fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အသံဝင်တာ မြန်မြန်သက်သာအောင်

5.5k
VIEWS
Share on FacebookShare on TwitterShare on Linkedin
16/11/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

အသံဝင်တာ မြန်မြန်သက်သာအောင်

အသံဝင်ခြင်းပြဿနာသည် အနေအထိုင်၊ အစားအသောက်ကို လိုက်၍ ရာသီ ဥတုမရွေး၊ အသက်အရွယ်မရွေး လူတိုင်းခံစားရတတ်သည့် ကျန်းမာရေးပြဿနာ တရပ်ဖြစ်သည်။ အသံဝင်ခြင်းကို ဖြစ်ပွားစေသည့် အကြောင်းအရင်း များစွာရှိသည်။

အထူးသဖြင့် အခြေခံပညာ ကျောင်းဆရာ/ဆရာမများ၊ အားကစားသမားများနှင့် အားကစားပွဲများတွင် အားပေးကြသူများတွင် အသံကိုပုံမှန်ထက်ပို၍ အသုံးပြုရနိုင်ပြီး လေပြွန်နှင့် အသံအိုး ရောင်ရမ်းခြင်းနှင့်အတူ အသံဝင်ခြင်းကို ခံစားရနိုင်သည်။

အချို့သော လူနာ များတွင် အထက်ဖော်ပြပါ အသံကို ပြင်းထန်စွာ အသုံးပြုရခြင်းမျိုး မရှိသော်လည်း အချိန် ကြာမြင့်စွာ အသံဝင်ခြင်း ခံစားရတတ်ကာ လိုအပ်သော စမ်းသတ် စစ်ဆေး မှုများ ပြုလုပ်ရန်လိုပြီး ဖြစ်ပွားရသော အကြောင်းအရင်းကိုလိုက်၍ ကုသမှု ခံယူရန် လိုသည်။

အသံဝင်ခြင်းကိုဖြစ်စေသည့် အကြောင်းအရင်းများ

အသံဝင်ခြင်းကိုဖြစ်စေသည့် အကြောင်းအရင်း များစွာရှိသည်။ အများစုသော အသံဝင်ခြင်းများသည် စိုးရိမ်ရန်မလိုအပ်သလို အချိန်တိုအတွင်း အလိုလိုသက်သာ ပျောက်ကင်းသွားနိုင်သည့် ပြဿနာများဖြစ်သည်။ သာမန်အားဖြင့် လေပြွန်ရောင်ခြင်းကို ဖြစ်စေသည့် အကြောင်းအရင်းများဖြစ်သည့်

– အသံကျယ်လောင်စွာ အသုံးပြုမိသောအခြေအနေများ (ဥပမာ – အားကစားပွဲ အားပေးသူများနှင့် ကျောင်းဆရာ၊ ဆရာမများ)တွင် လေပြွန်ရောင်ရမ်းခြင်းချောင်းဆိုးခြင်း၊ နှာချေခြင်းနှင့် အဖျားရောဂါများတွင် လေပြွန်ရောင်ရမ်းခြင်းသလိပ်ခပ်သော အကျင့်ရှိသူများတွင် အချိန်ကြာလာသည်နှင့်အမျှ လေပြွန် ရောင်လာတတ်ခြင်း စသည့်အခြေအနေများတွင် အသံဝင်ခြင်း ဖြစ်ပွား နိုင်သည်။

အသံဝင်ခြင်းဖြစ်စေသည့် အခြေအနေများကို ထပ်ခါထပ်ခါ ပြုလုပ်မိခြင်းကြောင့် အသံဝင်သည့် အချိန်ကြာလာသည်နှင့်အမျှ အသံအိုး အတွင်း အသားပိုဖြစ်ခြင်းကဲ့သို့ ပြဿနာများ ဖြစ်လာနိုင်ကာ အလွယ်တကူ ပျောက်ကင်းနိုင်ခြင်းမရှိသည့် အခြေအနေများဖြစ်လာနိုင်သည်။

အသံကျယ်လောင်စွာ အသုံးပြုရခြင်းမျိုး မရှိပဲ အသံဝင်ခြင်း ဖြစ်ပွားနိုင်သည့် အခြေအနေများလည်းရှိသည်။

အမွေးနံ့၊ ဖုန်မှုန့် စသည်တို့ကြောင့်ဖြစ်သော ဓာတ်မတည့်မှုဖြစ်စဉ်များတွင်

– အသက်ရှူလမ်းကြောင်း ကျဉ်းသွားနိုင်ခြင်းပန်နာရပ်ကြပ်သမားများတွင် ရောဂါကြောင့် လေပြွန်များကျဉ်းခြင်း၊

– အချို့သော ဆေးဝါးများကြောင့်ဖြစ်သော လေပြွန်ကျဉ်းခြင်း (သွေးတိုးကျ ဆေးများ၊ စိတ်ရောဂါသောက်ဆေးများ၊ အရိုးပွရောဂါသောက်ဆေးများ)၊

– လည်ပင်းကြီးရောဂါသည်များတွင် ကြီးလာသော သိုင်းရွိုက်ဂလန်းမှ လေပြွန်ကို ဖိမိခြင်းမေ့ဆေးပေးသောခွဲစိတ်မှုများတွင် အသက်ရှူပိုက်ထည့်သွင်းခြင်းကြောင့် ဖြစ်သော လေပြွန်ရောင်ခြင်း၊

– အရက်၊ ဆေးလိပ်သောက်သုံးခြင်းကြောင့် ဖြစ်တတ်သော နာတာရှည် လေပြွန်ဝ ရောင်ခြင်း

– အိပ်ပျော်နေစဉ် ဟောက်တတ်သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ပါးစပ်ဖြင့် အသက်ရှုတတ်သူများလေချဉ်တက်ခြင်း

မကြာခဏ ဖြစ်ပွားနေသူများ

– အချို့သော အာရုံကြောရောဂါများ (လေဖြတ်ခြင်း၊ လေဖြန်းခြင်း၊ ဆီးချို ရောဂါရှင်များနှင့် အာရုံကြောအားနည်းသည့် ရောဂါရှင်များ)နှင့် အဆုတ်ကင်ဆာ၊ လေပြွန်ကင်ဆာနှင့် သိုင်းရွိုက်ကင်ဆာ စသည့်ရောဂါများ တွင်လည်း အသံဝင်ခြင်းဖြစ်ပွား ခံစားရနိုင်သည်။

အသံဝင်ခြင်းဖြစ်ပွားလျှင်

ရောဂါကြောင့်ဖြစ်ရခြင်း မဟုတ်သည့် အသံဝင်ခြင်းများတွင် လေပြွန်ရောင်ရမ်းမှု သက်သာသွားသည်နှင့် အသံဝင်ခြင်း ပျောက်ကင်းသွားနိုင်သည်။ အသံဝင်ခြင်း မသက်သာမီအချိန်အထိ အော်ဟစ်ခြင်း၊ စကားပြောခြင်း၊ သီချင်းဆိုခြင်း စသည်တို့ကို အတတ်နိုင်ဆုံး ဂရုပြုရှောင်ကျဉ်သင့်သည်။

သာမန်အားဖြင့် အသံဝင်ခြင်း ဖြစ်ပွားလျှင် အောက်ဖော်ပြပါ နည်းလမ်းများကို စနစ်တကျ လိုက်နာပြုလုပ်ခြင်းဖြင့်လည်း အသံဝင်ခြင်း သက်သာ ပျောက်ကင်းနိုင်သည်။

– ရေများများသောက်ပေးပါ။

– ဓာတ်မတည့်ခြင်းဖြစ်နိုင်သည့် အခြေအနေများကို အတတ်နိုင်ဆုံး ရှောင်းရှားပါ။

– ဆေးလိပ်သောက်တတ်သူများ ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်မသောက်တတ် သူများလည်း သူတပါး၏ ဆေးလိပ်ငွေ့များကို တတ်နိုင်သမျှ ရှောင်ရှားပါ။

– အရက်သောက်တတ်သူများ အရက်ဖြတ်ပါ။

– ကော်ဖီ၊ လဘက်ရည်သောက်သုံးတတ်သူများလည်း အသံဝင်နေစဉ်အတွင်း သောက်သုံးခြင်း မပြုသင့်ပါ။

– ဖျားနာခြင်းနှင့် တုပ်ကွေးရောဂါ ခံစားနေရသူများတွင် ရောဂါပျောက်အောင် ကုသပါ။

– ပန်းသီးရှာလကာရည် သောက်သုံးပါ။

– ဂျင်းပြုတ်ရည်နှင့် ပျားရည်အနည်းငယ် တွဲ၍သောက်သုံးပေးပါ။

– သံပရာရည်နှင့် ပျားရည်ကိုလည်း တွဲဖက်၍ သောက်သုံးပေးနိုင်သည်။

– နွားနို့ပူပူအတွင်း နနွင်းအနည်းငယ်ထည့်၍ သောက်သုံးပေးပါ။

– နွယ်ချိုအနည်းငယ်ကို ပြုတ်၍သောက်ပေးပါ။

– စပြစ်သီးခြောက်များကို ပြုတ်၍သောက်ပေးပါ။

– ကုလားပဲလှော်စားပေးခြင်းဖြင့်လည်း သက်သာနိုင်သည်။

– အစားစားရာတွင် ကြက်သွန်ဖြူအနည်းငယ်တွဲဖက်၍ စားသုံးပေးပါ။

– သံပရာရည်နှင့် ဆားအနည်းငယ်ရော၍ အာလုတ်ကျင်းပေးပါ။

– ဆားရည်နွေးနွေးဖြင့် အာလုတ်ကျင်းပေးခြင်း

– ရေနွေးပူပူအတွင်း ယူကလစ်ဆီ (သို့) ပရုတ်ဆီအနည်းငယ်ထည့်၍ ရေနွေးငွေ့ ကုန်သည်အထိရှူပေးပါ။ ခံတွင်းရှင်းစေသည့် ပူရှိန်းအရသာပါသော ငုံဆေးများ ငုံခြင်း စသည်တို့ကို ပြုလုပ်ပေးခြင်းဖြင့်လည်း အသက်ရှူလမ်းကြောင်းအတွင်းရှိ ပိုးများသေစေ နိုင်ခြင်းနှင့် အသက်ရှုလမ်းကြောင်း စိုစွတ်စေသည့်အတွက် အသံဝင်ခြင်း သက်သာ ပျောက်ကင်းနိုင်သည်။

– နှာခေါင်းမှ အသက်ပြင်းပြင်းရှုသွင်း၊ ရှုထုတ်လုပ်ခြင်းကဲ့သို့ အသက်ရှု လေ့ကျင့်ခန်းများပြုလုပ်ခြင်းဖြင့်လည်း အသက်ရှူလမ်းကြောင်း စိုစွတ်စေနိုင်ပြီး လေပြွန်ပိတ်ခြင်းပြဿနာများ သက်သာစေနိုင်သည့်အတွက် အသံဝင်ခြင်းကိုသက်သာ စေနိုင်သည်။

အထက်ပါကျန်းမာရေးအကြံပြုချက်များအတိုင်း လိုက်နာဆောင်ရွက်သော်လည်း မသက်သာသူများ၊ အကြောင်းအရင်း မယ်မယ်ရရမရှိပဲ (၂) ပတ်ထက်ပို၍ အသံဝင်ခြင်း ဖြစ်ပွားနေသူများနှင့် ရက်အနည်းငယ်အတွင်း အသံလုံးဝ မထွက်တော့သည်အထိ အသံဝင်ခြင်းဖြစ်ပွားသူများတွင် အခြားသောရောဂါတခုခု၏ လက္ခဏာတရပ်လည်း ဖြစ်နိုင်သည့်အတွက် နားလည်တတ်ကျွမ်းသောဆရာဝန် (သို့) နား/ နှာခေါင်း/ လည်ချောင်း ဆရာဝန်နှင့် တိုင်ပင်ကာ လိုအပ်သော စမ်းသတ်စစ်ဆေးမှုများပြုလုပ်ပြီး သင့်တော်သည့် ကုသမှုကို ခံယူသင့်သည်။

အသံဝင်ခြင်းမှ အမြန်ဆုံး သက်သာပျောက်ကင်းနိုင်ကြပါစေ။

Dr.Tint Tal

Previous Post

ကလေးမွေးပြီး အချင်းမကျရင်

Next Post

လက်သည်းခြေသည်းတွေကပြောတဲ့ သင့်ကျန်းမာရေး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
849
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
844
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လက်သည်းခြေသည်းတွေကပြောတဲ့ သင့်ကျန်းမာရေး

Concept of insulin, fake label

အင်ဆူလင်ဆိုတာ ဘာလဲ

ငရုတ်သီးစားခြင်းကပေးနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.