သံဓာတ်အားနည်းခြင်း
အားအင်ကုန်ခမ်း မူးမောလာလျှင် မိမိတွင် ဘာဓာတ်အားနည်းနေသလဲဆိုတာ သင် သိချင်ပါလိမ့်မယ်။ အမျိုးသမီးတွေမှာ အဖြစ်များသလို အမျိုးသားတွေပါဖြစ်တတ်ပါတယ်။
သံဓာတ်သည် ကိုယ်ခန္ဓာအတွက် လွန်စွာအရေးပါသော သတ္တူဓာတ်တစ်မျိုးဖြစ်ပါတယ်။ သွေးထဲတွင် အောက်ဆီဂျင်ကို သယ်ယူပို့ဆောင်ရာတွင် အရေးပါပါတယ်။ဟော်မုန်းတွေထုတ်ရာတွင်အရေးကြီးသလို ဆဲလ်များ လုပ်ဆောင်မှုတွင်လည်း လိုအပ်ပါတယ်။
အကယ်၍ လူ့ကိုယ်ခန္ဓာတွင် သံဓာတ်အားနည်းလျှင် မိမိကိုယ်ခန္ဓာလုပ်ဆောင်မှု အားလုံးကျလာပါလိမ့်မယ်။ ထိုကဲ့သို့ဖြစ်လာလျှင် အချိန်မှီကုသလျှင် ပျောက်ကင်းနိုင်ပါတယ်။
လက္ခဏာများမှာ
သံဓာတ်အားနည်းလျှင် ခံစားရသောလက္ခဏာများမှာ အမျိုးမျိုးရှိပါတယ်။ သံဓာတ်အားနည်းသော ပမာဏပေါ်မူတည်၍ ပြင်းထန်လေ့ရှိပါတယ်။ သံဓာတ်အားနည်းမှု ပိုဆိုးလာလျှင် သွေးအားနည်းသည်အထိ ဖြစ်လာပါတယ်။ သံဓာတ်အားနည်းမှု နည်းလျင် သိသာထင်ရှားသော လက္ခဏာမပြတတ်ပါ။
သွေးအားနည်းလာလျှင်ဖြစ်လာနိုင်သောလက္ခဏာများမှာ-
– အားအင်ကုန်ခမ်းခြင်း
– အားနည်းခြင်း
– မူးဝေခြင်း
– ခေါင်းကိုက်ခြင်း
– ခြေလက်အေးခြင်း
– အသက်ရှုမဝခြင်း
– ခြေလက်အေးခြင်း
– ရင်ဘတ်အောင့်ခြင်း
– ရင်တုန်ခြင်း စသောလက္ခဏာများခံစားရနိုင်ပါတယ်။
အခြားဖြစ်ပေါ်လာနိုင်သောလက္ခဏာများမှာ
– လက်သည်းခြေသည်းကျွတ်ဆတ်ခြင်း
– နှုတ်ခမ်းထောင့်ကွဲခြင်း
– ဆံပင်ကျွတိခြင်း
– လျှာနာခြင်း
– အသားအရေဖြူဖျော့ခြင်း
– ရင်တုန်ခြင်းစသည်တို့လည်း စမ်းသပ်တွေ့ရှိနိုင်ပါတယ်။
ဖြစ်စေနိုင်သောအကြောင်းအရာများမှာ
သံဓာတ်ချို့တဲ့ရသော အကြောင်းရင်းများစွာရှိပါတယ်။
(1) အစားအစာ
သံဓာတ်ကြွယ်ဝသောအစားအစာ ဥပမာ ငါး။ ပဲ။ အစိမ်းရောင်အရွက်များကို နေ့စဉ်လိုအပ်သော ပမာဏကို လုံလောက်စွာ မစားလျှင် အားနည်းလာနိုင်ပါတယ်။
(2) သံဓာတ်စုပ်ယူမှုအားနည်းခြင်း
အချို့ဆေးဝါးများနှင့် ရောဂါအခြေအနေများကြောင့် သံဓာတ်ပြည့်ဝသော အစာအစားများစားသုံးသော်လည်း စုပ်ယူအားနည်းခြင်း ဖြစ်နိုင်ပါတယ်။ သံဓာတ်စုပ်ယူမှု အားနည်းစေသောအခြေအနေများမှာ
– အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါများ
– အစာအိမ်နဲ့ အူလမ်းကြောင်း ခွဲစိတ်ထားခြင်း
(3) သွေးထွက်များခြင်း
ကိုယ်ခန္ဓာမှ အကြောင်းတခုခုကြောင့်သွေးထွက်များခြင်း
– အစာအိမ်အနာနှင့် ကင်ဆာတို့ကြောင့် သွေးယိုစိမ့်ခြင်း
– အကိုက်အခဲပျောက်ဆေးများ
– ရာသီလာတာများခြင်း
– ဆီးလမ်းကြောင်းသွေးထွက်ခြင်း
– ခွဲစိတ်ခြင်းတို့ကြောင့်ဖြစ်နိုင်ပါတယ်။
အခြားသောအကြောင်းရင်းများမှာ
– ကျောက်ကပ်ပျက်ဆီးခြင်း
– နှလုံးထိခိုက်ခြင်း
– အဝလွန်ခြင်းတို့ကြောင့်ဖြစ်နိုင်ပါတယ်။
သံဓာတ်သည် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်များအတွက် အထူးအရေးကြီးပါတယ်။
ရောဂါဖြစ်စေနိုင်သော အကြောင်းရင်းပေါ် မူတည်၍ ရှာဖွေစမ်းသပ်မှုပြုလုပ်ရပါတယ်။
ကုသမှုနည်းလမ်းများမှာ
သံဓာတ်အားနည်းခြင်းကြောင့် တိကျသောကုသမှုသည် ဖြစ်စေနိုင်သော အကြောင်းအရင်းပေါ် မူတည်ကုသသင့်ပါတယ်။
– သံဓာတ်အားဆေးသောက်ခြင်း
– လိုအပ်လျှင်သွေးသွင်းခြင်း
– ခွဲစိတ်ကုသခြင်းစသည်တို့ကို ပြုလုပ်ရပါတယ်။
မိမိတွင် သံဓာတ်အားနည်းသော လက္ခဏာခံစားရပါက သံဓာတ်အားဆေးမှန်မှန် ရေရှည်စွဲသောက်ရန် လိုအပ်သလို အစားအစားများလည်း ရွေးခဖယ်စားသုံးပေးပါ။
Dr. Pyae Shin