fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

လိပ်ခေါင်းရောဂါ ခွဲစိတ်ကုမှ ပျောက်တယ်ဆိုတာ အမှန်ပဲလား

2.4k
VIEWS
Share on FacebookShare on TwitterShare on Linkedin
02/01/2019
in အထွေထွေရောဂါများအကြောင်း
1 min read
A A

လိပ်ခေါင်းရောဂါ ခွဲစိတ်ကုမှ ပျောက်တယ်ဆိုတာ အမှန်ပဲလား

လိပ်ခေါင်းရောဂါဆိုတာဟာ စအိုမှာရှိတဲ့ သွေးကြောနံရံတွေအကြောင်း အမျိုးမျိုးကြောင့် ဖောင်းလာရောင်လာတဲ့ အခြေအနေကို ခေါ်တာဖြစ်ပါတယ်။

ဆေးပညာအရ heamorrhoids (piles) လို့ခေါ်ပါတယ်။

ကျားမ မရွေးဖြစ်နိုင်ပါတယ်။ အများအားဖြင့် အသက် ၅၀ ကျော်အရွယ်တွေမှာ အဖြစ်များပါတယ်။

လိပ်ခေါင်းရောဂါမှာ အများအားဖြင့် အတွင်းလိပ်ခေါင်း (Internal haemorrhoids) နဲ့အပြင်လိပ်ခေါင်း (External haemorrhoids) ဆိုပြီး နှစ်မျိုးရှိပါတယ်။

အတွင်းလိပ်ခေါင်း၊ အပြင်လိပ်ခေါင်း ခွဲခြားပုံကတော့ Dentate line ဆိုတဲ့ စအိုပြွန် (anal canal) ကို အပေါ်သုံးပုံနှစ်ပုံ အောက်သုံးပုံတပုံ ပိုင်းခြားထားတဲ့မျဉ်းနဲ့ ဆုံးဖြတ်ပါတယ်။

အဲ့မျဉ်းကတော့ ခန္ဓာကိုယ်ထဲမှာ တကယ်မရှိပါဘူး။ ဆေးသုတေသန သိပ္ပံပညာရှင်တွေ စိတ်ကူးနဲ့သတ်မှတ်ထားတဲ့ မျဉ်းဖြစ်ပါတယ်။

Dentate line အပေါ်ဖြစ်တဲ့ စအိုပြွန်ရဲ့ အပေါ်သုံးပုံနှစ်ပုံနေရာမှာ လိပ်ခေါင်းဖြစ်ရင် အတွင်းလိပ်ခေါင်းလို့ သတ်မှတ်ပြီး Dentate line အောက်ဖြစ်တဲ့ စအိုပြွန်ရဲ့ အောက်သုံးပုံတပုံနေရာမှာ လိပ်ခေါင်းဖြစ်ရင် အပြင်လိပ်ခေါင်းလို့ သတ်မှတ်ပါတယ်။

အရပ်ထဲမှာ ပြောပြောနေတာနဲ့ မတူပါ။ အရပ်ထဲမှာပြောတဲ့ အတွင်းလိပ်၊ အပြင်လိပ်သတ်မှတ်ချက်က စအိုအပြင်ဘက်ထွက်ရင် အပြင်လိပ်လို့ ပြောတာဖြစ်ပြီး စအိုအပြင်မထွက်ရင် အတွင်းလိပ်လို့ ပြောတာ ဖြစ်ပါတယ်။

ကျွန်တော်တို့ဆေးပညာအရ သတ်မှတ်ထားတဲ့ အတွင်းလိပ်၊ အပြင်လိပ်ကတော့ စအိုအပြင်ထွက်တာမထွက်တာနဲ့ မဆိုင်ပါ။

အတွင်းလိပ်ခေါင်းဖြစ်ဖြစ်၊ အပြင်လိပ်ခေါင်းဖြစ်ဖြစ် ဖြစ်တဲ့အဆင့်ပေါ်မူတည်ပြီး စအိုအပြင်ထွက်တာလည်းဖြစ်နိုင်သလို မထွက်တာလည်း ဖြစ်နိုင်ပါတယ်။

လိပ်ခေါင်းကို အောက်ပါအတိုင်း အဆင့် ၄ ဆင့် ခွဲခြားထားပါတယ်။

First degree (အဆင့်တစ်ကတော့) ဝမ်းသွားရင်းနဲ့ သို့မဟုတ် ဝမ်းသွားပြီးနောက်သွေးကျတာလောက်ပဲ ဖြစ်ပါတယ်။ အတွင်းလိပ်ဖြစ်ဖြစ်၊ အပြင်လိပ်ဖြစ်ဖြစ် အဆင့်တစ်အဆင့်မှာ စအိုအပြင်မထွက်ပါ။

Second degree (အဆင့်နှစ်) ကတော့ ဝမ်းသွားတဲ့အချိန်မှာ လိပ်ခေါင်းက စအိုအပြင်ထွက်ကျပြီး ဝမ်းသွားပြီးနောက်မှာ သူ့ဘာသာသူအလိုအလျောက်ပြန်ဝင်သွားတဲ့အခြေအနေဖြစ်ပါတယ်။

Third degree (အဆင့်သုံး) ကတော့ ဝမ်းသွားတဲ့အချိန်မှာ လိပ်ခေါင်းက စအိုအပြင်ထွက်ကျပေမယ့် ဝမ်းသွားပြီးတဲ့အခါ သူ့ဘာသာသူအလိုအလျောက်ပြန်မဝင်ဘဲ လက်နဲ့ပြန်သွင်းရတဲ့ အခြေအနေဖြစ်ပါတယ်။

Fourth degree (အဆင့်၄) ကတော့ လိပ်ခေါင်းဟာ ဝမ်းသွားတဲ့အချိန်မှာမှ ထွက်တာမဟုတ်ဘဲ တချိန်လုံး အပြင်ထွက်နေတဲ့အခြေအနေပါ။ လက်နဲ့ပြန်သွင်းလို့လည်း မရပါ။

လိပ်ခေါင်းရောဂါဖြစ်ရတာဟာ ဝမ်းဗိုက်အတွင်းမှာရှိတဲ့ ဖိအားများလာတာကြောင့် ဖြစ်ပါတယ်။

ရေရှည်ဝမ်းချုပ်ခြင်းကြောင့်အပြင် အလေးအပင်မတာများတာ၊ ခဏခဏ ရေရှည်ချောင်းဆိုး၊ နှာချေဖြစ်တာ၊ အသည်းမကောင်းလို့ ရေဖျဉ်းစွဲတာ၊ ကလေးအများကြီးမွေးတာ၊ သားအိမ်အတွင်း အသားလုံးတည်တာ၊ ကင်ဆာအလုံးအကျိတ်ဖြစ်တာ စတဲ့ ဝမ်းဗိုက်အတွင်း ဖိအားများလာစေတဲ့ အခြေအနေတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

လိပ်ခေါင်းရောဂါဖြစ်တဲ့အခါ ခံစားရနိုင်တဲ့လက္ခဏာတွေကတော့ ဝမ်းသွားရင်းနဲ့ သို့မဟုတ် ဝမ်းသွားပြီးနောက်စအိုကနေ သွေးထွက်ကျတာ၊ အကျိအချွဲတွေထွက်ကျတာ၊ ဝမ်းသွားတဲ့အခါ စအိုဝမှာ တစ်ဆို့ကြီး သို့မဟုတ် စူထွက်လာသလိုဖြစ်တာ၊ စအိုယားယံတာတွေပါ။

သင့်အနေနဲ့ ဒီဖော်ပြပါ လက္ခဏာတွေခံစားရပြီဆိုရင် လိပ်ခေါင်းဟုတ်မဟုတ်သေချာအောင် ဆရာဝန်နဲ့ ပြသစမ်းသပ်ကြည့်ဖို့လိုပါတယ်။

စမ်းသပ်စစ်ဆေးမှုအနေနဲ့ကတော့ ဆရာဝန်ကစအိုကို လက်ထည့်စမ်းတာအပြင် စအိုမှန်ပြောင်းကြည့်တာလည်း လုပ်ရနိုင်ပါတယ်။

ဒီလိုစမ်းသပ်စစ်ဆေးကြည့်လို့ လိပ်ခေါင်းရှိပြီဆိုရင် သေချာစောစီးစွာကုသဖို့လိုပါတယ်။ မကုဘဲထားပါက ကြာလာတဲ့အခါ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ သွေးထွက်များလာတာ၊ စအိုအပြင်ထွက်တဲ့လိပ်ခေါင်းက လိမ်သွားပြီး သွေးမလျှောက်တဲ့အခါ နာကျင်မှုကို ခံစားရတာ၊ လိပ်ခေါင်းကနေ အနာဖြစ်ပြီးပိုးဝင်တာ စတဲ့ဆိုးကျိုးတွေဖြစ်နိုင်လို့ပါ။

လိပ်ခေါင်းရောဂါကိုကုသရာမှာ လိပ်ခေါင်းအဆင့်အနေထားပေါ်မူတည်ပြီး ကုသရပါတယ်။

လိပ်ခေါင်းအဆင့် ၁ နဲ့အဆင့် ၂ ဆိုရင်

အများအားဖြင့် ဝမ်းသွားတဲ့အခါမှာ ရိုးရိုးထိုင်အိမ်သာနဲ့မဟုတ်ဘဲ ဘိုထိုင်လိုမျိုးသုံးတာ၊ ဝမ်းမချုပ်အောင် ရေများများသောက်တာ၊ ဟင်းသီးဟင်းရွက်များများစားတာ၊ လမ်းများများလျှောက်ပေးတာ၊ Dafflon သောက်ဆေးကို တလလောက်သောက်တာမျိုးတွေနဲ့ သက်သာပျောက်ကင်းနိုင်ခြေရှိပါတယ်။

ဒီလိုတွေနဲ့မသက်သာတဲ့ လိပ်ခေါင်းအဆင့် ၁ နဲ့ ၂ အတွက်ကတော့ စအိုမှန်ပြောင်းအကူအညီနဲ့ လိပ်ခေါင်းထဲကို 5% phenol ဆေးပမာဏ 5ml လောက်ထိုးပြီး လိပ်ခေါင်းရှုံ့သွားအောင် လုပ်နိုင်ပါတယ်။

ဒီနည်းမသုံးချင်ရင် သားရေကွင်းနဲ့ ပစ်ကုသနည်း (Rubber band ligation) လို့ခေါ်တဲ့ လိပ်ခေါင်းအခြေကို သားရေကွင်းနဲ့ တင်းတင်းချည်တဲ့ နည်းကို သုံးနိုင်ပါတယ်။ လိပ်ခေါင်းအခြေကို Barron’s bander လို့ခေါ်တဲ့ကိရိယာသုံးပြီး သားရေကွင်းနဲ့ချည်လိုက်တဲ့အခါ လိပ်ခေါင်းနေရာကို သွေးမရောက်တဲ့အတွက် ချည်ပြီး ၁၀ ရက်အတွင်းမှာ လိပ်ခေါင်းဟာ ပြုတ်ထွက်သွားပါတယ်။

အဆင့် ၃ နဲ့အဆင့် ၄ လိပ်ခေါင်းတွေအတွက်ကတော့ ခုအထက်ဖော်ပြပါနည်းတွေနဲ့ အဆင်မပြေနိုင်ပါ။

ခွဲစိတ်ပြီး ကုသမှပဲ သက်သာပျောက်ကင်းနိုင်ပါတယ်။

လိပ်ခေါင်းခွဲပြီးတဲ့အခါမှာ အနာကျက်ဖို့နဲ့ နာကျင်မှုသက်သာဖို့အတွက် ပိုးသတ်ဆေးတွေ၊ အနာကျက်ဆေးတွေ သောက်ရထိုးရတာတွေအပြင် ရေနွေးထိုင်ရတာမျိုးလည်း လုပ်ရနိုင်ပါတယ်။

ရေနွေးထိုင်တယ်ဆိုတာက ကိုယ်တင်ပါးအရွယ်အစားထိုင်လို့ရမယ့် ရေဇလုံ သို့မဟုတ် ဇလား တခုထဲ ရေခပ်နွေးနွေး (ပွက်ပွက်ဆူရေနွေးမဟုတ်ပါ) ကို တင်ပါးနစ်ရုံထည့်ပြီး ဆားခါး သို့မဟုတ် မုန့်ဖုတ်ဆိုဒါ သို့မဟုတ် ရှာလကာရည် (ဗီနီဂါ) ရောထည့်မွှေပြီး ၁၅ မိနစ်လောက် ဝင်ထိုင်ရတာဖြစ်ပါတယ်။

လိပ်ခေါင်းခွဲပြီးတဲ့အခါမှာ စအိုပေါက်ကျဉ်းသွားတာမျိုးလည်း ဖြစ်နိုင်တဲ့အတွက် ခွဲပြီးတလအကြာမှာ ခွဲတဲ့ဆီကို ပြန်ပြပြီးစမ်းသပ်ဖို့ လိုပါတယ်။

လိပ်ခေါင်းရောဂါကုသရာမှာ လိပ်ခေါင်းကို ကုသရုံနဲ့မပြီးသေးပါဘူး။ ဖြစ်စေတဲ့အကြောင်းအရင်းတွေကိုလည်းရှာပြီး ကုသဖို့လိုပါတယ်။ ဒါမှသာ ပြန်ဖြစ်နိုင်ခြေနည်းမှာပါ။

လိပ်ခေါင်းရောဂါဟာ တခါကုသပြီးလည်း ပြန်ပြန်ဖြစ်နိုင်တဲ့အတွက် လိပ်ခေါင်းရောဂါထပ်ဖြစ်နိုင်ခြေနည်းအောင် အောက်ပါအချက်တွေကို ဂရုစိုက်လိုက်နာဖို့လိုပါတယ်။

ဝမ်းမချုပ်အောင် လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေများများစားပါ။

အဆီအဆိမ့်တွေ၊ ကောက်ညှင်းတွေ၊ အစာမာတွေ၊ အသားတွေကို တတ်နိုင်သလောက်လျှော့စားပါ။

အိမ်သာတက်ရင်းနဲ့ စာအုပ်ဖတ်တာ၊ ဖုန်းသုံးတာတွေကို ရှောင်ပါ။

ဝမ်းတကယ်မသွားချင်ဘဲနဲ့ အိမ်သာထဲသွားပြီး အီးညှစ်တတ်တဲ့အကျင့်ကို ရှောင်ပါ။

အထိုင်မများပါစေနဲ့။ လမ်းများများလျှောက်ပေးပါ။ ရေများများသောက်ပါ။

ဆောင့်ကြောင့်ထိုင်တဲ့ အကျင့်ကို ရှောင်ပါ။ ဘိုထိုင်အိမ်သာသုံးပါ။

Dr 528

Previous Post

ရာသီလာနေတုန်း လိင်ဆက်ဆံမိရင် ကလေးရနိုင်သလား

Next Post

ထမင်းကို ကျန်းမာရေးနဲ့ညီပြီး အာဟာရပြည့်ဝအောင် ဘယ်လိုချက်မလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
822
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
837
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ထမင်းကို ကျန်းမာရေးနဲ့ညီပြီး အာဟာရပြည့်ဝအောင် ဘယ်လိုချက်မလဲ

စအိုယားရခြင်းအကြောင်းအရင်း(သို့မဟုတ်) ဘာလို့ ဖင်ယားတာလဲ

တကိုယ်ရည်အာသာဖြေတာများသွားရင် ပန်းသေနိုင်သလား 

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.