fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ကူးတတျတဲ့တီဘီ နဲ့ မကူးနိုငျတဲ့တီဘီ

121
VIEWS
Share on FacebookShare on TwitterShare on Linkedin
29/10/2019
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ကူးတတျတဲ့တီဘီ နဲ့ မကူးနိုငျတဲ့တီဘီ

 

ကျွန်တော်တို့ဆီက အများစုအနေနဲ့က တီဘီရောဂါဆိုရင် ချောင်းဆိုးတာ သွေးပါတာတွေဖြစ်ပြီး အဆုတ်မှာဖြစ်တဲ့ရောဂါလို့ပဲ သိကြတာများပါတယ်။

အမှန်တကယ်ကတော့ တီဘီရောဂါဟာ အဆုတ်မှာဖြစ်တာများပေမယ့် အဆုတ်အပြင် အရိုး၊ဦးနှောက်၊အူ၊ကျောက်ကပ်၊နှလုံး၊အရေပြား စတဲ့ ခန္ဓာကိုယ်နေရာအနှံ့မှာဖြစ်နိုင်ပါတယ်။

သို့ပေမယ့် အဆုတ်မှာဖြစ်တဲ့တီဘီ(အဆုတ်တီဘီ)ကပဲ တယောက်နဲ့တယောက်ကူးစက်စေနိုင်တာပါ။

တီဘီရောဂါဟာ Mycobacterium Tuberculosis လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပြီး အများအားဖြင့် အသက်ရှုလမ်းကြောင်းမှတဆင့် ကူးစက်လေ့ရှိပါတယ်။

တီဘီရောဂါဖြစ်နေတဲ့သူ စကားပြော၊နှာချေ၊ချောင်းဆိုးရာမှာထွက်လာတဲ့ အမှုန်အမွှားတွေကို ရှုမိပါက Mycobacterium Tuberculosis လို့ခေါ်တဲ့ တီဘီပိုးဝင်ရောက်ကူးစက်ခံရနိုင်ပါတယ်။

တီဘီပိုးဝင်ရောက်ကူးစက်ခံရတိုင်း တီဘီရောဂါဖြစ်တာမဟုတ်ပါဘူး။

တီဘီပိုးဝင်ရောက်ကူးစက်ခံရပေမယ့် ကိုယ်ခံအားစနစ်က နိုင်အောင်တိုက်ထုတ်နိုင်ရင် တီဘီရောဂါမဖြစ်ပါဘူး။

ကိုယ်ခံအားစနစ်ကနိုင်အောင်တိုက်မထုတ်နိုင်တဲ့သူတွေမှသာ တီဘီရောဂါဖြစ်တာပါ။

ဒါပေမယ့် တချို့တွေမှာကျ ကိုယ်ခံအားစနစ်က ၀င်လာတဲ့တီဘီပိုးကိုတိုက်ထုတ်ပေမယ့် ကျန်ခဲ့တာမျိုးရှိတတ်ပါတယ်။

အဲ့တာမျိုးကိုတော့ latent tuberculosis(ပုန်းကွယ်ငုပ်လျှိုးနေတဲ့တီဘီ)လို့ခေါ်ပါတယ်။

Latent TB က ကိုယ်ခံအားကောင်းနေသရွေ့တော့ ဘာရောဂါလက္ခဏာမှ မပြသလို သူများကိုလည်း မကူးစက်စေနိုင်ပါဘူး။

အေအိုင်ဒီအက်စ်ရောဂါဖြစ်တဲ့အခါ၊ဆီးချိုရောဂါဖြစ်တဲ့အခါ၊အကြောင်းတခုခုကြောင့်စတီးရွိုက်ဆေးတွေစွဲသောက်ရတဲ့အခါ၊အာဟာရချို့တဲ့တာဖြစ်တဲ့အခါ စတဲ့ အကြောင်းတခုခုကြောင့် ကိုယ်ခံအားကျတဲ့အခါမှသာ ပုန်းကွယ်ငုပ်လျှိုးနေရာ ကနေ တီဘီရောဂါလက္ခဏာတွေပေါ်လာပြီး Active TB ဖြစ်လာပါတယ်။

အဲ့အခါကျရင်တော့ သူများကို ကူးစက်စေနိုင်ပါတယ်။

တီဘီရောဂါဖြစ်တဲ့အခါ ခံစားရနိုင်တဲ့လက္ခဏာတွေက ဖြစ်တဲ့နေရာပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။

ဥပမာ ဦးနှောက်အမြှေးမှာတီဘီဖြစ်ရင် ခေါင်းကိုက်တာ၊အန်တာ၊ဇက်ခိုင်တာ၊အလင်းကြောက်တာတွေဖြစ်နိုင်ပြီး အူမှာတီဘီဖြစ်ရင် ဗိုက်ညာဘက်အခြမ်းအောက်နားမှာ မကြာခဏအောင့်တာ၊နာတာ၊၀မ်းခဏခဏလျှောတာ သို့မဟုတ် ၀မ်းခဏခဏချုပ်တာ၊၀မ်းထဲသွေးပါတာ၊ဗိုက်မှာအလုံးအကျိတ်ဖြစ်တာတွေဖြစ်နိုင်ပါတယ်။

နှလုံးမှာတီဘီဖြစ်တဲ့အခါ ကျ နှလုံးခုန်မမှန်တာ၊ရင်ဘတ်အေင့်တာ၊မောတာတွေဖြစ်နိုင်ပါတယ်။

ဖြစ်တဲ့နေရာပေါ်လိုက်ပြီး ခံစားရတဲ့လက္ခဏာတွေကွဲလွဲပေမယ့် ခန္ဓာကိုယ်ရဲ့ဘယ်နေရာမှာဖြစ်တဲ့တီဘီအမျိုးအစားမဆို ယေဘုယျအားဖြင့်တော့

အဖျားတငွေ့ငွေ့နဲ့ညနေညနေအဖျားတက်တာ

နှစ်ပတ်ထက်ကြာအောင်ချောင်းဆိုးတာ

ရာသီဥတုပူပူအေးအေး ညဘက်ချွေးစေးထွက်တာ

အစားအသောက်ပျက်တာ

ကိုယ်အလေးချိန်သိသိသာသာကျတာ

ချောင်းဆိုးသွေးပါတာ

တွေကိုခံစားရလေ့ရှိပါတယ်။

ဒီလက္ခဏာတွေခံစားရပြီဆိုရင်တော့ တီဘီဟုတ်မဟုတ်သေချာအောင် နီးစပ်ရာဆေးခန်းဆေးရုံပြသပြီး စမ်းသပ်စစ်ဆေးမှုတွေလုပ်ရပါမယ်။

ဟုတ်ခဲ့ပါက အချိန်မဆွဲဘဲအမြန်ဆုံးကုသဖို့လိုပါတယ်။ဘာလို့လဲဆိုတော့ အချိန်ဆွဲပါက မိမိကနေ တခြားသူတွေဆီကိုပျံ့နှံကူးစက်စေနိုင်သလို ဖြစ်တဲ့နေရာကနေလည်း တခြားခန္ဓာကိုယ်နေရာအနှံ့ကိုလည်းပျံ့နှံ့နိုင်ပါတယ်။

အဲ့လိုတခြားနေရာတွေကိုပျံ့နှံ့သွားရင်ကျ ကုရခက်ပြီး အသက်အန္တရာယ်ရှိပါတယ်။

လုပ်ရနိုင်တဲ့စမ်းသပ်စစ်ဆေးမှုတွေအနေနဲ့ကတော့ သလိပ်စစ်တာ၊ရင်ဘတ်ဓါတ်မှန်ရိုက်တာတွေအပြင် ခံစားရတဲ့လက္ခဏာတွေအပေါ်မူတည်ပြီး တခြားစစ်ဆေးမှုတွေလည်းလုပ်ရနိုင်ပါတယ်။

ဆိုလိုတာက တကယ်လို့ သင်ဟာတီဘီရဲ့ယေဘုယျလက္ခဏာတွေအပြင် ခေါင်းကိုက်တာ၊အန်တာ၊အလင်းကြောက်တာ၊ဇက်ခိုင်တာတွေခံစားရပြီဆိုရင် တီဘီဦးနှောက်အမြှေးရောင်ဖြစ်နိုင်တဲ့အတွက် ခါးဆစ်ရိုးနှစ်ခုကြားအပ်ထိုးပြီး ဦးနှောက်နဲ့ကျောရိုးအာရုံကြောအတွင်းလှည့်ပတ်နေတဲ့အရည်ကိုယူစစ်တာ(Lumbar puncture and Cerebrospinal fluid examination)၊သွေးစစ်တာ၊စီတီစကန်(CT head) ရိုက်တာတွေပါ လုပ်ရနိုင်ပါတယ်။

ထို့အတူ သင်ဟာတီဘီရဲ့ယေဘုယျလက္ခဏတွေအပြင်

ဗိုက်ညာဘက်အခြမ်းအောက်နားမှာ မကြာခဏအောင့်တာ၊နာတာ၊၀မ်းခဏခဏလျှောတာ သို့မဟုတ် ၀မ်းခဏခဏချုပ်တာ၊၀မ်းထဲသွေးပါတာ၊ဗိုက်မှာအလုံးအကျိတ်ဖြစ်တာတွေခံစားရပါက အူတီဘီဖြစ်နိုင်တဲ့အတွက် ၀မ်းဗိုက်ပိုင်းဓါတ်မှန်ရိုက်တာ၊Barium meal follow through ခေါ်ဆေးဓါတ်မှန်ရိုက်တာ၊စီတီရိုက်တာ၊မှန်ပြောင်းကြည့်ပြီးအသားစယူတာတွေပါလုပ်ရနိုင်ပါတယ်။

ကုသမှုအနေနဲ့ကလည်း တီဘီဖြစ်တဲ့နေရာပေါ်မူတည်ပြီး ကွာခြားနိုင်ပေမယ့် တီဘီဆေးတွေကတော့ လချီပြီး သောက်ဖို့လိုကိုလိုပါတယ်။

အဆုံးသတ်အနေနဲ့ကတော့ တီဘီရောဂါဖြစ်ပွားနိုင်ခြေနဲအောင် မွေးကင်းစကလေးငယ်တိုင်းကို

ဘီစီဂျီ(BCG)ကာကွယ်ဆေး မပျက်မကွက်ထိုးပေးကြပါ၊ချောင်းဆိုးနှာစေးဖြစ်နေတဲ့သူရဲ့အနားနေရင်၊ဖုန်အမှုန်များလူများတဲ့နေရာတွေသွားရင် နှာခေါင်းစည်းတပ်ပါ။အသားငါး ဟင်းရွက်မျှတစုံလင်အောင်စားပြီး အိပ်ရေး၀၀အိပ်ပါ။လက်မကြာခဏဆပ်ပြာနဲ့ဆေးပါ လို့ အကြံပေးချင်ပါတယ်။

Dr 528

Previous Post

Skincare နဲ့ဆိုင်တဲ့ အမေးများတဲ့ အမည်းစက် ပြဿနာ..

Next Post

Facial mask sheet နဲ့ wash off mask တွေ ဘာကွာတာလဲ???

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
849
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
844
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

Facial mask sheet နဲ့ wash off mask တွေ ဘာကွာတာလဲ???

ဆောင်းရာသီမှာ ကိုယ့်အသားအရည်လေး ကြည်လင်ဝင်းပနေစေဖို့ ဘယ်လိုထိန်းသိမ်းကြမလည်း ?

OverNight Mask / Sleeping Pack/ Sleeping Mask ဆိုတာ ဘာလဲ??

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.