကြောင်းအမျိုးမျိုးကြောင့် ယာယီရပ်ဆိုင်းသွားခြင်းဖြစ်လို့ မကြာခင် ပြန်လည်ကောင်းမွန်လာတတ်တယ်။ တစ်ခါတစ်ရံ ဆီးဆိပ်တွေ လျင်လျင်မြန်မြန် စုပုံများပြားလာပြီး အချိန်မီ ဆီးဆိပ်မဖယ်ရင် အသက်ဆုံးနိုင်တယ်။
ရေရှည်ကျောက်ကပ် အလုပ်မလုပ်တဲ့လူနာ (Chroric Renal Failure) ကဆီးဆိပ်အညစ်အကြေးတွေ တဖြည်းဖြည်းများလာပြီး ဦးနှောက်၊နှလုံး၊ သွေး၊အစာလမ်းကြောင်း၊ အရိုးစတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တဖြည်းဖြည်း ယိုယွင်းပျက်စီးလာပြီး အသက်ဆုံးရှုံးနိုင်တယ်။ တစ်ခါတစ်ရံ လူနာအခြေအနေ ပြန်လည်တိုးတက် ကောင်းမွန်လာပြီး တဖြည်းဖြည်း ပြန်လည်ယိုယွင်း ပျက်စီးလာတယ်။
ကျောက်ကပ်ပြန်လည် ကောင်းမွန်လာအောင် ကုသလို့ရနိုင်သလား။ ကျောက်ကပ်တဖြည်းဖြည်း ပျက်စီးမှုဟာ နောက်ဆုံးအဆင့် ရောက်နေပြီဖြစ်ရင် ပြန်လည်ကောင်းဖို့ မလုပ်နိုင်တော့ဘူး။ ကျောက်ကပ်စတင် ထိခိုက်တဲ့ အနေအထားမှာ ထိရောက်တဲ့ ကုသမှုရယူနိုင်ရင်၊ အချို့လူနာတွေ ပြန်ကောင်းနိုင်ပါတယ်။ ပြန်မကောင်းလာတဲ့တိုင် ထိရောက်တဲ့ ဆေးဝါးကုသမှုနဲ့ ပျက်စီးနှုန်းနှေးကွေးတဲ့ အတိုင်းအတာတစ်ခုထိ လုပ်နိုင်တယ်။ ဆီးချို၊ သွေးတိုး၊ ဖောရောင်ခြင်း၊ မောပန်းခြင်း၊ ဆီးသွားရင် လိုတာထက် အမြှုပ်ထွက်ခြင်း ဆီးစစ်ကြည့်ရင် ဆီးထဲအသားဓာတ် နဲပါးခြင်း၊ ကျောက်ကပ်အလုပ်လုပ်တဲ့ ပမာဏကို သာမန်သွေးစစ်ခြင်းမျိုး မဟုတ်ပဲ ပိုမိုတိကျတဲ့ နည်းနဲ့ တိုင်းတာခြင်းစတာတွေက ကျောက်ကပ်စတင်ပျက်စီးခြင်းကို စောစောစီးစီးသိရှိပြီး၊ ထိရောက်တဲ့ ဆေးကုသမှုပေးရမယ်။ ဆေးကုသမှု မလုပ်ပဲထားရင် ဆီးဆိပ်များပြီး အသက်အန္တရာယ် များတယ်။ ဆီးဆိပ်သန့်စင်ပေးတဲ့ အန္တရာယ် နည်းပါးပါတယ်။
ကျောက်ကပ်ဆေးပြီးနောက် သိပ်ကောင်းမလာတာမျိုးရှိတယ်။ ကောင်းတယ်၊ မကောင်းဘူး ရလဒ်က လူနာရဲ့ ကျန်းမာရေးပေါ်မှာ တည်မှီပါတယ်။ ကျောက်ကပ် (၂) လုံးစလုံး ထုတ်ပစ်ထားလည်း အချိန်မှီ လုံလုံလောက်လောက် ဆီးဆိပ်သန့်စင်ပေးရင် (၁၅)နှစ် အနှစ်(၂၀) နေထိုင်သူတွေ နိုင်ငံခြားမှာ ရှိပါတယ်။
ကျောက်ကပ်ဆေးရင် ကောင်းမယ်လို့ အကြံပေးတဲ့အခါ လူနာက သိပ်မဆိုးသေးလို့၊ အရာရာငဲ့ပြီးမဆေးပဲ တင်းခံနေတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ထိခိုက်ပျက်စီးပြီး သေမလောက်ဖြစ်တေ့ာမှ ရောက်လာရင်ပျက်စီးပြီးတဲ့ ကိုယ်ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ပြန်မကောင်းနိုင်လို့ ကျောက်ကပ်ဆေးပေမယ့် ပြန်မကောင်းတော့ဘူး။ နောက်ပြီး (၁) ပတ် (၃) ကြိမ်ထက် ပိုဆေးရင်ပိုကောင်းတယ် ပြောနေတဲ့အချိန်မှာ (၁)ပတ်ကို(၂) ကြိမ်ချွေတာပြီး ဆေးနေလို့ သည့်ထက်ပိုနည်းပြီး ဆေးချင်လာတာကြောင့် ကောင်းသင့်သလောက် မကောင်းဘူး။ ကျောက်ကပ်ကု သွေးသန့်စစ်စစ်နဲ့အချိန်မီ သင့် တော်တဲ့ အချိန်ကုသမှု ခံယူရင်း လူနာလို့မထင်ရပဲ သာမန်လူတစ်ယောက် လူကောင်းဖြစ်လာနိုင်ပါတယ်။
အကြံပြုခြင်း။ ။ ကျောက်ကပ်ဆေးရမယ့် လူနာမိသားစုက မဆေးခင် လုပ်နိုင်၏ မလုပ်နိုင်၏ သေသေချာချာ စဉ်းစားပေးလိုတယ်။ မနိုင်တဲ့ဝန်ကို အတင်းထမ်းတာမျိုး အိမ်၊ခြံ၊မြေ စီးပွားပျက်ရတဲ့ အထိမလုပ်သင့်ဘူး။
လုပ်မယ်ဆိုရင် ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပြင်မရအောင် မပျက်စီးမီ ကောင်းနေစဉ် ကြိုတင်လုပ်ပေးသင့်ပါတယ်။ စောစောလုပ်သင့်တဲ့ လူနာ လက်ဦးမှုရယူပြီး ကျောက်ကပ်ပြန်ကောင်းလာနိုင်တယ်။
-စံချိန်မီအောင် လုပ်သင့်ပါတယ်။ အခြေအနေအရပ်ရပ်ကြောင့် အချိန်မီနဲ့ စံချိန်မီ မလုပ်နိုင်တာကို ကုသပေးနေတဲ့ ဆရာဝန်၊ ဆရာ၊ ဆရာမများ ဂရုဏာထားနားလည်ပေးရမလို၊ လူနာရှင်တွေကလည်း အမှန်ဖြစ်စဉ်ကို နားလည်လက်ခံပေးရမှာဖြစ်တယ်။
ကျောက်ကပ်ဆေးတာက လူနာအသက်ရှင်အောင် ကျောက်ကပ်လုပ်ငန်းပြန်ကောင်းမွန်လာအောင် ကြိုးစားလုပ်ကိုင်တဲ့ နည်းလမ်းတွေပဲဖြစ်တယ်။ ခန္ဓာကိုယ်က ဆီးဆိပ်တွေများလွန်းရင် သတိမေ့ပြီး သေဆုံးသွားနိုင်တယ်။ (၁) ဝမ်းဗိုက်တွင် ပိုက်ငယ်တစ်ခုနဲ့ ထုံဆေးပေးတပ်ဆင်ဆေးကြောခြင်း (၂) ကျောက်ကပ်ကု သွေးသန့်စင်စက်နဲ့ဖယ်ရှားသန့်စင်ကုသခြင်း(၃) ကျောက်ကပ်အစားထိုးကုသခြင်း တို့လိုအပ်ပါတယ်။ ကျောက်ကပ်လဲလှယ်ခြင်းကို မြန်မာနိုင်ငံမှာ လုပ်နိုင်ပေမယ့် မတွင်ကျယ်သေးပါဘူး။
Author – ဒေါက်တာလွင်သန့်