fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

တီဘီရောဂါကင်းဝေးဖို့နှင့် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့

68
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/03/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(၂၀၁၇) ခုနှစ်၊ မတ်လ (၂၄) ရက်နေ့က ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ ဖြစ်တာနှင့်အညီ ကမ္ဘာတစ်ဝန်း ကျန်းမာရေးလှုပ်ရှားမှုများကို “တီဘီရောဂါကင်းဝေးဖို့ ၊ အားလုံးပူးပေါင်းဆောင်ရွက်စို့ (Unite to end TB)’’ ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်သွားကြမှာဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့တီဘီနေ့မှာ ကျန်းမာရေးဟောပြောပွဲများ၊ ကျန်းမာရေးပြခန်းများ၊ အထိမ်းအမှတ်ဆောင်းပါးပြိုင်ပွဲများ၊ ဆေးကုသမှုများ ပြုလုပ်ခဲ့ကြပါတယ်။

ရောဂါ
တီဘီရောဂါဟာ သာမန်မျက်စိနှင့်မမြင်နိုင်တဲ့ တီဘီဘက်တီးရီးယား (Mycobacterium tuberculosis) ကြောင့် ဖြစ်ပါတယ်။ လေမှတဆင့် (သို့) အသက်ရှူရာမှတဆင့် ကူးစက်နိုင်ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံဟာ တီဘီပိုး ကူးစက်ခံရပြီး နှစ်စဉ် (၈) သန်းခန့် တီဘီရောဂါဖြစ်ပွားကာ လူကြီးလူငယ်နှစ်သန်းခန့် သေဆုံးလျက်ရှိပါတယ်။
တီဘီရောဂါဖြစ်ပွားသူဟာ ဆေးကုသမှု စနစ်တကျ မခံယူပါက မိမိမှတဆင့်အတူနေ မိသားစုနဲ့ ပတ်ဝန်းကျင်ရှိ လူများကိုပါ အလွယ်တကူ ကူးစက်နိုင်ပါတယ်။

ကူးစက်ပုံ
တီဘီပိုးရှိတဲ့ ဝေဒနာရှင်များမှ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ တံတွေးထွေးခြင်း၊ ကျယ်လောင်စွာစကားပြောခြင်း၊ သီချင်းဆိုခြင်းက တီဘီရောဂါပိုးများဟာ လေထဲကို အလွယ်တကူ ပျံ့နှံ့ပြီး ပတ်ဝန်းကျင်ရှိလူများ ရှူရှိုက်မိရာမှ ရောဂါကူးစက်ခံရနိုင်ပါတယ်။
ရောဂါရှိသူမှ အတူနေမိသားစု၊ လူစုလူဝေးများလှတဲ့ ရုပ်ရှင်ရုံ၊ ဗီဒီယိုရုံ၊ ရထားဘူတာ၊ ကားဂိတ်တို့မှာ ဝေဒနာရှင်၏ အနီးရှိလူများ၊ ခရီးသွားလာရင်း ဝေဒနာရှင်၏ ပတ်ဝန်းကျင်ရှိ လူများ၊ ရုံးခန်း၊ စာသင်ခန်းစတဲ့နေရာတွေမှာ ဝေဒနာရှင်၏ အတူလုပ်ဖော်ကိုင်ဖက်များ ဆီကို ရောဂါပိုးအလွယ်တကူ ကူးစက် နိုင်ပါတယ်။

တီဘီပိုးကူးစက်တိုင်းတီဘီရောဂါဖြစ်သလား
ကျန်းမာသန်စွမ်းပြီး လူ့ကိုယ်ခန္ဓာမှ ခုခံကာကွယ်အားကောင်းရင် တီဘီရောဂါပိုးကူးစက်ခံရပေမယ့် ရောဂါ မဖြစ်နိုင်ပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) စာရင်းဇယားအရ တီဘီရောဂါပိုး ကူးစက်ခံရသူ (၁၀၀) ဦးမှာ ကျန်းမာရေးကောင်းသူ (၂၅) ဦးဟာ တီဘီဆေးသောက်စရာမလိုပဲ မိမိကိုယ်ခံအားနဲ့ အလိုလို ရောဂါပျောက်သွားကြောင်း တွေ့ရပါတယ်။

တီဘီရောဂါဖြစ်သူများ
အာဟာရချို့တဲ့သူများ၊ ခုခံအားကျဆင်းနေသူများ၊ AIDS နှင့် ကင်ဆာရောဂါ၊ အသည်းရောင်ဘီပိုး၊ စီပိုးရှိသူများ၊ နာတာရှည် ကျောက်ကပ်ဝေဒနာရှင်များ၊ ဆီးချိုရောဂါရှင်များနှင့် ဆေးလိပ်အလွန်အကျွံ သောက်သူများ၊ အသက်အရွယ်ကြီးရင့်သူများနှင့် ငါးနှစ်အောက်ကလေးငယ်များနှင့် အစာအိမ် ဖြတ်တောက်ခံထားရသူများ ဖြစ်ကြပါတယ်။
အိမ်နှင့်နေထိုင်သူဦးရေ မမျှခြင်း၊ အိမ်နှင့် အလုပ်နေရာများ အလင်းရောင်နှင့် လေဝင်လေထွက် ကောင်းကောင်းမရခြင်း၊ လူမှုစီးပွားရေးနိမ့်ကျခြင်း တို့ကလည်း ရောဂါဖြစ်စေဖို့ အားပေးတဲ့ အခြေအနေတွေ ဖြစ်ပါတယ်။

ရောဂါဖြစ်ပွားမှု
အသက်အရွယ်မရွေး၊ ကျား/ မ မရွေး ရောဂါပိုးကူးစက်ခံရရင် ရောဂါဖြစ်နိုင်ပါတယ်။ တီဘီရောဂါဟာ အဆုတ်မှာအများဆုံးဖြစ်ပြီး ကိုယ်ခန္ဓာရဲ့ အခြားနေရာများ၊ ဥပမာ ဦးနှောက်အကြိတ်များ၊ အစာအိမ်အူလမ်းကြောင်း၊ ကျောက်ကပ်၊ အရိုးအဆစ်များ စတဲ့နေရာ အနှံ့အပြားမှာ ဖြစ်ပွားနိုင်ပါတယ်။

ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများမှာ အဓိကလက္ခဏာနဲ့ ယေဘုယျလက္ခဏာ (၂) မျိုးရှိနိုင်ပါတယ်။ အဓိကလက္ခဏာမှာ (၂) ပတ်မှ (၃) ပတ်ကျော် ချောင်းဆိုးခြင်း၊ သလိပ်ထွက်ခြင်း၊ သွေးပါခြင်း၊ ကျောရင်အောင့်ခြင်း တို့ဖြစ်ပါတယ်။
ယေဘုယျလက္ခဏာတွေမှာ အဖျားတက်ခြင်း၊ ညနေပိုင်းငွေ့ငွေ့ဖျားခြင်း၊ အဖျားတာရှည်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန်လျော့ခြင်း၊ ညဘက်မှာ ချွေးထွက်ခြင်း တို့ ရှိနိုင်ပါတယ်။
ကိုယ့်မှာ တီဘီရောဂါဖြစ်ပွားနေတယ်လို့ သံသယရှိရင်-
နီးစပ်ရာကျန်းမာရေးဌာနနဲ့ ဆေးရုံဆေးခန်းများမှာ သလိပ်ကို (၃) ကြိမ်ဆက်တိုက် တီဘီပိုး ရှိမရှိ စစ်ဆေးသင့်ပါတယ်။ အနည်းဆုံးတစ်ကြိမ်လောက်က မနက်အိပ်ရာထမှာထွက်တဲ့ သလိပ်ဖြစ်ရပါမယ်။ သလိပ်မှာ တီဘီရောဂါပိုးတွေ့ရင် ကျန်းမာရေးဝန်ထမ်းတွေ ညွှန်ကြားတဲ့အတိုင်း (DOTS) တိုက်ရိုက် ကြည့်ရှု အချိန်တိုနှင့်ကု ကုထုံးအတိုင်း မပျက်မကွက်ကုသရပါမယ်။ သလိပ်ထဲမှာ တီဘီပိုးမတွေ့ရပေမယ့် ရောဂါလက္ခဏာအရ (သို့) တီဘီနှင့်နီးစပ်မှုရှိရင် အဆုတ်ဓာတ်မှန်နဲ့ အခြားဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပြီး တီဘီရောဂါသေချာလျှင် တိတိကျကျ ကုသမှု ခံယူသင့်ပါတယ်။

ဆေးကုသမှုခံယူရာမှာ –
ကျန်းမာရေးဝန်ထမ်းများ ညွှန်ကြားထားတဲ့အတိုင်း ကုသမှုကို တိတိကျကျ ခံယူရပါမယ်။ ဆေးကို ရောဂါအမျိုးအစား အလိုက် (၆) လမှ (၈) အထိ မပျက်မကွက် ပုံမှန်သောက်ရမှာ ဖြစ်ပါတယ်။ ဆေးများကို တစ်ပေါင်းတည်း နံနက်အိပ်ရာထ အစာမစားမီ (၁)နာရီခွာပြီး အစာစားပြီး (၃) နာရီခွာပြီး သောက်ရမယ်။ အစာနဲ့ လျောပြီးသောက်ရင် တီဘီဆေးရဲ့ အာနိသင်လျော့ကျစေနိုင်ပါတယ်။ အစာမရှိချိန်မှာ ဆေးသောက်သင့်ပါတယ်။ ဆေးသောက်ပြီး တစ်နာရီကြာမှ အစာစားရမှာဖြစ်ပါတယ်။ တီဘီဆေးကြောင့် ဆီး၊ ဝမ်း အရောင် အနီရောင်ဖြစ်လျှင် စိုးရိမ်စရာမလိုပါ။ တီဘီဆေးသောက်နေသမျှ ဆီးအနီရောင်၊ ဝမ်းအနီရောင်ဖြစ်နေမှာ ဖြစ်ပါတယ်။ အားဆေးလည်း သောက်ဖို့လိုပါတယ်။ ခြေလက်များ ထုံကျဉ်ခြင်း၊ ပူခြင်း၊ အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း၊ ဝမ်းထဲမှပူခြင်း၊ ပျို့အန်ခြင်း၊ မျက်လုံးအသားများဝါလာခြင်း၊ အရေပြားများ ယားယံပြီး အဖုအပိမ့် အနီကွက်များထွက်ခြင်း၊ သတိလစ်ခြင်း၊ ကယောင်ကတမ်းပြောခြင်း တို့ဖြစ်ရင် ကျန်းမာရေးဌာနကို ချက်ခြင်းပြသပြီး ကုသမှု ခံယူသင့်ပါတယ်။

တီဘီဆေးကို ပြီးဆုံးအောင် မသောက်ရင် –
တီဘီဆေးကို မှန်မှန်နဲ့ ပြီးဆုံးအောင်မသောက်ရင် အဆုတ်တစ်ခုလုံး ပျက်စီးသွားပြီး တီဘီပိုးခန္ဓာကိုယ် အနှံ့ ပျံ့နှံ့သွားနိုင်ပါတယ်။ ဆေးကိုယာဉ်ပါးသွားပြီး ငွေကုန်ကြေးကျ များလာနိုင်ပါတယ်။ ဆေးယာဉ်ပါးတီဘီဟာ သေပျောက်မှုနှုန်း အလွန်မြင့်မားပါတယ်။ အသက်အန္တရာယ်ရှိနိုင်ပါတယ်။
တိုက်ရိုက်ကြည့်ရှု အချိန်တိုနှင့်ကုထုံး (DOTS –Directly Observed Treatment Short-Course) ဆိုတာ မိသားစုဝင် (သို့) မိတ်ဆွေ (သို့) ကျန်းမာရေးဝန်ထမ်းတစ်ဦးက လူနာဆေးမှန်မှန်သောက်ဖို့ နေ့စဉ်စောင့်ကြပ် ကြည့်ရှုရပါတယ်။ သလိပ်ကို (၂) လ (သို့) (၃) လ ပြည့်ရင် တစ်ကြိမ်၊ (၅) လပြည့်ရင် တစ်ကြိမ်၊ (၆) လ (သို့) (၈) လပြည့်ရင် တစ်ကြိမ် စစ်ရပါမယ်။

ကြိုတင်ကာကွယ်ခြင်း
တီဘီကာကွယ်ဆေး (ဘီစီဂျီ – BCG) ကို ရင်သွေးများ (၂) လသားအရွယ်မှာ ထိုးနှံပေးရပါမယ်။ နှာချေ၊ ချောင်းဆိုးရင် ပါးစပ်နဲ့ နှာခေါင်းကို အဝတ် (သို့) လက်ကိုင်ပုဝါနဲ့ လုံခြုံအောင် အုပ်ပြီး ဆိုးရမယ်။ သလိပ်တံတွေးကို တွေ့ရာမထွေးပဲ အဖုံးပါတဲ့ ခွက်အတွင်းထွေးရမယ်။ သလိပ်များကို ရေအိမ်အတွင်း (သို့) မြေကြီးနက်နက်တူးပြီးစွန့်ပစ်ရမယ်။ အာဟာရ ပြည့်ဝအောင် စားရမယ်။ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရမယ်။ လူနာအသုံးပြုပြီးတဲ့ လက်ကိုင်ပုဝါ အဝတ်အထည်များ နေပူလှန်း၊ မီးပူတိုက်ပြီးမှပြန်သုံးသင့်ပါတယ်။ တီဘီရောဂါရှိသူများဟာ လေဝင်လေထွက်ကောင်းပြီး နေရောင်ခြည်တိုက်ရိုက်ရနိုင်တဲ့ နေရာ၊ အခန်းတို့မှာ နေထိုင်သင့်ပါတယ်။ လူနာမှ အဆင့်ဆင့် ပြန့်ပွားမကူးစက်နိုင်စေဖို့ တီဘီရောဂါရှင်ဟာ ဆေးကုသမှုကို အမြန်ဆုံးခံယူသင့်ပါတယ်။ ဆေးယာဉ်ပါးတီဘီမဖြစ်စေသင့်ပါ။

Author: Dr. လွင်သန့်

Previous Post

ကွန်ဒုံး (Condom)

Next Post

ဧပြီလ ၁ ရက်ကစပြီး ကိုယ်ဝန်ဆောင်မိခင်တွေ ထောက်ပံ့ကြေးရတော့မယ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
872
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
850
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.4k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဧပြီလ ၁ ရက်ကစပြီး ကိုယ်ဝန်ဆောင်မိခင်တွေ ထောက်ပံ့ကြေးရတော့မယ်

မြန်မာနိုင်ငံလူနေမှုဘဝနှင့်ကျန်းမာရေးဆိုင်ရာအခြေခံအချက်အလက် စစ်တမ်းပင်မအစီအရင်ခံစာထုတ်ပြန်

လိပ်ခေါင်းဆိုတာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.