fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

လက်စွယ်၊ ခြေစွယ်ငုတ်ခြင်း

2.7k
VIEWS
Share on FacebookShare on TwitterShare on Linkedin
28/03/2019
in အထွေထွေရောဂါများအကြောင်း
1 min read
A A

လက်စွယ်၊ ခြေစွယ်ငုတ်ခြင်း

လက်စွယ်၊ ခြေစွယ်ငုတ်တာကို လူတိုင်းနီးပါးကြုံတွေ့ခံစားဖူးကြမှာပါ။ လက်စွယ်ခြေစွယ်ငုတ်ရင် အရမ်းနာကျင်ပြီး နေရခက်ပါတယ်။

လက်စွယ်၊ ခြေစွယ်ငုတ်တာဟာ တကယ်တော့ လက်သည်း၊ ခြေသည်းဒေါင့် နေရာကအရေပြားတွေ ထိခိုက်ဒဏ်ရာရပျက်စီးပြီး ဘက်တီးရီးယားပိုး၊ မှိုပိုးတွေဝင်ရောက်ကူးစက်ခြင်းကြောင့်ဖြစ်တဲ့ ရောဂါအခြေအနေဖြစ်ပါတယ်။ ဆေးပညာအရ Paronychia လို့ခေါ်ပါတယ်။

လက်စွယ်၊ ခြေစွယ်ငုတ်တာဟာ လက်သည်း၊ ခြေသည်းရဲ့အပေါ် ဒေါင့်နေရာတွေမှာလည်းဖြစ်နိုင်သလို၊ အောက်ဖက်ဒေါင့်နေရာတွေမှာလည်း ဖြစ်နိုင်ပါတယ်။

လက်စွယ်၊ခြေစွယ်ငုတ်ခြင်းဟာ

– လက်သည်းကိုက်တဲ့အကျင့်ရှိသူတွေ

– လက်ကိုပါးစပ်ထဲထည့်စုပ်တဲ့အကျင့်ရှိသူတွေ

– လက်သည်းညှပ်တဲ့အခါ အပေါ်ဒေါင့်နေရာတွေကို တအားတိုအောင်ညှပ်မိလေ့ရှိသူတွေ

– ရေနဲ့အမြဲထိတွေ့နေရပြီး အမြဲတစေခြေလက်စိုစွတ်နေတဲ့သူတွေ ( ဥပမာ – အဝတ်လျှော်တဲ့သူတွေ၊ ပန်းကန်ဆေးတဲ့သူတွေ)

– ဆီးချိုရောဂါအခံရှိတဲ့သူတွေ

– အရေပြားရောဂါအခံရှိတဲ့သူတွေ

– ဗီတာမင်ဘီဝမ်းချို့တဲ့သူတွေ

– လက်ချောင်းခြေချောင်းတွေမှာမကြာခဏထိခိုက်ဒဏ်ရာရလေ့ရှိသူတွေ မှာဆိုရင်ပိုဖြစ်တတ်လေ့ရှိပါတယ်။

လက်စွယ်၊ ခြေစွယ်ငုတ်ခြင်းဖြစ်တာမှာ ရေတိုဖြစ်ခြင်း (Acute paronychia) နဲ့ ရေရှည်ဖြစ်ခြင်း(Chronic paronychia) လို့ခေါ်ပါတယ်။

Acute paronychia ကတော့ လက်သည်း၊ ခြေသည်းနားတဝိုက် အရေပြားတွေ ထိခိုက်ဒဏ်ရာရပြီး Staphylococcus နဲ့ Enterococcus ဘက်တီရီးယားပိုးတွေ ဝင်ရောက်တာကြောင့်ဖြစ်ပါတယ်။ ဖြစ်တဲ့အခါမှာ ရုတ်တရက်ဖြစ်တာမျိုးဖြစ်ပြီး သေချာကုသပါက အချိန်သိပ်မကြာဘဲ ပျောက်ကင်းနိုင်ပါတယ်။

Chronic paronychia ကတော့ Yeast မှိုပိုးကြောင့်ဖြစ်တတ်ကာ ရေနဲ့ထိတွေ့မှုများပြီး ခြေလက်အမြဲစိုစွတ်နေတဲ့သူတွေမှာ ဖြစ်လေ့ရှိပါတယ်။ ဖြစ်တဲ့အခါမှာလည်း တဖြည်းဖြည်းရောင်ရမ်းတာကစဖြစ်ပါတယ်။ မှိုပိုးက တဖြည်းဖြည်းနဲ့ အရေပြားအောက်အလွှာထိ ပါဝင်ရောက်ကူးစက်နေတာမျိုးဖြစ်တဲ့အတွက် ပျောက်ဖို့က လနှင့်ချီကြာတတ်ပါတယ်။

ရောဂါလက္ခဏာတွေအနေနဲ့ကတော့ ရေတိုလက်စွယ်ခြေစွယ်ငုတ်တာ နှင့် ရေရှည်လက်စွယ်ခြေစွယ်ငုတ်တာက ဆင်တူပါပဲ။ သိသာကွဲပြားတာမရှိပါ။

လက်စွယ်ခြေစွယ်ငုတ်ခြင်းဖြစ်ရင် ခံစားရနိုင်မယ့်လက္ခဏာတွေကတော့ ……

– ဖြစ်တဲ့ လက်သည်း၊ ခြေသည်းနားတဝိုက် အရေပြားတွေ နီရဲနာကျင်ပြီး ရောင်ရမ်းနေတာ၊

– ပြည်တည်အဖုလေးဖြစ်လာတာ၊

– လက်သည်းခြေသည်းတွေရဲ့ပုံမှန်ပုံစံ၊အရောင်တွေပျက်စီးတာ

– လက်သည်းခြေသည်းတွေ ကွာကျတာ စသဖြင့်ပါ။

လက်စွယ်၊ ခြေစွယ်ငုတ်ခြင်းရဲ့ ကုသမှုအနေနဲ့ကတော့ ဖြစ်တဲ့အမျိုးအစားနဲ့ ရောဂါအခြေအနေပေါ်မူတည်ပါတယ်။

ရေတိုအမျိုးအစားဖြစ်ပြီး အခြေအနေသိပ်မဆိုးဘူးဆိုရင်တော့ အိမ်မှာပဲ လက်စွယ်၊ ခြေစွယ်ငုတ်တဲ့ လက်ချောင်းခြေချောင်းကို ရေနွေးနွေးကလေး (ကြက်သီးနွေး) ထဲသို့ စိမ်ပေးပြီး ခြောက်အောင်သေချာအဝတ်သန့်နဲ့သုတ်ပေးပါ။

တနေ့ကို ၄ကြိမ် သို့မဟုတ် ၅ကြိမ် လောက်စိမ်နိုင်ပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် နာကျင်တာသက်သာသလို ပြည်တည်နေပါကလည်း သူ့ဘာသာသူ ပြည်ထွက်သွားနိုင်ပါတယ်။

ဒီလိုလုပ်လို့ မသက်သာဘူးဆိုရင်တော့ ဆေးခန်းပြပြီး ပိုးသတ်ဆေးတွေ သောက်ရတာထိုးရတာ ထုံဆေးပေးပြီး ပြည်တည်နာကို ဖောက်ရတာ လက်သည်းခြေသည်းကိုဖြုတ်ထုတ်ရတာ စသဖြင့် လိုနိုပါတယ်။

အဆုံးသတ်အနေနဲ့ အကြံပေးချင်တာကတော့ လက်စွယ်၊ ခြေစွယ် ငုတ်တဲ့အခါ မိမိဘာသာမိမိပြည်တည်တာကို အပ်နဲ့ဖောက်တာ သို့မဟုတ် ဆရာဝန်မဟုတ်တဲ့ လက်စွယ် ခြေစွယ်ဖော်ပေးတဲ့သူတွေနဲ့ပြပြီး လက်စွယ်ခြေစွယ်ဖော်တာမျိုးတွေ လုံးဝမလုပ်ဖို့အကြံပေးချင်ပါတယ်။

အခန့်မသင့်ရင် တခြားပိုးတွေပါထပ်ဝင်ပြီး ရောဂါပိုဆိုးသွားနိုင်လို့ပါ။

Dr 528

Previous Post

ပခုံးခဲခြင်း သို့မဟုတ် ပခုံးကပ်ခြင်း

Next Post

အချစ်ကြောင့် မနာကျင်ရဖို့ နည်းလမ်းကောင်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
830
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
841
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အချစ်ကြောင့် မနာကျင်ရဖို့ နည်းလမ်းကောင်းများ

ယောက်ျားလေးအချင်းချင်း ချစ်ကြတဲ့အခါ (သို့မဟုတ်) MSM

ကိုယ်လုံးတီး အိပ်ခြင်းရဲ့ကောင်းကျိုးများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.