fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အိုမင်းလာသော မျက်စိ

70
VIEWS
Share on FacebookShare on TwitterShare on Linkedin
28/03/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

ဇီဝကတို႔ အသက္အ႐ြယ္ရလာတာနဲ႔ အိုျခင္းနဲ႔ နာျခင္းဟာ အစဥ္ဒြန္တြဲကာ ျဖစ္ေပၚၿမဲပါ ။    မိမိတို႔ အသက္ရလာတာနဲ႔ ခႏၶာကိုယ္ အစိတ္အပိုင္းေတြဟာလည္းအစဥ္ ႏုမေနပါ ။သူတို႔လည္း ဇရာေထာင္းကာ အိုမင္းလာပါတယ္ ။ အသက္ကေလးေထာက္လာလို႔ မ်က္စိမႈန္ကာ မ်က္မွန္တပ္ရတာကိုေရာဂါဟု မဆိုသာ ။ဒါဓမၼတာပါ ။ဒါေပမယ့္ အသက္အ႐ြယ္ႀကီးလို႔ မက္ကူလာယိုယြင္း လာျခင္းကိုေတာ့ အိုမင္းလာေသာမ်က္စိ ၊တစ္နည္း ဇရာေထာင္း   ေသာမ်က္စိ ရယ္လို႔ေခၚႏိုင္တယ္ ။

မက္ကူလာ Macula ဆိုတာ မ်က္စိအျမင္အာ႐ုံလႊာထဲမွာ ရွိတာပါ ။အျမင္အာ႐ုံကို ျပတ္သားစြာ ျမင္ေစတာ ၊အေရာင္စုံကို ျမင္ေစတာ မက္ကူလာပါ ။   ကေတာ့ပုံဆဲလ္ေလးေတြ ေျခာက္သန္းခန႔္ေလာက္ စုေဝးေနတာပါ ။ဒါေၾကာင့္ ေအာက္ဆီဂ်င္နဲ႔အာဟာရဓာတ္တို႔ ပိုလိုပါတယ္ ။

အသက္အ႐ြယ္အရ မက္ကူလာ အိုမင္းလာတာ ၊ယိုယြင္းလာတာ ၊ပါးလာတာကို အေျခာက္ Dry ရယ္ ၊အစို Wet ရယ္ဆိုၿပီး ႏွစ္မ်ိဳးခြဲထားပါတယ္ ။အသက္
ကေလးရလာၿပီးတဲ့ေနာက္ပိုင္းမွာ အလင္းခံဆဲလ္ေတြ ယိုယြင္းလာမယ္ ၊ေသြးတို႔အာဟာရဓာတ္တို႔ေအာက္ဆီဂ်င္ဓာတ္တို႔ အေရာက္နည္းလာေတာ့ မက္ကူလာလည္းပ်က္စီးလာကာ အျမင္အာ႐ုံလည္း ခ်ိဳ႕တဲ့လာပါတယ္ ။ဒီလိုျဖစ္တာကို မက္ကူလာယိုယြင္း အေျခာက္ အမ်ိဳးအစား Dry Macular Degeneration ရယ္လို႔ ေခၚပါတယ္ ။မက္ကူလာေအာက္ အလႊာမွာ ေသြးေၾကာမ်ားပြားမ်ားကာ ေသြးယိုစီးလို႔ ျဖစ္တဲ့မက္ကူလာ ယိုယြင္းျခင္းကိုေတာ့ အစို အမ်ိဳးအစား Wet Macular Degeneration ရယ္လို႔ ဆိုပါတယ္ ။

ဒါဆိုရင္ အသက္ႀကီးလာတဲ့မ်က္စိ ၊ဇရာေထာင္းတဲ့မ်က္စိေတြဟာ ဘာကိုပဲ ၾကည့္ၾကည့္ ျပတ္ျပတ္သားသား မျမင္ရ ။စာၾကည့္လည္းမႈန္ ။တီဗြီၾကည့္လည္း ဝါး။ျမင္ကြင္းအလယ္ကိုထင္ထင္ရွားရွား မျမင္ရတဲ့အတြက္ယာဥ္ေမာင္းသူေတြမွာဆိုအႏၲရာယ္မ်ားလွပါတယ္။မ်ဥ္းေျဖာင့္ေတြဆိုလည္း ေကြးေကြး ေကာက္   ေကာက္သာေတြ႕ရမွာပါ ။တျဖည္းျဖည္းနဲ႔ အျမင္မႈန္လာတတ္ပါတယ္ ။မက္ကူလာယိုယြင္းျခင္းအစိုအမ်ိဳးအစားကေတာ့ အျမင္မႈန္တာ ပိုျမန္တတ္တယ္ ။ဒါေၾကာင့္ အသက္ႀကီးတဲ့သူေတြ အျမင္မႈန္လာရင္ မ်က္စိဆရာဝန္နဲ႔ ေသခ်ာ့ျပသစမ္းသပ္ စစ္ေဆးသင့္တယ္။ဘယ္သူေတြမွာပိုျဖစ္တတ္လဲဆိုရင္ အသက္ ႀကီးသူေတြ ၊႐ုရွႏြယ္ဝင္ဥေရာပတိုက္သားေတြ ၊မ်ိဳး႐ိုးရွိသူေတြ ၊အမ်ိဳးသမီးေတြ ၊ေဆးလိပ္ေသာက္သူေတြ မွာပိုျဖစ္တတ္တယ္ ။

ဘယ္လိုကုသရမလဲဆိုရင္ ေဆးလိပ္ျဖတ္ဖို႔က အဓိကပါ ။အိုမင္းရင့္ေရာ္ျခင္းကို ဟန႔္တားေပးတဲ့ Anti-oxidant ေတြျဖစ္တဲ့ ဗိုက္တာမင္ ေအ ၊ဗိုက္တာမင္
စီ ၊ဗိုက္တာမင္ အီးနဲ႔ ဇင့္ဓာတ္ပါတဲ့ ေဆးဝါးေတြကို ေသာက္ေပးရမယ္ ။မုန္ညႇင္း ၊ပန္းေဂၚဖီစိမ္း ၊မုန္လာဥဝါ စတဲ့ အစိမ္းေရာင္ ၊အဝါေရာင္ရွိတဲ့ ဟင္းသီးဟင္း႐ြက္ေတြ ကိုတစ္ပတ္ ၄ႀကိမ္ေလာက္ စားေပးရမယ္ ။မက္ကူလာ ယိုယြင္းျခင္း အစိုအမ်ိဳးအစားကိုေတာ့ ေလဆာကုထုံးေတြနဲ႔ ကုသလို႔ရတယ္ ။ဒါ့အျပင္ ေနာက္ဆုံးေပၚ ေသြးေၾကာမပြားတဲ့ေဆး Anti-vascular endothelial growth factors ၊Ranibizumab စတာေတြနဲ႔လည္း ကုသလို႔ ရပါေသးတယ္ ။  မက္ကူလာ ယိုယြင္းျခင္း အေျခာက္အမ်ိဳးအစားအတြက္ကေတာ့ ခုခ်ိန္ထိ ကုထုံးကို ရွာေဖြဆဲ အဆင့္ပဲ ရွိပါေသးတယ္ ။

Author: ေခတ္သစ္ ဇီဝက

(Unicode)

ဇီဝကတို့ အသက်အရွယ်ရလာတာနဲ့ အိုခြင်းနဲ့ နာခြင်းဟာ အစဉ်ဒွန်တွဲကာ ဖြစ်ပေါ်မြဲပါ ။    မိမိတို့ အသက်ရလာတာနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဟာလည်းအစဉ် နုမနေပါ ။သူတို့လည်း ဇရာထောင်းကာ အိုမင်းလာပါတယ် ။ အသက်ကလေးထောက်လာလို့ မျက်စိမှုန်ကာ မျက်မှန်တပ်ရတာကိုရောဂါဟု မဆိုသာ ။ဒါဓမ္မတာပါ ။ဒါပေမယ့် အသက်အရွယ်ကြီးလို့ မက်ကူလာယိုယွင်း လာခြင်းကိုတော့ အိုမင်းလာသောမျက်စိ ၊တစ်နည်း ဇရာထောင်း   သောမျက်စိ ရယ်လို့ခေါ်နိုင်တယ် ။

မက်ကူလာ Macula ဆိုတာ မျက်စိအမြင်အာရုံလွှာထဲမှာ ရှိတာပါ ။အမြင်အာရုံကို ပြတ်သားစွာ မြင်စေတာ ၊အရောင်စုံကို မြင်စေတာ မက်ကူလာပါ ။   ကတော့ပုံဆဲလ်လေးတွေ ခြောက်သန်းခန့်လောက် စုဝေးနေတာပါ ။ဒါကြောင့် အောက်ဆီဂျင်နဲ့အာဟာရဓာတ်တို့ ပိုလိုပါတယ် ။

အသက်အရွယ်အရ မက်ကူလာ အိုမင်းလာတာ ၊ယိုယွင်းလာတာ ၊ပါးလာတာကို အခြောက် Dry ရယ် ၊အစို Wet ရယ်ဆိုပြီး နှစ်မျိုးခွဲထားပါတယ် ။အသက်
ကလေးရလာပြီးတဲ့နောက်ပိုင်းမှာ အလင်းခံဆဲလ်တွေ ယိုယွင်းလာမယ် ၊သွေးတို့အာဟာရဓာတ်တို့အောက်ဆီဂျင်ဓာတ်တို့ အရောက်နည်းလာတော့ မက်ကူလာလည်းပျက်စီးလာကာ အမြင်အာရုံလည်း ချို့တဲ့လာပါတယ် ။ဒီလိုဖြစ်တာကို မက်ကူလာယိုယွင်း အခြောက် အမျိုးအစား Dry Macular Degeneration ရယ်လို့ ခေါ်ပါတယ် ။မက်ကူလာအောက် အလွှာမှာ သွေးကြောများပွားများကာ သွေးယိုစီးလို့ ဖြစ်တဲ့မက်ကူလာ ယိုယွင်းခြင်းကိုတော့ အစို အမျိုးအစား Wet Macular Degeneration ရယ်လို့ ဆိုပါတယ် ။

ဒါဆိုရင် အသက်ကြီးလာတဲ့မျက်စိ ၊ဇရာထောင်းတဲ့မျက်စိတွေဟာ ဘာကိုပဲ ကြည့်ကြည့် ပြတ်ပြတ်သားသား မမြင်ရ ။စာကြည့်လည်းမှုန် ။တီဗွီကြည့်လည်း ဝါး။မြင်ကွင်းအလယ်ကိုထင်ထင်ရှားရှား မမြင်ရတဲ့အတွက်ယာဉ်မောင်းသူတွေမှာဆိုအန္တရာယ်များလှပါတယ်။မျဉ်းဖြောင့်တွေဆိုလည်း ကွေးကွေး ကောက်   ကောက်သာတွေ့ရမှာပါ ။တဖြည်းဖြည်းနဲ့ အမြင်မှုန်လာတတ်ပါတယ် ။မက်ကူလာယိုယွင်းခြင်းအစိုအမျိုးအစားကတော့ အမြင်မှုန်တာ ပိုမြန်တတ်တယ် ။ဒါကြောင့် အသက်ကြီးတဲ့သူတွေ အမြင်မှုန်လာရင် မျက်စိဆရာဝန်နဲ့ သေချာ့ပြသစမ်းသပ် စစ်ဆေးသင့်တယ်။ဘယ်သူတွေမှာပိုဖြစ်တတ်လဲဆိုရင် အသက် ကြီးသူတွေ ၊ရုရှနွယ်ဝင်ဥရောပတိုက်သားတွေ ၊မျိုးရိုးရှိသူတွေ ၊အမျိုးသမီးတွေ ၊ဆေးလိပ်သောက်သူတွေ မှာပိုဖြစ်တတ်တယ် ။

ဘယ်လိုကုသရမလဲဆိုရင် ဆေးလိပ်ဖြတ်ဖို့က အဓိကပါ ။အိုမင်းရင့်ရော်ခြင်းကို ဟန့်တားပေးတဲ့ Anti-oxidant တွေဖြစ်တဲ့ ဗိုက်တာမင် အေ ၊ဗိုက်တာမင်
စီ ၊ဗိုက်တာမင် အီးနဲ့ ဇင့်ဓာတ်ပါတဲ့ ဆေးဝါးတွေကို သောက်ပေးရမယ် ။မုန်ညှင်း ၊ပန်းဂေါ်ဖီစိမ်း ၊မုန်လာဥဝါ စတဲ့ အစိမ်းရောင် ၊အဝါရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ ကိုတစ်ပတ် ၄ကြိမ်လောက် စားပေးရမယ် ။မက်ကူလာ ယိုယွင်းခြင်း အစိုအမျိုးအစားကိုတော့ လေဆာကုထုံးတွေနဲ့ ကုသလို့ရတယ် ။ဒါ့အပြင် နောက်ဆုံးပေါ် သွေးကြောမပွားတဲ့ဆေး Anti-vascular endothelial growth factors ၊Ranibizumab စတာတွေနဲ့လည်း ကုသလို့ ရပါသေးတယ် ။  မက်ကူလာ ယိုယွင်းခြင်း အခြောက်အမျိုးအစားအတွက်ကတော့ ခုချိန်ထိ ကုထုံးကို ရှာဖွေဆဲ အဆင့်ပဲ ရှိပါသေးတယ် ။

Author: ခေတ်သစ် ဇီဝက

Previous Post

ဆေးရုံ

Next Post

ရွှေရင်မထိတ်အောင် ကြိုတင်ကာကွယ် ပဋိသန္ဓေတားနည်းအသွယ်သွယ် (၁၁)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
871
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
849
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.4k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရွှေရင်မထိတ်အောင် ကြိုတင်ကာကွယ် ပဋိသန္ဓေတားနည်းအသွယ်သွယ် (၁၁)

ခန့်မှန်းချက်တွေအရ မြန်မာနိုင်ငံမှာ တီဘီရောဂါလူနာသစ် နှစ်သိန်းခန့် ရှိနေ

၁၉၉၇ ခုနှစ်နောက်ပိုင်း မကောက်ခဲ့တဲ့ မျက်စိကျန်းမာရေးစစ်တမ်းကို ဧပြီလနောက်ပိုင်းတွင် ကောက်ယူတော့မယ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.