fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ဂေါက်သွားနိုင်သော အဆစ်များ

596
VIEWS
Share on FacebookShare on TwitterShare on Linkedin
10/06/2019
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ဂေါက်သွားနိုင်သော အဆစ်များ

မောင်ဒေါက်တာသည် လက်ထဲမှ သွေးအဖြေစာရွက်ကို ကြည့်ရင်း လူနာကို ဖြစ်ကြောင်းကုန်စင် ရှင်းပြရန် ပြင်လိုက်၏။

‘ အကို အခုဖြစ်နေတဲ့ရောဂါက ‘ ဂေါက်ရောဂါ ’ ခေါ်တယ်ဗျ ’

‘ ဗျာ… ’

‘သြော် ဘာလို့ အလန့်တကြားဖြစ်ရတာလဲဗျ… ဂေါက် ဆိုတာကို အကိုမကြားဖူးဘူးလား’

‘ကြားဖူးပါတယ်ဆရာ… ဟိုလေ ရူးသွားတာကို ခေါ်တာမဟုတ်လား ဆရာ’

‘ အာ… ဟဲဟဲ မဟုတ်တော့ မဟုတ်ဘူးဗျ၊ ဒါပေမယ့် အင်း ဟုတ်တယ်လို့လည်း ပြောရင်တော့ ရမယ် ’

‘ ဟာ ဆရာလုပ်မှ ပိုရှုပ်လာပြီ။ ကျွန်တော် တကယ်ပဲ ရူးနေပြီလားဟင် ဆရာ ’

‘ ဟား ဟား ဟား မဟုတ်ပါဘူးဗျ။ သွေးလေးစစ်ပြီးတာနဲ့တော့ လူတစ်ယောက်ကို ရူးသွားပြီလို့ ဘယ်လို့မှ ပြောလို့မရပါဘူးဗျာ။ အခု အကိုဖြစ်တဲ့ ဂေါက် ဆိုတာက အဆစ်အမြစ်ရောင်တဲ့ဂေါက်ရောဂါ (Gout) ကို ခေါ်တာပါ။ ဟို စိတ်ဖောက်ပြန်တဲ့ ဂေါက်ဆိုတာက လူတွေပြောတဲ့ ဗန်းစကားပါ ဘာမှ မဆိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော် ပြောချင်တာက သည်အဆစ်ရောင်ဂေါက်ကိုလည်း မပေါ့စေချင်လို့ပါ။ သူက ဒုက္ခပေးရင်လည်း လူကို ရူးမလို နာကျင်ကိုက်ခဲစေတတ်တယ်လေ။ အဆစ်တွေမဟားတရားရောင်လာတာပေါ့။ ဒါကြောင့်မို့ အဆစ်ကြောင့်ဂေါက်ရာကနေ လူပါ ဂေါက်သွားနိုင်လို့ ဆက်စပ်မှုရှိနိုင်တယ်ဆိုပြီး ကျွန်တော် ပြောလိုက်တာပါ ’

‘ ကျွန်တော်ဖြစ်တာက ခြေအဆစ်လေးတွေပဲ ကိုက်တာလေ ဆရာ။ ဆရာပြောတော့မှပဲ ရူးလောက်တဲ့ ရောဂါတွေ ဖြစ်ကုန်တယ်တဲ့လား ’

‘ အမယ် အကိုက facebook ထဲက memes စကားလုံးတွေသုံးလို့ပါလား။ အိုခေလေ ကျွန်တော် အကို့ကို ရှင်းပြပါ့မယ်။ အရင်ဆုံး အခုအကို့ကို သွေးစစ်လိုက်လို့ရလာတဲ့ အဖြေကို ကြည့်။ ဒီမှာလေ အကို့ သွေးထဲမှာ Uric acid ဆိုတဲ့ ဓါတ်တွေများနေတယ်ဗျ။ အဲသည်ဓါတ်တွေက သွေးထဲမှာများလာရင် သည်အတိုင်းမနေဘူး အဆစ်တွေထဲမှာ သွားပြီးတော့ အစိုင်အခဲလေးတွေအဖြစ် စုပုံလာတတ်တယ်။

uric acid crystals တွေလို့ခေါ်တယ်။ စဉ်းစားကြည့်ပေါ့ဗျာ။ သည်ခြေဆစ်လက်ဆစ် သေးသေးလေးတွေထဲမှာ အမှုန်အခဲလေးတွေလာစုနေမှာတော့ အဲဒါလေးတွေကို ဟိုဆွသည်ဆွဖြစ်ပြီး အဆစ်တစ်ခုလုံး ရောင်ရမ်းလာမှာပေါ့။ အခု အကိုက ဘာမှသိပ်မဖြစ်သေးလို့ပါ။ တကယ်ဖြစ်တဲ့လူဆို တအားခံရတာနော်။ ဘာဆေးထိုးဆေးသောက်နဲ့မှ မသက်သာဘူး။ ပြီးရင် ကြာလာတဲ့အခါ အဆစ်တွေထဲမှာ ကျောက်ခဲလိုအစိုင်အခဲတွေပေါ်လာပြီး အဆစ်တွေကောက်ကွေးကုန်တာတို့၊ အရေပြားကို ဖောက်ထွက်ပြီး အနာဖြစ်တာတို့ပါ ဖြစ်လာတတ်တယ်ဗျ။

ပိုဆိုးတာကတော့ ကျောက်ကပ်ထဲမှာပါ အဲသည်အမှုန်အမွှားတွေက ကျောက်တွေတည်ပြီး ကျောက်ကပ်ပျက်တဲ့အထိပါ ဒုက္ခပေးနိုင်တာပဲဗျ။ ဟိုးအရင်ခေတ်ကဆိုရင်လေ သည်အဆစ်ရောင်တဲ့ ဂေါက်ရောဂါဆိုတာကို မကောင်းဆိုးဝါးပြုစားတဲ့ ရောဂါလို့တောင် ခေါ်ဝေါ်ခဲ့တာ အကိုသိရင် သိပ်ကောင်းမှာပဲဗျာ’

‘သြော် ဆရာက ကျွန်တော် memes တွေနဲ့ ပြန်လက်စားချေတယ်ပေါ့။ ဟုတ်ပါပြီ ဆရာရယ်။ လိုအပ်တဲ့ဆေးတွေသာ ပေးလိုက်ပါတော့။ ကျွန်တော်က နာတာဆို သိပ်မခံနိုင်ဘူးဗျ။ အခုတောင် ညညဆို ကိုက်လို့ အိပ်မရချင်ဘူး။ မြန်မြန်သက်သာအောင်သာ လုပ်ပေးပါဗျာ’

‘နေဦးလေ.. ကျွန်တော် ပြောချင်တာက မပြီးသေးဘူး။ သည်ဂေါက်ရောဂါကို ဆေးချည်းပဲ အားကိုးနေရင်လည်း ပျောက်ဖို့မလွယ်ဘူးဗျ။ အစားအသောက် အနေအထိုင်တွေပါ ဆင်ခြင်မှရမယ်။ မဟုတ်ရင် ခုနက ပြောသလို အဆစ်လည်းဂေါက်၊ လူလည်းဂေါက် ဖြစ်ကုန်မှာပဲဗျ’

‘ပြောပါဦး ဆရာ။ ဘယ်လို အစားအသောက် အနေအထိုင်တွေ ဆင်ခြင်ရမှာလဲ’

‘ပထမဆုံးရှောင်ရမှာကတော့ အရက်ဘီယာပဲဗျ။ ဟဲ ဟဲ အကို့မျက်နှာရှုံ့မဲ့သွားပုံထောက်တော့ ကိုယ်တော်တော်ကြိုက်တာနဲ့မှ တည့်တည့်တိုးသွားပြီထင်တယ်။ ဒါကြောင့်မို့လည်း အကို့ရဲ့ uric acid တွေက တတ်နေတာဖြစ်မှာပေါ့လေ။ အဲသည်တော့ လျှော့သောက်မှ ရတော့မယ်နော်။ လုံးလုံးဖြတ်လိုက်ရင်လည်း ကောင်းပါတယ်ဗျ’

‘ဆရာရယ် ကျွန်တော်က သိပ်အများကြီးသောက်တာမဟုတ်ပါဘူး။ ဘီယာဆိုရင်လည်း တစ်ဗူးနှစ်ဗူးလောက်ပါပဲ အရက်လည်း နည်းနည်းပါးပါးပဲ ဗျ’

‘အကို့နည်းနည်းပါးပါးက နေ့တိုင်းလောက်ဖြစ်နေရင်လည်း သိပ်အဆင်မပြေဘူးဗျ။ တစ်နေ့ကို အရက်ပျှမ်းမျှ ဘယ်လောက်သောက်ရင်ရသလဲဆိုတာ ကျွန်တော် အရင်ပြောပြဖူးတာရှိတယ်ဗျ။ အဲဒါလေးပြန်ရှာကြည့်ဦး။ နောက်တစ်ခုက အရက်အပြင် အစားအသောက်ထဲမှာ အနီရောင်အသားတို့၊ ဝမ်းတွင်းကလီစာတို့ကလည်း စားတာများရင် အဲသည် uric acid တက်စေသေးတယ်ဗျ’

‘ကလီစာကတော့ ဟုတ်ပါပြီ။ အနီရောင်အသားဆိုတာက ဘာကြီးလဲဆရာ’

‘အဲဒါက အင်္ဂလိပ်လို Red meat တွေကို ပြောတာပါ။ အမဲသား၊ ဆိတ်သား၊ ဝက်သား စတဲ့ အရောင်ရဲရဲရှိတဲ့အသားကြီး ငါးကြီးတွေကို ဆိုလိုတာပေါ့ဗျာ’

‘ဒါနဲ့ တစ်ချို့ကျတော့ ကျွန်တော့်ကို အဆစ်ရောင်ရင် အညှီအေဟာက်တွေမစားနဲ့လို့ ပြောကြတယ်ဗျ။ အဲဒါကော ဟုတ်သလားဆရာ’

‘အင်း အကြမ်းဖျင်းကတော့ မြေကနေအညှောက်ထွက်ပြီး ပေါက်တဲ့ ပီလောပီနံတို့၊ ကန်စွန်းဥတို့ အားလူးတို့ ကိုပြောချင်ကြတာပေါ့။ ဒါတွေကလည်း uric acid တက်စေတယ်လို့ အရင်တုန်းကတော့ ယူဆကြပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း သုတေသနတွေအရတော့ အဲဒါတွေက ထင်သလောက် မတက်စေဘူးတဲ့။ အဓိကကတော့ ခုနက ကျွန်တော်ပြောခဲ့တဲ့နှစ်မျိုးပဲ။ ဘာတွေလဲ မှတ်မိသလား အကို၊ ပြန်ပြောကြည့်ပါဦး’

‘အင်း အသားကြီးငါးကြီးရယ် ဝမ်းတွင်းကလီစာရယ် ပြီးတော့ ….’

‘ပြီးတော့….”

‘အရက်ရယ်ပါ ဆရာ’

‘အရက်ကော ဘီယာကော ပါတယ်နော် အကို။ ကဲ ဟုတ်ပြီ အဲဒါလေးတွေလည်း လျှော့။ ကျွန်တော် ပေးတဲ့ဆေးတွေလည်းသောက်။ ပြီးရင် ရက်ချိန်းလေးပြန်လာပြ။ အဲသည်အခါကျရင် uric acid ကျစေဖို့ စွဲသောက်ရမယ့်ဆေးမျိုးပါ ကျွန်တော် ပေးလိုက်မယ်’

‘ဟင် ဆေးကတစ်သက်လုံး စွဲသောက်ရမှာလားဆရာ..’

‘သြော် မဟုတ်ပါဘူး။ သွေးပြန်စစ်လို့ uric acid က ပုံမှန်အနေအထားပြန်ရောက်သွားရင် ဆက်သောက်စရာ မလိုပါဘူး။ အဓိကက အကိုသာ အရက်ကို ဆက်မသောက်ရင် ဆေးလည်း ဆက်သောက်စရာ မလိုတော့ဘူးပေါ့ ဟုတ်ပြီလား’

‘အဲဒါဆိုတော့ သည်ဂေါက်က ပျောက်တော့ပျောက်နိုင်တာပေါ့နော် ဟုတ်လားဆရာ’

‘ပျောက်အောင်ကုလို့ရပါတယ်ဗျ။ အရေးကြီးတာက သောက်သင့်တဲ့ဆေးကို မှန်မှန်သောက်ပြီး မသောက်သင့်တဲ့ အရက်ကို မသောက်နဲ့။ ပြီးတော့ စောစောကပြောခဲ့သလို အစားအသောက်ကိုဆင်ခြင်ကြည့်ပေါ့။ ဒါဆို ဂေါက်သွားတဲ့အဆစ်တွေကို ပြန်လည်ကယ်တင်လို့ ရပါပြီဗျာ။ ကဲ ကျေနပ်ပြီလား’

ဒေါက်တာထွန်းလင်း

ref: https://www.arthritis.org/about-arthritis/types/gout/causes.php

Previous Post

အရက်စကား အမှားများ

Next Post

အကြောပြတ်ရာတွေ မြန်မြန်ပျောက်အောင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
835
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
842
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အကြောပြတ်ရာတွေ မြန်မြန်ပျောက်အောင်

ပါးစပ်နဲ့ မချစ်ပါနဲ့

ကလေးငယ်များ သန်စွမ်းထက်မြက် ဉာဏ်ရည်တက်ဖို့အတွက် လိုအပ်တဲ့ အာဟာရဓါတ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.