fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အဆုတ်တီဘီရောဂါ

320
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/03/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

တီဘီေရာဂါဆိုတာလူတိုင္း ၾကားဖူးၾကပါတယ္။ တီဘီေရာဂါက ခႏၶာကိုယ္ရဲ႕ေနရာတိုင္းမွာျဖစ္ႏိုင္ တယ္။ တီဘီေၾကာင့္ ဦးေႏွာက္အေျမႇးပါးေရာင္ႏိုင္တယ္။ အဆုတ္တီဘီ၊ အ႐ိုးတီဘီ၊ အူတီဘီ၊ ဆီးလမ္းေၾကာင္း မွာလဲတီဘီျဖစ္ႏိုင္တယ္။ အေရျပားမွာလဲျဖစ္ႏိုင္တယ္။ အမ်ားဆုံးျဖစ္တာကေတာ့ အဆုတ္တီဘီပါ။

တီဘီေရာဂါက Mycobacterium tuberculosis အေကာင္ေၾကာင့္ျဖစ္တာပါ။ အသက္ရႈလမ္းေၾကာင္း ကေနတစ္ဆင့္ကူးပါတယ္။ ေရာဂါပိုးရွိသူႏွင့္နီးကပ္စြာ စကားေျပာတဲ့အခါ၊ ေရာဂါပိုးရွိသူကေခ်ာင္းဆိုး ႏွာေခ် လိုက္တဲ့အခါရႈထုတ္လိုက္တဲ့ ေလနဲ႔အတူတီဘီပိုးကေလထဲ ပ်ံ႕ေနပါတယ္။ ဒါကိုရႈမိရင္ကူးပါတယ္။ ေရာဂါပိုးရွိ သူေထြးထုတ္လိုက္တဲ့တံေတြးကို လက္နဲ႔ကိုင္မိတဲ့အခါ၊ ေရာဂါပိုးရွိတဲ့သလိပ္နဲ႔ ညစ္ေပေနတဲ့ပစၥည္းကို ကိုင္မိ တဲ့အခါ အဲဒီလက္ကိုမေဆးဘဲ ႏွာေခါင္းျပန္ကိုင္တာစသည္ျဖင့္လည္း ကူးႏိုင္ပါတယ္။

တီဘီေရာဂါဟာ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြမွာပိုအျဖစ္မ်ားပါတယ္။ တီဘီေရာဂါပိုးေတြပ်ံ႕ႏွံ႔လြယ္တာေၾကာင့္ေရာ အာဟာရပိုင္းခ်ိဳ႕တဲ့လြယ္တာေၾကာင့္ေရာဆိုင္ပါတယ္။ ကေလးငယ္ေတြမွာ တီဘီေရာဂါပိုျဖစ္လြယ္ပါတယ္။ အ တူေနမိသားစုဝင္တစ္ဦးဦးမွာ တီဘီေရာဂါျဖစ္ေနရင္ပိုျဖစ္လြယ္ပါတယ္။

အဆုတ္တီဘီေရာဂါမွာ ဘာေတြျဖစ္မလဲေပါ့။ ညေနပိုင္းေတြေငြ႕ေငြ႕ေလးကိုယ္ပူေနတတ္မယ္။ ရက္ရွည္ ေခ်ာင္းဆိုးမယ္၊ သလိပ္ထြက္မယ္။ ညဘက္ေတြေခါင္းေခြၽးေတြ တအားထြက္မယ္။ အစားအေသာက္ပ်က္မယ္။ ပိန္လာမယ္။ တခ်ိဳ႕ဆို သလိပ္ထဲေသြးေတာင္ပါႏိုင္တယ္။

ဒီလိုေတြခံစားေနရရင္ ဓာတ္မွန္လဲ႐ိုက္သင့္တယ္။ သလိပ္စစ္တာနဲ႔ လိုအပ္တဲ့ေသြးစစ္တာေတြလုပ္ သင့္တယ္။ ဓာတ္မွန္က အဆုတ္တီဘီလို႔ျပရင္ သလိပ္စစ္ရပါမယ္။ သလိပ္စစ္တာကအေရးႀကီးပါတယ္။ တံ ေတြးျဖစ္လို႔မရဘူး။ မနက္အေစာႀကီးထြက္တဲ့ သလိပ္ျဖစ္ရပါမယ္။ လိုအပ္ရင္သလိပ္ပိုးေမြးရပါမယ္။ သလိပ္ထဲ မွာပိုးေတြ႕မေတြ႕က ကုသမႈအပိုင္းအတြက္ သလိပ္ပိုးမေတြ႕တဲ့သူေတြထက္ပိုအေရးႀကီးပါတယ္။

တီဘီေဆးေတြေသာက္ရတဲ့အခါမွာလည္း ဒါပထမဦးဆုံးအႀကိမ္လား၊ သလိပ္ပိုးေတြ႕လားေပၚမူတည္ ၿပီး ေသာက္ေဆးပဲလား၊ ထိုးေဆးပါဦးမလား၊ ဘယ္ေလာက္ၾကာၾကာေသာက္ဖို႔လိုလဲ စတာေတြကြဲျပားပါတယ္။ တီဘီေဆးေသာက္ေနရင္းမွာလဲ သတ္မွတ္ထားတဲ့ကာလေတြမွာ သလိပ္ပိုးစစ္ေနရပါမယ္။ ေဆးေသာက္တဲ့အ ခါေန႔တိုင္းမေမ့မေလ်ာ့ေသာက္ဖို႔လိုပါတယ္။ ေဆးျပတ္လိုက္ေသာက္လိုက္ဆိုရင္ ေဆးယဥ္ပါးတဲ့ျပႆနာေတြ ျဖစ္လာႏိုင္ပါတယ္။

အခုေနာက္ပိုင္းေတြမွာ ေဆးယဥ္ပါးတီဘီေတြအျဖစ္မ်ားလာတာေၾကာင့္ တီဘီရယ္လို႔စေတြ႕တာနဲ႔ Genexpert ဆိုတာကိုစစစ္ခိုင္းတတ္ပါတယ္။ တီဘီဌာနေတြမွာ အခမဲ့စစ္လို႔ရပါတယ္။ ေဆးယဥ္ပါးေနတာမ်ိဳးရွိ မရွိစစ္တာပါ။ အေျဖေပၚမူတည္ၿပီး ကုသပုံကြာပါတယ္။ တီဘီေဆးေတြကျပင္းတယ္။ စေသာက္လိုက္တာနဲ႔ ေပ်ာ့သြားတာပဲ။ အစာလည္းမစားခ်င္ေတာ့ဘူး ဆိုတာေတြလဲၾကားရတတ္ပါတယ္။ ျဖစ္ႏိုင္ပါတယ္။ ဒါထက္ပို ၿပီးလည္းျဖစ္ႏိုင္ပါတယ္။ တီဘီေဆးေတြက မ်က္စိထိခိုက္ႏိုင္ပါတယ္။ အာ႐ုံေၾကာေတြအားနည္းႏိုင္တယ္။ ထုံ က်င္တာေတြနားေလးတာေတြျဖစ္ႏိုင္တယ္။ ဆီးနီမယ္။ ေက်ာက္ကပ္လည္းထိခိုက္ႏိုင္တယ္။ အသည္းေရာင္ ျခင္းေတြ၊ အသားဝါျခင္းေတြ၊ အဆစ္ေတြနာတာေတြျဖစ္ႏိုင္တယ္။

ဒါေၾကာင့္တီဘီေဆးေသာက္ရမယ့္လူနာေတြဟာ တီဘီေဆးမေသာက္ခင္မွာ မ်က္စိစစ္တာ၊ အသည္း စစ္တာ၊ ေက်ာက္ကပ္စစ္တာေတြလုပ္သင့္ပါတယ္။ ေဆးေသာက္ေနတုန္းတစ္ခုခုခံစားလာရရင္လည္း လိုအပ္ သလိုစစ္ရပါတယ္။ တီဘီကေသခ်ာကုရင္ ေရာဂါေပ်ာက္ပါတယ္။ ဒါေပမယ့္ အဆုတ္မွာအမာ႐ြတ္က်န္ခဲ့တတ္ ပါတယ္။

တီဘီရဲ႕ေရာဂါလကၡဏာေတာ့မျပေသးေပမယ့္ တီဘီေရာဂါရွိသူႏွင့္ ထိေတြ႕မႈေတြရွိထားတယ္ဆိုရင္ တီဘီဟုတ္မဟုတ္အသားထဲေဆးထိုးၿပီး စမ္းတာလဲရွိပါတယ္။ အေျဖမွာေတာ့ ကြဲျပားတဲ့သတ္မွတ္ခ်က္ေတြရွိ ပါတယ္။ တခ်ိဳ႕ေတြမွာေတာ့ တီဘီေဆးတစ္မ်ိဳး (သို႔) ႏွစ္မ်ိဳးကိုသတ္မွတ္တဲ့အခ်ိန္ကာလ တစ္ခုအထိေသာက္ရ ပါတယ္။

တီဘီကေနရာတိုင္းျဖစ္ပါတယ္။ အက်ိတ္လဲျဖစ္ႏိုင္ပါတယ္။ ဘယ္ေနရာမွာတီဘီျဖစ္ျဖစ္ အဆုတ္မွာ တီဘီျဖစ္ျဖစ္ စစ္ေဆးဖို႔လိုတယ္။ တီဘီေဆးကေတာ့ တီဘီေရာဂါမွန္သမွ်မွာ အေျခခံကုသနည္းပါပဲ။ ျဖစ္တဲ့ေန ရာေပၚမူတည္ၿပီးအျခားကုသနည္းေတြ ထပ္လုပ္ရပါတယ္။ တီဘီေရာဂါပထမအႀကိမ္ျဖစ္တာနဲ႔ ေနာက္ထပ္တစ္ ႀကိမ္ထပ္ျဖစ္တာေတာင္ ကုသပုံမတူလို႔သတိျပဳၾကေစခ်င္ပါတယ္။

Author: Dr. CST

(Unicode)

တီဘီရောဂါဆိုတာလူတိုင်း ကြားဖူးကြပါတယ်။ တီဘီရောဂါက ခန္ဓာကိုယ်ရဲ့နေရာတိုင်းမှာဖြစ်နိုင် တယ်။ တီဘီကြောင့် ဦးနှောက်အမြှေးပါးရောင်နိုင်တယ်။ အဆုတ်တီဘီ၊ အရိုးတီဘီ၊ အူတီဘီ၊ ဆီးလမ်းကြောင်း မှာလဲတီဘီဖြစ်နိုင်တယ်။ အရေပြားမှာလဲဖြစ်နိုင်တယ်။ အများဆုံးဖြစ်တာကတော့ အဆုတ်တီဘီပါ။

တီဘီရောဂါက Mycobacterium tuberculosis အကောင်ကြောင့်ဖြစ်တာပါ။ အသက်ရှုလမ်းကြောင်း ကနေတစ်ဆင့်ကူးပါတယ်။ ရောဂါပိုးရှိသူနှင့်နီးကပ်စွာ စကားပြောတဲ့အခါ၊ ရောဂါပိုးရှိသူကချောင်းဆိုး နှာချေ လိုက်တဲ့အခါရှုထုတ်လိုက်တဲ့ လေနဲ့အတူတီဘီပိုးကလေထဲ ပျံ့နေပါတယ်။ ဒါကိုရှုမိရင်ကူးပါတယ်။ ရောဂါပိုးရှိ သူထွေးထုတ်လိုက်တဲ့တံတွေးကို လက်နဲ့ကိုင်မိတဲ့အခါ၊ ရောဂါပိုးရှိတဲ့သလိပ်နဲ့ ညစ်ပေနေတဲ့ပစ္စည်းကို ကိုင်မိ တဲ့အခါ အဲဒီလက်ကိုမဆေးဘဲ နှာခေါင်းပြန်ကိုင်တာစသည်ဖြင့်လည်း ကူးနိုင်ပါတယ်။

တီဘီရောဂါဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပိုအဖြစ်များပါတယ်။ တီဘီရောဂါပိုးတွေပျံ့နှံ့လွယ်တာကြောင့်ရော အာဟာရပိုင်းချို့တဲ့လွယ်တာကြောင့်ရောဆိုင်ပါတယ်။ ကလေးငယ်တွေမှာ တီဘီရောဂါပိုဖြစ်လွယ်ပါတယ်။ အ တူနေမိသားစုဝင်တစ်ဦးဦးမှာ တီဘီရောဂါဖြစ်နေရင်ပိုဖြစ်လွယ်ပါတယ်။

အဆုတ်တီဘီရောဂါမှာ ဘာတွေဖြစ်မလဲပေါ့။ ညနေပိုင်းတွေငွေ့ငွေ့လေးကိုယ်ပူနေတတ်မယ်။ ရက်ရှည် ချောင်းဆိုးမယ်၊ သလိပ်ထွက်မယ်။ ညဘက်တွေခေါင်းချွေးတွေ တအားထွက်မယ်။ အစားအသောက်ပျက်မယ်။ ပိန်လာမယ်။ တချို့ဆို သလိပ်ထဲသွေးတောင်ပါနိုင်တယ်။

ဒီလိုတွေခံစားနေရရင် ဓာတ်မှန်လဲရိုက်သင့်တယ်။ သလိပ်စစ်တာနဲ့ လိုအပ်တဲ့သွေးစစ်တာတွေလုပ် သင့်တယ်။ ဓာတ်မှန်က အဆုတ်တီဘီလို့ပြရင် သလိပ်စစ်ရပါမယ်။ သလိပ်စစ်တာကအရေးကြီးပါတယ်။ တံ တွေးဖြစ်လို့မရဘူး။ မနက်အစောကြီးထွက်တဲ့ သလိပ်ဖြစ်ရပါမယ်။ လိုအပ်ရင်သလိပ်ပိုးမွေးရပါမယ်။ သလိပ်ထဲ မှာပိုးတွေ့မတွေ့က ကုသမှုအပိုင်းအတွက် သလိပ်ပိုးမတွေ့တဲ့သူတွေထက်ပိုအရေးကြီးပါတယ်။

တီဘီဆေးတွေသောက်ရတဲ့အခါမှာလည်း ဒါပထမဦးဆုံးအကြိမ်လား၊ သလိပ်ပိုးတွေ့လားပေါ်မူတည် ပြီး သောက်ဆေးပဲလား၊ ထိုးဆေးပါဦးမလား၊ ဘယ်လောက်ကြာကြာသောက်ဖို့လိုလဲ စတာတွေကွဲပြားပါတယ်။ တီဘီဆေးသောက်နေရင်းမှာလဲ သတ်မှတ်ထားတဲ့ကာလတွေမှာ သလိပ်ပိုးစစ်နေရပါမယ်။ ဆေးသောက်တဲ့အ ခါနေ့တိုင်းမမေ့မလျော့သောက်ဖို့လိုပါတယ်။ ဆေးပြတ်လိုက်သောက်လိုက်ဆိုရင် ဆေးယဉ်ပါးတဲ့ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

အခုနောက်ပိုင်းတွေမှာ ဆေးယဉ်ပါးတီဘီတွေအဖြစ်များလာတာကြောင့် တီဘီရယ်လို့စတွေ့တာနဲ့ Genexpert ဆိုတာကိုစစစ်ခိုင်းတတ်ပါတယ်။ တီဘီဌာနတွေမှာ အခမဲ့စစ်လို့ရပါတယ်။ ဆေးယဉ်ပါးနေတာမျိုးရှိ မရှိစစ်တာပါ။ အဖြေပေါ်မူတည်ပြီး ကုသပုံကွာပါတယ်။ တီဘီဆေးတွေကပြင်းတယ်။ စသောက်လိုက်တာနဲ့ ပျော့သွားတာပဲ။ အစာလည်းမစားချင်တော့ဘူး ဆိုတာတွေလဲကြားရတတ်ပါတယ်။ ဖြစ်နိုင်ပါတယ်။ ဒါထက်ပို ပြီးလည်းဖြစ်နိုင်ပါတယ်။ တီဘီဆေးတွေက မျက်စိထိခိုက်နိုင်ပါတယ်။ အာရုံကြောတွေအားနည်းနိုင်တယ်။ ထုံ ကျင်တာတွေနားလေးတာတွေဖြစ်နိုင်တယ်။ ဆီးနီမယ်။ ကျောက်ကပ်လည်းထိခိုက်နိုင်တယ်။ အသည်းရောင် ခြင်းတွေ၊ အသားဝါခြင်းတွေ၊ အဆစ်တွေနာတာတွေဖြစ်နိုင်တယ်။

ဒါကြောင့်တီဘီဆေးသောက်ရမယ့်လူနာတွေဟာ တီဘီဆေးမသောက်ခင်မှာ မျက်စိစစ်တာ၊ အသည်း စစ်တာ၊ ကျောက်ကပ်စစ်တာတွေလုပ်သင့်ပါတယ်။ ဆေးသောက်နေတုန်းတစ်ခုခုခံစားလာရရင်လည်း လိုအပ် သလိုစစ်ရပါတယ်။ တီဘီကသေချာကုရင် ရောဂါပျောက်ပါတယ်။ ဒါပေမယ့် အဆုတ်မှာအမာရွတ်ကျန်ခဲ့တတ် ပါတယ်။

တီဘီရဲ့ရောဂါလက္ခဏာတော့မပြသေးပေမယ့် တီဘီရောဂါရှိသူနှင့် ထိတွေ့မှုတွေရှိထားတယ်ဆိုရင် တီဘီဟုတ်မဟုတ်အသားထဲဆေးထိုးပြီး စမ်းတာလဲရှိပါတယ်။ အဖြေမှာတော့ ကွဲပြားတဲ့သတ်မှတ်ချက်တွေရှိ ပါတယ်။ တချို့တွေမှာတော့ တီဘီဆေးတစ်မျိုး (သို့) နှစ်မျိုးကိုသတ်မှတ်တဲ့အချိန်ကာလ တစ်ခုအထိသောက်ရ ပါတယ်။

တီဘီကနေရာတိုင်းဖြစ်ပါတယ်။ အကျိတ်လဲဖြစ်နိုင်ပါတယ်။ ဘယ်နေရာမှာတီဘီဖြစ်ဖြစ် အဆုတ်မှာ တီဘီဖြစ်ဖြစ် စစ်ဆေးဖို့လိုတယ်။ တီဘီဆေးကတော့ တီဘီရောဂါမှန်သမျှမှာ အခြေခံကုသနည်းပါပဲ။ ဖြစ်တဲ့နေ ရာပေါ်မူတည်ပြီးအခြားကုသနည်းတွေ ထပ်လုပ်ရပါတယ်။ တီဘီရောဂါပထမအကြိမ်ဖြစ်တာနဲ့ နောက်ထပ်တစ် ကြိမ်ထပ်ဖြစ်တာတောင် ကုသပုံမတူလို့သတိပြုကြစေချင်ပါတယ်။

Author: Dr. CST

Previous Post

ကလေးများအတွက်မရှိမဖြစ်လိုအပ်သောအာဟာရဓာတ်များ

Next Post

ကျန်းမာရေးနဲ့လှပမှုအတွက် သဘာဝတရားကိုအသုံးချမယ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

12 months ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
810
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
834
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကျန်းမာရေးနဲ့လှပမှုအတွက် သဘာဝတရားကိုအသုံးချမယ်

အကျနာခဲ့လို့ဘဝသာအောင်လုပ်ကြစို့

အိပ်မပျော်သူများ သတိထားရန်အချက်များ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.