fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

တကျိကျိနဲ့ အံကြိတ်ခြင်း

359
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/03/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ဇီဝကတို့ တတွေ အနည်းနဲ့အများတော့ ဘဝတွင် တစ်ကြိမ်မဟုတ်
တစ်ကြိမ်တော့ အံကြိတ်ဖူးကြပါလိမ့်မယ် ။တစ်ခါတစ်လေကျရင် ကိုယ့်ဘာသာကိုယ် အံကြိတ်နေမှန်းတောင် သတိထားမိကြမယ် မထင်ပါဘူး ။အဲ့လို မိမိရဲ့သွားတွေ မိမိ
ကိုယ်တိုင်သိလျက်ဖြစ်စေ ၊မသိလျက်ဖြစ်စေ အားနဲ့ ကြိတ်မိနေပြီဆိုရင် အံကြိတ် ခြင်း Bruxism ဖြစ်နေပြီလို့ ဆိုနိုင်ပါတယ် ။
နေ့ ညမရွေးဖြစ်နိုု်င်ပါတယ် ။ဒါပေမယ့် ညဘက်မှာ ပိုဖြစ်လေ့ရှိပါတယ် ။ ပိုပြီးအားနဲ့ ကြိတ်မိလေ့ရှိတယ် ။ဘယ်လောက်တောင် အားပါလဲ ဆိုရင် ပုံမှန် အစာ
ဝါးတဲ့အချိန် ပေါင် ၅၀ကနေ ပေါင် ၁၀၀ကြားပဲ အားသုံးပေမယ့် ညဘက် အံကြိတ် ရင်တော့ ပေါင် ၃၀၀အားထိ အားပါတတ်ပါတယ် ။ဘာလို့လဲဆိုရင် မသိစိတ်နဲ့ မေး
ရိုးကြွက်သားတွေက အားနဲ့ ပိုကြိတ်မိလို့ပါ ။သေချာနားထောင်ရင် သွားချင်းကြိတ် သံ တကျိကျိနဲ့ ကြားနိုင်တယ် ။

အံကြိတ်ခြင်းရဲ့ လက္ခဏာတွေဟာ ဘာပါလဲ ။
-သွားချင်းကြိတ်သံ (ဘေးလူ လန့်နိုးရတဲ့အထိ ဖြစ်နိုင်)
-တဖြည်းဖြည်းနဲ့ သွားကြွေလွှာပြုန်းတီးပါးလွှာလာခြင်း
-အံသွားမျက်နှာပြင် ပြားလာခြင်း
-သွားများတိုလာခြင်း
-သွားများ ကျင်လာခြင်း
-သွားကွဲအက်ခြင်း
-သွားဖုံးအစပ်ရှိ သွားအခြေတွင် ဗွီပုံစံ ချိုင့်ခွက်ပေါ်လာခြင်း
-မေးရိုးကြွက်သားများတင်းပြီး နာကျင်လာခြင်း ၊တစ်နည်း နားထင်ကျောများပါ
နာလာတတ်ခြင်း
-သွားများ မကြာခဏကြိတ်တော့ သွားတွေသွေးသလိုဖြစ်ကာ ရှပြီးထက်လာ ၊
ထက်လာတဲ့သွားတွေကြောင့် ပါးစောင်အတွင်းသားတို့ ၊လျှာတို့မှာ အနာဖြစ်လာ
ခြင်း
-နှစ်တွေကြာလာတဲ့အခါ မေးရိုးဆစ်ခိုင်လာသလို ဖြစ်လာပြီး ပါးစပ်ကောင်းကောင်း
မဟနိုင်ခြင်း
စတာတွေ ဖြစ်လာနိုင်တယ် ။
ဘာကြောင့်ဖြစ်တာလဲ ။
-ကလေးများ သွားပေါက်စအချိန် ၊မေးရိုးကြီးထွားဖွံ့ဖြိုးချိန်
-အပေါ်အောက် သွားများ မညီတဲ့အခါ
-စိတ်တင်းကျပ်ဖိစီးမှုများတဲ့အခါ ၊တစ်နည်း Stress များတဲ့အခါ
-စိတ် အလိုမကျဖြစ်တဲ့အခါ
-ဒေါသဖြစ်တဲ့အခါ
-ပင်ကိုယ်ကိုယ်ရေကိုယ်သွေးက ပြိုင်ဆိုင်မှုပြင်းထန်တဲ့အခါ
-ပါကင်ဆန်ဆိုတဲ့ အာရုံကြောရောဂါရှိတဲ့အခါ
တွေမှာ ပိုဖြစ်တတ်ပါတယ် ။

မိမိဘာသာ ဘာလုပ်ထားနိုင်လဲ ။
-စိတ်ဖိစီးမှု စတာတွေ ဖြေလျှော့ပါ ။
-မေးရိုးကြွက်သားပြေလျှော့ စေရန် မေးရိုးလေ့ကျင့်ခန်းလုပ်ပါ ။
-ညအချိန် သွားကြိတ်ချင်း ဒဏ်သက်သာစေရန် သွားရဲ့ ဝါးတဲ့မျက်နှာပြင်တွေကို
အုပ်ထားပေးထားတဲ့ mouth guard နဲ့ အိပ်ပါ ။
ဘယ်အချိန်မှာ မိမိ မိသားစုဆရာဝန်နဲ့ တိုင်ပင်မလဲ ။
-နှစ်နဲ့ ချီပြီး အံကြိတ်ဝေဒနာ ခံစားနေရက
-သွားကြွေလွှာပြုန်းတီးခြင်းနဲ့ နောက်ဆက်တွဲ ဝေဒနာများ ခံစားနေရက
-မေးရိုးခိုင်လာခြင်း ဖြစ်က
-ပါကင်ဆန် အာရုံကြောရောဂါနဲ့ တွဲဖြစ်က
မိမိ မိသားစုဆရာဝန် နဲ့ တိုင်ပင် သင့်ပါတယ် ။သွားတွေ သိပ်မတိုခင် စောစောပြဖို့
လည်း သတိပြုရပါ့မယ် ။
သင့်ဆရာဝန်က CBT ဆိုတဲ့ စိတ်ကုထုံး ၊သွားတွေ မညီက သွားညှိပေး
ခြင်း ၊မေးရိုးကြွက်သားများ ပြေလျော့စေရန် ဆေးပေးကုသခြင်း စတာတွေနဲ့ ကုသ
ပေးပါလိမ့်မယ် ။

Author: ခေတ်သစ် ဇီဝက

Previous Post

အမျိုးသားများအသားအရေ ထိန်းသိမ်းတတ်ရန်

Next Post

စိတ်သွားတိုင်း အသံမပါ ၊အသံဝင် အသံနာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

12 months ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
809
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
834
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

စိတ်သွားတိုင်း အသံမပါ ၊အသံဝင် အသံနာ

ကလေး မျက်စိ နား၊ နှာခေါင်းလည်ချောင်းရောဂါ အကြောင်းသိကောင်းစရာ

အရပ်ရှည်ချင်သူ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.