fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ပခုံးခဲခြင်း သို့မဟုတ် ပခုံးကပ်ခြင်း

414
VIEWS
Share on FacebookShare on TwitterShare on Linkedin
28/03/2019
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ပခုံးခဲခြင်း သို့မဟုတ် ပခုံးကပ်ခြင်း

ပခုံးခဲတယ်၊ ပခုံးကယ်တယ်ဆိုတာဟာ ပခုံးအဆစ်နေရာမှာ လေးလေးကြီးနဲ့ တင်းကျပ်ကြီးဖြစ်ကာ နာကျင်မှုကို ခံစားရခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ပခုံးအဆစ်နေရာမှာ လက်မောင်းရိုး၊ လက်ပြင်ရိုးနဲ့ ညှပ်ရိုးတွေဟာ လာဆုံနေပါတယ်။ ထိုအရိုးသုံးခုဆုံတဲ့နေရာကို တွယ်ဆက်တစ်သျှူးတွေက Capsule အခွံသဖွယ် ရစ်အုပ်ထားပါတယ်။

အကြောင်းကြောင်းကြောင့် Capsule အခွံသဖွယ် ရစ်အုပ်ထားတဲ့ တွယ်ဆက်တစ်သျှူးတွေ ထူလာတဲ့အခါမှာ နေရာကြပ်လာပြီး ပခုံးအဆစ်မှာ တင်းကျပ်နာကျင်လာကာ လှုပ်ရှားရခက်လာပါတယ်။

ဒီလိုဖြစ်တာကို ပခုံးခဲတယ်၊ ကပ်တယ်လို့ခေါ်ပါတယ်။

ဆေးပညာအရတော့ Frozen Shoulder သို့မဟုတ် Adhesive Capsulitis လို့ခေါ်ပါတယ်။

ဘာကြောင့် Capsule အခွံသဖွယ် ရစ်အုပ်ထားတဲ့ တွယ်ဆက်တစ်သျှူးတွေ ထူလာပြီး ပခုံးကပ်တာ၊ ပခုံးခဲတာဖြစ်လဲဆိုတဲ့ တိကျသေချာတဲ့အကြောင်းရင်းကိုတော့ ခုထိမသိသေးပါ။

သို့သော် ပခုံးကပ်ခြင်း၊ ပခုံးခဲခြင်းဟာ

– အသက် ၄၀ ကျော်အရွယ်တွေ

– အမျိုးသမီးတွေ

– အကြောင်းတခုခုကြောင့် အချိန်အတော်ကြာ လက်မလှုပ်ရှားနိုင်တဲ့သူတွေ

( ဥပမာ- လေဖြတ်ထားလို့ လက်မလှုပ်နိုင်တာ၊ ရင်ဘတ်ခွဲစိတ်ထားလို့ မလှုပ်နိုင်တာ၊ လက်မောင်းရိုးကျိုးထားလို့ မလှုပ်နိုင်တာ စသဖြင့်ပါ )

– ဆီးချို၊ သွေးတိုးရောဂါအခံရှိတဲ့သူတွေ

– တီဘီရောဂါ၊ ပါကင်ဆန်ရောဂါအခံရှိတဲ့သူတွေ

သိုင်းရွက်ဟော်မုန်းနည်းခြင်း၊ များခြင်း ပြဿနာရှိတဲ့သူတွေမှာဆိုရင် ပိုဖြစ်နိုင်ခြေများတယ်လို့ သုတေသနလေ့လာချက်တွေအရ သိရပါတယ်။

ဘယ်ပခုံး၊ ညာပခုံး နှစ်ဖက်စလုံးမှာဖြစ်နိုင်ပြီး နှစ်ဖက်လုံးတပြိုင်တည်းဖြစ်တာကတော့ ရှားပါတယ်။

Frozen Shoulder ခေါ် ပခုံးခဲခြင်း၊ ပခုံကပ်ခြင်းရောဂါဟာ freezing stage, frozen stage, thawing stage ဆိုပြီး အဆင့် ၃ ဆင့်ရှိပါတယ်။

စစချင်းအဆင့်ဖြစ်တဲ့ Freezing stage မှာ နာကျင်မှုကို စတင်ခံစားရပြီး ပခုံးအဆစ်လှုပ်ရှားရတာလည်း တင်းကြပ်ကြီးတောင့်တင်းသလို ခံစားရပါမယ်။ ခေါင်းဖြီးတာ၊ နောက်ကျောကုတ်တာ၊ အမျိုးသမီးတွေမှာဆိုရင် နောက်အကျီကြယ်သီးတပ်တာ၊ အတွင်းခံအကျီချိတ်တပ်တာ စတဲ့ လက်နောက်ပြန်လှုပ်ရှားမှုတွေလုပ်ရာမှာ ခက်ခဲနိုင်ပါတယ်။

နာကျင်မှုဟာ တဖြည်းဖြည်းနဲ့ ပိုဆိုးလာပြီး အထူးသဖြင့် ညမှာ ပိုနာတတ်ပါတယ်။

ဒီလိုတွေဖြစ်တာဟာ ၆ လ ကနေ ၉ လထိ ကြာတတ်ပါတယ်။

အဲ့နောက်မှာတော့ ဒုတိယအဆင့်ဖြစ်တဲ့ Frozen Stage ရောက်သွားပြီး နာကျင်မှုက လျော့ပါးသက်သာလာပါတယ်။ Frozen stage မှာ နာကျင်မှုကသက်သာလာပေမယ့် ပခုံးအဆစ်တင်းကြပ် တောင့်တင်းနေတာကတော့ ပိုဆိုးလာပါတယ်။

ပခုံးအဆစ်တင်းကြပ်တောင့်တင်းတာ ပိုဆိုးလာတဲ့အတွက် ပခုံးကလှုပ်ရှားရ ပိုခက်လာပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေတောင် မလုပ်နိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။

ဒီလိုဖြစ်တာဟာ ၄ လမှ တနှစ်အထိ ကြာတတ်ပါတယ်။

အဲ့နောက်မှာတော့ တတိယအဆင့်ဖြစ်တဲ့ Thawing stage ကိုရောက်ရှိသွားပြီး ပခုံးအဆစ်တင်းကြပ်တောင့်တင်းတာ လျော့ပါးသက်သာသွားကာ ပခုံးအဆစ်လှုပ်ရှားမှုတွေ ပြန်လည်စတင်ပြီး ဖြည်းဖြည်းချင်း လှုပ်ရှားနိုင်လာပါတယ်။ အပြည့်အဝလှုပ်ရှားနိုင်ဖို့ဆိုရင်တော့ တနှစ်လောက်အချိန်ကြာတတ်ပါတယ်။

အကြမ်းဖြင်းခြုံပြောရရင် ပခုံးခဲခြင်း၊ ကပ်ခြင်းဟာ ဖြစ်စကနေ အချိန်တခုကြာရင် သူ့ဘာသာသူ သက်သာပျောက်ကင်းနိုင်တဲ့ ရောဂါဝေဒနာဖြစ်ပါတယ်။ သို့သော် တချို့တဝက်လောက်မှာ အချိန်ကြာပေမယ့် မပျောက်တာ၊ တချို့မှာ ပျောက်ကင်းသက်သာသွားပေမယ့် လှုပ်ရှားရတာ ပုံမှန်လောက်မကောင်းတာ၊ တချို့မှာကျ လက်ကောင်းကောင်းမမြှောက်နိုင်တာ မျိုးတွေလည်းဖြစ်နိုင်ပါတယ်။

ဒါကြောင့် အကောင်းဆုံးကတော့ ပခုံးအဆစ်နာကျင်ပြီး လှုပ်ရှားခက်တာကို ခံစားရပြီဆိုရင် ဆရာဝန်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးကာ ကုသမှုခံယူတာ အကောင်းဆုံးပါ။

စစ်ဆေးမှုတွေအနေနဲ့ကတော့ ဓါတ်မှန်ရိုက်တာ၊ အာထရာဆောင်းရိုက်တာ၊ သံလိုက်ဓါတ်မှန်ရိုက်တာ စသဖြင့်လုပ်ရနိုင်ပါတယ်။

ကုသမှုအနေနဲ့ကတော့ ရောဂါအခြေအနေပေါ်မူတည်ပြီး အကိုက်အခဲပျောက်ဆေးတွေသောက်ရတာ၊ ထိုးရတာ၊ Physiotherapy ခေါ် လေ့ကျင့်ခန်းကုထုံးလုပ်ရတာ၊ ခွဲစိတ်ကုရတာ စသဖြင့် အမျိုးမျိုးဖြစ်နိုင်ပါတယ်။

Dr 528

Previous Post

စကားလုံးများဖြင့် မျှဝေပြန့်ပွားခြင်း : တန်ဖိုးရှိရာကို Tetra Pak နှင့်အတူ ကာကွယ်ပါ

Next Post

လက်စွယ်၊ ခြေစွယ်ငုတ်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
830
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
841
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လက်စွယ်၊ ခြေစွယ်ငုတ်ခြင်း

အချစ်ကြောင့် မနာကျင်ရဖို့ နည်းလမ်းကောင်းများ

ယောက်ျားလေးအချင်းချင်း ချစ်ကြတဲ့အခါ (သို့မဟုတ်) MSM

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.