fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အငိုမျက်လုံး အပြုံးမျက်နှာ

109
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/03/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

နှလုံးသားမျက်ရည် တစ်ဦးနဲ့ တစ်ဦးသံယောဇဉ်ရှိပါလျက်၊ မလွဲမရှောင်သာ ခွဲခွာ သို့မဟုတ် ကွဲကွာသွား တဲ့အချိန် တင်စား ပြောဆို တတ်တာက အငိုမျက်လုံး၊ အပြုံးမျက်နှာ၊ နှလုံးသားမှာ မျက်ရည် ဆိုတာကိုပါ။

စိတ်ရဲ့ကျန်းမာရေးက မျက်နှာမှာ ထင်ဟပ်နေတယ်။ မျက်နှာထောင့်နား နာနေရင် ဗီတာမင်အားနည်းလို့ ဖြစ်တယ်။ဖျော့တော့တော့မျက်နှာဟာ သံဓာတ် အားနည်းလို့ဖြစ်တယ်။ လည်ပင်းမှာအညိုကွက်အညိုအမည်းတွေ ဖြစ်တာက သကြားစားသုံးမှုများလို့ဖြစ်တယ်။ သကြားလျှော့ရင် ပြန်ကောင်းတယ်။ မျက်နှာမှာသွေးကြောမျှင် ပေါ်နေတာက ဝိုင်နီ သောက်တာများလို့ ဖြစ်ပြီး လျော့ချင်ရင် ဝိုင်သောက် တာလျှော့ရမယ်။ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တစ်ဝိုက် အဝါတစ်ဝိုက်သွေးကြောများထဲမှာ အဆီခဲများ အနည်ထိုင် ပိတ်ဆို့ခြင်းဖြစ်ကာ သွေးကြောတွေရောင်ရမ်းလို့ အဝါကွက်များ သဏ္ဌာန်ထွက်လာခြင်း ပဲဖြစ်တယ်။

ဖြူဖပ်ဖြူလျော်မျက်နှာ ဖြစ်ရင် အသားဓာတ်နည်းနေပြီဆိုတာ သိနိုင်တယ်။ သံဓာတ်၊ အသားဓာတ် နည်းလာရင် မျက်နှာအသားအရည် ဖြူဖပ်ဖြူလျော် ဖြစ်လာတယ်။ ကမ္ဘာတစ်ဝန်းသံဓာတ်ချို့တဲ့သူပေါင်း သန်း၁၆၀၀လောက်ရှိမယ်လို့ စစ်တမ်းများအရဆိုတယ်။ မျက်ကွင်းတွေညိုနေတတ်တယ်။ သံဓာတ်ချို့တဲ့ရခြင်းက အသားလုံလောက်အောင် မစားလို့ပဲ။ အသားထဲမှာ သံဓာတ်နဲ့ ပရိုတိန်းဓာတ်ပါဝင်ရာ သတ်သတ်လွတ်စားသူများမှာ ပဲမျိုးစုံနဲ့ ဟင်းသီးဟင်းရွက် များများစားပေးရင် သံဓာတ်ရနိုင်ပါတယ်။ ပါးစပ်ထောင့်တွေနာကျင်နေရင် နို့နဲ့နို့ထွက်ပစ္စည်းအစားနည်းလို့ဆိုတာ သတိရသင့်ပါတယ်။

လျှာတွေ ထူနေ၊ အရေပြားယားနေရင် ဗီတာမင်အုပ်စု လျော့နည်းလို့ဖြစ်တယ်။ ဗီတာမင်ဘီကို နို့နှင့် နို့ထွက်ပစ္စည်း၊ ပဲမျိုးစုံ၊ ဟင်းနုနွယ်ရွက်၊အဆီနည်းတဲ့အသားနဲ့ငါးများမှာ အများဆုံး ပါဝင်နေတယ်။ သတ်သတ်လွတ် စားသူများ ဗီတာမင် ဘီ မချို့တဲ့ရအောင် ပဲမျိုးစုံနဲ့ ဟင်းနုနယ်၊ ကန်စွန်းရွက်စတဲ့ အရွက်စိမ်းရင့်ရင့်များ စားသုံးပေးရမယ်။ အရွယ်နဲ့မလိုက်အောင် ပါးရေတွန့်နေရင် ဆေးလိပ်သောက်လို့၊ ကွမ်းစားလို့၊ အရက်ဘီယာသောက်တာ များလို့၊ အရေပြားကို နေရောင်ထိတာများလို့ (ခရမ်းလွန်ရောင်ခြည်ကြောင့်) အရေပြားပိုမိုတွန့်စေတယ်။ စားသောက်တဲ့ ပရိုတိန်းဓာတ်လျော့ကျပျက်စီးတဲ့အခါ ပါးရေနားရေများ စောစောတွန့်တတ်ကြတယ်။ သွေးအတွင်း အောက်စီဂျင် ပါဝင်နှုန်း နည်းပါးလို့ အရေပြားကို အာဟာရဓာတ် ရရှိနှုန်းလျော့ကျသွားတာ၊ အရွယ်နဲ့ မလိုက်အောင် အသားဓာတ် (ပရိုတိန်း) ပျက်စီးသွားလို့ အရွယ်နဲ့မလိုက် ပါးရေနားရေ တွန့်တတ်ကြတယ်။ အချို့ ဆေးလိပ်သောက်၊ ကွမ်းစားများ တဲ့သူတွေ ဆေးလိပ်ဖြတ်ဖို့ ကွမ်းဖြတ်ဖို့လိုပါတယ်။ ဆေးလိပ်ဖြတ်ပြီးရင် ဗီတာမင်စီပါတဲ့ အစားအသောက်တွေ စားပေးရမယ်။ ဗီတာမင်စီဟာ အရေပြားကို တင်းရင်းစေတဲ့ ပရိုတိန်းဓာတ်များပြန်လည်ဖွံ့ဖြိုးလာဖို့ လုပ်ပေးနိုင်ပါတယ်။

လည်ပင်းတစ်ဝိုက်အမည်းကွက်တွေ၊ အမည်းကွင်းတွေပေါ်လာရင် အချိုစားတာ များလွန်းပြီဆိုတာ သိသင့်ပါတယ်။ ဆီးချိုဖြစ်နိုင်ခြေရှိနေပြီး အင်ဆူလင်ဓာတ် တွန်းကန်နေခြင်းလက္ခဏာလည်းဖြစ်တယ်လို့ဆိုတယ်။ အင်ဆူလင် ဟာ သွေးတွင်းသကြားဓာတ်ကို ချေဖျက်ပေးတယ်။ အင်ဆူလင်လုပ်ငန်း ထိခိုက်ရင် သွေးတွင်း သကြားဓာတ် တိုးပွားလာလို့ သို့မဟုတ် ခန္ဓာကိုယ်ဟာ စုပ်ယူခြင်း မပြုနိုင်ရင် ဆီးချိုသွေးချိုဖြစ်စေတယ်။ စားသောက်တဲ့ အထဲမှာ သကြားဓာတ် လျှော့ချရမယ်။ သကြားဓာတ်နည်းတဲ့အစားအစာတွေ ရွေးချယ်စားသောက်ခြင်း၊ အာဟာရ ဖြစ်အောင် စားသောက်ခြင်းက သွေးအတွင်း သကြားဓာတ်မြင့်မားစေမှုကို လျှော့ချနိုင်မယ်။

လည်ပင်းတစ်ဝိုက် အမည်းကွက် ထွက်ခြင်းမျိုးပါ လျော့ကျ ပျောက်ကွယ်သွားစေနိုင်ပါတယ်။ နှုတ်ခမ်းမှာ အက်ကွဲကြောင်းထက်နေရင် အသားပတ်ခြင်း (ဆောင်းရာသီ ကြောင့်) ဖြစ်နိုင်သလို၊ ဗီတာမင် ဘီတူး လျော့နည်းလို့လည်းဖြစ်တယ်။ ဗီတာမင် ဘီတူးစားပေးရမယ်။ အနီရောင်ဖျော့ဖျော့ အပိမ့်တွေ လည်ပင်းနဲ့ မျက်နှာမှာ ပေါက်ပြီး ကွာကျ သွားရင် နေလောင်လို့၊ အပူလောင်လို့၊ ခရမ်းလွန်ရောင်ခြည်များလို့ဖြစ်တဲ့ လက္ခဏာ ဖြစ်တယ်။ နေပူထဲသွားရင် လုံလောက်တဲ့အအုပ်၊ အဆောင်းနဲ့သွားရမယ်။ နေရောင်ခံ ခရင်မ်လိမ်းသွားရမယ်။ ၂နာရီကြာတိုင်း ၁ကြိမ်ထပ်လိမ်းရမယ်။ သနပ်ခါးလိမ်းပေး နိုင်တယ်။

နှုတ်ခမ်းပတ်လည်မှာ ယားဖုကလေးကနေ၊ အနာဖတ်ကွာကျခြင်းဖြစ်ရင် နှုတ်ခမ်းကွဲနာ သို့မဟုတ် ဗီတာမင် ချို့တဲ့တာ၊ သံဓာတ်တွေလျော့နည်းတာ တို့ဖြစ်စေတယ်။ ဗီတာမင်ဘီတူးနဲ့သံဓာတ် တစ်နေ့၂ကြိမ် စားပေးရမယ်။ တစ်ပတ်၊ ဆယ်ရက်လောက် စားပေးရင် ပျောက်နိုင်တယ်။ အရေပြားခြောက်ပြီး အဖတ်တွေ ကွာကျခြင်း၊ အနီရောင်အကွက်များ ဖြစ်ပေါ် လာရင်တော့ အရေပြားယားနာတစ်မျိုး၊ ဝဲသို့မဟုတ် ဝဲနှင်းခူ ဖြစ်နိုင်တယ်။ ဝဲနှင်းခူ လိမ်းဆေး သို့မဟုတ် စိတ်ငြိမ်ဆေးကျွေးပြီး အိပ်စက်စေရ မယ်။

အားဆေး စီဗစ်၊ ဘီကွန်ပလက် သောက်ဖို့လိုပါတယ်။ နှစ်စဉ်မိုးဦးနဲ့ မိုးနှောင်း တွေမှာ သန်ချဆေးကျွေးဖို့လိုပါတယ်။ မျက်နှာဟာ စိတ်ရဲ့ပြတင်းပေါက်ဖြစ်တာနဲ့အညီ လူရဲ့ စိတ်နေစိတ်ထား၊ ရောဂါခံစားရမှုတို့က မျက်နှာ မှာ ထင်ဟပ်ဖော်ပြနေတယ်။ ဗိုက်အောင့်၊ ရင်ခေါင်း အောင့်ရင် လက်နဲ့ဖိပြီး မျက်နှာတွန့်ရှုံ့မဲ့နေသလို နှလုံးအောင့်ရင်၊ ရုတ်တရက် နှလုံးတိုက်ခိုက်ခံရရင် ဆုပ်စွဲထားသလို တင်းကျပ်နာကျင်တာ ဆင်တက်နင်း ထားသလို ခံရတယ်လို့ တင်စားတတ်တယ်။ မျက်နှာအပြုံး၊ နှလုံးသားမှာ မျက်ရည် ဆိုသလို ဟန်ဆောင်ကောင်းသူများနဲ့ ခွဲခြားသိထားဖို့ တော့လိုပါလိမ့်မယ်။

Author – ဒေါက်တာလွင်သန့်

Previous Post

ကလေးအရွယ်တွင် အိပ်ချိန်နည်းခြင်းနှင့် အဝလွန်ကဲခြင်း

Next Post

အချစ်သည် မူးယစ်ဆေးမဟုတ်သော်လည်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
867
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.4k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အချစ်သည် မူးယစ်ဆေးမဟုတ်သော်လည်း

လက်သည်းပြဿနာများ

အအေးမိခြင်းနှင့်ဓာတ်စာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.