လက်ဆွယ်ငုပ်တာ သက်သာအောင်
လက်ဆွယ်ငုပ်တယ်လို့ အများခေါ်တဲ့ လက်သည်းကြားပိုးဝင် ကိုက်ခဲနာကျင်တာ သင်ခံရဖူးသလား?မခံရဖူးသောလူ မရှိပါဘူး။လက်သည်းကြား ဘက်တီရီယားပိုးနှင့်မိူပိုးတစ်ခုခုဝင်ရင်ဖြစ်တတိပါတယ်။လက်သည်းပိုးဝင်ခြင်းသည် လက်သည်းကိုက်ခြင်းနှင့် မိမိလုပိသောအလုပ်အကိုင်ကြောင့် စိုစွတ်ကာ ဓာတုပစ္စည်းများနှင့်ထိတွေ့ခြင်းကြောင့် အများဆုံးဖြစ်တတ်ပါတယ်။လက်သည်းပိုးဝင်ခြင်းသည် အများအားဖြင့် ပြင်းထန်သောရောဂါတော့မဟုတ်ပါ။သို့သော်နာကျင်ကိုက်ခဲတတ်သောကြောင့် ထိရောက်သောကုသမူကို သိချငိကြပါတယ်။လက်သည်းခြေသည်းထောင့်စွန်းတွင် ရောင်ရမ်းပြီးပြည်တည်ကိုက်ခဲခြင်းခံစားရပါတယ်။
လက်သည်းခြေသည်းပိုးဝင်ခြင်း ဖြစ်လေ့ရှိသူအများစုမှာ
-အမျိုးသမီးများ
-ဆီးချိုရောဂါရှိသူများ
-ခြေလက်အမြဲစိုစွတ်နေသူများ
-ကိုယ်ခံအားနည်းသူများ
-အရေပြားရောဂါရှိသူများတွင် အဖြစ်များပါတယ်။
လက်ဆွယ်ငုပ်ခြင်းသည် ရေတိုဖြစ်ခြင်းနှင့်နာတာရှည်ဖြစ်ခြင်းဖြင့် ၂မျိုးရှိပါတယ်။
ရေတိုဖြစ်ခြင်းသည် ရက်အနည်းငယ်သာဖြစ်ပြီ အောက်ဖက်သို့ မကူးစက်သောကြောင့် လျှင်မြန်စွာပျောက်ကင်းလွယ်ပါတယ်။
နာတာရှည်ဖြစ်လျှင် ရက်သတ္တပတ်များစွာကြာမြင့်တတ်ပြီးလက်ချောင်း ခြေချောင်းများစွာကူးစက်တတ်ပါတယိ။
လက္ခဏာများမှာ
-လက်သည်း ခြေသည်းဝန်းကျင် နာကျင်ရောင်ရမ်းခြင်း။
-ပြည်တည်နာဖြစ်ခြင်း
-လက်သည်းမာကျောခြင်း
-လက်သည်းခြေသည်း ပျက်ဆီးခြင်း
-လက်သည်းခြေသည်းကွာကျခြင်းစသည်တို့ဖြစ်ပါတယ်။
ကုသနည်းများ
လက်သည်းခြေသည်းပိုးဝင်ခြင်းကုသနည်းများမှာ ရောဂါအခြေအနေဆိုးရွားမူပေါ်မူတည်ပါတယ်။
လက်သည်းခြေသည်းပိုးဝင်ခြင်းးသည် မပြင်းထန်ပါက ရေနွေးတနေ့၃ကြိမ်၄ကြိမ်လုပ်ပေးပါ။မသက်သာပါကဆေးဝါးကုသမူခံယူပါ။
လက်သည်းခြေသည်းပိုးဝင်ခြင်း သည် ဘက်တီးရီးယားပိုးကြောင့် ကူးစက်မူဖြစ်ပါက သေချာဆေးကုသမူခံယူပါ။ပိုးသတ်ဆေးနှင့်ကုသရန်လိုအပ်ပါတယ်။မိူပိုးကြောင့်ဟု ယူဆပါက မိူပိုးသတ်ဆေးနှင့်ကုသရန်လိုအပ်ပါတယိ။
နာတာရှည် လက်သည်းခြေသည်းပိုးဝင်ခြင်းဖြစ်ပါက ကုသမူသည် လအတန်ကြာရှည်နိုင်ပါတယ်။ကုသမူခံယူစဉ်တလျောက် လက်။ခြေကို သန့်ရှင်းစွာ ခြောက်သွေ့အောင်ထားပါ။အလုပ်မှအနားယူရန်လည်းလိုအပ်ပါတယ်။
လက်သည်းခြေသည်းပိုးဝင်ခြင်းတွငိ ပြည်တည်နာဖြစ်ပါက ဆရာဝန်နှင့်သေချာ ထုံဆေးပေးကာ ပြည်ကို ဖောက်ထုတ်ရန်လိုအပ်ပါတယ်။
ကာကွယ်ခြင်း
အောက်ပါနည်းလမ်းများသည် လက်ဆွယ်ခဏခဏငုပ်သူများ အထူးသတိထားပြုလုပ်သင့်သောအချက်များဖြစ်ပါတယ်။
-လက်/ခြေဆေးပြီးနောက်သေချာအခြောက်ခံပါ။
-လက်သည်း/ခြေသည်းကိုက်ခြင်းဝါးခြင်းရှောင်ပါ။
-လက်သည်း/ခြေသည်းညှပ်လျှင်ဂရုစိုက်ပါ။
-လက်သည်း/ခြေသည်းအထူးသန့်ရှင်းမောင်ထားပါ။
-လက်သည်း/ခြေသည်း ရေနှင့်အကြာကြီးစိပ်ခြင်း ထိခြင်းရှောင်ပါ။
-ယားယံစေသောအရာများနှင့်ထိခြင်းရှောင်ပါ။
-လက်သည်းအတို ထားပါ။
Dr.Pyae Shin