ဇီဝကတို့တစ်တွေ တစ်ခါတစ်လေ စိတ်က ပြောချင် ဆိုချင်သော်
လည်း ပါးစပ်က အသံ သိပ်မထွက် ၊အသံဝင်နေတဲ့ အခါ အရမ်း အားမလို အားမရ
ဖြစ်ဖူးကြမှာပါ ။တစ်ဖက်သားကိုလည်း အားနာရသလို အလုပ်ကိစ္စ ၊လူမှုရေးကိစ္စ ၊
ပညာရေးကိစ္စတို့မှာ အသံကဝင် ၊အသံပြာတာတာနဲ့ မနည်းအော်ပြောရတဲ့
ကသိကအောင့် နိုင်တဲ့ အခိုက်အတန့်မျိုး အနည်းနဲ့အများ လူတိုင်း ကြုံတွေ့ဖူးကြ
မယ်ထင်ပါတယ် ။အဲ့လို စိတ်သွားတိုင်း အသံမပါ ၊အသံဝင် ၊အသံနာတာကို
ကျော်လွှားနိုင်ဖို့ ဒီဆောင်းပါးလေးမှာ တင်ပြပါ့မယ် ။
အသံဝင် ၊အသံနာ ဘာကြောင့်ဖြစ်လဲ ။
-အအေးမိနှာစေး ၊လည်ချောင်းပိုးဝင်တဲ့အခါ
-အစာအိမ်ထဲက အချဉ်ဓာတ်များ အပေါ်ကိုဆန့်တက်ကာ အသံအိုး ကို ထိခိုက်
မိတဲ့အခါ
-တီဘီရောဂါ
-သိုင်းရွိုက် ဂလင်း အားနည်းတဲ့ရောဂါ
-အသံအိုးကင်ဆာရောဂါ
-ဆေးလိပ်သောက်သူတွေ
-အသံကို အားသုံးပြီး အသက်မွေးဝမ်းကျောင်းရသူတွေ(အဆိုတော် ၊ကျောင်းဆရာ)
မှာ ပိုဖြစ်တတ်ပါတယ် ။
မိမိ ဘာသာ ဘာလုပ်ထားနိုင်လဲ ။
အသံဝင် ၊အသံနာခြင်းသည် အများအားဖြင့် တစ်ပတ် ၊နှစ်ပတ် လောက်ပဲ
ကြာတတ်ပါတယ် ။
-အသံကို တတ်နိုင်သလောက် ချွေတာ အနားပေးထားပါ ။
တီးတိုးလည်း မဆိုရ ။တီးတိုးဆိုခြင်းသည် အသံအိုးကို ပိုပြီး ဝန်ပိစေပါတယ် ။
-အရည်ပူပူလေး မကြာခဏ သောက်ပါ ။
-အသံအိုး မခြောက်စေရန် ရေကို တစ်နေ့လျှင် ဖန်ခွက်နဲ့ ၆ခွက်မှ ၈ခွက်ထိ
သောက်ပေးပါ ။
-အာခေါင်ကို အရက်ပြန်ပါသော ခံတွင်းသန့်ဆေးများဖြင့် မဆေးရ ။ပိုဆိုးသွား
တတ်တယ် ။
-မျိုချရလွယ်မည့် အစာပျော့ပျော့ကိုသာစားပါ ။
အပူ အစပ် အစာမာများ ရှောင်ပါ ။
-အသံအိုးကို ခြောက်သွေ့ စေပြီး အသံပိုမထွက်စေတဲ့ မီးခိုးထူပြောတဲ့နေရာများ
ကို ရှောင်ပါ ။
-အသံနာခြင်း ရှိက အကိုက်အခဲ ပျောက်ဆေး သောက်ပါ ။
ဘယ်အချိန်မှာ မိမိ မိသားစုဆရာဝန်နဲ့ တိုင်ပင်မလဲ ။
-နှစ်ပတ်ကျော်တဲ့အထိ အသံပြန်မထွက်ရင်
-နှစ်ပတ်ကျော် ဖျားခြင်း ၊ချောင်းဆိုးခြင်း ၊ပိန်ကျခြင်း ၊အစားအသောက်ပျက်ခြင်း
ရှိရင်
-လည်ပင်းမှာ အလုံးအကြိတ်စမ်းမိရင်
မိမိရဲ့ မိသားစုဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ် ။
ဘယ်လို ကာကွယ်မလဲ ။
– ရေကို များများသောက်ပေးပါ ။အနည်းဆုံး တစ်နေ့လျှင် ဖန်ခွက်နဲ့ ၆ခွက်မှ
၈ခွက်ထိ သောက်ပေးပါ ။
-ဆေးလိပ် မသောက်ရ ။
-ဆေးလိပ်မီးခိုး ၊စက်ရုံအလုပ်ရုုံမှ ထွက်တဲ့ မီးခိုးစတဲ့ မီးခိုးမွှန်တဲ့နေရာတွင် မနေရ။
-အားဖြင့် ညှစ်ကာ လည်ချောင်း မရှင်းရ ။
-အအေးမိ နှာစေးလို့ ဆိုပြီး ပါးစပ်ဖြင့် အသံရှူခြင်း ရှောင်ပါ ။
အဘယ်ကြောင့်ဆိုသော် လည်ချောင်းအတွင်း ခြောက်သွေ့စေကာ အသံပိုဝင်
နိုင်ပါတယ် ။
-အသံကို အရမ်းမသုံးပါနဲ့ ။
အကယ်၍ မိမိ အသံ အားသုံးရမည်ဆိုက အသံချဲ့စက်သုံးခြင်း ၊လူတွေကို အုပ်စု
လိုက်ခွဲကာ ပြောခြင်း စသဖြင့် မိမိ အဆင်ပြေသလို အသံအားကို ချွေတာပါ ။
Author: ခေတ်သစ် ဇီဝက