ခြေမျက်စိတွေရောင်နေပြီဆိုရင်
ခြေထောက်လေးတွေ ပြည့်မို့ဖောင်းလာလျှင် သင်စိုးရိမ်စိတ်ဝင်လာသည်မှာ အသေအချာပါ။ခြေထောက်ဖောရောင်ခြင်းအကြောင်းရင်းအများကြီးပါ။ရောင်ခြင်းအကြောင်းရင်းအများစုသည် ထိခိုက်ဒဏ်ရခြင်း သို့မဟုတ် ဖောခြင်းကြောင့်ဖြစ်ပါတယ်။ဖောခြင်းသည် မလိုလားအပ်သောရေများခြေထောက်၊ညိူ့သကျည်းနဲ့ခြေဖဝါးတို့တွင်ဖြစ်တတ်ပါတယ်။ခြေမျက်စိေရောင်ခြင်းအကြောင်းရင်းများမှာ
(1)ခြေထောက် သို့မဟုတ် ခြေညို့သကျည်းထိခိုက်ဒဏ်ရာရခြင်း
ခြေထောက်ဒဏ်ရာရခြင်းကြောင့် ရောင်ရမ်းလာနိုင်ပါတယ်။ညှိသကျည်းဒဏ်ပိခြင်းသည် ခြေထောက်ဒဏ်ရာရရှိခြင်းသည် အဖြစ်များဆုံးဖြစ်ပါတယ်။ကုသမူအနေဖြင့်
-အနားယူခြင်း
-ညှိသကျည်းအစွပ်ဝတ်ခြင်း
-မိနစ်၂၀ခန့်ခြေပတ်ကပ်ခြင်း
-ကြပ်စည်းထားခြင်း
-ခြေထောက်မြှောက်ထားခြင်းတို့ပြုလုပ်နိုင်ပါတယ်။
(2)အရေပြားရောင်ရမ်းခြင်း
ပိုးဝင်ခြင်းကြောင့်အရေပြားရောင်ရမ်းခြင်းဖြစ်စေနိုင်ပါတယ်။ဆီးချိုလူနာများတွင်အဖြစ်များပါတယ်။အဓိကလက္ခဏာများမှာ ပူ။နီ။နာရောင်ဖြစ်ပါတယ်။ပိုးသတ်ဆေးဖြင့်ကုသလျှင်ပျောက်ကင်းပါတယ်။
(3)သောက်ဆေးဆိုးကျိုးများ
အချို့ဆေးဝါးများသည် ဆိုးကျိုးအနေဖြင့် ညို့သကျည်းရောင်နိုင်ပါတယ်။စိတ်ရောဂါကုဆေးများ။ဟော်မုန်းဆေးများ။စတီးရွိုက်များ ။သွေးကျဆေးအချို့တို့ဖြစ်ပါတယ်။
(4)သွေးပြန်ကြောရောဂါများ
သွေးပြနိကြောအတွင်းရှိအဆို့များမကောင်းသောကြောင့်သွေးစီးဆင်းမူမကောင်းဘဲခြေထောက်တွင်စုကာဖောရောင်နိုင်ပါတယ်။သွေးလည်ပတ်မူကောင်းရန်
-ခြေမြင့်တင်ခြင်း
-ခြေအိတ်ဝတ်ခြင်း
-asprinသောက်ခြင်းတို့ ကုသမူခံယူသင့်ပါတယ်။
(5)သွေးခဲပိတ်ခြင်း
သွေးခဲပိတ်ခြင်းကြောင့်ရောင်ရမ်းမူသည် အရေးပေါ်ဆေးကုသမူခံယူရန်လိုအပ်ပါတယ်။ဆေးဝါးကုသခြင်းအပြင် လိုအပ်ပါက stentထည့်ခြင်းပြုလုပ်နိုင်ပါတယ်။
(6)ကိုယ်ဝန်
ကိုယ်ဝန်ဆောင်စဉ် မွေးခါနီးအချိန်တွင် တကိုယ်လုံးဖောလာတတ်ပါတယ်။သွေးတိုးပါ ရှိပါကအထူးဂရုစိုက်မူခံယူပါ။ပုံမှနိဖောရောင်ပါက
-ပိုတက်ဆီယမ်ပါသော အစာအစားစားပါ။
-ဆားလျော့စားပါ
-အချိန်ကြာစွာမတ်တပ်ရပ်ခြင်းရှောင်ကြဉ်ပါ
-အနားယူစဉ်ခြေထောက်မြှောက်ပါ
-ရက်ချိန်းသေချာပြပါ
(7)နှလုံးရောဂါ
နှလုံးစွမ်းဆောင်ရည်ကျဆင်းမူကြောင့် ခြေထောက်များဖောရောင်တတ်ပါတယ်။နှလုံးမကောင်းခြင်းကြောင့်ကျောက်ကပ်ပါ ထိခိုက်လာပြီး ဖောလာတတ်ပါတယ်။သေချာဆေးဝါးကုသမူခံယူပါ။
(8)နာတာရှည်ကျောက်ကပ်ရောဂါရခြင်း
ကျောက်ကပ်ပျက်ဆီးခြင်းကြောင့် မလိုအပ်သောရေနှင့်ဓာတ်များမစွန့်ထုတ်နိုင်သောကြောင့် တကိုယ်လုံးဖောရောင်လာနိုင်ပါတယ်။လိုအပ်လျှင်ကျောက်ကပ်ဆေးခြင်းပြုလုပ်ရပါတယ်။
(9)အသည်းရောဂါများ
အသည်းရောဂါကြောင့် albumin ကျဆင်းသောကြောင့်ဖောရောင်လာနိုင်ပါတယ်။အသည်းမပျက်ဆီးရန် သေချာကုသမူခံယူပါ။
မည့်သည့်အချိန်တွင် ဆေးကုသမူခံယူရန်လိုအပ်ပါသလဲ?
-ခြေထောက်ရောင်သောနေရာတွင် ပူ။နီခြင်း
-ပိုမိုဆိုးရွားလာခြင်း
-ဖျားခြင်း
-ကိုယ်ဝန်နှင့်ဖောရောင်ခြင်း
-နှလုံး၊ကျောက်ကပ် သို့မဟုတ် အသည်းရောဂါရှိခြင်းတွေ့ရှိပါက သေချာနားလည်တတ်ကျွမ်းသောဆရာဝန်နှင့်ကုသမူခံယူပါ။