သာယာသောနေ့တစ်နေ့လေး စတင်လို့လာပါပြီ၊ ညအမှောင်ကိုမနက် အာရုံအလင်းက ထိုးခွင်းပစ် လိုက်ပြီ။ အလင်းရောင်ပေါ်ထွက်လာသည်နဲ့ တပြိုင်နက်ကျွန်ုပ်ဆေးခန်းဖွင့်ရာ နယ်ကလေးရှိအိမ်အသီးသီးမှနိုး ထလာကြသည့်အသံများ အသီးသီးပေါ်ထွက်လာသည်။ နေ့တစ်နေ့စသည့်အတွက် အလုပ်လုပ်ရန်ထကြခြင်း ပင်ဖြစ်သည်။ တချို့ကျ မလင်းခင်ကတည်းက ထနေကြပါပြီ။ ထိုနယ်ကလေးသည် ဆင်းရဲချို့တဲ့သူများကြလေ သည်။ ထို့ကြောင့်တစ်ခါတစ်လေ ကြုံရင်ကြုံသလိုကျန်းမာရေး ဗဟုသုတတွေပေးရလေသည်။ တတ်နိုင်သ လောက်နာမကျန်းရောဂါမဖြစ်အောင် ဗဟုသုတတွေပေးနေသည့်ကြားထဲမှာမှ တစ်နေ့တော့…။
အိပ်ပုပ်ကြီးတဲ့ကျွန်တော် ဒီနေ့ကျကာမှထူးထူးခြားခြား စောစောနိုးနေလေသည်။ ပုံမှန်ဆို တခြားသူ တွေနိုး အလုပ်တွေသွားကြမှ အိပ်ချင်မူးတူးနဲ့ထနေကြ။ စောစောနိုးနေသည့်အလျောက် ကိုယ့်ဆေးခန်းလေးကို သန့်ရှင်းရေးလုပ်ကောင်းပါရဲ့လို့ တွေးမိကာဆေးခန်းသန့်ရှင်းရေးအတွက် စတင်ပြင်ဆင်ပါတော့သည်။ ပြင်ဆင် တာကလည်းထူးထူးခြားခြားမဟုတ်ပါ။ တံမြက်စည်းတစ်ချောင်း၊ ကြက်မွှေးတစ်ခု၊ တုတ်တစ်ချောင်းပဲပြင်တာပါ။ ဟဲ…ဟဲဘာပဲဖြစ်ဖြစ်ပြင်ဆင်တာက ပြင်ဆင်တာပဲလေ။
ဆေးခန်းသန့်ရှင်းရေးမလုပ်တာလည်း ကြာပြီကိုး။ ကြာဆိုပျင်းတာကိုး။ အဲတော့သန့်ရှင်းရေးမလုပ်ဖြစ်။ ဆေးခန်းသည် ပင့်ကူမျှင်တွေလည်းတက်လို့နေပြီ။ သူများတွေကိုသာ သန့်ရှင်းဖို့အကြောင်း ဗဟုသုတပေးနေ ပေမယ့်ကိုယ့်ဆေးခန်းက ညစ်ပတ်နေပြီလူတွေပြောတော့မယ်။ အဲ့ဆရာဝန်ပေါ့။ သူများကျတော့သန့်ရှင်းဖို့ပြော ပြီးသူ့ဆေးခန်းကျ သန့်ရှင်းရေးလည်းမလုပ်ဘူးတဲ့။ ဆေးခန်းကလာတဲ့ လူနာတစ်ယောက်ကပြောတယ်။ ဆရာ. ဆရာ့ဆေးခန်းသန့်ရှင်းရေးလုပ်ပါဦးတဲ့။ ထိုနယ်ကလူတွေနဲ့က ခင်မင်နေပြီဆိုတော့မိသားစုဝင်လို အကြံဉာဏ် ပေးလေသည်။ ထိုအခါ ကျွန်ုပ်ကလည်းပျင်းတာကိုး ဖုံးဖိချင်တာနဲ့ဆင်ခြေတွေ၊ ဆင်လက်တွေပေးလိုက်တယ် လေ။ ခင်ဗျားတို့တွက် နမူနာပြထားတယ်။ ဒီလိုမသန့်ရှင်းရင် ဘယ်လိုတွေရောဂါရမယ်ဆိုတာ ပြောချင်လို့ဆိုပြီး ပြန်ပြောရလေသည်။
ထိုသို့ ခဏခဏပြောရတာ အားနာလာလို့ဒီနေ့မှာ သန့်ရှင်းရေးလုပ်ဖို့တော်တော်မနည်းအားတင်းပြီး လုပ်ရတော့ပါတယ်။ ဆေးခန်းကို သေသေချာချာသန့်ရှင်းရေးလုပ်ပြီးရော ခဏနားနေတုန်းလူတစ်စု ဆေးခန်း ထဲဝင်လာတယ်။ စင်နဲ့လူနာလည်းပါလာသည်။ ပြဿနာက အဲ့မှာစတော့တာပဲ။ လူနာကို လှမ်းကြည့်လိုက်ရာ ပျော့ခွေနေပြီး သတိလစ်ချင်သလိုဖြစ်နေပြီ။ မျက်နှာလည်းဖြူဖတ်ဖြူရော်နဲ့။ သေချာပြီ သွေးပေါင်ကျနေပြီ။ ချက်ချင်းသွေးပေါင်ချိန်ယူပြီး ဘာဖြစ်သလဲမေးရင်း သွေးပေါင်ချိန်ပြီးလူနာနဲ့ပါလာသူတွေက ဆရာ အထက်လှန် အောက်လျှောတဲ့။ သေချာပြီပေါ့။ သွေးပေါင်ချိန်ကအပေါ်သွေး ၈၀၊ အောက်သွေး ၅၀။ လူနာကသတိရှိသေး လားသိရအောင်လက်ကလည်း သူ့ဗိုက်ကိုကိုင်လှုပ်ပြီး မေးလိုက်လေသည်။ ဒါနဲ့လူနာက အမျိုးသားပါ။ ကိုင် လှုပ်ရုံရှိသေးဗြစ်ဆိုတဲ့အသံကြားရလေသည်။ ဟဲ့ပလုတ်တုတ်ဘာသံတုန်းဟ။ ဟာ…သွားပြီကုတင်ပေါ်တွင် လူနာပန်းလိုက်လေပြီ။
ထိုအရာကို ဂရုမစိုက်အားသွေးပေါင်ပြန်တက်အောင် လုပ်ရဦးမယ်။ နောက်မို့ ရှော့ဝင်နိုင်သည်။ ပုလင်း ကြီးချိတ်ဖို့မြန်မြန်ပြင်ပြီ။ လက်နှစ်ဖက်လုံးကနေ သွင်းပေးထားလေသည်။ ဆေးရည်ကိုလည်း မိုင်ကုန်ဖွင့်ထား ပေးသည်။ ကုန်တာနဲ့နောက်တစ်ပုလင်းချိတ်၊ သွေးပေါင်ချိန်လိုက်နဲ့ ဆက်တိုက်သွင်းပေးနေရလေသည်။ အောက်ကလည်းမြည်လိုက်တဲ့အသံ တဗြစ်ဗြစ်နဲ့။ သွားပါပြီ ဒီနေ့မှသန့်ရှင်းရေးလုပ်ထားတာပြန်ညစ်ပတ်ပြီ။ မတတ်နိုင်။ ပြီးမှဘဲသန့်ရှင်းရေးပြန်လုပ်ရဦးမယ်။
ပုလင်းချိတ်ထားတုန်း လူနာနဲ့ပါလာသူတွေကို မေးရလေသည်။ ဘယ်လိုဖြစ်တာတုန်းဆိုတော့ ဆရာ ရယ်ဟိုနေ့က လမ်းဘေးကတုတ်ထိုးတွေသွားဝယ်စားတာက စားတာပဲ။ မနက်ပိုင်းကသွားဝယ်စားတာ။ နောက် နေ့မှာဗိုက်ထဲကရစ်နာတယ်ပြောတာပဲ။ အဲ့နောက်ပိုင်း ဝမ်းအရည်တွေချည်းတောက်လျောက်သွားတော့တာပဲ။ အန်လည်းအန်တယ်တဲ့။ အဲ့နေ့ခင်းကအသုပ်လည်းစားနေသေးတယ်။ သြော်…အေးကောင်းပါတယ်။ စားစား တော်ပြီလား။ စားတာတွေကအဲလောက်ပဲလား။ ထပ်စားပါဦးလားလို့ မေးလိုက်ချင်ရဲ့။ လမ်းဘေးကအစာတွေ ဆိုတာကမသန့်ရှင်းတာများတယ်။ လုပ်တဲ့သူကမသန့်ရင်တောင် ရောင်းနေရင်းယင်ကောင်တွေနား၊ ဖုန်တွေသဲ တွေဝင်နဲ့မသန့်ရှင်းတော့ပါ။ အဲဒါကိုမှ စားတော့ဝမ်းလျှောပြီပေါ့။ အဲလိုယင်နားစာတွေမစားဖို့ သတိပေးလေ တော့သည်။
ပုလင်းခြောက်လုံးလည်းဝင်သွားရော လူနာစကားပြောလာလေသည်။ ရေဆာတယ်တဲ့။ ဗိုက်ဆာတယ် တဲ့။ ငတိကအရေးထဲ ဗိုက်ဆာနေသေးတယ်။ အေးတုတ်ထိုးနဲ့အသုပ်စားဦးလေလို့ မေးလိုက်ရာစပ်ဖြီးဖြီးနဲ့မစား တော့ပါဘူးဆရာတဲ့။ နေကောင်းမှဘဲစားတော့မယ်ဟု ပြန်နောက်လေသည်။ အောက်တဗြစ်ဗြစ်လည်းရပ်သွား လေသည်။ ကဲလူနာက ရေဆာနေပြီဆိုတော့ ရေသန့်ဗူးသွားဝယ်။ ဓာတ်ဆားတိုက်ရပါမယ်ဟုပြောပြီး ဓာတ် ဆားတွေတိုက်ရပါတော့တယ်။
နောက်ထပ်ပုလင်းလည်း ထပ်ချိတ်ပြီးရော သွေးပေါင်ပုံမှန်ဖြစ်နေလေပြီ။ လူကတော့နုံးချိနေသေး တယ်။ အအန်ပျောက်ဆေးလည်း တိုက်ထားရသေးတယ်။ လိုအပ်သောပိုးသတ်ဆေး၊ ဇင့်ဆေးပြား၊ ဝမ်းပိတ် ဆေး၊ အအန်ပျောက်ဆေး၊ ဓာတ်ဆားပေးလိုက်ပါသည်။ အားလုံးပြန်ကောင်းတော့မှ ပြန်သွားလေသည်။ လူနာ နဲ့ပါလာသူတွေကတော့ ဆေးခန်းကိုပြန်သန့်ရှင်းရေးလုပ်ပေးသွားပါသည်။ ဒီနေ့ကျွန်ုပ်ဆေးခန်းလေးကတော့ နန္ဒာလှိုင်ဖြစ်သွားပါသည်။ နံတာမှလှိုင်နေတာလေ။ ထိုနေ့အဖို့တော့ ထမင်းကိုအပြင်မှာပါထွက်စားလိုက်ရလေ သည်။
ဝမ်းလျှောလူနာမှ အရေးကြီးဆုံးရေဓာတ်ပြန်ဖြည့်ပေးခြင်းပါ။ ပုလင်းချိတ်ခြင်းပေါ့။ ရေဓာတ်ပြန်ပေးတဲ့ အခါသုံးပိုင်းခွဲပါတယ်။ ဝမ်းသွားတဲ့အထဲပါသော အရေပမာဏ၊ ထပ်သွားလျှင်ပါသွားနိုင်သောပမာဏနဲ့ ပုံမှန်နေ့ စဉ်လိုအပ်သော အရေပမာဏဟူပြီးသုံးပိုင်းခွဲထားတယ်။ ပထမ ဝမ်းသွားတဲ့အထဲပါသော အရည်ပမာဏဟာ ၂-၄ လီတာဝန်းကျင်လောက်ရှိတတ်ပါတယ်။ ထိုအခါ အဲဒီအတွက်အရည်ကို ၁-၁.၅ လီတာလောက်ပြန်ဖြည့်ပေးရ ပါတယ်။ ထပ်သွားခဲ့လျှင်ပါနိုင်သောပမာဏ ၂၀၀ ml လောက်ဖြစ်သွားပါတယ်။ ဒါကြောင့် အဲဒီအတွက်အကြမ်း ဖျဉ်း ၅၀၀ ml ပြန်ဖြည့်ပြီးနေ့စဉ်ပုံမှန် လိုအပ်သောအရည်ပမာဏကိုတော့ ၁-၁.၅ လီတာပြန်ဖြည့်ပေးရပါတယ်။ အဲတော့ ပုလင်းအရေအတွက်အားဖြင့် ရှစ်လုံးလောက်သွင်းရတတ်ပါတယ်။
Author: ဒေါက်တာဇွဲကောင်းချစ် Vol-8 / No-6 Healthcare Journal