ခန္ဓာကိုယ်ပေါ်မှာ အနီကွက်တွေထွက်ခဲ့ရင်
မိမိကိုယ်ပေါ်မှာအရေပြားအနီကွက်တွေ ထနေပါသလား?ဘာလို့ဖြစ်နေပါသလဲ?ဖြစ်ဖူးသူတိုင်း လန့်တတ်ပါတယ်။အနီကွက်ထရသောအကြောင်းရင်းများစွာရှိပါတယ်။ဥပမာ မီးလောင်ခြင်း။ဓာတ်မတည့်ခြင်း။ပိုးဝင်ခြင်းနှင့်အခြားရောဂါများ
အနီကွက်ထရသောအကြောင်းရင်းများသည် ဆေးကုသရန်လိုအပ်သည်အထိ ပြင်းထန်နိုင်ပါတယ်။
(1)နေလောင်ခြင်း
နေပူထဲတွင် ကိုယ်ခန္ဓာအရေပြားလုံခြုံစွာကာကွယ်မူမရှိဘဲ အချိန်ကြာမြင့်စွာ နေသောကြောင့် အရေပြားအနီကွက်များဖြစ်လာနိုင်ပါတယ်။နေရောင်ခြည် UVသည် အရေပြားကိုပျက်ဆီးစေပါတယ်။ပျက်ဆီးသောအရေပြားဆီသို့ သွေးပိုရောက်သောကြောင့် အနီကွက်ထကာ အရေပြားအနီရောင်ပြောင်းသွားခြင်းဖြစ်ပါတယ်။နေလောင်ခြင်းကြောင့် အရေပြားယားယံခြင်း။နာကျင်ခြင်း။အရည်ကြည်ဖုထခြင်းနှင့်အရေပြားကကျခြင်းများလည်းဖြစ်စေနိုင်ပါတယ်။
နေလောင်ခြင်းအပြင် အခြားသောလောင်ကျွမ်းမူကြောင့်အရေပြားအနီကွက်ဖြစ်နိုင်ပါတယ်။
-အပူလောင်ခြင်း
-ဓာတုဗေဒပစ္စည်းလောင်ခြင်း
-လျှပ်စစ်ဓာတ်စီးဝင်လောင်ခြင်း
-ဓာတ်ရောင်ခြည်လောင်ခြင်းစသည်တို့ကြောင့်ဖြစ်နိုင်ပါတယ်။ထိုကဲ့သို့လောင်ကျွမ်းမူသည်လောင်ကျွမ်းခံရသောအရေပြားအနေအထားပေါ်မူတည်ရျ် စိုးရိမ်မူအခြေအနေသတ်မှတိထားပါတယ်။
(2)နှင်းခူရောဂါ
နှင်းခူရောဂါကြောင့် အရေပြားရောင်ရမ်းယားနာကာအနီကွက်မျာဖြစ်စေနိုင်ပါတယ်။အရည်ကြည်ဖုထခြင်း။အရေပြားယားယံအကွက်ထခြင်း။ခြောက်သွေ့ကြမ်းတမ်းသောအရေပြားစသည်တို့ဖြစ်စေနိုင်ပါတယ်။
(3)မွှေးညင်းပေါက်ပိတ်ခြင်း
အရေပြားပေါ်ရှိ မွှေးညင်းပေါက်များသည် မိူနှင့်ဘက်တီးရီးယားပိုးများဝင်ရောက်ရောင်ရမ်းခြင်းကြောင့်လည်း အရေပြားအနီကွက်ထခြင်းဖြစ်စေနိုင်ပါတယ်။မွှေးညင်းပေါက်အနီးတွင် နာကျင်ကိုက်ခဲသောပြည်တည်နာအဖုကလေးများဖြစ်လာစေပါတယ်။
(4)Rosacea
Rosaceaလို့ခေါ်တဲ့ မျက်နှာပေါ်တွင်အဖြစ်များသောအရေပြားနီမြန်းသောအခြေအနေလည်းဖြစ်နိုင်ပါတယ်။ပထမအစတွငိ ပူနီသောအခြေအနေမှ အမြဲတမ်းအနီရောင်ပြောင်းလဲသွားပါတယ်။
(5)Psoriasis
အရေပြားဆဲလ်အသစ်များ လွန်ကဲစွာဖြစ်လာသောအခြေအနေများကြောင့် အရေပြားနီရဲအကွက်များထလာတတ်ပါတယ်။
(6)ဆင်ရေယုန်
ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်တဲ့ရေယုန်ကူးစက်ခံရပါကအရေပြားနီရဲအရည်ကြည်ဖုထလာတတ်ပါတယ်။ပုံမှန်အားဖြင့် ကျောကုံးအဖြစ်များပြီ ပူလောင်ထုံကျင်မူဝေဒနာခံစားရနိုင်ပါတယ်။
(7)lupus
လိပ်ပြာပုံနီရဲရောင်ရမ်းသောအရေပြားအကွက်သည် ကိုယ်တွင်းကိုယ်ခံအားတုံပြန်မူမှားယွင်းသောကြောင့် မျက်နှာ။လည်ပင်း။ဦးခေါင်းတွင်ဖြစ်လာတတ်ပါတယ်။
(8)ဆေးမတည့်မူ
ပင်နီဆလင်။ပိုးသတ်ဆေး။ကင်ဆာဆေးစသည့်တို့နှင့် ဓာတ်မတည့်လျှင်လည်းအရေပြားအကွက်များဖြစ်လာနိုင်ပါတယ်။ယားယံရောင်ရမ်းခြင်းအပြင် သွေးပေါင်ဆက်တိုက်ကျ။အသက်ရူရခက်ခြင်း။ သတိလစ်ပြီး အသက်အန္တရာယ်ထိခိုက်သည်အထိဖြစ်လာနိုင်ပါတယ်။အရေးပေါ်အသက်ကယ်မူပြုလုပ်ရန်လိုအပ်ပါတယ်။
(9)အရေပြားပိုးဝင်ခြင်း
အရေပြားအလွှာများတွင်ဘက်တီးရီးယားပိုးဝင်ပြီးအရေပြားနီရဲရောင်ရမ်းကာ အနာဖြစ်သည်အထိဆိုးရွားနိုင်ပါတယ်။ဖျားခြငိး။ချမ်းတုန်ခြင်း။မူးမောအားနည်းခြင်းစသည်တို့ပါဖြစ်စေပါတယ်။သေချာမကုသပါကပိုးဆိပ်ပြန့်တက်ပါတယ်။
ဘယ်အခါဆရာဝန်နှင့်ပြသသင့်ပါသလဲ?
အရေပြားအနီကွက်ထတိုင်း ဆေးခန်းပြစရာတော့မလိုပါ။နေလောင်မူကြောင့်ဖြစ်ခဲ့လျှင် လိုရှင်းတစ်ခုခုလိမ်းပါ။အနီကွက်သည် နာကျင်ခြင်း။ပြည်တည်ခြင်း။ပိုမိုကြီးထွားခြင်းနှင့်အခြားသောလက္ခဏာများပါ ဖြစ်လာပါက နားလည်တတ်ကျွမ်းသောဆရာဝန်နှင့်တိုင်ပင်ပါ။
Dr.ပြည့်ရှင်း