fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

မိုးတွင်းကာလနှင့် ယားနာပြဿနာ

327
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/07/2019
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ယခုအချိန်သည်ကား မိုးတွင်ကာလဖြစ်သလို ရာသီဥတုကလည်း စိုစွတ် လှသည်။ မိုးဦးကာလသည်ကား မြန်မာတို့အဆို စပါးညှင်းရာသီဖြစ်ပြီး ပွေး / ညှင်း စသည့် ယားနာရောဂါများ အဖြစ်များသည့် ရာသီဥတုဖြစ်သည်။ နေ့စဉ်ရက်ဆက် မိုး ရွာသွန်းနေသဖြင့် သာမန် မိသားစုအတော်အသင့်ရှိသည့် အိမ်များတွင်ပင် လျှော်ဖွတ် ထားသော အဝတ်အစားများ မခြောက်နိုင်ဖြစ်နေသလို လျှော်ဖွတ်၍ သေတ္တာ / အဝတ် ဘီရိုများအတွင်း သိမ်းဆည်းထားသော အဝတ်အစားများမှလည်း အစိုပြန်ခြင်း၊ ဖားဥ စွဲခြင်းနှင့် မှိုတက်ခြင်းများ ဖြစ်ပွားလျက်ရှိသည့် အချိန်လည်း ဖြစ်သည်။

အဆိုပါ စိုထိုင်းထိုင်း အဝတ်အစားများနှင့် မှိုစွဲလျက်ရှိသော အဝတ်အစား များကို ဝတ်ဆင်မိသူ များအဖို့ အရေပြားယားယံခြင်းများနှင့် ယားနာရောဂါများ ဖြစ်ပွားရန် အခွင့်အလမ်း အလွန်များလှသည်။ သို့ဖြစ်၍ စိုစွတ်သော မိုးတွင်းကာလတွင် ဖြစ်ပွားရန် အခွင့်အလမ်း များသည့် ယားနာရောဂါများနှင့် ပတ်သတ်၍ အဖြစ်များစေသည့် အကြောင်းအရင်း များနှင့် ဆောင်ရန်၊ ရှောင်ရန်များကို ဖော်ပြပေးလိုသည်။

ဘတ်တီးရီးယားပိုးမွှားများ၊ မှိုများနှင့် ကပ်ပါးပိုးများသည် ကောင်းစွာ ခြောက်သွေ့ခြင်းမရှိသည့် အဝတ်အစားများ၊ မျက်နှာသုတ်ပဝါများ အစိုပြန်နေသည့် ခေါင်းအုံးစွပ်များ၊ အိပ်ယာခင်းများ စသည့်နေရာများတွင် အချိန်ကြာမြင့်စွာ ခိုအောင်းနေနိုင်သလို အလွယ်တကူလည်း ပေါက်ပွားလွယ်တတ်ကြသည်။

အဆိုပါ ပိုးမွှားများနှင့် တိုက်ရိုက် ထိတွေ့မိသူများအဖို့ ဓာတ်မတည့်ခြင်းဖြစ်သည့် လက္ခဏာများ၊ ယားယံခြင်းများနှင့် ပွေး၊ ညှင်းစသည့် အရေပြား ရောဂါများ ဖြစ်ပွားခံစားရနိုင်သည်။ အဆိုပါ အရေပြား ရောဂါများ ဖြစ်ပွားခံစားရသူတို့အဖို့ ယားယံခြင်းကြောင့်အလွန် နေရခက်နိုင်သည့်အပြင် မခံနိုင်၍ လက်ဖြင့် ကုတ်ခြစ်မိပါကလည်း လက်သည်း များမှတဆင့် ပိုးမွှားများ ဝင်ရောက်ခြင်းကြောင့် ပြည်တည်နာများနှင့် နောက်ဆက်တွဲ အရေပြားရောဂါ များကိုပါ ခံစားလာရ နိုင်သည်။

ယခုကာလသည်ကား ကျောင်းနေအရွယ်ကလေးငယ်များအဖို့ စာသင်ကျောင်း များသို့ စတင်သွားရသော အချိန်လည်း ဖြစ်သဖြင့် ကျောင်းသားမိဘများ အနေနှင့် အသင့်ချုပ်ပြီး ကျောင်းဝတ်စုံများနှင့် အဝတ်အစား အသစ်များ ဝယ်ယူ ပေးတတ် ကြသည့် ကာလလည်း ဖြစ်သည်။

ယခုကဲ့သို့ စိုစွတ်သည့် ရာသီဥတုတွင် အဝတ်အစား ရောင်းချသည့် ဖက်ရှင်ဆိုင်များ၊ စတိုးဆိုင်များရှိ ပြင်ပတွင် ခင်းကျင်း ပြသထားသော အဝတ်အစားများနှင့် အချိန်ကြာမြင့်စွာ သိမ်းဆည်းထားသည့် အဝတ်အစားများ တွင်လည်း အစိုပြန်ခြင်းနှင့်အတူ မှိုများနှင့် ကပ်ပါးပိုးများ ကပ်ညိနေနိုင်သည်။

ထို့အပြင် မိမိနှင့် သင့်တော်ခြင်း ရှိ/မရှိ ကိုင်တွယ် စမ်းသပ် ဝတ်ဆင်သွားသည့် ရှေ့လူများတွင် အရေပြား ကူးစက်ရောဂါများ ဖြစ်သည့် ပွေး၊ ညှင်း စသည့်တို့ ရှိနေခဲ့လျှင်လည်း အခြား လူများသို့ ကူးစက်လွယ်စေနိုင်သည်။

အဆိုပါ အခြေအနေများတွင် အဝတ်အစား အသစ်များပင် ဖြစ်သော်လည်း ပြန်လည် လျှော်ဖွတ်၍ မီးပူထိုးခြင်းမျိုး မပြုလုပ်ပဲ ဝတ်ဆင်မိခဲ့လျှင် အရေပြား ယားယံခြင်း၊ အင်ပြင်များထွက်ခြင်းနှင့် ပွေး၊ ညှင်းစသည့် အရေပြားရောဂါများ ဖြစ်ပွားနိုင်ရန် အခွင့်အလမ်း အလွန်များလှသည်။

ယခုရာသီဥတုတွင် အဖြစ်များသည့် အရေပြားရောဂါတမျိုးမှာ ရေဝဲ/သဲဝဲ များပင် ဖြစ်သည်။ အထူးသဖြင့် ရေစပ်စပ်တွင် အလုပ်လုပ်ကိုင်ကြသည့် အလုပ်သမားများ၊ ရှုး၊ ခြေအိတ်များ အချိန်ကြာမြင့်စွာ ဝတ်ဆင်ထားရသူများနှင့် တကိုယ်ရည် သန့်ရှင်းမှု အားနည်းသည့် ကလေးငယ်များတွင် ရေဝဲ / သဲဝဲများ အလွယ်တကူ ဖြစ်ပွား နိုင်ကြသည်။ ဖြစ်ပွားလာခဲ့လျှင်လည်း အလွန်းအမင်းယားယံခြင်းနှင့်အတူ ကုသမှု မခံယူလျှင် ပိုပို၍ ဆိုးလာပြီး နာကျင်ခြင်းများပါ ခံစားလာရနိုင်သည်။

ထို့အပြင် မိုးတစက်စက်ရွာနေသည့် ကာလတွင် အဖြစ်များသည့် အခြားသော အရေပြားရောဂါတမျိုးမှာ ဝဲစို၊ ဝဲခြောက်များဖြစ်သည်။ အထူးသဖြင့် မသန့်ရှင်းသော ဗွက်ရေ၊ နုံးရေများဖြင့် ထိတွေ့နေရသူများနှင့် မသန့်ရှင်းသော ရေမြောင်းများတွင် ဆော့ကစားလေ့ ရှိကြသည့် ကလေးငယ်များတွင် အများဆုံး ဖြစ်ပွားနိုင်ကြသည်။

ယားယံခြင်း၊ တစိုစိုဖြစ်နေတတ်ခြင်း၊ ကုတ်လေ ပို၍ဆိုးလေဖြစ်လာခြင်းတို့ ခံစားရနိုင် သလို ကုတ်ထားသော လက်ဖြင့် အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းများသို့ ထိတွေ့ မိပါကလည်း အလွယ်တကူ ကူးစက်လွယ်နိုင်သဖြင့် အလွန် စိတ်အနှောက်အယှက် ဖြစ်ရသည့် ရောဂါလည်း ဖြစ်သည်။

ယားနာများဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်

ယခုကဲ့သို့ ရာသီဥတုတွင် ယားနာများဖြစ်ပွားလာခဲ့လျှင် ပျောက်ကင်းအောင် ကုသရန် ခက်ခဲနိုင်သလို ပျောက်ကင်းသွားပါကလည်း ထပ်မံဖြစ်ပွားရန် အလွန် လွယ်ကူလှသဖြင့် မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ထားကြသင့်သည်။ အထူးသဖြင့် တကိုယ်ရည် သန့်ရှင်းရေးနှင့် ခြေသည်း/လက်သည်းများ ပုံမှန်ညှပ်ပေးခြင်းကို ဂရုပြု ဆောင်ရွက်ရန်လိုပြီး အောက်ဖော်ပြပါ ကာကွယ်ရေး နည်းလမ်းများဖြင့်လည်း အရေပြားယားနာများ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ထား နိုင်သည်။

(၁) လျှော်ဖွတ်ပြီး အဝတ်အစားများကို ခြောက်သွေ့အောင်လှန်း၍ မီးပူသေချာတိုက်ပြီးမှ ဝတ်ဆင်ပါ။

(၂) အိပ်ယာခင်း၊ ခေါင်းအုံးစွပ်၊ ဖက်လုံးစွပ်၊ မျက်နှာသုတ်ပဝါ စသည်တို့ အစိုပြန်ခြင်း မရှိပဲ ခြောက်သွေ့နေစေရန် အရေးကြီးသလို အနည်းဆုံး တလလျှင် နှစ်ကြိမ်ခန့် လျှော်ဖွတ်ပေးပါ။

(၃) သေတ္တာ၊ ဘီရိုများအတွင်း အချိန်ကြာမြင့်စွာ ထည့်သွင်းသိမ်းဆည်းထားသော အဝတ်အစားများကို အစိုပြန်နေခြင်းရှိ/ မရှိ မကြာမကြာ ထုတ်ကြည့်၍ လိုအပ်လျှင် ထပ်မံ လျှော်ဖွတ်ပြီးမှ ဝတ်ဆင်ပါ။

(၄) သေတ္တာ၊ ဘီရိုများအတွင်း မှိုနံ့မထွက်စေရန်နှင့် ရေငွေ့ခိုအောင်းနေခြင်း မရှိရန် အတွက် လုံခြုံအောင် ပိတ်၍ထားပါ။ ပရုတ်လုံးများ၊ အမွေးခဲများ (သို့မဟုတ်) ရေငွေ့စုပ်သည့် Silicon အထုတ် ငယ်ကလေးများ ထည့်သွင်းပေးထားပါ။

(၅) အသစ်ဝယ်ယူလာသော အဝတ်အစားများကိုလည်း သေသေချာချာ လျှော်ဖွတ်၊ မီးပူတိုက်ပြီးမှ ဝတ်ဆင်ပါ။

(၆) ကလေး၊ လူကြီး မည်သူမဆို ပြင်ပမှပြန်လာတိုင်း ခြေ၊ လက်များကို ရေများများဖြင့် ဆေး၍ အဝတ်ခြောက်ဖြင့် ခြောက်သွေ့အောင် သုပ်၍ ထားပေးပါ။

(၇) အတွင်းခံအဝတ်အစားများ၊ ခြေအိတ်များကို အစိုပြန်ခြင်း မရှိစေရန်နှင့် ဖြစ်နိုင်လျှင် တနေ့လျှင် တစုံခန့် အလဲအလှယ်နှင့် အသုံးပြုပေးပါ။ မျှဝေသုံးစွဲခြင်းကို အထူးဂရုပြု ရှောင်ကျဉ်ပါ။

(၈) ညအိပ်ယာဝင်ခါနီးတိုင်း ခြေထောက်ကို သေသေချာချာဆေး၍ ခြောက်အောင် သုပ်ပြီးမှ အိပ်တတ်သည့် အကျင့်ပြုလုပ်ထားပါ။

(၉) မြစ်များ၊ ချောင်းများတွင် ရေကူးတတ်သူများ အနေနှင့်လည်း ပြန်တက်လာလျှင် ရေကြည်၊ ရေသန့်ဖြင့် ရေပြန်ချိုးတတ်သည့် အကျင့်ပြုလုပ်ပေးထားသင့်သည်။

(၁၀) ခြင်ကိုက်ဖုများ ယားယံခြင်းကြောင့် ကုတ်မိလျှင်လည်း အရေပြားယားနာများ ဖြစ်ပွားလာနိုင်သဖြင့် ခြင်ကိုက်မခံရစေရေး ဂရုပြုပေးပါ။

(၁၁) အရေပြားယားနာများသည် အလွယ်တကူ ဖြစ်ပွားနိုင်သော်လည်း အရှင်း ပျောက်ရန်ခက်ခဲလှသဖြင့် ဖြစ်ပွားလာခဲလျှင်လည်း နီးစပ်ရာဆရာဝန်နှင့် တိုင်ပင်ပြသ၍ ပျောက်ကင်းသည်အထိ ကုသမှုကို ခံယူကြစေချင်ပါသည်။

ခံရခက်သော ယားနာများ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ကြပါစေ။

Dr. Tint Tal

Previous Post

ကလေးများနှင့် နာမကျန်းဖြစ်ခြင်း

Next Post

သွေးရည်ကြည် ကုထုံးအကြောင်း လေ့လာခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
863
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သွေးရည်ကြည် ကုထုံးအကြောင်း လေ့လာခြင်း

မတ်မတ်ဗိုက်တွေအတွက် သတိထားရမဲ့ ကိုယ်အလေးချိန် အပိုင်း (၂)

နာမည်ဆန်းသောတုပ်ကွေးတစ်မျိုး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.