မွန်းကျပ်တဲ့လောကကြီးထဲမှာနေ့စဉ်လုပ်ရှားသွားလာနေတဲ့အခါ လုပ်ငန်းခွင်မှာအဆင်မပြေတာ၊ မိသားစုနဲ့ဓာတ်မတည့်တာ၊ ချစ်သူနဲ့ကတောက်ကဆဖြစ်တာ၊ အထက်လူကြီးနှိပ်ကွပ်တာစတာတွေကြောင့် စိတ် ပိုင်းဆိုင်ရာထိခိုက်တာ၊ စိတ်ဖိစီးမှုတွေကို ဖြစ်ပေါ်စေပါတယ်။ လူတစ်ယောက်ကိုသာမန်ကြည့်ရင် ခန္ဓာကိုယ် စိတ်ပိုင်းဆိုင်ရာမှာဘာပြဿနာမှမရှိဘဲကိုယ်ကျန်းမာနေရုံနဲ့ ကျန်းမာနေပြီလို့ မဆိုနိုင်ပါဘူး။ စိတ်ဖိ စီးမှုများရင် ချက်ချင်ဖြစ်ပေါ်တတ်တာတွေကတော့ မောပန်းပြီးလေးလံထိုင်းမှိုင်းတာ၊ လျှာနဲ့ပါးစပ်ထဲမှာအပူဖု လိုအနာလေးတွေပေါက်တာ၊ အစာအိမ်အောင့်တာတွေဖြစ်ပေါ်စေပါတယ်။ အရေပြားမကြည်မလင်ဖြစ်ပြီး အရေးအကြောင်းတွေဖြစ်ပေါ်လာခါ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကိုလျှင်မြန်စွာ ဖြစ်ပေါ်လာပါလိမ့်မယ်။
ဒါ့အပြင်စိတ်ဖိစီးမှုများလို့ နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်တဲ့ အဓိကရောဂါတွေကနှလုံးရောဂါ၊ အစာ အိမ်ရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါတွေနဲ့ ဦးနှောက်ထိခိုက်မှုတွေ ဖြစ်ပေါ်လာမှာဖြစ်ပြီးမကြာခင်ကိုယ် ကျန်းမာရေးကိုပါထိခိုက်မှုတွေ ဖြစ်ပေါ်လာပါတယ်။ဒါကြောင့် သတိလက်လွတ်မထားသင့်တဲ့ စိတ်ဖိစီးမှုကို အဲဒီအခြေအနေကနေပြောင်းလဲပစ်ဖို့ ကြိုးစားသင့်ပါတယ်။
မှားယွင်းတဲ့ဖြေဖျောက်မှု
အခုခေတ်အခြေအနေ ပြဿနာတွေ့ကြုံလာရပြီးစိတ်ဖိစီးမှုတွေများလာတဲ့အခါ ထွက်ပေါက်အနေနဲ့ အရက်၊ ဘီယာသောက်တာ၊ မူးယစ်ဆေး၊ စိတ်ကြွဆေးတွေမှီဝဲကြတာဟာ တကယ်တော့မှားယွင်းတဲ့ ဖြေရှင်း နည်းတွေပါ။ ဒါတွေဟာစိတ်ဖိစီးမှုကိုမပြေပျောက်တဲ့အပြင် သွေးကြောတွေကိုပါ လေးလံထိုင်းမှိုင်းစေပြီး ပိုလို့တောင် ထိခိုက်စေပါတယ်။ နှလုံးသွေးကြောဆိုင်ရာရောဂါတွေ၊ အဆုတ်ထိခိုက်မှုနဲ့ ဦးနှောက်မှတ်ဉာဏ် တွေကိုပါအားနည်းစေပါတယ်။
အပေါင်းအသင်းတွေနဲ့တွေ့ဆုံပြုံးရယ်ပါ
တစ်ယောက်တည်းနေတာကစိတ်ကိုပိုမိုလေးလံစေပြီးစိတ်ရောကိုယ်ပါမကျန်းမမာဖြစ်စေပါတယ်။ ဒါ ကြောင့်သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ တွေ့ဆုံပြီးစိတ်ဖိစီးစေမယ့် ကိစ္စတွေကိုရင်ဖွင့်ပါ။ အပေါင်း အသင်းတွေနဲ့အတူစိတ်ပျော်ရွှင်စေမယ့်ရုပ်ရှင်ကြည့်တာ၊ သီချင်းဆိုတာ၊ ကခုန်တာ၊ ရယ်စရာတွေပြောဆိုရယ် မောပါ။ရယ်မောခြင်းကစိတ်အကျဉ်းအကျပ်ကနေရုန်းထွက်ဖို့ ကူညီပေးပါတယ်။ ဦးနှောက်ဟာမျက်နှာပေါ်က ကြွက်သားတွေပြောင်းလဲလှုပ်ရှားမှုပေါ်မူတည်ပြီး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဓာတုပစ္စည်းတွေထုတ်လုပ် ပေးပါ တယ်။ အဲဒီအထဲကတစ်ခုဖြစ်တဲ့ Endorphins လို့ခေါ်တဲ့ဓာတ်ပစ္စည်းဟာ စိတ်လက်ပေ့ါပါးစေနိုင်ပြီး စိတ်ဖိစီးမှု ကိုလျော့ချပေးပါတယ်။ ရယ်မောတဲ့အချိန်တိုင်းမှာ မျက်နှာကကြွက်သားတွေက ဦးနှောက်ကိုလှုံ့ ဆော်ပေးကာ Endorphins ဓာတ်တွေထွက်ပြီးစိတ်ရွှင်လန်းစေပါတယ်။စိုးရိမ်ပူပန်နေချိန် စိတ်ကသိကအောက်ဖြစ်နေချိန်မှာ Cortisol တွေအထွက်များပြီးစိတ်ဖိစီးမှုကို ဖြစ်စေ တာဖြစ်ပါတယ်။ ရယ်မောလိုက်တဲ့အခါ အဲဒီ Cortisol အဆင့်ကျဆင်းသွားပြီးစိတ်သက်သာရာရစေလို့စိတ်ပါ လက်ပါပြုံးတာ၊ အားပါးတရရယ်မောတာဟာစိတ်ဖိစီးမှုကိုအမြန်ဆုံးပျောက်စေပါတယ်။
စားသောက်မှုပုံစံ
ဟင်းနုနယ်၊ ပဲအမျိုးမျိုး၊ အစေ့အဆန်၊ ကြက်သွန်ဖြူ၊ ဘယ်ရီသီး၊ နို့၊ ချောကလက်၊ ထောပတ်သီး၊ ကောက်နှံစာတွေကစိတ်ဖိစီးမှုကို လျော့နည်းစေမယ့် အစားအသောက်တွေဖြစ်ပါတယ်။ သံပုရာရည်၊ လိမ္မော် ရည်၊ ရှောက်ချိုသီးရည်စတဲ့ ဖျော်ရည်တစ်မျိုးမျိုးကလည်း စိတ်ဖိစီးမှုကိုကောင်းစေပြီး စိတ်ဖိစီးမှုကိုလျော့နည်း စေပါတယ်။ ကောက်နှံစာတွေစားသုံးတာဟာ သွေးတွင်းသကြားဓာတ်ကိုမြင့်တက်စေပြီး ဆီရိုတိုနင်ဟော်မုန်း ထုတ်လုပ်မှုများ လာကာအရာရာကိုအကောင်းမြင်စိတ်နဲ့ ရှုမြင်လာစေပြီးစိတ်တည်ငြိမ်မှုကိုခံစားရရှိစေပါတယ်။
သာမန်အချိန်တွေမှာအဆီများတဲ့နွားနို့ကလူနဲ့ မတည့်ဘူးဆိုပေမယ့်စိတ်ဖိစီးမှုများတဲ့အခါ မလိုင်အ ပြည့်ပါတဲ့နွားနို့နဲ့ဖျော်ထားတဲ့ ကော်ဖီတစ်ခွက်လောက်သောက်လိုက်တာဟာပရိုတင်းနဲ့အဆီဓာတ်ကိုခန္ဓာ ကိုယ်ကရရှိသွားပြီးစိတ်တည်ငြိမ်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ဒါတွေလုပ်ဆောင်ပါခေါင်းအုံးဒါမှမဟုတ် အမွေးပွအရုပ်တွေကိုတင်းကျပ်စွာပွေ့ဖက်ခြင်းကစိတ်ခံစားမှုကောင်းစေပြီးဟော် မုန်းတချို့ထုတ်လုပ်မှုကိုအားပေးကာစိတ်စွမ်းအားကို မြင့်တင်ပေးပြီးစိတ်ခံစားမှုကို ကောင်းစေပါတယ်။ ငါးမိနစ် ဆယ်မိနစ်လောက်အချိန်ပေးပြီး တရားထိုင်တာ၊ ယောဂကျင့်တာစတဲ့ စိတ်တည်ငြိမ်စေမယ့်နည်းလမ်းတွေနဲ့ စိတ်ကိုအနားပေးပါ။အားကစားလုပ်တာ၊ ပြေးလွှားကစားတာစတဲ့ လှုပ်ရှားမှုတွေကိုခဏလောက်ပြုလုပ်ပေးရင် နှလုံးခုန်နှုန်း မြန်ပြီးသွေးစီးဆင်းမှုကောင်းစေကာ စိတ်ဓာတ်ကျဆင်းမှုကို မြှင့်တင်ပေးပါတယ်။ ပါးစပ်ဟပြီးမေးရိုးကိုအလိုက် သင့်ထားရင်မေးရိုးနဲ့လျှာကို အနားပေးရာရောက်ပြီး ကြွက်သားတွေပြေလျှော့ကာ စိတ်ဖိစီးမှုကိုလျော့နည်းစေ ပါတယ်။
အသက်ရှုသွင်းရှုထုတ်တဲ့အခါ ဖြည်းဖြည်းနဲ့နှေးနှေး ရှုထုတ်တာက နှလုံးခုန်နှုန်းကိုပုံမှန်ဖြစ်စေပြီး စိတ် ကိုငြိမ်းချမ်းစေကာ စိုးရိမ်သောကတွေကိုလျော့နည်းစေပါတယ်။ ခရီးထွက်တာ၊ သီချင်းနားထောင်တာ၊ စာအုပ် ဖတ်တာ၊ ရုပ်ရှင်ကြည့်တာ၊ ကခုန်တာတွေကစိတ်ဖိစီးမှုတွေကို လျော့နည်းစေပါတယ်။စိတ်စွမ်းအင်ပြန်လည်ဖြည့်တင်းဖို့အတွက် အနားယူပါ။ ကြက်သီးနွေးရေနဲ့ ရေချိုးပါ။ ပတ်ဝန်းကျင်နဲ့အ လိုက်သင့်ပြောင်းလဲနေနိုင်ဖို့ ကြိုးစားပါ။ ကဲ စိတ်ဖိစီးမှုကြောင့်ခံစားရတဲ့ နောက်ဆက်တွဲရောဂါတွေ မဖြစ် အောင်ဘယ်လိုနေထိုင်စားသောက်သင့်တယ်ဆိုတဲ့ အကြံပြုချက်တွေအတိုင်း ကျင့်သုံးနေကာ ကာကွယ်နိုင်ကြ ပါစေ။
Author: ညီညီကျော် (Vol-8 / No-10) Healthcare Journal