ဆစ်ဖလစ်ရောဂါဆိုတာ လိင်မှတစ်ဆင့်ကူးစက်သော ရောဂါတစ်မျိုးပါ။ ဆစ်ဖလစ်ဖြစ်စေသော ရောဂါ ပိုးဟာ အရေပြားပွန်းတာကနေတောင် ကူးစက်နိုင်ပါတယ်။ လိင်မှတစ်ဆင့် ကူးစက်ရုံသာမကအနမ်းပေးခြင်း၊ သွေးသွင်းမိခြင်း၊ အပ်စူးတာနဲ့လည်းကူးစက်နိုင်ပါတယ်။ လူကြီးမှာဖြစ်ပွားကူးစက်တတ်သလို ကိုယ်ဝန်ဆောင်မိ ခင်၏သန္ဓေသားကိုလည်း ချက်ကြိုးမှတစ်ဆင့်ကူးစက်နိုင်ပါတယ်။
ဆစ်ဖလစ်ဟာ နှစ်မျိုးအဓိကခွဲထားပါတယ်။ စောစော ဆစ်ဖလစ်နဲ့ နောက်ကျသောဆစ်ဖလစ်ပါ။ စော စောဖြစ်တဲ့ဆစ်ဖလစ်မှာမှ မူလဆစ်ဖလစ်၊ ဒုတိယအဆင့်ဆစ်ဖလစ်၊ ငုပ်နေသောဆစ်ဖလစ်ဆိုပြီး ထပ်ရှိပါ တယ်။ မူလအရင်းခံဆစ်ဖလစ်ဟာ ပိုးဝင်တဲ့နေရာမှာဖြစ်ပါတယ်။ အထူးသဖြင့် လိင်အင်္ဂါမှာပေါ့။ ဒါကို ရှန်ကာ ဖြစ်တယ်လို့ပြောပါတယ်။ ပေါင်ကြိတ်ခိုတတ်ပါတယ်။ သို့သော်ရှန်ကာနဲ့ အကြိတ်တွေဟာမနာတတ်ပေ။ ရှန် ကာကိုမကုသလျှင် ရှန်ကာဟာ ၂-၆ ပတ်လောက်ဆိုသက်သာကာ ပါးလွှာသောအနာရွတ်ဖြစ်သွားပါတယ်။
ဒုတိယအဆင့် ဆစ်ဖလစ်ဟာဖူးရှန်ကာဖြစ်ပြီး ၆-၈ ပတ်လောက်မှာစဖြစ်ပါတယ်။ ထိုအခါငွေ့ငွေ့ဖျား ခြင်း၊ နှုံးခြင်း၊ ခေါင်းကိုက်တတ်ပါတယ်။ ၇၅ ရာခိုင်နှုန်းလောက်သော လူနာတွေမှာဆိုခန္ဓာကိုယ်နဲ့ ခြေလက်တွေ မှာအနီကွက်တွေထွက်လာပါတယ်။ ထို့အပြင် ဦးနှောက်အမြှေးပါးရောင်ခြင်း၊ အာရုံကြောထိခိုက်ခြင်း၊ အသည်း ရောင်ခြင်း၊ အစာအိမ်ရောင်ခြင်း၊ ကျောက်ကပ်ရောင်ခြင်းဖြစ်တတ်ပါတယ်။ ဒုတိယအဆင့် ဆစ်ဖလစ်ဟာမကု သလျှင် သက်သာတတ်ပေမယ့် ပြန်ပြန်ဖြစ်တတ်ပါတယ်။ အထူးသဖြင့်ရောဂါစဖြစ်ပြီး တစ်နှစ်အတွင်းမှာပါ။ ထို မှကြာလျှင်ဆစ်ဖလစ်ဟာ ငုတ်သွားပါတယ်။ ငုတ်သွားတယ်ဆိုတာကတော့ ရောဂါပိုးရှိနေတယ်။ အခြားသူကို ကူးစက်နိုင်တယ်။ သို့သော်သူ့တွင် လက္ခဏာတွေတော့မပြပါ။ ထိုအခါ ရောဂါမရှိသူလို့ ထင်နိုင်ပါတယ်။
ရောဂါစဖြစ်ပြီး ၃ နှစ် ၁၀ နှစ်လောက်ကြာတဲ့အထိ မကုသလျှင်တတိယအဆင့် ဆစ်ဖလစ်ဖြစ်သွား တတ်ပါတယ်။ အရေပြား၊ ပါးစောင်ထဲအသားလို နူးညံ့တဲ့အလွှာ၊ အရိုး၊ ကြွက်သားကလီစာတွေပါ ပါလာတတ် ပါတယ်။ ထိုအခါမှ ကုသမှုပေးလျှင် တချို့သောတစ်သျူးထိခိုက်မှုတွေ အမြဲဖြစ်သွားတတ်ပါတယ်။
မွေးကင်းစကလေးတွေမှာဖြစ်တဲ့ မွေးရာပါဆစ်ဖလစ်ကတော့ ဖြစ်တာရှားလာပါပြီ။ ကလေးကိုယ်ဝန် ဆောင်စဉ်ကတည်းက ဆစ်ဖလစ်ပိုးရှိမရှိ တစ်ခါတည်းစစ်ဆေးထားလို့ပါ။ မိခင်မှာရောဂါပိုးရှိနေလျှင် ကုသ လိုက်မှုကြောင့် ကလေးတွေမှာရောဂါပိုး မပါလာပါ။ တကယ်လို့မကုသထားလျှင် ကလေးပျက်ကျတတ်တယ်။ ဆစ်ဖလစ်ကလေးမွေးဖွားခြင်း၊ မွေးပြီးရက်သတ္တပတ်ကြာမှ လက္ခဏာတွေပြလာခြင်း၊ မွေးကတည်းကဆစ်ဖ လစ်ရောဂါပိုးဟာ ငုတ်နေတတ်ပါတယ်။
ဆစ်ဖလစ်ဆိုတာ ပိုသေချာအောင်ရှန်ကာဖြစ်ရာနေရာကနေ အရည်ယူစစ်ဆေးကြည့်ရင် ပိုတွေ့နိုင်ပါ တယ်။ သွေးထဲကနေ VDRL တို့၊ RPR တို့စစ်ဆေးလို့လဲရပါတယ်။ ဆစ်ဖလစ်ရှိနေတယ်လို့ပြနေပြီး လက္ခဏာမ ပြတဲ့လူနာတွေဆို ပိုသေချာအောင် နောက်တစ်ကြိမ်ထပ်စစ်ဖို့လိုအပ်ပါတယ်။ တစ်ခါတစ်လေအဖြေဟာ ရှိ တယ်ဆိုပြီးမှားပြီးလည်း ပြတတ်ပါတယ်။ ဒါကို VDRL တို့ RPR တို့နည်းဖြင့်စစ်လျှင် ဖြစ်နိုင်ပါတယ်။ လူမှာ ကျောက်ရောဂါ၊ ငှက်ဖျားရောဂါနဲ့ ကိုယ်ဝန်ဆောင်ထားစဉ်မှာဒီလိုမျိုးအဖြေမှား ထွက်တတ်ပါတယ်။ ဘယ်အ ချိန်စစ်စစ်အချိန်အကြာကြီးထိ အဖြေမှားထွက်တာကိုကျ အလိုအလျောက်ခုခံအားထိခိုက်တဲ့ ရောဂါမှာတွေ့ရပါ တယ်။
ဒါ့အပြင်ရောဂါပိုးရှိနေပေမဲ့လည်း အဖြေကမရှိပါဆိုပြီးလည်း မှားပြတတ်ပါသေးတယ်။ ဒါကိုကျ ဒုတိယ အဆင့်ဆစ်ဖလစ်ရောဂါဖြစ်နေလျှင် ဖြစ်တတ်ပါတယ်။ သွေးစစ်ဆေးတာအပြင် ဆစ်ဖလစ်ကြောင့် နှလုံးထိမှာ စိုးတဲ့အတွက်ရင်ဘတ်ဓာတ်မှန် ECG ရိုက်သင့်ပါတယ်။ မိခင်တွင်ရောဂါရှိထားလို့ သေချာထိထိရောက်ရောက် ကုသထားလျှင် မိခင်မှရောဂါပိုးတိုက်ထုတ်မယ့်အရာတွေဟာ ကလေးဆီကိုပါရောက်ပါတယ်။
ထိုအခါကလေးကို VDRL စစ်ဆေးလျှင်သုံးလကနေ ခြောက်လလောက်အထိ မရှိဘူးလို့ပဲအဖြေထွက် ပါတယ်။ ဆစ်ဖလစ်ရောဂါကုသမှုမှာ ပိုးသတ်ဆေးတစ်မျိုးဖြစ်တဲ့ ပင်နဆလင်ကအဓိကပါ။ ဆစ်ဖလစ်ရောဂါ စောစောစီးစီးဆို တစ်ကြိမ်ထိုးဖို့လိုအပ်ပြီး နောက်ကျနေသောဆစ်ဖလစ်ဆို တစ်ပတ်တစ်ခါနဲ့သုံးခါထိုးဖို့လိုအပ် ပါတယ်။ ပင်နဆလင်ဟာ သိတဲ့အတိုင်းဓာတ်မတည့်မှုက ရှိနေပါသေးတယ်။ မတည့်တဲ့သူတွေကျ တခြားပိုး သတ်ဆေးပြောင်းသုံးရပါတယ်။ ပထမအဆင့်ဆစ်ဖလစ်ဆို ခြောက်လအတွင်းသွေးစစ်လျှင် မတွေ့တော့ပါ။ ဒုတိယအဆင့်ကျတော့ တစ်နှစ်၊ တစ်နှစ်ခွဲလောက်တွင် မရှိတော့ပါ။ ဒါဆိုကုသမှု အောင်မြင်ပါတယ်။
ကိုယ်ဝန်ဆောင်တွေကျ ပင်နဆလင်ကအသင့်တော်ဆုံးပါ။ တခြားပိုးသတ်ဆေးကျ ချက်ကြိုးကနေက လေးဆီကိုသိပ်မရောက်ပါ။ မိခင်ကမတည့်လျှင် ကလေးမွေးလာရင်ကလေးကို ပင်နဆလင်ထိုးရတတ်ပြီးမိခင် ကိုလည်းကုဖို့လိုပါတယ်။ ဆစ်ဖလစ်ရောဂါဟာ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့အတွက် တစ်လင်တစ်မယားစ နစ်ကျင့်သုံးခြင်း၊ လိင်အပျော်အပါးမလိုက်စားခြင်း၊ အကာအကွယ်သုံးလျှင်ဆစ်ဖလစ်ကို ကာကွယ်နိုင်ပါတယ်။
Author: ဒေါက်တာဇွဲကောင်းချစ် (Vol-8 / No-11) Healthcare Journal