fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

လုံးဝမပေါ့ဆသင့်တဲ့ သွေးအားနည်းခြင်းပြဿနာ

417
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/12/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

 

လုံးဝမပေါ့ဆသင့်တဲ့ သွေးအားနည်းခြင်းပြဿနာ

“မောနေတယ် ၊ နုံးနေတယ် ဆိုပြီး ဆေးခန်းသွားပြတာ ဆရာဝန်က သွေးအားနည်းနေတယ်လို့ ပြောလိုက်တယ် ပြီးတော့ ဆေးပေးလိုက်တယ်”  “ ဟုတ်လား ။ ငါလည်း အဲလိုပဲ မောမောနေတယ် ၊ ငါလည်း သွေးအားနည်းနေတယ်ထင်တယ် ဘာဆေးပေးလိုက်လဲ ငါလည်း သောက်ကြည့်မယ်လေ ”

ရပ်ကွက်ထဲမှာ အဲလို ပြောတာတွေကို ကြားဖူးကြပါလိမ့်မယ် ။ တစ်ယောက် နဲ့ တစ်ယောက် ခံစားနေရတာတွေ တူနေတဲ့ အခါ ဆေးခန်းမှာ ဆရာဝန် နဲ့ သွားမပြတော့ဘဲ အလွယ်တကူ ဆေးဝယ်သောက်လိုက်တာမျိုးတွေ ရှိတတ်ပါတယ်။

ဒီလိုနဲ့ တစ်ဆင့်စကား တစ်ဆင့်ကြားပြီး ကာလဒေသ ရွေ့လျောလာတဲ့အခါမှာ မောတယ် နုံးတယ် ဆိုတာ သွေးအားနည်းလို့ ဆိုပြီး ဖြစ်လာပါတယ်။

ကျွန်မ အဲလို ရှင်းပြလို့ “ ဆရာမ ရယ် အဲဒါ ဆို သွေးအားနည်းရင် ဒီလိုတွေ ခံစားရတာ မဟုတ်ဘူးလား” လို့မေးရင် “ ဟုတ်တယ်”  လို့ပဲ ဖြေရပါမယ်။ ဒီလို ဖြေတဲ့ အခါ ဒါဆို ဘာလို့ အမြင်မှားလို့ ပြောရတာလဲ ဆိုပြီး မေးစရာရှိလာပါလိမ့်မယ်။

ဒီလို မေးခွန်းတွေကြောင့် ဒီနေ့သွေးအားနည်းတယ် ဆိုတဲ့ အကြောင်းကို ရှင်းပြဖြစ်တာပဲ ဖြစ်ပါတယ်။

မောတယ် ၊ နုံးတယ် ဆိုတဲ့ လက္ခဏာဟာ ဆေးပညာ အရ ပြောရရင် အတော်ကျယ်ပြန့်ပါတယ်။ ဒီလို လက္ခဏာမျိုးကို ဖြစ်စေတဲ့ အကြောင်းတွေ ရောဂါတွေက အများကြီး ဖြစ်ပါတယ်။ တစ်ခဏ အတွင်း ပျောက်နိုင်တဲ့ ရောဂါတွေ ဖြစ်နိုင်သလို နှစ်ပေါင်းများစွာ ရေရှည်ကုသရမဲ့ ရောဂါတစ်မျိုးမျိုး ကြောင့်လည်း ဒီလို လက္ခဏာတွေ ဖြစ်လာတာ ဖြစ်နိုင်ပါတယ်။

သွေးအားနည်းတဲ့ အခါမှာလည်း ဒီလို လက္ခဏာ တွေဟာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒါတွေဟာ သွေးအားနည်းတာကြောင့် ဖြစ်တာလို့ သေချာပေါက် ပြောဖို့ ဆိုရင်တော့ ဆရာဝန် နဲ့ စစ်ဆေးပြီး တိုင်ပင်စမ်းသပ် စစ်ဆေးရမှာပဲ ဖြစ်ပါတယ်။

သွေးအားနည်းတယ် ဆိုတာ ဘာလဲ???

ကိုယ်တွင်းမှာ ရှိတဲ့ ဆဲလ်တွေ ပုံမှန် အလုပ်လုပ်နိုင်ဖို့ အတွက် အောက်စီဂျင် လိုအပ်ပါတယ်။ ဆဲလ်တွေ ဆီကို သွေးတွင်းကနေ တစ်ဆင့် အောက်စီဂျင်ကို ပို့ဆောင်ပေးဖို့ အတွက် တာဝန်ယူပေးနေတာဟာ ခန္ဓာကိုယ်မှာ ရှိတဲ့ သွေးနီဥ တွေပဲ ဖြစ်ပါတယ်။ ဒီ သွေးနီဥ တွေ အကြောင်းအမျိုးမျိုးကြောင့် လျော့နည်းသွားတဲ့အခါ ဒါမှမဟုတ် ပုံမှန် အောက်စီဂျင်သယ်တဲ့ တာဝန်ကို မထမ်းဆောင်နိုင်တဲ့ အခါ သွေးအားနည်းတာ ဖြစ်လာပါတယ်။

သွေးအားနည်းတာ ဘာတွေကြောင့် ဖြစ်သလဲ???

သွေးနီဥ ဖွဲ့စည်းဖို့ အတွက် လိုအပ်တဲ့ ဓာတ်တွေ မလုံလောက်တာ ( ဥပမာ-သံဓာတ်) ၊ သွေးဆုံးရှုံးတာ ၊ သွေးနီဥတွေ အချိန်မတိုင်ခင် ပြိုကွဲတာတွေကြောင့် သွေးအားနည်းတတ်ပါတယ်။

မောတာ နုံးတာတွေ အပြင် ဘာတွေ ဖြစ်နိုင်သလဲ

သိသာတဲ့ လက္ခဏာ တစ်ခုကတော့ ပုံမှန် ရှိသင့် ရှိထိုက်တဲ့ အသားအရေ ထက် ပိုမို ဖျော့တော့လာတာပဲ ဖြစ်ပါတယ်။

နောက်တစ်ခုက ဒီလို သွေးအားနည်းခြင်းကို ဖြစ်စေတဲ့ အရာတွေရဲ့ လက္ခဏာတွေကို တွေ့ရတတ်ပါတယ်။ သွေးအားနည်းတာဟာ သံဓာတ် အားနည်းတာကြောင့် ဖြစ်တာဆိုရင် သံဓာတ် ချို့တဲ့ ခြင်းရဲ့ လက္ခဏာတွေ ဖြစ်တဲ့ ပါးစပ်ပျက်တာ ၊ လက်သည်း ချိုင့်ဝင်တာ အစရှိတဲ့ လက္ခဏာတွေကိုပါ တွေ့ရနိုင်ပါတယ်။

ဗီတာမင် ချို့တဲ့ခြင်းကြောင့်လည်း သွေးအားနည်းတာ ဖြစ်ခဲ့ရင်လည်း ဗီတာမင် ချို့တဲ့ တဲ့ လက္ခဏာတွေကို တွေ့နိုင်ပါတယ်။

သွေးအားနည်းတာဟာ အရေးကြီးသလား ???

သွေးအားနည်းတာ ခံစားရတယ် ဆိုရင် ဒီသွေးအားနည်းခြင်း ရဲ့ အကြောင်းရင်းကို ရှာဖွေ ကြည့်ဖို့ အတွက် လိုအပ်တဲ့ စစ်ဆေးမှုတွေ လိုပါတယ်။

အစားစားတာနည်းလို့ မမျှတလို့ ဗီတာမင် ၊ သတ္တုဓာတ်တွေ ချို့တဲ့ပြီး ဖြစ်တာမျိုးဆိုရင်တော့ လိုအပ်တဲ့ ဓာတ်တွေကို ဆေးပေးလိုက်လို့ရပါတယ်။

ဒါပေမဲ့ သွေးအားနည်းတာဟာ သံကောင်တွေ ကြောင့် ဖြစ်တာ ၊ အစာလမ်းကြောင်းမှာ အစာအိမ် ကင်ဆာ ၊ အူမကြီးကင်ဆာတွေကြောင့် ဖြစ်တာလည်း ဖြစ်နိုင်ပါတယ်။

သံကောင်တွေကြောင့် ဖြစ်တဲ့ အခါ သံချဆေးပေးဖို့ လိုအပ်နိုင်ပါတယ်။ အလားတူပဲ ကင်ဆာလို့ သံသဃ ရှိတဲ့ အခါမှာလည်း သေချာစမ်းသပ်စစ်ဆေးဖို့လိုပါတယ်။

သွေးနီဥ ပြိုကွဲတတ်တဲ့ ရောဂါတွေထဲမှာလည်း အသက်အန္တရာယ်ရှိနိုင်တဲ့ ရောဂါတွေ ပါတဲ့ အတွက် သွေးအားနည်းတဲ့ အခါ မပေါ့ဆဖို့တော့ လိုပါတယ်။

ဒီနေ့ ပြောလိုတာကတော့ မောတယ် နုံးတယ်ဆိုတိုင်း သွေးအားနည်းတယ် ဆိုတာ မဟုတ်ပါ ဆိုတာရယ် ၊ အမှန်တကယ် သွေးအားနည်းတယ် ဆိုရင်လည်း လူတစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့ အတွက် အကြောင်းအမျိုးမျိုး ရှိနိုင်တယ် ဆိုတာတွေပဲ ဖြစ်ပါတယ်။

ဒါကြောင့် အချိန်မီ လိုအပ်တဲ့ ကုသမှုကို ခံယူပါလို့ ပြောလိုပါတယ်။

Previous Post

စပ်ဆေးတွေက ဘာတွေဆိုကျိုးပေးနိုင်သလဲ

Next Post

သုက်ရည်ကျဲရင် ကလေးရနိုင်ပါ့မလား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
823
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
837
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သုက်ရည်ကျဲရင် ကလေးရနိုင်ပါ့မလား

ကြက်ဥတစ်နေ့ တစ်လုံးနှင့် ဦးနှောက်သွေးကြောပြတ်ခြင်းဆက်စပ်မှုရှိသလား။

ခန္ဓာကိုယ်ပေါ်မှာ အနီကွက်တွေထွက်ခဲ့ရင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.