fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

၀က်ရူးပြန်အတက်ရောဂါအကြောင်းသိကောင်းစရာ

702
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/04/2019
in အထွေထွေရောဂါများအကြောင်း
1 min read
A A

၀က်ရူးပြန်အတက်ရောဂါအကြောင်းသိကောင်းစရာ

တက်တယ်ဆိုတာကို လူအတော်များများကြားဖူးတွေ့ဖူးကြမှာပါ။ အရပ်ထဲကလူအတော်များများအနေနဲ့ကတော့ လူတယောက်ဟာ သတိလက်လွတ်ဖြစ်သွားပြီး သို့မဟုတ် သတိမေ့သလိုဖြစ်သွားပြီး လဲကျကာ တကိုယ်လုံးတုန်ပြီး မျက်ဖြူလှန်သွားတဲ့အခြေအနေကို တက်တယ်လို့ သိကြပါတယ်။

တက်တာကို ဆေးပညာအခေါ်အရ Seizure လို့ခေါ်ပါတယ်။ ဆေးပညာအရ အကြမ်းအားဖြင့် ပြောရမယ်ဆိုရင်တော့တက်တဲ့အခါမှာ ခုနကပြောခဲ့သလို တကိုယ်လုံးတုန်ပြီး မျက်ဖြူလှန် သတိမေ့ကာ တက်တဲ့အမျိုးအစားရှိသလို ခေါင်းမူးရုံလောက်ပဲဖြစ်ကာ ခြေထောက် သို့မဟုတ် လက်တွေထုံကျင်ပြီးတွန့်တာ၊ အနံအရသာ၊ အကြားအာရုံ၊ အထိအတွေ့အာရုံတွေမှာ တမျိုးကြီးဖြစ်သလို ခံစားရတာတွေပဲဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်ရော ပတ်ဝန်းကျင်ကရော တက်မှန်းသတိမထားမိနိုင်တဲ့ တက်တဲ့အမျိုးအစားလည်းရှိပါတယ်။

တကိုယ်လုံးတုန်ပြီးတက်တဲ့ အမျိုးအစားကိုတော့ Generalized Seizure လို့ခေါ်ပါတယ်။ တကိုယ်လုံးမဟုတ်ဘဲ ခြေထောက်တွေ သို့မဟုတ် လက်တွေလောက်ပဲတွန့်တာမျိုးဖြစ်ပြီး တက်တဲ့အမျိုးအစားကိုတော့ Focal Seizure လို့ခေါ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဝက်ရူးပြန်အတက်ရောဂါအကြောင်းမပြောခင် တက်ခြင်းအကြောင်းရှင်းပြရတာကတော့ လူတချို့အနေနဲ့ တက်တယ်ဆိုရင် ဝက်ရူးပြန်အတက်ရောဂါလို့ပဲ ထင်တတ်ကြလို့ပါ။

ဝက်ရူးပြန်အတက်ရောဂါကို ဆေးပညာအရ Epilepsy လို့ခေါ်ပါတယ်။ ဝက်ရူးပြန်အတက်ရောဂါဟာ အဖြစ်များတဲ့ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာရောဂါ တခုဖြစ်ပါတယ်။ ကူးစက်တတ်တဲ့ ရောဂါမဟုတ်ပါဘူး။ ကမ္ဘာ့လူဦးရေ ၆၅သန်းလောက်ဟာ ဒီအတက်ရောဂါခံစားနေကြရပြီး အမေရိကန်ပြည်ထောင်စုမှာဆိုရင် ဝက်ရူးပြန်အတက်ရောဂါခံစားနေရသူ ၃သန်းနီးပါးရှိတယ်လို့ သုတေသနအချက်အလက်တွေအရသိရပါတယ်။

မည်သူမဆို ဝက်ရူးပြန်အတက်ရောဂါဖြစ်ပွားနိုင်ပါတယ်။ ကလေးငယ်လေးတွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ဖြစ်နိုင်ခြေပိုများပြီး အမျိုးသားတွေဟာ အမျိုးသမီးတွေထက်စာရင် ဖြစ်နိုင်ခြေအနည်းငယ်ပိုများပါတယ်။ ဝက်ရူးပြန်အတက်ရောဂါမှာ တက်ခြင်းမကြာခဏဖြစ်ပေမယ့် တက်နေတဲ့သူတိုင်းကိုတော့ ဝက်ရူးပြန်အတက်ရောဂါ (Epilepsy) ခံစားနေရတယ်လို့တော့ သတ်မှတ်မရပါ။

တက်ရတဲ့အကြောင်းရင်းတွေအနေနဲ့ကတော့ ကိုယ်အပူချိန်အရမ်းများတာ၊ သွေးတွင်းသကြားဓါတ်လျော့နည်းတာ၊ ရေရှည်အရက် သို့မဟုတ် အိပ်ဆေးသောက်နေရာမှ ရုတ်တရက်ဖြတ်လိုက်တာ၊ ခေါင်းထိခိုက်ဒဏ်ရာရတာ၊ ဦးနှောက်အမြှေးရောင်ရမ်းတာ၊ ဦးခေါင်းထဲအကျိတ်ရှိတာ စသဖြင့်အများကြီးရှိပြီး အများအားဖြင့် တက်တဲ့အကြောင်းရင်းကိုကုသလိုက်ရင် တက်တာပျောက်ကင်းသွားတတ်ပါတယ်။

အတက်ကျဆေးတွေ စွဲသောက်ဖို့လည်း မလိုတတ်ပါ။ ဝက်ရူးပြန်အတက်ရောဂါ (Epilepsy) လို့ သတ်မှတ်ဖို့ဆိုရင်ကတော့ အကြမ်းဖျင်းအနေနဲ့ပြောရရင် လတ်တလော ကိုယ်အပူချိန်အရမ်းများတာ၊ လတ်တလော ဦးနှောက်အမြှေးရောင်တာ၊ လတ်တလောခေါင်းထိခိုက်ထားတာ စတဲ့ တက်ခြင်းကိုဖြစ်စေနိုင်တဲ့ လတ်တလောအကြောင်းအရာတွေမရှိရပါဘူး။ တက်တဲ့အကြိမ်အရေအတွက်ကလည်း ၂၄ နာရီခြားပြီး အနည်းဆုံးနှစ်ကြိမ်နဲ့အထက် တက်တာပါ။

တက်ရတဲ့အကြောင်းရင်းကလည်း သေချာရှာမရ၊ မရှိတဲ့အတွက် အတက်ကျဆေးတွေ ရေရှည်စွဲသောက်ဖို့လိုပါတယ်။ ဝက်ရူးပြန်အတက်ရောဂါကို ဖြစ်စေနိုင်ခြေရှိတဲ့အကြောင်းရင်းတွေကတော့ အရင်က ဦးခေါင်းထိခိုက်ဒဏ်ရာရဖူးတာ၊ ဦးနှောက်ထဲသွေးယိုဖူးတာအကြောင်းတခုခုကြောင့် ဦးနှောက်အမြှေး သို့မဟုတ် ဦးနှောက်အသားရောင်ရမ်းဖူးတာ၊ မွေးရာပါဦးနှောက်ဖွဲ့စည်းတည်ဆောက်ပုံမမှန်တာ၊ မွေးတဲ့အခါမှာ အကြောင်းကြောင်းကြောင့် မွေးရခက်ပြီးကြာနေတဲ့အတွက် ဦးနှောက်ဆီအောက်ဆီဂျင်အရောက်နည်းသွားပြီး ဦးနှောက်ထိခိုက်တာ စသဖြင့်အများကြီးရှိပါတယ်။

ဒါပေမယ့် ဝက်ရူးပြန်အတက်ရောဂါဖြစ်တဲ့သူ ၁၀ ယောက်မှာ ၆ ယောက်လောက်ဟာ တိကျတဲ့အကြောင်းရင်းရှာမရတာများပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူတယောက်ဟာ အတက်ရောဂါဝေဒနာခံစားရပြီဆိုရင်တော့ ဝက်ရူးပြန်အတက်ရောဂါ ဟုတ်မဟုတ်သေချာအောင် ဆရာဝန်နဲ့ပြသစမ်းသပ်ပြီး စစ်ဆေးမှုတွေလုပ်သင့်ပါတယ်။ လုပ်နိုင်တဲ့ စစ်ဆေးမှုတွေအနေနဲ့ကတော့ သွေးစစ်တာ၊ Electroencephalogram(EEG) ခေါ် ဦးနှောက်လှိုင်းကိုစစ်ဆေးတာ၊ ခေါင်းကို ကွန်ပျူတာဓါတ်မှန်ရိုက်တာ၊ သံလိုက်ဓါတ်မှန်ရိုက်တာ စသဖြင့်ပါ။

ဒီလို ဆရာဝန်နဲ့ပြသပြီး စမ်းသပ်မှုတွေလုပ်ကြည့်လို့ ဝက်ရူးပြန်အတက်ရောဂါဆိုပါက ဆရာဝန်ညွန်ကြားတဲ့အတိုင်း အတက်ကျဆေးတွေကို ရေရှည်သောက်ဖို့လိုသလို ဆရာဝန်ညွန်ကြားတဲ့အတိုင်း နေထိုင်စားသောက်ဖို့လည်းလိုပါတယ်။ မိမိသဘောနဲ့မိမိ ဆေးရပ်တာမျိုး အနေအထိုင်အစားအသောက်မဆင်ခြင်တာမျိုးတွေ မလုပ်ရပါဘူး။

မိမိသဘောနဲ့မိမိဆေးရပ်တာ၊ အစားအသောက်မဆင်ခြင်တာ၊ အနေအထိုင်မဆင်ခြင်တာတွေလုပ်ပါက တက်တာပြင်းထန်တာ၊ တက်တဲ့အကြိမ်များလာတာတွေဖြစ်တတ်သလို
အသက်အန္တရာယ်လည်းစိုးရိမ်ရတတ်ပါတယ်။ ဝက်ရူးပြန်အတက်ရောဂါရှိသူရဲ့ မိသားစုတွေအနေနဲ့ လူနာတက်နေတဲ့အချိန်မှာ ဘေးမှာဝိုင်းအုံနေတာ၊ အပေါ်ကတက်ဖိတာ၊ ခြေမချိုးတာ၊ ပါးစပ်ထဲပစ္စည်းတခုခုထည့်ပေးတာ၊ လျှာတိုဝင်သွားမှာစိုးရိမ်ပြီးလျှာကိုနှိုက်ဆွဲတာမျိုးတွေ လုံးဝမလုပ်ရပါ။ တက်နေတဲ့သူကို ဘေးတစောင်းထားပေးပါ။ အနားမှာ ထိခိုက်နိုင်တဲ့အရာတွေရှိရင် ရွှေ့ပါ။ အများအားဖြင့်တော့ ၅မိနစ်၊ ၁၀မိနစ်လောက်နေရင် အတက်ရပ်သွားပြီး ပုံမှန်ပြန်ဖြစ်နိုင်ပါတယ်။ တကယ်လို့ မိနစ်အတော်ကြာသည့်တိုင် တက်တာမရပ်ဘူးဆိုရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းပြသဖို့လိုပါတယ်။

အတက်ရောဂါရှိသူများအနေနဲ့ အမြင့်တက်တာ၊ ကား၊ ဆိုင်ကယ်၊ စက်ယန္တရားတွေမောင်းနှင်တာ၊ အဖော်မပါဘဲ မြစ်ချောင်းအင်းအိုင်ရေကန်များအတွင်း ရေကူးတာ၊ မီးအသုံးပြုပြီးချက်ပြုတ်တာ မျိုးတွေမလုပ်သင့်ပါ။ စူးရှလွန်းသောရောင်စုံမီးရောင်များ၊မှိတ်တုတ်မှိတ်တုတ်ဖြစ်သော အလင်း (Disco light) များ၊ တီဗွီ ဖုန်း ကွန်ပျူတာမျက်နှာပြင်မှ ထုတ်လွှတ်လိုက်တဲ့ အလင်းတန်းများ၊ အိပ်ရေးပျက်ခြင်း၊ စိတ်ဖိစီးစရာများခြင်း၊ အရက်အလွန်အကျွံ့သောက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ အဆီများတဲ့အစားစာ အီတဲ့အစားစာများစားသုံးခြင်းတွေက တက်ခြင်းဖြစ်စေရန် လှုံ့ဆော်နိုင်တဲ့အကြောင်းတွေဖြစ်တာကြောင့် ဝက်ရူးပြန်အတက်ရောဂါရှိသူများအနေနဲ့ တီဗီအကြည့်များတာ၊ ဖုန်းအသုံးများတာ၊ အိပ်ရေးပျက်တာ တွေမဖြစ်အောင်ရှောင်ကြည်ဖို့လိုပါတယ်။ ဝမ်းမချုပ်အောင် ဟင်းသီးဟင်းရွက် သစ်သီးဝလံများများစားပေးပါ။ ရေများများသောက်ပါ။ အိပ်ရေး၀၀အိပ်ပြီး စိတ်ပူပန်စရာတွေလျှော့ပါ လို့ အကြံပေးချင်ပါတယ်။

Dr 528

Previous Post

မျက်ခမ်းစပ်ရောဂါ အကြောင်းသိကောင်းစရာ

Next Post

ဘဲဥ စားခြင်းနဲ့ကျန်းမာရေး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
872
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
850
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.4k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဘဲဥ စားခြင်းနဲ့ကျန်းမာရေး

ဦးနှောက်စွမ်းဆောင်ရည်နဲ့မှတ်ဉာဏ်ကို အားကောင်းစေသောအချက် ၁၀ ချက်

နှလုံးသွေးလွှတ်ခန်းနှစ်ခုကြားနံရံတွင်အပေါက်ဖြစ်ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.