fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

သိုင်းရွိုက်မုန်တိုင်း အကြောင်း

603
VIEWS
Share on FacebookShare on TwitterShare on Linkedin
02/08/2019
in အထွေထွေရောဂါများအကြောင်း
1 min read
A A

သိုင်းရွိုက်မုန်တိုင်း အကြောင်း

တိုင်ဖုန်းမုန်တိုင်း၊ ဆိုင်ကလုန်းမုန်တိုင်း၊ ဟာရီကိန်းမုန်တိုင်း စတဲ့မုန်တိုင်းတွေအကြောင်းကို မိုးလေဝသကြေညာချက်တွေမှာ သင်တွေ့ဖူးမှာဖြစ်ပေမယ့် သိုင်းရွိုက်မုန်တိုင်းအကြောင်းကိုတော့ မိုးလေဝသကြေညာချက်တွေမှာ သင်တွေ့ဖူးမှာ မဟုတ်ပါဘူး။

ရှေ့လျှောက်လည်း တွေ့မှာမဟုတ်ပါ။ ဘာလို့လဲဆိုတော့ သိုင်းရွိုက်မုန်တိုင်းဆိုတာ တိုင်ဖုန်း၊ ဆိုင်ကလုန်း မုန်တိုင်းတွေလို သဘာဝပတ်ဝန်းကျင်မှာဖြစ်တဲ့ မုန်တိုင်းမဟုတ်ဘဲ မိမိခန္ဓာကိုယ်ထဲမှာ သိုင်းရွိုက်ဟော်မုန်း အဆမတန်များနေပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ လက္ခဏာတွေဖြစ်တဲ့ အခြေအနေကို တင်စားခေါ်တာပါ။

လူတိုင်းလူတိုင်းရဲ့ လည်ပင်းရှေ့တည့်တည့် အောက်ခြေနား နေရာလောက်မှာ လည်ပင်းအကျိတ်တခုရှိပါတယ်။

အဲ့ဒါကိုဆေးပညာအရ Thyroid gland (သိုင်းရွိုက်ဂလန်း) လို့ခေါ်ပါတယ်။

သိုင်းရွိုက်ဂလန်းဟာ လိပ်ပြာပုံစံရှိပြီး သူ့ဆီကနေ သိုင်းရွိုက်ဟော်မုန်း (Thyroid hormones) တွေကိုထုတ်ပေးပါတယ်။

သိုင်းရွိုက်ဟော်မုန်းတွေဟာ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေ နေ့စဉ်ပုံမှန်ဖြစ်ပျက်ဖို့အတွက် အလွန်အရေးပါတဲ့ ဟော်မုန်းတွေ ဖြစ်ပါတယ်။

အကြောင်းကြောင်းကြောင့် သိုင်းရွိုက်ဟော်မုန်းတွေ များလာတဲ့အခါ သို့မဟုတ် နည်းလာတဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်တွေဟာ ပုံမှန်မဟုတ်ဘဲ နှေးတာ မြန်တာတွေဖြစ်လာပြီး ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။

သိုင်းရွိုက်ဟော်မုန်းများခြင်းကို ဆေးပညာအရ Thyrotoxicosis လို့ခေါ်ပါတယ်။ အရပ်အခေါ်ကတော့ လည်ပင်းဆိပ် ရောဂါလို့ ခေါ်ပါတယ်။

သိုင်းရွိုက်ဟော်မုန်းနည်းခြင်းကို Hypothyroidism လို့ခေါ်ပါတယ်။

သိုင်းရွိုက်မုန်တိုင်းဟာ သိုင်းရွိုက်ဟော်မုန်းများတဲ့ရောဂါ (လည်ပင်းဆိပ်ရောဂါ) ဖြစ်တဲ့သူတွေမှာ ဖြစ်ပေါ်တတ်တဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေဖြစ်ပါတယ်။

သိုင်းရွိုက်မုန်တိုင်းတိုက်တာကို ခံစားရတဲ့အခါမှာ နှလုံးခုန်နှုန်းတွေ တအားမြန်လာတာ (တမိနစ်ကို အကြိမ်ရေ ၁၄၀ ကျော်နိုင်ပါတယ်)

– နှလုံးခုန်မမှန်တာ

– ကိုယ်အပူချိန် တအားလွန်ကဲလာတာ

– ဂဏှာမငြိမ်ဖြစ်လာတာ

– ဝမ်းလျှောတာ၊ အန်တာ

– စိတ်တွေလှုပ်ရှားတာ

– ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတာ

– သတိလစ်တာတွေ ခံစားရနိုင်ပါတယ်။

ရောဂါလက္ခဏအများစုဟာ သိုင်းရွိက်ဟော်မုန်းများခြင်း (လည်ပင်းအဆိပ်) ရောဂါနဲ့ ဆင်တူပေမယ့် ရုတ်တရက်ထဖြစ်တာမျိုးဖြစ်ပြီး အလွန်ပြင်းထန်ပါတယ်။

အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပြီး ချက်ချင်းအရေးပေါ် ဆေးရုံတင်ကာ ဆေးကုသမှုခံယူဖို့ လိုပါတယ်။

ချက်ချင်း ဆေးရုံတင်ကုသတာတောင်မှ သေဆုံးနိုင်ခြေဟာ ၁၀ ရာခိုင်နှုန်းရှိပါတယ်။

ချက်ချင်းဆေးရုံတင် မကုသဘူးဆိုရင်တော့ လူနာ သေဆုံးနိုင်ခြေဟာ ၇၅ ရာခိုင်နှုန်းထိရှိပါတယ်။

သိုင်းရွိုက်မုန်တိုင်းဟာ

– သိုင်းရွိုက်ဟော်မုန်းများနေတာကို လုံးဝဆေးမကုဘဲ အချိန်ဆွဲနေတဲ့သူတွေ

– ကုသသော်လည်း သေချာမကုသတာ၊ ဆရာဝန်ညွန်ကြားတဲ့အတိုင်း မလိုက်နာတဲ့သူတွေမှာ ဖြစ်လေ့ရှိပါတယ်။

ဒါ့အပြင် သိုင်းရွိုက်ဟော်မုန်းများတဲ့ရောဂါ ခံစားရသူတွေမှာ

– ပိုးတမျိုးမျိုးဝင်ရောက်ကူးစက်ခံရတာ

– ထိခိုက်ဒဏ်ရာရတာ

– ခွဲစိတ်ကုသမှုခံရတာ

– စိတ်ဖိစီးစရာများတာ

– လေဖြတ်တာ စတဲ့အကြောင်းတွေရှိလာရင် သိုင်းရွိုက်မုန်တိုင်း ခေါ် အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေ နဲ့ ကြုံတွေ့နိုင်ပါတယ်။

သိုင်းရွိုက်မုန်တိုင်း ခံစားရနိုင်ခြေနဲအောင်ကတော့ အောက်ပါအချက်တွေကို လိုက်နာဖို့အကြံပေးချင်ပါတယ်။

– လည်ပင်းဆိပ်ရောဂါ လက္ခဏာတွေဖြစ်တဲ့ အစားတွေ အရမ်းစားနိုင်လာတာ အရမ်းစားပေမယ့် ဝမလာဘဲ ပိန်ကျလာတာ

– အပူဒဏ်ကိုမခံစားနိုင်ပဲ အနည်းငယ်ပူတာနဲ့ ချွေးတွေအရမ်းထွက်တာ

– နေမကောင်းဖြစ်တာမဟုတ်ဘဲ အသားအရေတွေကပူနေတာ စိတ်ဂဏှာမငြိမ်တာ၊ ရင်တုန်တာ၊ ခြေလက်တွေတုန်တာ

ဝမ်းသွားတဲ့အကြိမ်အရေများတာ တွေခံစားရပါက လည်ပင်းဆိပ်ရောဂါ ဟုတ်မဟုတ် သိရအောင် နီးစပ်ရာဆေးရုံဆေးခန်းပြကြည့်ပြီး ဟုတ်တယ်ဆိုပါက အချိန်မဆွဲဘဲ ဆေးကုသမှုခံယူပါ။

ဆေးကုသမှုခံယူရာမှာလည်း ဆရာဝန်ညွန်ကြားချက်အတိုင်း သေချာလိုက်နာပါ။

လည်ပင်းကြီးရောဂါကို ဆေးကုသတဲ့အခါ ဘယ်လိုကုသမှုမျိုးပဲဖြစ်ဖြစ် သွေးတွင်းသိုင်းရွိုက်ဟော်မုန်း ပမာဏကို ပြန်ပြန်စစ်ဖို့လိုတတ်ပါတယ်။

အထူးသဖြင့် သောက်ဆေးနဲ့ ကုသတာမျိုးဆိုရင် လိုတိုးပိုလျှော့ လုပ်ဖို့အတွက် သွေးခဏခဏစစ်ဖို့လိုပါတယ်။

တချို့လူနာတွေကကျ သွေးခဏခဏစစ်ရတာကို အပိုလုပ်လို့ထင်ပြီး ပြန်မစစ် ရက်ချိန်းအတိုင်းပြန်မပြဘဲ စပေးတဲ့ဆေးပမာဏကိုပဲ ဆက်သောက်နေတာမျိုးရှိပါတယ်။

ဒါမျိုး လုံးဝမလုပ်သင့်ပါဘူး။

Dr 528

Previous Post

ကိုယ်ဝန်ဆောင်စဉ် အရေပြားယားယံခြင်း

Next Post

သုက်ရည်ထဲ သွေးပါနေပြီဆိုလျှင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
835
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
842
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သုက်ရည်ထဲ သွေးပါနေပြီဆိုလျှင်

သွေးဆိပ်တက်ခြင်း သို့မဟုတ် သွေးဆိပ်သင့်ခြင်း

တန်ပွန်ခေါ် အမျိုးသမီးလစဉ်သုံးပစ္စည်း အကြောင်းသိကောင်းစရာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.